ပ်ုအေဃှူ့ဃှင် ဍောဟ်ယှာ.ကိုဝ်္ဘႜင်



´ပ်ုအေဃှူ့ဃှင် ဍောဟ်ယှာ.ကိုဝ်္ဘႜင်´ ဆ်ုခႜါင်လ်ုဖႜုံးယိုဝ် ကောဝ်ကြင်ခေါဟ် ဆာမွဲာဆ်ုခႜါင် အ်ုတ၀်အ်ုလံင်သီးလ်ုဖး မွဲာဝေ့ဆ်ုခႜါင် အ်ုတ၀်အ်ုလံင်ထုက် လ်ုဖႜုံးဆေ၀်.လှ်။ ဟ်ုဆိုဒ်ဖေါဟ် လ်ုဆိုဒ်လု္ဘံင်ဏှ် အှ်ဝေ့ဍး အေဃှူ့အေဃှင် သၞ၀့်လင်ဖႜဟ်စ္ဘာိုဝ် မ်ုဍောဟ်ယှာ.ထင်းထ၀့်ဝေ့ကဲ ကိုဝ်္ဘႜင်ကိုဝ်ဖိုင့်ဍေ ဆေ၀်.လှ်ဏှ် ဟု္ဘးဏယ်အင်းဝေ့ လုက်ဆိင့်လုက်ပႜင် ထီထီ့ဆာဆာဆေ၀်.လှ်။ စင်္ဘိုဝ်ဏှ်္ဘးဆာင့်ဍေ ဆ်ုခႜါင်လ်ုဖႜုံးယိုဝ် မွဲာလ်ုမွဲာဟှးဏှ် ပ်ုအင်းဏင် ခိင့်ဖါ.ယောဝ်.ဏင်ထီးဆာ်။

ပ်ုဝေ့ဍး လ်ုပေ၀်.ပေ၀့်ခါ့္ဘးဆါင့်ဍေဆ်ုဃှူ့ဆ်ုဃှင် အ်ုကျံင်းအ်ုဟှာင်ဏှ် လိက်ပ၀်.ဏီ့ဆင့်ဖိုင်ဏှ် ပ်ုပ၀်.္ဘး ဍး္ဘးဆေ၀်လှ်။လိက်အုဂ်ဖိုင်ဏှ်္ဘေံသှေ်လယ့် စာ်္ဘိုဝ် ဖါ.လ်ုဟှ္ဘာုဂ်ထင်းမ်ုသီ့ခါ့ ခေါဝ်.သာဝေ့ အ်ုဖေါဟ်သယ် မု္ပႜီပႜာ လ်ုဃှူ့ဃှင်္ဘး အ်ုခေါဟ်ကျံင် ကိုဝ်ကုင်.ဏေ၀်.ဝေ့တာ ´ဖေါဟ်သီးဟှေး….ဆ်ုလုသိင်းမူ.သီးယိုဝ် အှ်လုခါင့်လ်ုခါင့်လ၀့်စာ်္ဘိုဝ် ဟု္ဘိုဝ်ခါ.္ဘးဝေ့ ယ၀့်ဆေ၀်လှ်။ဟ်ုကာထိက်ထ အ်ုထူ.လ၀့်စာ်္ဘိုဝ် ဟု္ဘိုဝ်ခါ.္ဘး မ်ုဏေ၀်.မ်ုယ၀့်ဏှ် မွဲာအေးလှ်။္ဘေ့ဏှ်သိုဝ်ဆေ၀် ဏ်ုသီးဝေ့သီးလ်ုဖး လ်ုဃှူ့လ်ုဃှင် ဏ်ုလုမိင် ယ်ုလုမိင် ဏ်ုလုစံင်း ယ်ုလုစံင်းစာ်္ဘိုဝ် ဖႜုံမ်ုမာနုံ့မာဏာ မ်ုမာနိုင် ဏ်ုသီးယ၀့်ဆေ၀်လှ်။

ဟ်ုအေ အှ်ဃှူ့ဃှူ့ဃှင်ဃှင် လ်ုဍံင်းလ်ုပုံ.လ၀့်စာ်္ဘိုဝ် ဖႜုံမ်ုမာနုံ့မာဏာဟ်ုသီး ကဲယ၀့်အေးဆေ၀်လှ်။္ဘေ့ဏှ်သိုဝ် အင်းသံင်းဝေ့ အ်ုဖေါဟ်သီးလ်ုဖးဏှ်လှ်။ဆ်ုခႜါင်အင်းသံင်းအ်ုဝေ့ယိုဝ်္ဘးဆါင့်ဍေဆ်ုဃှူ့ဆ်ုဃှင်ဏှ် လင်ဆ်ုထံင်ဏါင်း ဆ်ုယောဝ်.ဍံင် ဆာ့မာဆေ၀့်လှ်။
အေဟှံင်ဍ၀် …လ်ုအုဝီအိုဝ် ကျာ်က်ုဆာ.ကႜံင်အ်ုလံင်. ´စိတြဂီဝါ´ အ်ုမိင်အှ်ဝေ့ က္ဘဲး ကာကယ်ဖေါဟ်ခါ့ အှ်ဝေ့ဍေအ်ုထီအ်ုသိုဝ် လ်ုမိင်လကႜာသိင်းကႜာဏှ်ဆေ၀်လှ်။မူ.လ်ုဏီ ဟ်ုလၞး(မုဆိုး) ဍိုဝ်ထးဆာဖိုင်ဏှ် လေ၀်ယါင်္ဘးဝေ့တာ …အ်ုသီးဝေ့လ်ုစံင်း ဆံင့်ဏးပျဝေ့ဍး ကျာ်က်ုဆာကႜံင် အ်ုလံင်.ဆ်ုအင်းသံင်းဏှ် အ်ုခေါဟ်ကျံင် ယူ.ဆောဟ်ဝေ့ဍးဆာဏှ် ဖံင်ဝေ့ဍး ဍေဆ်ုသီ့ဏှ်ဆေ၀်လှ်။အ်ုဏှ် မွဲာဏှ်လယ့်စာ်္ဘိုဝ် မွဲာဝေ့ဍး ဆ်ုဃှူ့ဆ်ုဃှင် အ်ုဟှာင်အု္ဘျာ.သယ်ဆေ၀်လှ်။

လ်ုမိင်ဍ၀်…..္ဘုဂ်ဓံင့် (ရွှေဟင်္သသာ)ခဲု.လုဂ်သီးလ်ုဖး အှ်ဝေ့ဍး လ်ုလာင့်ဖိုင်ဏှ်တာ….ထံင်လာင့်ဖိုင် အ်ုခေါဟ်ထ၀်ဏှ် ကင်(ခင်)ဆ၀်ဖါဍောဟ်ုလ်္ဘိုင်း လေ၀်ဆ္ဘာါ်ထးဝေ့ ဍေအ်ုယယ်ဏှ် အ်ုခေါဟ်ကျံင် ယူ.ထင်းဝေ့ သှေ်ဏင်.္ဘိင်းလ်ုအေးဆေ၀်လှ်။ စင်္ဘိုဝ်ဏှ် အှ်ဝီ.လင်ဍိုဝ်ဝေ့ဍး အ်ုခေါဟ်ကျံင် လု္ဘိင်းဍေလု္ဘိင်း အင်းတာင် လ၀်လောဟ်သာ လ်ုဃှူ့လ်ုဃှင်္ဘး ဆ်ုယင့်သာ လု္ဘိင်းဍေလု္ဘိင်း လ်ုအှ်္ဘး အ်ုခေါဟ်ကျံင်္ဘးဟှာဟှံင်၊္ဘးသီ့ဝေ့ဍး လုက်ဆိင့်ဆေ၀်လှ်။မွ္ဘဲားလယ့်စာ်္ဘိုဝ် မွဲာဝေ့ဍး ဆ်ုဃှူ့ဆ်ုဃှင်လ်ုအှ်္ဘး၊ အဲလင်ဆိုဒ်ဆလ်ုအှ်္ဘး အ်ုခေါဟ်ကျံင်လှ်။ ဆ်ုလုစံင်းယိုဝ် ဟ်ုအေယောဝ်စာ်္ဘိုဝ် ..ဟ်ုအေဃှူ့ဃှင်ဏှ် ဟ်ုမုဏေ၀်.္ဘး ဆု္ဘှ်ဆုယ၀့်၊ဟ်ုမုဍောဟ်ယှာ.ထင်းထ၀့်။ဟ်ုအေလ်ုဃှူ့ဃှင်္ဘးဏှ် ဟ်ုမုဟှာဟှံင်၊မ်ုဟှာကျး၊ဟ်ုဆိုဒ်ဆ မ်ုလင်မာဏှ် ဟု္ဘးသှေ်ယာ့ဝေ့ဍး ဆေ၀်လှ်။

လ၀်ဍ၀်လ်ုယာ့ဏင်ဆင့်ဍ၀်.ဆ်ုလုကႜာသီးယိုဝ် မွဲာထောဟ်တိရိစ္ဆာန် လာဏင့်သီး အဲကဲုဝေ့ အ်ုသီး အ်ုဆိုဒ်အ်ုဆး စွးမာဆေ၀်.လ၀့်။ ကႜာလု္ဘိင်းဏှ် ဖႜုံအေလေ၀်ခ္ဘါးစာ်္ဘိုဝ် အှ်ထ၀်ထာင် ကႜာဂမႜဳိင္သီးလု္ဖး လေ၀်ကိုဝ်ယှာ ဟှင်းအာ.ဝေ့ဍးလ၀့်။ အေဟွှင်ဍ၀် ဆ်ုလု ထုံ.ဃှီ ပ်ုအံင်သီးယိုဝ် တာင်ထင်းဝေ့ ဖႜုံ.ဖါဍောဟ်ကဲဏှ် မွ္ဘဲားဏှ်လယ့်စာ်္ဘိုဝ် မွဲာဝေ့ဆ်ုဃှူ့ဆ်ုဃှင် အှ်အုခေါဟ်ကျံင်ဏှ်လှ်။ဟ်ုဝေ့မႝီ.သီးလ်ုဖး ကု္ဘႜင်္ဘႜင်ဏှ်္ဘေ့ထောဟ်လီး ဆ်ုဖေါဟ်ဆ်ုဃှာသိုဝ် ဆ်ုဃှူ့ဆ်ုဃှင်အှ်ဍာ်အေး။စင်္ဘိုဝ်ဏှ် တိရိစ္ဆာန်သီးမ ဆ်ုဃှူ့ဆ်ုဃှင် အှ်ဍာ်ဍူ ပ်ုဝေ့ဍး ဟ်ုမႝီ.ဖႜုံယှင်ဖေါဟ်သီးလ်ုဖး္ဘးဏှ်လယ့် ဆ်ုဃှူ့ဆ်ုဃှင် လ်ုအှ်္ဘးဏှ် ဟု္ဘးသှေ်ယာ့ လင်သာကိုဝ်ဟှာဍေ ဆေ၀်.လှ်။
အေဟှံင်ဍ၀် ..လ်ုလိက်အင်းသံင်းဖိုင်ဏှ် ထဲုးလ်ုဍူ ဍေလ်ုဍူ လံင်ပျလောဟ်သာ ကဲဏင်ဆိုဝ်အေးဆေ၀်လှ်။ ဆ်ုလုထဲုးသီးယိုဝ် လ်ုဍူဍေလ်ုဍူ အေဍးလောဟ်သာစာ်္ဘိုဝ် အိင်ထင်းဝေ့ အ်ုမဲဏှ်လှ်။ အဲလင်အ်ုသီး ဆိုဒ်ဆးဏင်စယ်အေ။ အေဟှံင်ဍ၀် လိက်အင်းသံင်းဖိုင်ဏှ်လ၀့် ဟ်ုမႝီ.လ်ုဍံင်းလ်ုပုံ.ဏှ် ယှင်းလာဏင့် ဃှိုဲမ်ုယှင်းသှေ် အေဃှူ့ဃှင်လင်ဖႜိုဝ်းသၞ၀့်စာ်္ဘိုဝ် ဆာမွဲာဆ်ုဟှယ့်ဆင်းလင်္ဘိုင်. မာနုံ့မာဏာဟ်ုလုစံင်းဏှ် တိုဒ်က်ုလေင့်ထာင်ဝေ့ နိုင်ခွိက်ဝေ့ကဲဆေ၀်လှ်။ပၞာ့္ဘေ့သှေ်လယ့်စာ်္ဘိုဝ် မွဲာလာဏင့် လ်ုခိုင့်လ်ုဏံင်.္ဘး ဏင်းဖေါဟ်သီးဏှ်ဟှေဝ်..ပ္ကုံထင်းအ်ုထုင်းအု္ဘံင်အေးအး ဟ်ုအေဖံင်.ဏေ၀်ဖႜီစာ်္ဘိုဝ် ကောဝ်ကြင်ခေါဟ်ဍာယိုဝ် ဟှာင်.္ဘျာအ်ုဍောဟ်ထုက် မွဲာဝေ့က်ုဆင့်ဖါ့ထီ.ဏှ်သီး ဟ်ုစိုင်ထုင်းခိုင့်ဝေ့ကဲဆေ၀်လှ်။္ဘေ့ဏှ်သိုဝ် အင်းသံင်းထးဝယ်ဝေ့ဆေ၀်လှ်။
အေဟှံင်ဍ၀် …တိကနိပါတ်..၀ဍ္ဎကီသူကရဇာတ်ဖိုင်ဏှ် ၀ဍ္ဎကီသူကရအ်ုမိင်အှ်ဝေ့ ..ထောဟ်ဖါဍောဟ်လု္ဘိင်း ဍေထောဟ်ဂမႜိုင်သယ်လ်ုဖး အ်ုသီးယင်.သူ့သႝာ.ခေ၀့်ယှာ.လ်ုဍူဏှ် တိုဒ်က်ုလေင့် နိုင်ခွိက်ဝေ့ဏှ် မွ္ဘဲားဏှ်လယ့်စာ်္ဘိုဝ်… မွဲာဝေ့ဆ်ုဃှူ့ဃှင်အှ် အ်ုခေါဟ်ကျံင်ဏှ်လှ်။အေဟှံင်ဍ၀် အင်းပျုက်အ၀်ပျုက်ဆု အိုင်သာ်(ဣသိ)ဟှာဟှံင်ဏှ်သီး တိုဒ်ကိုလေင့် နိုင်ခွိက်ဝေ့ကဲ လုက်ဆိင့်ဆေ၀်လှ်။
္ဘိုဝ်ဏာင်းအ်ုခါ့ဍးယိုဝ် ပ်ုထီ့ခါန်. ပ်ုဆိုဒ်ဖေါဟ်ယိုဝ်္ဘးဆာင့်ဍေဆ်ုဃှူ့ဃှင်ဏှ်္ဘးအှ်ဝေ့ သ္တ်ာဍောဟ်ဍောဟ် အ်ုခါ့ထံင်ယုက်ဆေ၀်လှ်။ စင်္ဘိုဝ်ဏှ် ဟ်ုလ၀်ဍာလှ် မ်ုဃှူ့ဃှင်ကဲထင်း မွဲာအေး။ လ်ုဟှာဍေလ်ုဟှာ အ်ုမးတ်ုဖႜသယ်အေအှ်္ဘးပႜယ်တ၀်လောဟ်သာ၊္ဘးမ္ဘာိုဝ် .ဖံင်း္ဘိုဝ်ဆိုင်အေအှ်စာ်္ဘိုဝ် ဍေဏင့်ဆာ ဃှူ့ဃှူ့ဃှင်ဃှင်္ဘးအှ်ကႜုင်. ကိုဝ်ဟှာဍေယုက်ဆေ၀်လှ်။္ဘေ့ဏှ်သိုဝ်လ်ုမွ္ဘဲား ဏ်ုမွဲာဖႜုံ၊ ယ်ုမွဲာယှင်၊ ဏ်ုမွဲာဖႜုံမူ.နုက်၊ ယ်ုမွဲာဖႜုံမူ.ထင်း။ ဏ္ုမြာဲဖႜဳံ႓ါ.ယြာ၊ ယု္မြာဲဖႜဳံ႓ါ.သင္ခါ့၊ ဏု္မြာဲဖႜဳံမိင္လး၊ ယ်ုမွဲာဖႜုံဍုံဖေါဟ်..္ဘေ့ဏှ်သိုဝ် ဟ်ုအေလ၀်ခႜါင် ဟ်ုသုင်းဟ်ုသာ၊ ဟ်ုအေခႜိုဝ်လင်သာ္ဘေ့ဏှ်သိုဝ်စာ်္ဘိုဝ် ဟ်ုဆိုဒ်ဆးယိုဝ် ဍိင်ယိက်ဍိင် မ်ုထေံဖါ၊ မ်ုဖႜီ.ပြာ။မ်ုလင်္ဘိုင်၊ မ်ုလင်မာ ဝေ့ဍးလ၀့်။
ကောဝ်ကြင်ခေါဟ်ဍာယိုဝ် ထီံခါန်.လု္ဘိင်း ဟ်ုဆိုဒ်လ်ုဆိုဒ် လု္ဘံင်ဏှ် ဆ်ုဃှူ့ဃှင်သီးလ်ုအှ်၊ ဍေကျုင်းမီ့ခိင့်၊ မီ့ယုက်ပျုက်စာ်္ဘိုဝ် ပ်ုမုအှ်ထ၀်ဝေ့ လ်ုဆုလင်.ခါင့်ဏှ် မ်္ဘုးအင်ခါ.ဏေ၀်အှ်လိုင်အေး၊ အင်းခါ.သီး မ်ုလုက်ပႜ၀်ဝေ့ ဆင့်ဃှဲုးသွးထံင်လှ်။ ဟ်ုအေဍ်ာလင်ဟှင်းခေါဟ် အှ်ဍေဏင်း သိင်းလးဝါးလးအ်ုခေါဟ်ကျံင် အေတ်ုဖႜ မ်ုတုဖႜသီး သှေ်ဝေ့ဍာ်။အ်ုဝေ့ဏှ် မ်ုတုဖႜသှေ်ဏှ် မွဲာလ်ုအေး။ ထီ့ဆာယုဂ်…..။
္ဘိုဝ်ဏာင်းအ်ုခါ့ယိုဝ် ဍောဟ်ယှာ.ထင်းထ၀့်ဝေ့ထီ့ခါန်.လ်ုစံင်းဏှ် မွ္ဘဲားလယ့်စာ်္ဘိုဝ် ဆ်ုဃှူ့ဃှင်အှ်ဝေ့ ဍေလ်ုကျုင်းလ်ုမီ့ခိင့်၊ လ်ုမီ့ယုဂ်္ဘးသီးဏှ်ဆေ၀်လှ်။စင်္ဘိုဝ်ဏှ် ဟ်ုဆိုဒ်ဖေါဟ်သီးလ်ုဖး ´ဟ်ုအေဃှူ့ဃှင် ဍောဟ်ယှာ.ကိုဝ်္ဘႜင်´ ဆ်ုခႜါင်ယိုဝ် လု…ဟ်ုသုင်းသာဖိုင်္ဘေ့ဟ်ုစေံ(စယ်)ထး ဍေပႝိက်သိုဝ် အှ်ကှေ်လာ လင်သာ၊ ဟှုင်.ဟှုင်.ခိုင့်ခိုင့်ဟှံင် ´ဟ်ုဖႜုံဖေါဟ်ယှင်ဖေါဟ်´ မွဲာဝေ့အ်ုမိင်အ်ုသး လ်ုဖႜုံးဏှ် ထိုင်.ကောဝ်ကြင်သာ့္ဘေ့ဆ်ုမုသှေ်ယာ့။္ဘေ့ဆ်ုမုပါဍောဟ် ယုဂ်ယာန်း္ဘးသိုဝ် ကေႜစိုဒ်ဃှူ့ဃှင်လာ ကိုဝ်ဟှာဍေဆာ်…။

ဆ်ုတုင်.ပါင် လ်ုဝါ်

ကောဝ်ကြင်ခေါဟ် ဆာမွဲာဟှာင်္ဘျာ.၊ မွဲာဏှ်လယ့် ဟှာင်္ဘျာ.ဍောဟ်ဆာ။
ဃှူ့ဃှင်သၞ၀့်မွဲာ ဟှာင်္ဘျာ.၊ အ်ုဍောဟ်ထုက် မွဲာဝေ့ထီ့ဆာ။
ခိုင့်ဏံင်လ်ုအှ် မွဲာဏင်းဍာ်၊ ပ်ုကုံဏေ၀် မာပုံထင်းဆာ်။
ဟ်ုအေဖံင်ဏေ၀်. ဖႜီတ်ာတာ်၊ က်ုဆင့်သီး စိုင်ထုင်းကဲဍာ်။
စင်္ဘိုဝ်ဏှ် ဆိုဒ်ဖေါဟ်သ္ဘာံင်၊ ယှင်းလာဏင့်္ဘေ့္ဘးဃှာဃှံင်။
ဃှူ့ဃှင်သၞ၀့် လေ၀်ထ၀့်ဟှံင်၊ ယိက်လ်ုမ၀် ဆု္ဘှ်မုထံင်။
မာန်နဲာဝေ (ဍုံလ္ဂုင်.)
[Read More...]


မျိုးချစ်သူတို့ရဲ့နှလုံးသား



“သင့်လူမျိုးကို သင်ချစ်ပါသလား’ ဟု အမေးရောက်ခဲ့ပါလျှင် ကိုယ့်လူမျိုးကို ကိုယ်ချစ်ပါသည် ဟု
အလွယ်တကူ ဖြေဆိုကြပေလိမ့်မည်။ အမှန်တကယ် မျိုးချစ်သောသူသည် ဘာသာ၊သာသနာနှင့်တကွ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များမှ အစ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုများကိုပါ
ထိန်းသိမ်းဖော်ထုတ် စောင့်ရှောက်ရမည့် တာဝန်ရှိသူ ဖြစ်ရပါမည်။

လူမျိုးတစ်မျိုးတွင်
၁။သီးခြားရုပ်သွင်၊
၂။သီးခြားဘာသာစကား၊
၃။သီးခြား ယဉ်ကျေးမှု ဓလေ့စရိုက်၊
၎။သီးခြားစာပေ၊
၅။သီးခြားနယ်မြေ၊ ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံရမည်။မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားများတွင် ကရင်လူမျိုးဟူ၍ သတ်သတ်မှတ်မှတ်ရှိသည်။ကရင်ပြည်နယ်ဟု လည်းသီးခြားရှိသည်။ ကရင်လူမျိုးတို့သည် မြန်မာပြည်အနှံ့ ပြန့်ပြောစွာ ရောက်ရှိနေထိုင်ကြလျက် စုစည်းမှု အားနည်းကာ ၀ါးအစည်းဖြေသကဲ့သို့ တကွဲတပြားစီ ရှိနေကြပေသည်။ တဖြည်းဖြည်းနှင့် မိမိလူမျိုး၏ ဘာသာစကား ရိုးရာဓလေ့ စရိုက်များသာမက မိမိစာပေကိုပင် ပေါ့တန်စွာ မေံလျော့နေကြပေပြီ။
စာပေသည် လူမျိုး၏ အသက်ဖြစ်၏၊ စာပေပျောက်လျှင် လူမျိုးပျောက်မည်မှာ အမှန်ပင်။မိမိလူမျိုး၏စာပေကို ထိန်းသိမ်းမြှင့်တင်ရမည်မှာ မိမိအမျိုးသားထု တစ်ရပ်လုံး၏ သမိုင်းပေးတာဝန်တစ်ရပ် ဖြစ်ပါသည်။
ကရင့်စာပေ ရေစီးကြောင်းကို ကြည့်လျှင် မျိုးဖျက်သူတို့၏ လက်ချက်ကြောင့် အတက်အကျ အကောက်အကွေ့များသာမက မြစ်လက်တက်များသဖွယ် ကွဲကွာဖြာထွက် စီးဆင်းနေရသည်။ သို့ကြောင့်လည်း ကရင်လူမျိုးတို့ တိုးတက်များပြားလာသလောက် ကရင့်စာပေမှာ လုံးပါးပါး နောက်ကျကျန်ရစ်နေရဆဲပင် ဖြစ်ပါသည်။
ကရင့်စာပေသမိုင်းတွင် ခရစ်ယာန်သာသနာပြု (မစ်ရှင်)တို့၏ အခန်းကဏ္ဍသည် အရေးပါ၍ ထင်ရှားလှသည်။ ကရင်လူမျိုးတို့သည် ခရစ်ယာန်သာသနာပြု(မစ်ရှင်)များ မရောက်မီကတည်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ခရစ်နှစ် ၁၈၅၁-နှစ်က အလင်္ကာများဖြင့် တန်ဆာဆင် ဖွဲ့ဆိုလာသော ရှေးဟောင်းကရင်စာပေဖြင့် ရေးသားထားသည့် သိဒ္ဓတ္ထ၀တ္ထုဂန္ထ၀င်ကျမ်းကြီး ပေါ်ထွက်ခဲ့သည်ဖြစ်၍ ပိဋကတ်သုံးပုံတည်းဟူသော စာပေမှ ကရင့်စာပေသည် ဆက်နွယ်သက်ဆင်းခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။ ကရင့်ရှေးစာပေများမှ လည်း ပေရွက်ဖြင့်သာ ရေးသားထားသည်ဖြစ်၍ ပေါပေါများများ မရှိခြင်းသာ ဖြစ်တန်ရာ၏။နှစ်ခြင်းခရစ်ယာန်သာသနာပြု ဆရာကြီး ယုဒသန်၏ (၁၈၃၁-၃၂)ခုနှစ် အစီရင်ခံစာတွင် `ကရင်များသည် ဗုဒ္ဓဘာသာ အယူဝါဒကို လက်ခံထားပြီုးဖြစ်၍ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲရန် အလွယ်တကူ ဟောပြော၍ မရနိုင်ပါ` ဟုရေးသားခဲ့သည်။(၁၈၃၅)ခုနစ် အစီရင်ခံစာ၌ ကရင်တွင် ကရင်အက္ခရာဖြင့် စာရှိကြောင်း ၀န်ခံ၍ မည်သို့ ပျောက်ကွယ်အောင် လုပ်ရမည့် အရေး
အခက်ကြုံနေရသည်ကို ဘင်္ဂလား အစိုးရထံ တင်ပြခဲ့ပေသေးသည်။
ခရစ်ယာန်သာသနာပြု ဆရာကြီးများသည် ကရင်လူမျိုးတို့၏ အမျိုးသားရေးကို ငဲ့ကွက်မှု မထားဘဲ
မိမိလုပ်ငန်း အောင်မြင်ရေးနှင့် ပုဂ္ဂိုလ်ရေးကျော်ကြားမှုကို ရှေ့တန်းတင်ကာ မစ်ရှင်ဆရာကြီး
(၀ိတ်)ဆိုသူက ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာနှင့် စကောကရင် သင်ပုန်းကြီးကိုလည်းကောင်း၊၁၈၄၄-ခုနှစ်တွင် (ဘရေတန်)က မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်)သင်ပုန်းကြီးကို တီထွင်ပြုစု ပို့ချခဲ့ကြသည်။ထိုမျှ အားမရသေးဘဲ ဒေါက်တာ ၀ိတ်သည် ၁၈၄၇-ခုနှစ်တွင် ရောမအက္ခရာနှင့် မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်) သင်ပုန်းကြီး မူသစ်ကို တီထွင်သင်ကြား ပို့ချလိုက်ပြန်သည်။ဤသို့သော မစ်ရှင်ဆရာကြီးများ၏ တီထွင်ပေးခဲ့ကြသည့် စာသစ်များ၊ စာရေးနည်းမူကွဲများကြောင့် ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ၊ ဂိုဏ်းဂဏစိတ်ဓာတ်များ ဖြစ်ပေါ်စေပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်မှု အားလျော့လာစေခဲ့ပါသည်။ဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးများ၊ အဆက်ဆက်ထိန်းသိမ်းလာခဲ့သည့် ကရင်စာပေသည်လည်း ရှိပါပေ၏။ ထိုသို့ ကွဲပြားနေသည့် ကရင်စာပေများသည် မျိုးချစ်ကရင် မျိုးဆက်သစ်များမှ လက်ဆင့်ကမ်း၍ မိမိဒေသအလိုက် တတ်အားသမျှ သင်ကြားပို့ချခြင်းများ ယနေ့ထက်တိုင်အောင်ပင် ရှိနေပေသေးသည်။ဗုဒ္ဓပိဋကတ်တော်များကို မှီ၍ မွန်၊မြန်မာစာတို့ ဖြစ်ထွန်းသကဲ့သို့ပင် ရှေးကရင်စာပေ အစစ်အမှန်သည် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေမည်မှာ ဧကန်မလွဲပါ။
မည်သို့ပင် ရှိစေ တစ်သီးတစ်ခြား ကွဲပြားစီးဆင်းနေကြသည့် မြစ်လက်တက်များသည် ပင်မမြစ်မကြီးကို ပစ်ခွါသွား၍ မရသကဲ့သို့ ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်တည်းဟူသော မြစ်မကြီးဖြင့် ကရင့်စာပေ ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများတွင် ခိုင်ခိုင်မာမာ မားမားမတ်မတ် ရပ်တည် ရှင်သန်သွားရပေမည်။စစ်မှန်ဖြောင့်မတ်သော မျိုးချစ်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်သည်
မိမိအမျိုးသား၏ ဘာသာစကား၊စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးနိုင်ရမည်။သို့မှသာ မိမိကရင်စာပေယဉ်ကျေးမှုများ အစဉ်ထာဝရ တည်တံ့နိုင်မည် ဖြစ်ပါသည်။ ယခုအချိန်ကာလသည်
လူမျိုး အစုလိုက်သော်လည်ကောင်း၊ လူတစ်ဦးချင်းသော်လည်းကောင်း (၁)ဒါနသင်္ဂဟ-တစ်ဦးနှင့်တစ်ဦး ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ပေးကမ်းချီးမြောက်ထောက်ပံ့ခြင်း၊(၂)ပိယသင်္ဂဟ- ကောက်ကျစ်စဉ်းလဲလိုစိတ်မရှိကြဘဲ ဖြောင့်မတ်တည်ကြည်သည့် ချစ်ဖွယ်သောစကား၊
အပြုသဘောဆောင်၍ လက်တွေ့ကျသော စာပေရေးကားခြင်းတို့ဖြင့် ပြောဆိုရေးသားခြင်း၊
(၃)အတ္ထသင်္ဂဟ- ပညာရေး၊ကျန်းမာရေး၊စီးပွါးရေး စသည့် အကျိုးစီးပွါးဟူသမျှ တစ်ဦးကို တစ်ဦးလမ်းပြခြင်း၊ညွန်ကြားပေးခြင်း၊(၄)သမာနတ္ထသင်္ဂဟ- စားဝတ်နေရေး ကစ္စအ၀၀ကို မိမိနှင့်အတူ ထပ်တူထပ်မျှ အကျိုးစီးပွါး ရှာဖွေမျှဝေခံစားခြင်းစသည့် မင်္ဂလာနှင့် အညီ ကျင့်ကြံလုပ်ကိုင်
နေထိုင်သွားကြရန် အထူးလိုအပ်လှပေသည်။သို့မှသာလျှင် မိမိ အမျိုးသားရင်ကြားစေ့
စည်းလုံးညီညွတ်မှုကို ရရှိကာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်း အသီးအပွင့်များ ခံစားရမည်ဖြစ်ပါသည်။´ဒေါင်းငှက်က အမြီးကိုချစ်၊ လူကအမျိုးကိုချစ်´ဟူသည့်
ကရင်စကားပှုံနှင့်အညီ စစ်မှန်သော မျိုးချစ်သူတို့ နှလုံးသား၌
ကိန်းဝပ်များပြားစေပြီး မြင့်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ကောင်းတို့ဖြင့် မိမိတို့၏
စာပေ၊ယဉ်ကျေးမှု၊ အနုပညာ၊ အတတ်ပညာ၊ ရိုးရာဓလေ့များ သူများထက
် အောက်မကျရလေအောင် တင့်တင့်တယ်တယ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ရှင်တောပျော် (တောင်ကလေး)
(၁၀)နှစ်ပြည့် ကရင်စာပေသင်တန်း အထိန်အမှတ် (ဒုံလီကျေးရွာ)မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။
[Read More...]


ပျောက်ကွယ်တော့မည့် ကရင်ဂန္ထ၀င်တေးတစ်ပုဒ် အပိုင်း (၂)



04 October 2008

ထိုစဉ်က အရှားပါးဆုံး အခက်ခဲဆုံးအဖြစ် နှဲဆရာအနေနှင့် နောင်လုံလှိုင်ကားကျေးရွာမှ (ရှေးနှဲဆရာ) မန်းထွန်းမြိုင်(စောခေတ်မေး)သည်လည်း အရွေးခံရပြီး၊ ထိုမှ နောက်ထပ်ဆယ်နှစ်တိုင်အောင် ပြည်ထောင်စု ဒုံးအဖွဲ့ဝင်တွင် အမြဲတမ်းနှဲမှုတ်ဆရာအဖြစ် ကျော်ကြားခဲ့သည်သာမက ထိုနှစ် ရန်ကုန်မြို့၊ မြေပဒေသာကျွန်း စိုက်ပျိုးရေးဝန်ကြီးဌာနက ကမကထပြုလုပ်သော မြေပဒေသာကျွန်း သစ်သီးဝလံပြပွဲ၊ ပျော်ပွဲရွှင်ပွဲအစီအစဉ်တွင် ကရင်ရိုးရာဒုံးအကလည်း ပါဝင်ရပေရာ နှဲဆရာမန်းထွန်းမြိုင်၏ သင်္ကေတမပါသော နှဲမှုတ်ခြင်းအတတ်ကို အနုပညာဌာနမှ နှဲကျွှမ်းကျင်သူများ၊မွန်ယဉ်ကျေးမှု နှဲဆရာများက အံ့သြချီးမွမ်းခြင်းကိုပင် ခံရသူဖြစ်ပါသည်။



ကရင်အမျိုးသားပိုင် ဂန္ထ၀င် ဆယ့်နှစ်လရာသီ တေးကြီးအတွင်း ပုဒ်စဉ်တစ်ဆယ့်နှစ်ပုဒ်ပါရှိသောကြောင့် တာဝန်ကျသည့် ဒုံးအကနည်းပြ ဆရာခြောက်ဦးတို့အား တစ်ဦးလျှင် နှစ်ပုဒ်စီတေးသံစဉ်များ ထည့်သွင်းရန် ခွဲဝေသတ်မှတ်ပေးလိုက်၍ ဒေသစုံ၊ ခေတ်မျိုးစုံ တချိန်တုန်းဆီက တေးသံစဉ်များ သူ့နေရာနှင့်သူ သီဆိုဖွဲ့နွဲ့သွားနိုင်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုစဉ် တေးသံစဉ်အမျိုးမျိုးကို လေ့လာနားဆင် ကြည့်လိုက်လျှင် ဒေသအသီးသီးမှ ဒုံးတေးသံစဉ်များ ပါဝင်နေကြောင်း သိသာနိုင်ပေသည်။ ရှေးရိုးတေးသံစဉ်များ၊ မုက္ကဒိ ဒုံးတေးသံစဉ်များ၊ ရသေ့ပျံဒုံး တေးသံစဉ်များ၊ လှိုင်းဘွဲဒုံး တေးသံစဉ်များ၊ လွမ်းညဒုံး တေးသံစဉ်များအပြင် ဒုံးအဖွဲ့၏ အဓိကအ၀င်နှင့် အထွက် တေးသံစဉ်များ နှစ်ပုဒ်ကို ဆရာစောကျော်တင့် (စောကျော်လေး)၏ ထိုနှစ်ပြည်နယ်နေ့တွင် ပထမဆုရ ရွှေဥသြဒုံးအဖွဲ့ (ရွှေကင်းကျေးရွာဒုံးအဖွဲ့)၏ တေးအဆင်းအထွက်ကို ပြုပြင်မွမ်းမံ ဖြည့်စွက်ပြီး အသုံးပြု တင်ဆက်ခဲ့ခြင်းဖြစ်၍ အလွန်နားဝင်ချိုသော တေးများအဖြစ် ဒေသအတော်များများတွင် ကျော်ကြားခဲ့ရပါသည်။


ကရင်အမျိုးသားတို့၏ ဂန္ထ၀င် ဆယ့်နှစ်လရာသီ တေးကြီး ယခုနှစ်ပေါင်း (၄၀) နှစ်အတွင်း တစ်ချို့သော ကရင်အမျိုးသားများ သတိမထားမိ၍ ခေတ်ပေါ်တေးများ အောက်တွင် မေ့တန်ကောင်းလောက်ပြီဟု ယူဆရမည်ဖြစ်သကဲ့သို့ နှောင်းလူငယ်များလည်း မသိလိုက်ပဲ ဖာသိဖာသာနေလိုက်မည်ကို စိုးရိမ်သောကြောင့် ရှားရှားပါးပါး ကျန်ရှိနေသေးသော မူလတေး၏ ကရင်ဘာသာစာသားကို လေ့လာနိုင်ကြစေရန် ဆောင်းပါး၏ အဆုံးတွင် ပူးတွဲ ဖော်ပြလိုက်ပါသည်။

ကွယ်လွန်သွားကြပြီဖြစ်သော တေးသီချင်း၏ အဓိကပုဂ္ဂိုလ်များဖြစ်ကြသည့် အရှင်ဥတ္တမ(စ၀်အဲဆိုဒ်)၊ အရှင်စန္ဒန (မန်းနဲစန်)၊ ဒေါက်တာ စောလှထွန်း၊ စောမောင်ဝင်း၊ မန်းဟန်သိန်း၊ စောသောင်းရွှေ (ဖထီး)၊ စောကျော်တင့် (ဇွဲကပင်ကျော်လေး)၊ မန်းစိုးသန်း(နဲခါးလူ)၊ မန်းကံစိန်( ရသေ့ပျံသား ဒုံးအကနည်းပြ)၊ တို့အား ဤစာစုဖြင့် သမိုင်းဝင် ဂုဏ်တင် မှတ်တမ်းပြုလျက်…….။

(၂၃)္ဘႜင်ထင်း္ဘါ ခါန်.ဆိုဒ်ဖေါဟ် အမူ.ဏီ ဖႜုံတုံ.ထာခေါဟ်

အ်ုခင်းထာ်…….
ပ်ုဖႜုံဖေါဟ် ထီ့ခါန်.ဖေါဟ်ထံင် လ်ုဏီယိုဝ်၊ ဖူ.ဍေ၀ဵ ပ်ုဟှယ့်ထံင် ဍုံလ္ဂုင်.ယိုဝ်၊ ထုဂ်လ်ုဝါ် ထာခေါဟ်ထာခႜါင်လ်ုဏါင်းယိုဝ်၊ ဟှေး…. ဖီ့ဖူ့လ်ုယာ့ ကေ၀်ဏါင်းထဟှံင်၊ လာဆီ့ဏီ့္ဘိင်း အ်ုဟှာင်ကျံင်း၊ မွဲာလင်ဖႜိုဝ်းဝယ်၊ ဖႜုံယှင်ဖေါဟ်အ်ုကျံင်းဖႜံင်၊
ကိုဝ် ပါင်ဆိုင်……
ခွဵက႟င်မူးခွါ့၊ ရာ.ဓနာဝေံ၊ အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ။

၁။ ထာင့်ခုက်ဖေါဟ် ဆင်ခူးလင်ဃှိင်၊ မာဆိက်မာဏါ ဟှံင်လုက်ကႜိင်။ `နာသတ်ဖူသျှ´ ဖင်စာစိင်း၊ ဆင်ဖ၀့်ဖါထင်း နိုင့်မိုင့်ခႜိင်း၊ ဖႜုံဏိင်းထင်းသင့် အူးဍေဟှိင်၊ ဃှူ.ထီဍေခေႜါဟ်အင်းဖံင့်ဍိင်၊ ဖႜုံအင်း္ဘူးသင့် မုက်ယူ.ယိင်။

၂။ ထာင့်ခုက်ဖါဍောဟ်အေထံင်ထာင်ဏှ်၊ `မာဃနာသတ်´ ဟ်ုယောဝ်စိုဝ်ဖႜဟ်-ယောဝ်စိုဝ်ဖႜဟ် ဖ၀့်တ်ုကိုဝ်ဖ၀့် ဍးစိုဝ်၀၀်….၊ ဟှေး… သုင်းဆီ့ဖေါဟ်ထံင် အေသၞ၀့်၊ လုင်.သးလုင်.ခယ့် အးမာလ၀့်….၊ လေ၀်အင်းထိုင့်လး ဂြုက်တႝ၀့် ထီဍေသိုဝ် သုက်မာ. ယှဝ်ယှဝ်၊ ဖႜုံဖေါဟ်သီးဟှေး- ထောဟ်ဖေါဟ်မံင် ဃွှိင်.ယူ.မာ.လ၀့်။

၃။ ဆ်ုခေါဝ်.စွးတယ် ထံင်လာသိုင့်၊ သိင်းလးမိင့်လင် ခေါဟ်လံင်ထိုင့်၊ ဖ၀့်ဍီးခႜီ့ဖါထင်းနိုင့်မိုင့်၊ ´ဥတ္တရာနာသတ်´ ဏှ်လ၀်ဟှိုင့်၊ အင်းဖံင့်ဆီ့ဖေါဟ် သိုဝ်္ဘးနိုင်၊ ယာ.သုဂ်ဃှါင့်ဟှံင် ယာ.သုဂ်ဃှံင့်သံင့် လ်ုလုက်လိုင်၊ သုင်းထင်းဟှိင်းသင့် ဟှယ့်တာင်ဆိုင်။

၎။ ကႛုဂ်စုဦခါ့ အေထံင်လာတာ၊ ထီ့လင်သ်ာဟှင်းခေါဟ်ဃှါင့်ထာ၊ ကျ္ဘာီက်ုလေင့်-ကျ္ဘာီက်ုလေင့်၊ လီဟှင်းအာ….။နာသတ်ဖႜဟ်ထင်းစိတ္တရ၊ သိင်းဍိုဝ်ထင်း ကႜင်ကႜါင်းဖ၀့်ဖါ၊ လေ၀်ဍွဲဃှုဂ် ကောဝ်မိင်လးကႜာ၊ ကိုဝ်ဏိင်းဍေ အင်းဃှယ်ကိုဝ်အ်ုဟှာ။

၅။ လာယာ့ထံင်ထာင် လင်သင်းဝင်၊ ´၀ိသာခါနာသတ်´အှ်မုဂ်ဍုင်၊ ဆ်ုဆိုင်ဝေ့ လ်္ဘုႜင်ဏီ့္ဘႜင်၊ ဃှူ့ဍေနဲယာ့္ဘင်သုင်းလင်၊ ပ်ုကျာပ၀်.သၞ၀့်ဃှူ့ဃှင်၊ ဖ၀့်ထောဟ်ကႜီးဖါ အ်ုယံင့်္ဘင်၊ ဟု္ဘးတယ်ထယ့် သုင်းလင်ကျင်။

၆။ ဆ်ုဆိုင်ဍောဟ်လင် လာနဲု့ထံင်၊ ကာလ်ုပါထင်းထီံ့ယွာဖႜံင့်၊ လင်ဆိက်ဖိုင်ဆ်ုမာပ္တံင်၊ ဃှဲုးလင်္ဘူးမ(မျ)မွဲာအေဟှံင်၊ လင်သႜာတ်ာအှ်အ်ုဖႜံင်၊ ဟှေး….နာသတ်ဇေဌမွဲာဍးခံင်၊ ဖ၀့်ကးဍေအ်ုဏါင်. ဖါထင်းယှံင်။

၇။ ဆ်ုဆိုင်ဆ်ုဆိုင်အးတယ်၊ လာဃှိုဝ်ထံင်ထာင် ဆိက်ထင်းခံင့်ဖႜ္ဘာူးဍုဂ်ပါင်၊္ဘင်းဖ၀်.သှေ်္ဘိုဝ်လ်ုလာင့်ဏါင်…..၊
က၀်သုဂ်သႜာဖါထင်းဝိက်ကာင်၊္ဘူးခယ့်ကေႜာဝ် လေ၀်္ဘိုဝ်ဍေဏါင်၊ နာသတ်ဗြုဗ္ဗာဍးစိုဝ်ယာင်၊ မီသးမိင့်ထီ့ဍောဟ်မှေ်ဖႜါင်။
၈။ ဆ်ုဆိုင်ကျုဂ်လာခုဂ်ထံင်ဏှ်၊ ဖ၀့်လာခုဂ်ဖါထင်းသၞ၀့်၊ ဿရ၀ဏ်နာသတ် ယောဝ်စိုဝ်ဖႜဟ်၊ သုဂ်ဆူမိင့်္ဘုံလင်ပျောဝ်ဖ၀်.၊ ထီ့ဍောဟ်မှေ်ဖႜါင်၊ ကိုဝ်၀ီးလာ ခါင်ကုံစူးလ၀့်၊ ဖႜုံကိုဝ်ဆိုဒ်ဃှူ့ဃှင်္ဘးသၞ၀့်။

၉။ လာဆီ့မူ.ထံင်ယိုဝ် ဆ်ုခေါဝ်စွး ယးဖေါဟ်စာင်းယှိုဝ်၊ သႜာပွဵဖါထင်းဃှိင်.ကောဝ်၊ ဟှေး…. ဖေါဟ်လီးဖ၀့်ပါကဲ ဆ်ုဍိုဝ်၊ ကောဟ်ထေံ္ဘိုင်အင်းဍေ ဖေါဟ်နိုဝ်၊ ဍုံမူ.ထုင်းဟု္ဘးလင်ကေႜာဝ်။

၁၀။ က်ုတုဂ်ဝှ် လာမုက်စွးတယ်၊ အာသာဝတီ ယှးဖါန်.ခယ်၊ တ်ုက၀်သွါ့ဖါထင်းဃှုဦ၊ လေ၀်ကေႜာဝ်က်ုလံင့် ဃှဲုးလင်္ဘယ်…..၊ ဆုင်ထင်းမှေ်ပုံ.လေ၀်ပါမုက်ကုဦ၊ ဖႜ္ဘာူးပ်ုတာအ်ုထာ်ဆာ.ယယ်၊ လေ၀်ကုဂ်္ဘူးသိုဝ်အးမာလယ့်၊ ဖီဖူ့ ပ္တံင်ဏှ်အှ်ဝယ်။
၁၁။ ဆ်ုဆိုင်ထင်းသင့် ထံင်လာဏင့်ဖိုင်၊ ယှးလ်ုမုဂ်ခေါဟ် ကြတ္တိကာစိုင်၊ မုဂ်ခေါဟ်ဆ်ုအုင်းလ်ုအှ်လိုင်၊ ဟှေး…. ဍိင်လိင်အ်ုဖ၀့်လ်ုနိုင့်မိုင့်၊ ဆိက်လင်ထီ့မူ့လာဆ်ုဆိုင်၊ မ်ုဖႜာယာ.သုဂ်ဍေသုင်းဃှဲု့သာယိုင်၊္ဘေ့မ်ုအင်းယိုင်္ဘးမာဆိုင်။

၁၂။္ဘူး၀၀်ထင်းလာလိင်ထံင်ဝေ့၊ မီ့ဂဿီနာသတ်ယှးဖါန်.လုဦ့၊ ပြိုင်ကုံ္ဘူးဝီ.ဟှင်လုက်ခေႜ၊ ဏ၀့်ထင်း္ဘူးပုံ.ပါမုက်ကုဦ……၊ ဟှေး…ဖ၀့်မူ.ယှ ဖါထင်းဟှဝ်သုဦ့၊ စာင်းကုဂ်ကံင်း္ဘူးကိုဝ်ဏီဍေ၊ ဖႜုံဖီ့္ဘူးယ၀် ယှောဟ်လာကိုဝ်ထုဦ့ သာဏင်းဃှေဝ်။
ကိုဝ်ပါင်ဆိုင်…….

ခွဵက႟င်မူးခွါ့ရာဓနာ.ဝေ့၊ အှ်ဆံင်လာဆာ် ကိုဝ်ဟှာဍေ။
ဏ်ုထာင်အေထံင်ဏ်ုတုဝါန့်၊ သာဏင်းဃှေဝ် ဖႜဳံခြဵက႟င္။
(မင်ရို့)၃ ခေါက်၊ ….(လေလေ့မင်ရို့)၃ ခေါက်…
အိုး..ခိုဝ်ဆံင့်ဏး……။
ထာခေါဟ်အ်ုထာင်၊ မာ္ဘေ့ထာခေါဟ် အ်ုစာင်းလင်သိုဝ်ဏှ်လ၀့်။

(စ၀်ထ၀့်ဗျဝ်)
[Read More...]


ကရင်အမျိုးသား နိုင်ငံကျော်ဆိုင်းဆရာကြီး( ဦး)စိန်စတင်း အကြောင်းတစေ့တစောင်း




ဆရာဘကြီးသည် ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့ပါသည်၊
စိန်စတင်း-ဟူသောဆရာ့နာမည်ဖြစ်လာပုံက စိတ်ဝင်စားစရာကောင်းပါသည်၊ လွန်ခဲ့သော အနှစ်(၆၀)ခန့်ကဖြစ်သည်၊ ဆရာတို့ရွာနှင့်ကပ်လျက်နေသော တောကြီးရွာတွင် ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်ကို ဒုံးအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေချိန်ဖြစ်သည်၊ ထိုအချိန်က

တိုင်းပြည်တွင် ငြိမ်းချမ်းမှုမရှိသောကာလလည်း ဖြစ်လေရာ ကရင်နှစ်သစ်ပွဲတော်ကို ဖျက်ဆီးလိုသည့် အဖွဲ့တစ်ဖွဲ့မှ စတင်းဂန်းသေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ပွဲကိုဖျက်သိမ်းခဲ့ကြပါတယ်၊ ထိုအချိန် စိန်စတင်း၏မိခင်မှာ သူ့ကိုကိုယ်ဝန် လွယ်ထားရသဖြင့် သေနတ်သံကြားရတော့ ကြောက်လန့်ပြီး ပုန်းခိုနေရင်း ဗုံးကျင်းထဲမှာပင် စိန်စတင်းကို မွေးဖွားခဲ့ရပါသည်၊
အဖွားဖြစ်သူ ၀မ်းဆွဲသည် ဒေါ်အမာက -စတင်းဂန်းပစ်ဖောက်တဲ့အချိန်မှာ ငါ့မြေးကိုမွေးတယ်၊ ဒါကြောင့် ငါ့မြေးလေးကို စတင်းလေး-လို့ နာမည်ပေးမယ်-ဆိုပြီး စတင်းလေးမှသည် ယခုအောင်မြင်ကျော်ကြားနေသော နိုင်ငံကျော်စိန်စတင်း ဖြစ်လာခဲ့ပါသည်။
ဆရာကြီးသည် မိမိကိုယ်တိုင်ထူချွန်သူမကပဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေသူဖြစ်ပါတယ်၊ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး ထိုသားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာထူးချွန်သူများဖြစ်ကြပါတယ်၊ ဒါကြောင့်ဆရာသည် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို ဥယျာဉ်မှုးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်၊ ဆရာရဲ့ထူးချွန်သော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်--
၁။ စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွေခုနှစ်ဆု၊ ငွေနှစ်ဆု၊
၂။ မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊
၃။ ဒေါက်တာတင်တင်ယု
၎။ ရွေအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွေရှစ်ဆု၊ ငွေတစ်ဆု၊
၅။ ကျော်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု….တို့ဖြစ်ပါသည်။
ဆရာကြီး၏မျိုးဆက်ရင်သွေးလူငယ်များရဲ့အောင်မြင်မှု ဘ၀မှတ်တမ်းကား အနာဂတ်ကရင် အမျိုးသား အနုပညာဝါသနာရှင်လူငယ်များ အတုယုလေ့လာစရာစပြကောင်းတစ်ခုဖြစ်ပါသည်။
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors