လိုအပ်ချက်



အရာရာဟာ အမြဲတိုင်းလိုလို ပြောင်းလဲတတ်နေတော့ ကိုယ့်ဘ၀ကိုယ့်ယုံကြည်ချက် တွေဟာလည်း အမြဲတိုင်းပြောင်းနေပါတယ်၊ အကောင်းဖက်ကို ဦးတည်တဲ့ ယုံကြည်ချက်တစ်ခု ဆုတ်ကိုင်မိဖို့ဆိုတာ ပတ်ဝန်းကျင်နဲ့ ကိုယ်တိုင်အားထုတ်မှုတွေက အရမ်းကို အရေးကြီးပါတယ်၊

ပရိယာယ် မာယာနဲ့ ကောက်ကျစ်မှုတွေ ပြည့်သိပ်နေတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ တွန်းပို့တဲ့နေရာမှာ ဆင်ခြင်နိုင်စွမ်းဆိုတဲ့ အသိဉာဏ်မပါရင် ဘ၀ရဲ့အောင် မြင်မှုတစ်ခုရဖို့ တော်တော်ခက်ခဲပါလိမ့်မယ်၊ အမျိုးမျိုးသော အသိုင်းအ၀ိုင်းတွေကြားထဲကို ၀င်ဆန့်နိုင်ဖို့ အသိပညာ အတတ်ပညာတွေလို အပ်သလို ဗျတ္တ၊ ပဋိဗလ ဆိုတဲ့ သတ္တိ ဗျတ္တိလည်းရှိရပါတယ်၊ ကိုယ်တိုင်အတွေ့အကြုံက သတ္တိ၊ ဗျတ္တိ ရှိဖို့အထောက်အကူပြုပါတယ်၊ ကိုယ်တိုင်အတွေ့အကြုံရှိဖို့အတွက် အတွေ့အကြုံတွေများများရနိုင်တဲ့ အသိုင်းအ၀ိုင်းထဲကို ၀င်ဖို့လိုပါတယ်၊ သို့သော် အတွေ့အကြုံယူတဲ့နေရာမှာ အမြဲတိုင်းရည်ရွယ်ချက်၊ ဦးတည်ချက်ထားဖို့တော့ လိုပါ တယ်၊ အတွေ့အကြုံရတာပေါ့ ဆိုရုံလောက်နဲ့တော့ ကိုယ်ဘ၀တက်လမ်းအောင်မြင်ဖို့ မရနိုင်သေးပါ ဘူး၊ တစ်သက်လုံးအတွေ့အကြုံရတာပေါ့ နဲ့ပဲ ကျေနပ်မနေဖို့ဆိုလိုတာပါ၊ ကိုယ်ဘာဖြစ်ရမယ်လို့ ကိုယ့်ဘ၀ကို ကိုယ်ပြဌာန်းထားပေမယ့် ကိုယ်ဖြစ်ချင်တဲ့ဘ၀တစ်ခုကို ကိုယ်ရချင်မှရမှာ၊ ၀ါသနာနဲ့ အကျိုးပေးကိုက်ညီမှသာလျှင် ကိုယ်လိုချင်တဲ့ဘ၀တစ်ခု ဖြစ်လာနိုင်တာပါ၊ အဲဒီလိုဖြစ်ချင်တဲ့ ဘ၀တစ်ခု ဖြစ်လာဖို့ဆိုတာ လွယ်လွယ်လေးနဲ့မရနိုင်ပါဘူ၊ အထောက်အပံ့တွေ အ ချိုးစားမျှမျှတတရနိုင်ဖို့တော့ အရေးကြီးပါတယ်၊ အရေးကြီးဆုံးအထောက်အပံ့ကတော့ ကံ၊ ဉာဏ်၊ ၀ီရိယ(ဇွဲလုံ့လ) ပါပဲ၊ ကံကို ပြုပြင်ရမယ်၊ ဉာဏ်နဲ့ယှဉ်ပြီးလုပ်ရမယ်၊ ၀ီရိယအားထုတ်ရမယ်။ ဇွဲရှိရမယ်၊ ကိုယ်ဖြစ်ချင်အရာတစ်ခုကို အဲဒီ ကံ ဉာဏ် ၀ီရိယ ဇွဲလုံ့လတွေနဲ့ လိုလိုလားလား ပုံမှန်သာ ကြိုးစား မယ်ဆိုရင် ဖြစ်ကိုဖြစ်လာမှာပါ။


စောနေမျိုး( ဒုံးယိမ်းမြေ)
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors