ကေဒီအေ ဒုတိယခြောက်လပတ်အစည်းအဝေးအတွက် ကျောင်းသန့်ရှင်းရေး



၃၁.၁၂.၂၀၀၉
၂၀၁၀-ခုနှစ်၊ ဇန္နဝါရီ (၃)ရက်နေ့ ဇွဲကပင်ပညာဒါနအသင်း ဒုတိယအကြိမ် ခြောက်လပတ်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ ၊၀တ်နခွန်းအင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အစည်းအဝေးပွဲကျင်ပမည့်နေရာ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတိုက်တွင် ဒီဇင်ဘာ (၂၇)ရက် တနင်္ဂနွေနေ့ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် နောင်တစ်ချိန် (ကေဒီအေ) အဖွဲ့သားများအလှူဒါန အစည်းအဝေးစသည် ကျင်းပပြုလုပ်ရာဝယ် အဆင်ပြေစေရန် ရည်သန်ကာ ကျောင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။






[Read More...]


စုပေါင်းလုပ်ဆောင်ခြင်းမှ စည်းလုံးခြင်းဆီသို့




မနိုက်အွာ (ဒီဇင်ဘာ ၃၁ရက်)

အခု ဆောင်းရာသီ၊ နှင်းတွေတဖျန်းဖျန်းကျပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလမှာ ကျမတို့ကရင်လူမျိုးတွေ အပျော်ရွှင်ဆုံးအချိန်ဖြစ် တယ်။ အကြောင်းမှာ တနှစ်တာအတွင်း ရာသီသုံးခုအလိုက် တောင်ယာ၊ လယ်ယာနဲ့ ခြံလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ကြတဲ့ ကျမတို့ကရင်လူမျိုးတွေက လုပ်ငန်းတွေ ပြီးစီးတဲ့ယခုအချိန်မှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် တောင်ပေါ်၊ မြေပြန့်ဒေသအနှံ့ နေထိုင် ကြတဲ့ ကျမတို့ကရင်တွေက မိမိတို့ သက်ဆိုင်ရာဒေသအလိုက် စုစည်းပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာနဲ့ ကျင်းပဆင်နွဲ ကြတယ်။

ယခုနှစ် ကျရောက်လာတဲ့ ကရင့်သက္ကရာဇ် ၂၇၄၉ခုနှစ်၊ သလေ(ပြာသို)လဆန်း ၁ရက်နေ့၊ ခရစ်နှစ် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက် နေ့မှာ မြန်မာပြည်တွင်း ပြည်ပရှိ ကရင်အမျိုးသားများ ရောက်ရှိနေထိုင်ကြတဲ့ နေရာအနှံ့မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြု လုပ်ခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ မဲ့ကနဲ၊ နို့ဖိုး(အတွင်းကွင်းကလေး)နှင့် ထီးမူးထာ့ (အပြင်ကွင်း ကလေး)ကျေးရွာတို့မှာလည်း ရွာသူရွာသားတွေက ကရင်နှစ်သစ်ကူးပွဲတော်ကို စုပေါင်းကျင်းပကြတယ်။

အဲဒီ မဲ့ကနဲ၊ နို့ဖိုး၊ ထီးမူးထာ့ကျေးရွာတွေဟာ တရွာနဲ့တရွာ အကွာအဝေးက သိပ်မဝေးလှပါ။ ရွာသူရွာသားတွေက အပြန်အလှန် ယိုင်းပင်းကူညီမှု၊ စုပေါင်းလုပ်ဆောင်မှုတွေ အားကောင်းတဲ့အတွက်ကြောင့် ကရင့်နှစ်သစ်ကူးပွဲတော်ကို အလှည့်ကျ လက်ခံကျင်း ပခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ကျရောက်လာတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို နို့ဖိုးကျေးရွာမှာ လာရောက်စုပေါင်း ကျင်းပခဲ့တာဖြစ်တယ်။

“ကရင်တမျိုးသားလုံးရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို တနှစ်တကြိမ် ကျနော်တို့ ရွာသူရွာသားတွေ စုပေါင်းကျင်းပခြင်းဖြင့် ကျနော်တို့ အချင်းချင်း စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်စေပါတယ်”လို့ မဲ့ကနဲရွာသားတဦးက ပျော်ရွှင်သော အပြုံးနဲ့အတူ ပြောဆိုလာ တယ်။

ကရင်နှစ်သစ်ကူးပွဲတော်ရဲ့ အထိမ်းအမှတ်အနေဖြင့် နှစ်သစ်ကူးကျင်းပတဲ့နေ့ မရောက်ခင် သုံးလေးရက်အလိုမှာ လူကြီး၊ လူငယ်၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် ဘောလုံးပြိုင်ပွဲတွေ နို့ဖိုးကျေးရွာရဲ့ စာသင်ကျောင်းကွင်းထဲမှာ ကျင်းပပြုလုပ်ကြတဲ့အပြင် ည ပိုင်းမှာလည်း ကရင့်ရိုးရာဒုံးယိမ်းအက၊ ဝါးညှပ်အကနှင့် ရိုးရာလှပျိုဖြူမောင်မယ် ပြိုင်ပွဲတွေကိုလည်း ကျင်းပခဲ့ကြပြီး လာရောက် ကြည့်ရှုကြတဲ့ ရွာသူရွာသားတွေကလည်း အပြုံးကိုယ်စီနဲ့ ပျော်ရွှင်ကြတာကို တွေ့ရတော့ ကျမလည်း သူတို့နဲ့အတူ ဝမ်းမြောက် ပျော်ရွှင်မိပါတယ်။
Karen new year article (1)
ဒီဇင်ဘာ ၁၆ရက်နေ့၊ ကရင်လ သလေလဆန်း ၁ရက်နေ့ မနက်စောစော ၆နာရီလောက်အချိန်မှာ ရွာပေါင်းသုံးရွာမှ ရွာသူရွာသား တွေက ရောင်စုံကရင်အမျိုးသား ဝတ်စုံတွေကို ဝတ်ဆင်ကာ နှစ်သစ်ကူးပွဲတော်ကျင်းပရာ စာသင်ကျောင်းကွင်းထဲမှာ လာရောက် စုစည်းကြပြီး ကရင့်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ကရင်အမျိုးသားအလံတော်တင်၊ အလေးပြုခြင်းအစီအစဉ်နဲ့ စတင် ဖွင့်လှစ် ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာကြတဲ့ ရွာသူရွာသားတွေက ဖားစည်နှင့် ရိုးရာတူရိယာတွေ တီးခတ်၊ ကျွဲချိုတွေ မှုတ်ပြီးတော့ သက်ဆိုင်ရာ ကျေးရွာတာဝန်းရှိသူတွေက ကရင်နှစ်သစ်ကူး ဖြစ်ပေါ်လာပုံအကြောင်း၊ ကရင်အမျိုးသားအလံတော်အကြောင်းနဲ့ ကရင်မျိုးနွယ် ဆင်းသက်လာပုံအကြောင်းတွေကို ရှင်းလင်းဟောပြောခဲ့ကြတယ်။

ဒါ့အပြင် သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ပူဇော်ခြင်း၊ အရိုအသေပေးခြင်းတို့ကို ကရင်အမျိုးသားတွေရဲ့ ချစ်စရာကောင်းတဲ့ အစဉ်အလာတရပ်ပါ။ ထိုအခမ်းအနားမှာလည်း ရွာသူရွာသားများက မိမိတို့ကျေးရွာအတွင်းမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား တွေကို ရိုသေဂါရဝပြုခြင်း၊ လက်ဆောင်ပစ္စည်းတွေ ပေးအပ်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြပြီး တချိန်တည်းမှာပဲ “ကရင်နှစ် သစ်မှာ လူတွေအားလုံး ဘေးကင်းပါစေ၊ လုပ်ငန်းတွေ ဖြစ်ထွန်းအောင်မြင်ပါစေ”လို့ နှစ်သစ်ဆုမွန်ကောင်းတွေ ချွေကြတယ်။

ညနေပိုင်းမှာ ကရင်တွေရဲ့ ရိုးရာအားကစားတရပ်ဖြစ်တဲ့အတွက် ရိုးရာလက်ဝှေ့ပွဲကိုလည်း အစဉ်အလာမပျက်အောင် ကျင်းပပြု လုပ်ကြပြန်တယ်။ နှစ်သစ်ကူးပွဲတော် စတင်ကျင်းပခြင်းတလျှောက်လုံးမှာ ထူးခြားတာခုက ပွဲတော်ကျင်းပတဲ့ ကွင်းအတွင်း အရက် သေစာ ရောင်းချတာတို့၊ လောင်းကစားလုပ်တာတို့ မတွေ့ရဘူး၊ မရှိအောင်လည်း ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့က စည်းကမ်း ထုတ်ထားကြောင်းကိုလည်း သိရတယ်။ ဒါဟာလည်း ရိုးရာယဉ်ကျေးမှုတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း အစဉ်အလာမပျက် ထိန်း သိမ်းတဲ့ လုပ်ရပ်ကောင်းတခုဖြစ်တယ်လို့ ကျမ ထင်တယ်။

ကရင်အမျိုးသားတွေ၊ သွေးချင်းညီအကိုမောင်နှမတွေက အမျိုးသားအလံတော်အောက်မှာ စုစည်းပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲကြတာကို တွေ့ရလို့ အထူးဝမ်းမြောက်မိကြောင်း ပြောဆိုလာတဲ့ နို့ဖိုးရွာသူ နော်တောနော့ဖောကတော့ “ဒီနှစ် နှစ်သစ်ကူးမှာ ကျမအထူးပဲ ဝမ်းသာမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ တရွာထဲပဲ ကျင်းပမယ်ဆိုရင် အခုလို လူတွေအ များကြီးတွေ့ရမှာမဟုတ်ဘူး။ အခုလို စုပေါင်းကျင်းပခြင်းအားဖြင့် အဝေးမှာနေတဲ့ ကျမတို့ ညီအကိုမောင်နှမတွေ ကျမတို့နဲ့အတူ ကရင်နှစ်သစ်ကူးပွဲတော်ကို လာရောက်ဆင်နွဲတာတွေ့ရတော့ မပြောတတ်လောက်အောင် ဝမ်းသာတယ်။ ပျော်လည်းပျော်တယ်” လို့ ပြုံးရင်း ပြောဆိုသွားတာဖြစ်တယ်။
Karen new year article (2)

နို့ဖိုးကျေးရွာအတွင်းမှာ ကျင်းပပြုလုပ်တဲ့ နှစ်သစ်ကူးပွဲတော်ဟာ ကြီးကျယ်ခမ်းနားတဲ့ပွဲတော်တခု မဟုတ်သော်လည်း ကရင်အမျိုး သားတွေရဲ့ အစဉ်အလာ၊ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖော်ထုတ်ပြီး စည်းလုံးခြင်းကို ဖော်ဆောင်တဲ့ပွဲတခု ပါလို့ အခမ်းအနားကို တက်ရောက်လာ မဲ့ကနဲရွာသား စောဃီထူးက ယခုလို ဆိုသတဲ့။

သူက “ဒါတွေဟာ ကျနော်တို့ ရိုးရာ ယဉ်ကျေးမှုတွေ မပျောက်အောင် ဖော်ထုတ်တာဖြစ်သလို ကျနော်တို့ တရွာနဲ့တရွာ ချစ်ခင် ရင်းနီးမှု၊ စည်းလုံးမှုတွေကို ဖော်ဆောင်တာလည်းဖြစ်တယ်။ နှစ်သစ်ကူးပွဲတော်ကို အခုလိုမျိုး စုပေါင်းမကျင်းပဖြစ်ရင် ကျနော်တို့ ဒီ လိုမျိုး ဆုံဆည်းဖြစ်မှာမဟုတ်ဘူး”တဲ့။

လူမျိုးတမျိုးဟာ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယာဉ်ကျေးမှုဓလေ့ စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံရမယ်ဆိုတဲ့အတိုင်း အဲဒီအင်္ဂါရပ် တွေနဲ့ ပြည့်စုံနေတဲ့ ကရင်လူမျိုးတွေ ပပျောက်မသွားဖို့နဲ့ အနာဂတ်မျိုးဆက်သစ်တွေလည်း ကရင်အမျိုးသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့တွေကို သိရှိထိန်းသိမ်းတတ်အောင် ရည်ရွယ်ပြီးတော့ သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများက ကရင်နှစ်သစ်ကူးကျင်းပ ရေး ကော်မတီတရပ်ဖွဲ့စည်းကာ ကရင့်နှစ်သစ်ကူးပွဲတော်ကို စုပေါင်းကျင်းပကြခြင်းဖြစ်တယ်လို့ ကော်မတီ ဥက္ကဌဖြစ်သူ စောကြီး တဲနဲက ပြောဆိုသွားခဲ့တယ်။

သူက “ကျနော်တို့ကို အရင်က ဆရာသမားတွေ လုပ်ပြပေးတဲ့အတိုင်း ကျနော်တို့တွေဟာ ကရင်လူမျိုးတွေ ဖြစ်တယ်ဆိုတာ လူ တွေ သိဖို့ရယ်၊ ကရင်တွေရဲ့ ယဉ်ကျေးမှုတွေ မပျောက်ဖို့ရယ်၊ အနာဂတ်ကလေးသူငယ်တွေ ကျနော်တို့ရဲ့ ယဉ်ကျေးမှုဓလေ့တွေ ကို သိရှိနားလည်ပြီး နောက်နောင် လုပ်တတ်ကိုင်တတ်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်”တဲ့။

အဆိုပါ နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲကျေးရွာတို့ဟာ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၏ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်က စပြီးတော့ ကျေးရွာအတွင်း စတင်ကျင်းပခွင့်ရခဲ့တာဖြစ်ပြီး ယခုကျင်းပ တဲ့အကြိမ်မှာ (၃၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်တယ်။

ရွာသူရွာသားတွေရဲ့ပြောဆိုချက်အရ အရင်က ကရင်နှစ်သစ်ကူးပွဲတော်ကို ကျေးရွာအတွင်း ကျင်းပခွင့်မရဘဲ သင်္ဃန်းညီနောင်မှာ နိုင်ငံကို အုပ်ချုပ်တဲ့ အာဏာပိုင်တွေ စီစဉ်ကျင်းပပေးတဲ့အတိုင်း ရွာသူရွာသားတွေက သွားရောက်ဆင်နွဲကြရတယ်။ အခုလို ကျေး ရွာအတွင်း ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခွင့်ရတာကလည်း ရွာသူရွာသားများတွေရဲ့ စည်းလုံးညီညွတ်ခြင်းကြောင့်ပါလို့ ဆိုတယ်။

စုပေါင်းလုပ်ဆောင်ခြင်းဟာ စည်းလုံးခြင်းကို ဖော်ဆောင်သလို အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေက အခု ၂၇၄၉ခု၊ နှစ်သစ်မှာ ကရင် အမျိုးသားအားလုံး ဒုက္ခအပေါင်းမှ ကင်းဝေးပြီး အချင်းချင်း သွေးစည်းညီညွတ်သွားစေဖို့ မျှော်လင့်နေကြတယ်။
kicnews.orgမှတဆင့်ကူးယူတင်ထားသည်။
[Read More...]


လူမျိုးစုနဲ့နိုင်ငံမဲ့များအရေး



၂၅.၁၂.၀၉
လမ်းသရဲမလေး(http://www.blogger.com/)
ကမ္ဘာပေါ် လူမျိုးစုတို့ စုပေါင်းနေထိုင်ရာ ကို အစွဲပြုပြီး နိုင်ငံ တစ်နိုင်ငံရယ် လို့ မည့်ခေါ်ကြတဲ့ အတွက် နိုင်ငံပေါင်းများစွာ ဖြစ်ပေါ်တည်ရှိနေပါတယ် ။ ဒါပေမယ့် နိုင်ငံတိုင်း မှာ လူမျိုးတမျိုးဘဲ နေထိုင်တာ မဟုတ်ဘဲ အများအပြားနေထိုင် ကြတာ ရှိတဲ့ အတွက် လူမျိုးများ အနေနှင့် နိုင်ငံ အရေအတွက် ထပ် များပြားနေပါတယ်။

ဒါကိုကြည့်ရင် လူမျိုးတိုင်းဟာ မိမိတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ရာ ဒေသ(နိုင်ငံ) ရှိကြတာချည်းပဲ လို့ ဆိုရပါမယ် ။ မည်သူတဦးတယောက် ကမှ နိုင်ငံမဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး ဆိုတာ ထင်ရှားပါတယ် ။ မိမိတိုပမွေးဖွားရာ ဒေသရှိ ပြီးမှ အကြောင်းကြောင်း ကြောင့် ကမ္ဘာအနှံ့အပြား ရောက်ရျိနေကြပြီး နိုင်ငံ မဲ့ ဖြစ်ရတဲ့ သာဓကတွေ ရှိပါတယ် ။

ဒါပေမယ့် နောက်ဆုံးမှာ မိမိတို့ ဇာတိဒေသ မှာ နိုင်ငံပြန်လည်ထူထောင် နိုင်တဲ့ အတွက် ကြောင့် နိုင်ငံမဲ့ ဘဝက လွတ်မြောက်သည့် သာဓက အဖြစ် အစ္စရေး နိုင်ငံ ကို လက်တွေ့မြင်နိုင်ပါတယ် ။ အလားတူ ပါလက်စတိုင်း လူမျိုးတို့လည်း လတ်တလော နိုင်င့ မဲ့ ဘဝ ရောက်နေပေမယ့် မကြာမှီ ကိုယ်ပိုင် နိုင်ငံ ထူထောင်နိုင်မှာ မလွဲပါဘူး ။


ဒါပေမယ့် ကမ္ဘာအရပ်ရပ်မှာ လူမျိုးတမျိုး ပါလို့ သတ်မှတ် အခေါ်ခံရပြီး နိုင်ငံ ပျောက်နေတဲ့ (သို့မဟုတ်) နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးအများအပြားလည်း ရှိနေပါသေးတယ် ။ ကောင်းပါပြီ ဒီလူမျိုးတွေဟာ နိုင်ငံ မရှိ ငြားလည်း ကမ္ဘာပေါ် မှာ နေစရာ အမိုးအကာ ၊ စားစရာ အစားအသောက် ၊ ဝတ်စရာအဝတ်အထည် ရရှိပြီး ၊ အသက်ရှင် နေထိုင်ကြတဲ့ အတွက် နိုင်ငံ မရှိတော့ ဘာအရေးလဲ လို့ သဘောထား တွေးမိသူတွေ ရှိနိုင်ပါတယ် ။ ကောင်းပါပြီ အကယ်၍ ထိုအတွေး ရှိသူ ထိုအတွေး ကို လက်တွေ့ဆန်ဆန် ပြောနေသူ တွေ ဟာ လုံးဝမမှန်နိုင်ပါဘူး ။

အများသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ မြေပြင်သာမက ရေပြင်၊ လေပြင်ကိုပါ ခွဲခြမ်းပြီး နိုင်ငံအသီးသီး ရဲ့ပိုင်နက်နယ်နမိတ် ထဲသတ်မှတ်သွတ်သွင်းပြီး သားဖြစ်နေပါတယ်။ အဲဒီသီးခြားစီ သတ်မှတ်နိုင်ငံ နယ်ပယ်ထဲမှ ထိုနိုင်ငံသားလိုသတ်မှတ် ခံနိုင်တယ်။ အဲဒီနိုင်ငံ သားလို့ သတ်မှတ်ခံရမှသာ အဲဒီနိုင်ငံက ပြဌာန်းသတ်မှတ်ထားတဲ့ အခွင့်အရေးအဖုံဖုံ ကို ရယူခံစားနိုင်ခွင့်ရှိတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသား အဖြစ်မခံရသူ (သို့မဟုတ်) နိုင်ငံမဲ့ ဖြစ်နေသူ လူမျိုးတို့ဟာ မျောက်သစ်ကိုင်းလွတ်သလိုနေ စရာ မဲ့တွေ ဖြစ်နေကြရတယ်။ လူဘဝဆုံးရရှာတယ် လို့တောင် ပြောနိုင်တယ်။ မိမိခိုကပ်နေရတဲ့ နိုင်ငံ နဲ့နိုင်ငံသားတို့ သနားမှသာ အသက်ရှင်နိုင်တဲ့ ဘဝဖြစ်ရရှာတယ်။ ဒါကြောင့် ကမ္ဘာအရပ်ရပ် မှာ အကြောင်းကြောင်း အမျိုးမျိုး နဲ့ နိုင်ငံမဲ့ ဘဝရောက်နေတဲ့ လူမျိုးတို့မှာ သနားစရာ အလွန်ကောင်းပါတယ်။

မျက်မှောက်ကာလ ကမ္ဘာ အဲဒီလို နိုင်ငံမဲ့ လူမျိုးဘဝရောက်ကြရတဲ့ အကြောင်းအရင်းကို ရှာဖွေတဲ့ အခါ အဓိက တွန်းအားပေးတဲ့ အချက်အချို့ကို ရှာတွေ့ကြရတယ်။ ထိုအချက်တို့မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ အခြေအနေ အလွန်ရှုပ်ထွေး ပြင်းထန်ပြီး ရုတ်တရက် ပေါက်ကွဲ ဖြစ်ပေါ် ပြောင်းလဲ သွားတဲ့ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှုကြောင့် လည်း သက်ဆိုင်သလို ဥပမာ ဆိုဗီယက်ဆိုရှယ်လစ်ပြည်ထော င်စု သမ္မတနိုင်ငံ နှင့် ယူဂိုဆလားဗီးယား ဆိုရှယ်လစ်ပြည်ထောင်စု နိုင်ငံ တို့ ပြိုကွဲသွားတဲ့ အဖြစ်မျိုး ။ ဒါ့အပြင် လူမျိုးရေး ကိစ္စ ၊ ဓနဥစ္စာ ပိုင်ဆိုင်မှု ကိစ္စ ၊ ကလေးသူငယ် များ နှင့် အမျိုးသမီးများ အခွင့်အရေး ပြဿနာများ စသည့် တို့အပေါ် အမြင်သဘောထားများ ကွဲပြားခြင်း တို့ကြောင့် တကြောင်း ။ ပြီးတော့ မတူခြားနားတဲ့ လူမျိုးစုများ အကြား အင်အား၊ အာဏာ ၊ ချိန်ခွင်ညှာ ပြိုင်ကြခြင်း ကြောင့် တကြောင်း စတဲ့ အကြောင်းတွေ ကြောင့် နိုင်ငံမဲ့ ဘဝများဖြစ်ပေါ်လာခဲ့ကြရတယ်။

လူမျိုးရေးကိစ္စ နှင့်ပတ်သတ်ရင် ဥပမာ ခရိုင်မီးယား နယ်ဖွား တာတာလူမျိုး TARTARS ၂၅၀§٫၀၀၀ ကျော်တို့ဟာ ၁၉၄၄ခု နှစ်တုန်းက ဆိုဗီယက်နိုင်ငထဲံက ကွန်မြူနစ်ခေါင်းဆောင် ̏စတာလင်̋ မောင်းထုတ်လိုက်တဲ့ အတွက် ပြည်ပနိုင်ငံများမှာ နိုင်ငံမဲ့ ဘဝနဲ့ ဆယ်စုနှစ်များစွာ နေခဲ့ကြရတယ်။ ၎င်းတို့လိုပဲ ကမ္ဘာအရပ်ရပ် မှာ နိုင်ငံမဲ့ ဘဝနဲ့ ရောက်ရှိနေတဲ့ သူတွေ အများအပြား ရှိနေပါတယ် ။ သူတို့ရောက်နေတဲ့ နိုင်ငံက လည်း ၎င်းတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်မပြု ကြပါဘူး ။ ဒါကြောင့် ၎င်းတို့ဟာ နိုင်ငံတကာ က တရားဝင်ပေးထားတဲ့ အခွင့်အရေးတွေ ဖြစ်တဲ့ ကျမ်းမာရေး ခံစားခွင့် ၊ ပညာသင်ကြားခွင့် ၊ နိုင်ငံရေး သက်ဝင်ယုံကြည်ခွင့် ၊ လွပ်လပ်ခွင့် စတာတွေ ကိုအနည်းဆုံး ခံစားရတာက လွဲပြီး အပြည့်အဝ ဘာမှ မရရှိကြဘူး ။

ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ ဧည့်သည်ဖြစ်နေတဲ့ အတွက် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်မရှိကြဘူး ။ မြို့ပေါ်မှာ အလုပ်လုပ်ခွင့်မရှိကြဘူး ။ အနိမ့်ဆုံး လယ်ယာလုပ်သားတေါ အဖြစ်တောင် တရားဝင်လုပ်ခွင့်မရကြဘူး ။ အခန်းကျဉ်လေးထဲမှာ စုပေါင်းနေထိုင်နေကြရတယ် ။ ဆေးဝါးတရားဝင် ကုသခွင့်မရကြဘူး ။ ဆေးမြစ်ရှာ ဆေးဝါးဖော်စပ် သုံးစွဲနေကြရတယ် ။ သေတော့လဲ သိက္ခာရှိရှိ မသေကြရဘူး ။ တရားဝင် စာရွက်စာတမ်း မရှိရင် မြေမြုပ်ခွင့် ရဖို့ သင်္ဂြိုလ်ခွင့်ရဖို့ ခက်ကြရတယ် ။

ဆိုဗီယက်ယူနီယံ ပြိုကွဲ ပြီးနောက် လွပ်လပ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ရယ်လို့ ပေါ်ထွက်လာခဲ့တယ် ။ တာတာတို့ဟာ ထို့အခါကျမှ သူတို့ ဘိုးဘွားဘီဘင် နေထိုင် ခဲ့တဲ့ ဇာတိမြေ ကို ပြန်ခွင့်ရကြတယ် ။ ပထမတသုတ် ၁၇٫၀၀၀ ပြန်လာတဲ့ အထဲ က တချို့ ယူကရိန်း နိုင်ငံသား ခံယူခွင့်ရကြပြီး ။ ကျန်အများစုက ဥဇဘက်ကစ္စတန် နိုင်ငံသား အဖြစ် ခံယူခွင့်ရကြတယ် ။

တာတာ တို့ဟာ ယူကရိန်းနိုင်ငံရဲ့ သမိုင်းစဉ် မျိုးနွယ်စုဖြစ်တာ မှန်ပေမယ့် ခိုင်မာတဲ့ အထောက်အထား အချက်အလက်တွေ ပြသရန် ခက်ခဲနေတဲ့ အတွက် အားလုံးကိုယူကရိန်းနိုင်ငံ သား အဖြစ် လက်ခံ လိုက်ရန် အကြပ်တွေ့ကြရတယ် ။ ပြန်လာနေတဲ့ တာတာတို့ ကိုယ်တိုင်ကလည်း ဦးနှောက်ခြောက်ရပြန်တာ က ယူကရိန်းနိုင်ငံ သားဖြစ်ဖို့ မသေချာမရေရာသေးတဲ့ အခြေအနေမှာ ရရှိထား တဲ့ ဥဇဘက်နိုင်ငံ သားအဖြစ် ကို စွန့်လွှတ်ရန် စဉ်းစားသင့် မသင့် စဉ်းစားစရတဲ့ ပြဿနာ ကြုံရပြန်တယ် ။

၁၉၉၂-၁၉၉၃ ခုနှစ်တုန်းက ချက်ကိုစလိုဗက်ကီင်္းယား လိုနိုင်ငံ နှစ်ခြမ်းကွဲ ခဲ့ ကြတယ် ။ ချက်သမ္မတနိုင်ငံ နဲ့ စလိုဗက်ကီးယား သမ္မတ နိုင်ငံ ဆိုပြီး နှစ်နိုင်င့ တည်ထောင်ခဲ့ ကြတယ် ။ အဲဒီအခြေအနေ အောက်မှာ နိုင်ငံ သား အချို့ ကြားချန်နေခဲ့ ကြတယ် ။ မဲထည့်တဲ့ အချိန်မှာ ချက်နိုင်ငံ မှာ မဲထည့်ခဲ့ကြတယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ စလိုဗက်နိုင်ငံသား အဖြစ်သတ်မှတ်ခံလိုက်ရတယ် ။ ဒါကြောင့် ချက်နိုင်ငံသား ဖြစ်ခွင့် ရအောင် စလိုဗက်နိုင်ငံ သား အဖြစ်ခံယူပြီး အဲဒီအဖြစ် ကို ပြန်စွန့်လွှတ်ကာ နိုင်ငံ မဲ့ ဘဝ နဲ့ ယာယီနေရမယ် ။ ပြီးနောက်မှ ချက်နိုင်ငံသား အဖြစ် လျှောက်ယူရမယ် လို့ ဆိုတယ် ။ စလိုဗက်နိုင်ငံ အာဏာပိုင်များက ထောက်ခံပေး မှ လျှောက်နိုင်တယ် ။ ဒါပေမယ့် ရမယ် မသေချာသေးဘူး ။ အငြင်းပယ်ခံရရင် နိုင်ငံမဲ့ ဘဝနဲ့ နေရမယ် ကိန်းဆိုက်နေတယ် ။

အာရှနိုင်ငံတွေမှာ လည်း နိုင်ငံမဲ့ ဘဝ နဲ့ ကြုံတွေ့ နေရသူတွေ ရှိသေးတယ် ။ (BOAT PEOPPLE) ဆိုတဲ့ လှေပေါ် အိုးအိမ်ဖွဲ့နေထိုင်သူတွေ နေရာရွှေ့ပြောင်း ခဲ့ကြတဲ့ ၁၉၇၀-နဲ့ ၁၉၈၀ ခုနှစ်တုန်းက ဖြစ်တယ် ။ လူမျိုးတစုဟာ ဗီယမ်နမ်နိုင်ငံကနေ ဟောင်ကောင် ကျွန်းကို ထွက်ပြေးခိုလှုံခဲ့ကြတယ် ။ ဟောင်ကောင် ကျွန်းဟာ တရုတ်ပြည်မကြီး လက်အောက် ပြန်ရောက်တဲ့ အချိန်မှာ ဗီယမ်နမ်က ပြေးလာတဲ့ တရုတ်တို့ဟာ တရုတ်ပြည်မကြီး ဆီ ပြေးဝင် ခိုလှုံပြန်တယ် ။ ဗိယမ်နမ် ကို ပြန်ပြေးခိုလှုံသူ တွေ လဲ ရှိတယ် ။

ဗီယမ်နမ်က ထိုတရုတ် အမျိုးသားတို့ဟာ သူတို့လူမျိုးမဟုတ်တဲ့ အတွက် နိုင်ငံသား အဖြစ်လက်မခံဘဲ ငြင်းဆိုတယ် ။ တရုတ်ပြည်မကြီး ကလည်း (BOATPEOPPLE) တွေကို တရုတ်နိုင်ငံသား အဖြစ်တောင်းဆိုခွင့် မရှိသူများအဖြစ် တရုတ် အစိုးရက သဘေထား ထားတယ် ။ နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံရတဲ့ အကြောင်းက ဟောင်ကောင်မှာ ထိုသူတို့အနေဖြင့် ဥပဒေနှင့်အညီ နေထိုင်ခွင့်ရသူတွေ မဟုတ်လို့ ဖြစ်တယ်ဟုပြောသည် ။ ထိုသူတို့ ကိစ္စဟာ အလွန်ရှုပ်ထွေး ခက်ခဲလှတဲ့ ပြဿနာ အဖြစ် ကျန်ရစ်နေဆဲ ဖြစ်တယ် ။

နိုင်ငံ တနိုင်ငံမှာ နိုင်င့သား အဖြစ် ခံစားရရှိဖို့ က သမိုင်းကြောင်း ဇစ်မြစ်ဆိုင်ရာကိစ္စတို့ ဆိုတဲ့ တွေခေါ်မြှော်မြင်ချင်းဆို င်ရာ ကိစ္စတွေ ကို ထည့်သွင်းစဉ်းစားကြတယ် ။ တချို့နိုင်ငံမဲ့ လူမျိုးများအတွက် သူတို့ခမျာ သူတို့ရောက်ရှိနေတဲ့ နိုင်ငံ မှာ မျိုးဆက်အလိုက် ကာလ ရှည်ကြာ စွာ နေထိုင်ခဲ့ ပေမယ့် နိုင်ငံသားဖြစ်ခွင့် မရကြဘူး ။ တချို့ကျတော့ နိုင်ငံသား ခံယူခွင့် ပြုခံရပေမယ့် မတည်မြဲကြပြန်ဘူး ။ ဥပမာ အားဖြင့် ၁၉၇၀ ခုနှစ်̏ယူဂန်ဒါ̋ နိုင်ငံမှာ အီဒီယမ်အာမင် တွေ အာဏာသိမ်းလိုက်တုန်းက နိုင်ငံသား ခံယူခွင့် ပြုထားတဲ့ အာရှသား များ နိုင်ငံထဲက ပြန်မောင်းထုတ်ခံရတာမျိုးေ တွ ၊ ဖမ်းဆီးချုပ်နှောင်ခံရတာမျိုးနဲ့  ပစ္စည်းဥစ္စာ တွေ အသိမ်းခံရတာမျိုးတွေ ကြုံတွေ့ခဲ့ကြရတယ် ။

ဆိုဗီယက်ယူနီယံ အုပ်စုနဲ့ အနောက်ဥရောပ အုပ်စုတို့ရဲ့ စစ်အေးတိုက်ပွဲ ကာလတုန်းက လည်း နိုင်ငံ ကို စွန့်ခွာ သွားပြီး နောက် ဘယ်နိုင်ငံသား အဖြစ် မှ ခံယူခွင့်မရကြတဲ့ ရှုမေးနီးယား လူမျိုးတွေ နဲ့ ဆိုဗီယက်လူမျိုးတွေ လည်းရှိသေးတယ် ။ အလားတူ နိုင်ငံရေးပြဿနာများ ကြောင့် နိုင်ငံမဲ့ ဘဝရောက်မေသူတွေ ကမ္ဘ့အနှံအပြားမှာ ရှိနေပါသေးတယ် ။ စာရင်းအတိအကျ မပြုစုနိုင်သေးလို့သာ အရေ အတွက် မသိနိုင်သော်လည်း အမြောက်အမြား ရှိနေကြသည် ။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ကြီးက ထိုနိုင်ငံ မဲ့လူသားများ ကိစ္စ ကို ကူညီဖြေရှင်းပေးရန် ၁၉၅၄ ခုနှစ်မှာ နိုင်ငံတကာ သဘောတူညီချက်များကို ပြဌာန်းပေးခဲ့ သည် ။ နောက်တဖန် ၁၉၆၁ ခုနှစ် မှာလည်း နိုင်ငံမဲ့ ဘဝတွေ လျှော့နည်းသွားအောင် နိုင်ငံတကာ က ပူပေါာင်းဆောင်ရွက် ကြဖို့ ပြဌာန်းချက် အသစ် များ ချနှတ်ပေးခဲ့သေးသည် ။ ၁၉၇၄ ခုနှစ်မှာတော့ ကုလသမဂ္ဂ ညီလာခံကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနိုင်ငံမဲ့ သမား တို့အား အကန့်အသတ်နဲ့ တရားဝင် အကူအညီ ပေးရန် ညွှန်ကြားခဲ့တယ် ။ ဒုတိယ ကမ္ဘာစစ်ပြီး ပြီးနောက် နိုင်ငံ တချို့က လိုက်နာကြပေမယ့် မျက်မှောက်ကာလ မှာ များမကြာမှီ နှစ်ပနည်းငယ် အတွင်းမှာ နိုင်ငံမဲ့ လူသားဘဝ ပြဿနာများဟာ ပိုမိုအာရုံစိုက်စရာ ပြဿနာ တရပ် အဖြစ် ဖြစ်လာပါ့မယ် ။

ဒါကြောင့် ၁၉၉၆ ခုနှစ်က ကမ္ဘ့ာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက (UNHCR) ရုံးကို လုပ်ပိုင်ခွင့် အာဏာ ကိုချပေးပြီး ကမ္ဘ့ာ အဝန်းမှာ နိုင်ငံမဲ့ လူသားတို့ ဘဝ ပပျောက်ရေး ကိုအလေးပေး ဆောင်ရွက် စေခဲ့တယ် ။ (UNHCR) ရုံးဟာ ယူကရိန်နိုင်ငံ အစိုးရ အာဏာပိုင် တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် တာတာ လူမျိုးတို့ ရဲ့နိုင်ငံမဲ့ ဘဝ ပြဿနာ ကို ဖြေရှင်းပေးနိုင်ခဲ့ တယ် ။ ၁၉၉၇-၁၉၉၈ ခုနှစ်အတွင်း ပြန်တော် ပြန်လာတဲ့ တာတာ လူမျိုး ၄၅٫၀၀၀ တို့ ယူကရိန်းနိုင်ငံသား ခံယူခွင့်ရသွားတယ် ။ ချက်သမ္မတနိုင်ငံ အစိုးရက လည်း (UNHCR) ရဲ့ မေတ္တာရပ်ခံ ချက်ကြောင့် ချက်လူမျိုး နိုင်ငံမဲ့ ဘဝ ရောက်နေသူတွေ ကို ပြန်လည်စီစစ်ပြီး ချက် နိုင်ငံသား အဖြစ် ပြန်လက္ခံ ရန် စီစဉ်လျှက်ရှိသည် ။

တကမ္ဘာ လုံးဆိုင်ရာ လူအခွင့်အရေး ဆိုင်ရာ ကြေငြာ စာတမ်းမှာ ̏လူသားတိုင်းနိုင်ငံတနိုင်ငံ ရဲ့ နိုင်ငံသားဖြစ်ခွင့် ရှိစေရမယ် ̋ လိုပဖော်ပြထားတယ် ။ နိုင်ငံတိုင်းမှာ နိုင်ငံသား ဖြစ်ခွင့် ဥပဒေများ ပြဌာန်းချက် ရှိနေပါတယ် ။ အစိုးရတို့မှာ နိုင်ငံသား ဖြစ်ခွင့် ပေးအပ်နိုင်ခွင့် ဆိုတဲ့ အရေးပါတဲ့ အခွင့် အာဏာ ရှိပါတယ် ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လူမျိုးရေး ပြဿနာ များ တင်းမာရှုပ်ထွေးနေချိန်မှာ လူစုလူဝေးနဲ့ နိုင်ငံက ထွက်ပြေးကြတဲ့ ကာလမျိုးမှာ အစိုးရ တို့မှာ လူမျိုးတွေကို ကြိုဆိုလက်ခံ ဖို့ ဝန်လေးနေတတ်ကြပါတယ် ။ ဒါကြောင့် နိုင်ငံမဲ့ လူမျိုးများ လူသားများ ပြဿနာ ဟာ အနာဂါတ် ကာလမှာ ဆက်လက်ဖြစ်ပေါ်လာနိုင်စရာရှိပါတယ် သေးတယ် ဟု သတိပေးရင်း နိဂုံးချုပ်ပါတယ် ။ ။


နောင်နောင်
[Read More...]


သီရိလင်္ကာနိုင်ငံတွင် ကရင်နှစ်သစ်ကူးဆွမ်းကပ်လှူဒါန်း





၂၇၄၉-ခုနှစ်၊ ကျရောက်သော ကရင်နှစ်သစ်ကူးနှစ်ကို အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေသော ကရင်သံဃာတော်များက ဒီနေ့(၂၃-၁၂-၂၀၀၉)နေ့တွင်နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရှိ မကုဋာရာမ မြန်မာကျောင်းတိုက်တွင် သံဃာတော် အပါး(၁၀၀)ကျော်ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

ကရင်နှစ်သစ်ကူးကို လွန်ခဲ့တဲ့ (၁၆-၁၂-၂၀၀၉) နေ့မှာ နှစ်ကူးခဲ့ပြီးဖြစ်သော်လည်း သီရိလင်္ကာနိုင်ငံတွင် သံဃာတော်တွေက စာမေးပွဲနဲ့ တိုက်ဆိုင်လို့ အဲဒီနေ့မှာ မကျင်းပနိုင်ဘဲ နောက်ကျမှ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲခြင်းဖြစ်ပါတယ်။ သံဃာတော်များ ဆွမ်းဆက်ကပ်လှုးဒါန်းပုံများကို အောက်မှာ ကြည့်ရှူနိုင်ပါတယ်.













[Read More...]


ကောက်သစ်ပေါ်ဦး ကရင်နှစ်သစ်ကူး



နှင်းပန်းအိမ်
21.Dec.2009


ရွှေရောင်လွှမ်းနေတဲ့ ကောက်သစ်စပါးတွေနဲ့ စပါးခင်း တမျှော်တခေါ်ကြီးကို ကျမ လွမ်းမိပါရဲ့။ စပါးခင်းရှိတဲ့ လယ်ကွင်းထဲမှာ မြေပြောင်ပြောင်ကို နောက်ချေး၊ နွားချေးနဲ့ မံ၊ တလင်းလုပ်ပြီး အခုလိုအချိန်ဆို ရိတ်သိမ်းထားတဲ့ ကောက်သစ်စပါးတွေကို အစေ့ချွေပြီး မြောက်လေနဲ့အတူ စပါးလှေ့နေကြရော့မယ်။ စက်မှုနိုင်ငံတော်သစ်ကြီးလို့ စစ်အစိုးရက ဘယ်လောက်ပဲ ကြွေးကြော်နေကြပါစေ။ ကျမတို့ မြန်မာနိုင်ငံရဲ့ လယ်ကွင်းထဲမှာ လူ့ခွန်အားနဲ့ လယ်ထွန်ပျိုးကျဲ၊ ကောက်စိုက် စပါးရိတ် စပါးလှေ့နေရတုန်းပါ။

ဆန်စပါးနဲ့ အသက်မွေးရတဲ့ တောင်သူဦးကြီးတွေက သူတို့ စပါးအထွက်တိုးဖို့ စပါးမပျက်စီးဖို့ သူတို့ယုံကြည်ရာ ဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကို ပူဇော်ပသရတဲ့ ယဉ်ကျေးမှုလည်း အခုထိ ရှိနေတုန်းပါပဲ။ ရိုးသားတဲ့ တောင်သူလယ်သမားများအဖို့ မိုးခေါင်လို့၊ မိုးကြီးလို့ဆိုတာ စပါးအထွက်များတာ၊ စပါးအထွက်နည်းတာ၊ နတ်တွေဖန်ဆင်းတာလို့ သက်ဝင်ယုံကြည်မှု ရှိကြတယ်။ ဒါကြောင့် စပါးအထွက်များအောင်လို့ ဆုတောင်းရတဲ့ နတ်တွေကလည်း လူမျိုးအလိုက် အမျိုးမျိုးရှိခဲ့တယ်။ မန္တလေးတိုင်း အမရပူရဘက်မှာတော့ ပုန်းမကြည်နတ် (အသံထွက်တော့ ပုန်းမဂျီပေါ့)၊ မုံရွာတနယ်လုံးနဲ့ ဂန့်ဂေါတခွင်မှာတော့ အမေကြီး (အမေယဉ်)၊ ကျမဆွေမျိုးများဘက်မှာတော့ လယ်စောင့်အဖိုး၊ အစရှိတဲ့ နတ်တွေကို ပူဇော်ကြတယ်။

ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်းရှိတယ်လို့ ဆိုကြတယ်။ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လူမျိုးတိုင်းမှာလည်း ကိုယ့်ရိုးရာ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အများကြီး ရှိပါတယ်။ ဒီဓလေ့ထုံးစံတွေက စိတ်ဝင်စားဖို့လည်း ကောင်း၊ ပျော်ရွှင်စရာလည်း ကောင်း၊ ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။ ဒီထဲကမှ ကရင့်နှစ်သစ်ကူးဟာ ပိုလို့ပျော်ရွှင်စရာ ကောင်းခဲ့ပါတယ်။

ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်နှစ်သစ်ကူးပွဲတော်ပါ။ ကောက်သစ်စားပွဲတော်လို့လည်း ဆိုကြပါတယ်။ ဒီပွဲတော်မှာ စုပေါင်းဆောင်ရွက်ကြတယ်။ နှစ်သစ်ကူးမှာ လူကြီးမိဘတွေကို ကန်တော့ကြတယ်။ လူကြီးမိဘတွေရဲ့ ဆုံးမသြဝါဒကို ခံယူကြတယ်။ ရပ်ဝေးရပ်နီးမိတ်ဆွေတွေကို ပြန်လည်ဆုံဆည်းစေတယ်။ ရှေ့နှစ်မှာ ဘာတွေလုပ်မယ်ဆိုတာ တိုင်ပင်ကြတယ်။ ဒီလို အနှစ်အရသာရှိတဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျမ ဒုတိယကြိမ်မြောက် ပါဝင်ဆင်နွှဲခဲ့ရပါတယ်။

နှစ်သစ်ကူးပွဲအတွက် ကြိုတင်ဒုံးအကတွေကို တိုက်နေတဲ့အသံကို တလကြိုပြီး ကြားနေရတာပါ။ မနက်စောစောဆို နို့ဖိုးရွာထဲမှာ ဒုံးသံတွေနဲ့ မြိုင်နေတတ်ပါတယ်။ စခန်းရုံးထဲမှာ မြေကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ကွင်းပြင်မှာ ကျောင်းအားကစားကွင်းမှာ ချွေးတရွှဲရွှဲနဲ့ ဒုံးတိုက်နေတဲ့ သူတွေကို တွေ့ရပါတယ်။ ကရင်လူမျိုးတွေနဲ့ရောပြီး ကျမတို့ပါ နှစ်သစ်ကူးကို မျှော်ခဲ့ရတာ။

နှစ်သစ်ကူးပွဲတော်အတွက် တလကြိုတင်ပြီး ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ဘောလုံးပွဲကတော့ ပရိသတ်အများဆုံးပါပဲ။ အသင်းတွေဖွဲ့ပြီး အနယ်နယ်အရပ်အရပ်က ဒုက္ခသည်စခန်းထဲကို ရောက်လာတဲ့သူတွေထဲက ပူးပေါင်းပါဝင်ကစားကြတာ။ အနီးအနားရွာတွေက ပါဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ စည်းကြပ်ဒိုင်၊ ကွင်းလယ်ဒိုင်အတွက် ၃ ရက်သင်တန်း ပေးကြတယ်။ အသင်း ၃0 လောက် ယှဉ်ပြိုင်ကစားတဲ့အခါ ကွင်းထဲမှာ ခြေထောက်နဲ့ ကန်နေတဲ့ ဘောလုံးသမားထက် ပါးစပ်နဲ့ကန်တဲ့ ပွဲကြည့်ပရိသတ်ရဲ့ ဘောလုံးတွေက ပိုပြီး ထိမိပါတယ်။ သူတို့ကြောင့် စည်းကြပ်ဒိုင်တွေ အယောင်ယောင်အမှားမှားဖြစ်၊ အလံကို ညာပြရာကနေ ဘယ်ပြ၊ ဟေးခနဲ ညာသံပေးအော်သံ၊ အိုးစည်ဒိုးပတ်သံက ပျော်စရာရွှင်စရာ၊ ပြုံးစရာ။

နိုးဖိုးတောင်ကြီးဘေး ကျောက်တောင်က၊ ကမူတွေပေါ်မှာ ငုတ်တုပ်ထိုင်အားပေးနေသူတွေက အထူးတန်းပွဲကြည့်စင်ထက် သာပါတယ်။ ဘောလုံးကွင်းကို အပေါ်က ဆီးကြည့်ပြီး ဘောလုံးသမားတွေကို အားမလိုအားမရဖြစ်ပြီး တင်လိုက်ပါလားဆို ဘေးကလူတွေက ''ဆွမ်းတော်ကြီး''၊ မြှောက်လိုက်ပါလားဆို ''ဦးရှင်ကြီး'' လို့ ညာသံပေးကြတယ်။ ဒီကြားထဲက ကစားပုံနည်းမကျရင် ''ဟေ့ကောင် … အိမ်ပြန်အိပ်လိုက်'' လို့ သြဘာပေးနေတတ်သေးတယ်။ ကျမကတော့ ဘောလုံးပွဲထက် ပွဲကြည့်ပရိသတ်ရဲ့ အသံကို ပိုပြီးနားထောင်ချင်တာ။

ကျမတူမ မီးမီးကတော့ ဘောလုံးပွဲကို နည်းပညာရော၊ ဘောလုံးဥပဒေပါ နားလည်သူ။ သူကတော့ ဘောလုံးကွင်းထဲကို ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်ထက် အချိန်မှန်မှန် ရောက်တတ်သူ။ ဒါကြောင့် သူ့ကို “မီးမီး … ဘယ်သူ့ဘယ်အသင်းကို အားပေးလဲ” မေးရင် သူက ပြန်ဖြေတတ်တယ်။ “ဘယ်သူ့မှ အားမပေးဘူး ကိုယ့်ကိုယ်ကို အားပေးဖို့ ဘောလုံးကွင်းထဲသွားတာ၊ ရင်ထဲမှာ မွန်းကြပ်နေတာ ဘောလုံးပွဲရောက်လို့ အော်ဟစ်ပြီးရင် သက်သာသွားတယ်” တဲ့။ ဒါကြောင့် ထင်ပါရဲ့ ဘောလုံးပွဲအားပေးတဲ့ ပရိသတ်အသံက ဟိန်းဟိန်းထွက်လာတာ။

ဒီလိုနဲ့ ကျမတို့အားလုံး မျှော်လင့်နေတဲ့ ကရင့်နှစ်သစ်ကူးပွဲတော် ရောက်ရှိလို့လာခဲ့တယ်။ ပြာသိုလဆန်း ၁ ရက်နေ့ မနက်အရုဏ်က ကြက်တွန်သံနဲ့တင် နိုးရတာမဟုတ်ဘဲ ကျွဲချိုမှုတ်သံ၊ ဖားစည်သံနဲ့ နိုးခဲ့ရပါတယ်။

နို့ဖိုးတောင် ဘောလုံးကွင်းဘေးက စင်မြင့်ပေါ်မှာတော့ ကရင့်အမျိုးသားအလံက လေမှာ တဖျပ်ဖျပ်လွင့်လို့၊ ဘောလုံးကွင်းမှာ ကရင့်အမျိုးသား ဝတ်စုံဝတ် ကရင့်အလံလွှင့်ထူထားတဲ့ ကရင်အမျိုးသားတွေအပြင် တိုင်းရင်းသားဝတ်စုံအပြည့်နဲ့ ဒုက္ခသည်တွေ နေရာယူထားကြတယ်။ စင်မြင့်ပေါ်မှာတော့ ကရင့်အမျိုးသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ထိုင်နေကြပါတယ်။

နို့ဖိုးတောင်ကြီးက ဇွဲကပင်တောင်ကြီးသာ ဖြစ်ခဲ့ရင် ကျမတို့အားလုံး သိပ်ကိုပျော်ကြမှာ။ ဒါပေမဲ့ စိတ်ဆိုတာ ရုပ်ကိုဦးဆောင်တာမို့ နို့ဖိုးတောင်ဟာ ဇွဲကပင်တောင် ဖြစ်သွားရတယ်။ ကရင်ပြည်နယ်ရဲ့ သင်္ကေတ ဇွဲကပင်တောင်ကြီးဘေးမှာ လူထုတွေ။ ကရင့်လူထု ခေါင်းဆောင်တွေ ကရင့်အမျိုးသား လူငယ်တွေ။ တိုင်းရင်းသား ညီအကိုမောင်နှမတွေ စုပေါင်းတက်ရောက်လာတဲ့ ကရင့်နှစ်သစ်ကူးပွဲတော်ကို ဖားစည်သံ၊ ကျွဲချိုသံပေးပြီး ဖွင့်လှစ်လိုက်ပါတယ်။ ကရင့်နိုင်ငံတော် သီချင်းကိုဆိုပြီး ကရင့်အမျိုးသား အလံကို ဦးညွှတ်ကြတယ်။

ဒီနောက်မှာ ကရင့်တော်လှန်ရေး ခေါင်းဆောင်တွေ အဖွင့်အမှာစကား ပြောသလို စခန်းအုပ်ချုပ်သူ လောင်းပလာကလည်း ကရင်လို ပြောပါတယ်။ ကျမရဲ့ မိတ်ဆွေ ကိုစောမြင့်ထွေးတို့ ဇနီးမောင်နှံက ပိုးကရင်တွေ။ သူတို့က မဲသဝေါထိုးစစ်ကြောင့် ဒုက္ခသည်စခန်းထဲ ရောက်လာသူ။ လောင်းပလာက ကရင်လိုပြောတော့ သူတို့က သဘောကျတယ်။ “ကျမတို့ စစ်ပြေးဒုက္ခသည်တွေက ထိုင်းနိုင်ငံရောက်ရင် ထိုင်းကရင် ဖြစ်သွားတယ်။ ထိုင်းနိုင်ငံမှာ ဘဝပေးအခြေအနေကြောင့် နေရပေမယ့် ကိုယ့်ဘာသာစကားကို နှစ်ပေါင်းကြာကြာ ထိန်းသိမ်းနိုင်ကြတယ်” တဲ့။

လောင်းပလာ ပြောတာကတော့ “နှစ်သစ်ကူးမှာ မကောင်းတဲ့ စိတ်ကူးအညစ်အကြေးတွေကို ဆေးကြောလိုက်။ မေ့ပစ်လိုက်။ နှစ်သစ်ကူးမှာ စိတ်ကူးသစ်၊ အတွေးသစ်တွေနဲ့ သွားရမယ်။ နှစ်ဟောင်းကိုပဲ မေ့ခိုင်းတာ။ ဇနီးခင်ပွန်းကို မေ့ခိုင်းတာ မဟုတ်ဘူး” တဲ့။

ကေအန်ယူ ဗဟိုကော်မတီ ပဒိုမန်းငြိမ်းမောင်ကတော့ မြင့်မြတ်မှုနဲ့ ရက်စက်မှု ဘေးချင်းယှဉ်နေတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို အခုလို ခွဲခြားပြသွားပါတယ်။

“ကရင့်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခွင့်ပေးတဲ့ ထိုင်းဘုရင်မင်းမြတ်ကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တိုင်းသူပြည်သားတွေကိုလည်း ရင်ဝယ်သားကဲ့သို့ သနားကြင်နာစောင့်ရှောက်ခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်။ မြန်မာပြည် အဖိနှိပ်ခံဘဝတူ တိုင်းရင်းသားညီအကိုတွေ ကရင့်နှစ်သစ်ကူးပွဲတော်ကို ကြွရောက်လာကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

” ကိုယ့်အမျိုးသားပွဲတော်ကို၊ ကိုယ့်ယဉ်ကျေးမှု ပွဲတော်ကို ကိုယ့်နိုင်ငံမှာ ဘာ့ကြောင့် မကျင်းပနိုင်ရတာလဲ။ ကျနော်တို့ ကရင့်နှစ်သစ်ကူးပွဲတော်ကို အမှန်တကယ် ကျင်းပရမှာက မြန်မာပြည်မှာပါ။ ကိုယ့်လူမျိုးရဲ့ ရိုးရာပွဲကို သူများနိုင်ငံထဲမှာ ဒုက္ခသည်အဖြစ်နဲ့ ကျင်းပရတာ သိပ်ကိုကြေကွဲစရာကောင်းပါတယ်။ မင်းကောင်းမင်းမြတ်သည် မင်းကျင့်တရား ၁ဝ ပါးနဲ့ ပြည့်စုံရပါတယ်။ ဒါန၊ သီလ ရှိရမယ်။ ပေးကမ်းရမယ်။ ဖြောင့်မှန်ရမယ်။ ဒေါသမျက်မာန်မရှရဘူး။ မညှဉ်းဆဲရဘူး။ နူးညံ့ပျော့ပြောင်းရမယ်။ ပြည်သူလူထုရဲ့ အလိုဆန္ဒနဲ့ မဆန့်ကျင်ရဘူး။ ဒီမင်းကျင့်တရားတွေကို စစ်အာဏာရှင်က မျက်ကွယ်ပြုခဲ့တယ်။”

” စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေ ခိုလှုံနေရတယ်။ ဒီဒုက္ခသည်တွေဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ စေတနာကြောင့်သာ ခိုလှုံခွင့် ရခဲ့တာပါ။ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈ဝ ရာခိုင်နှုန်းကျော်နဲ့ မဲအပြတ်အသတ်နိုင်ခဲ့တော့ တရားစောင့်တဲ့မင်း ပေါ်လာပြီ။ ဒို့နိုင်ငံ ဒို့ပြန်လို့ရပြီ။ ဒို့ဇာတိ ဒို့ပြန်လို့ရပြီလို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စောဘဦးကြီး ပြောတဲ့ စကားကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးပါရစေ။”

”ကရင်လူမျိုးတွေဟာ တော်လှန်ရေး တခါမှ မလုပ်ခဲ့ဘူး။ အခုတော်လှန်ရေးက ပထမဦးဆုံးနဲ့ နောက်ဆုံးဖြစ်တယ်။ ကရင်တွေဟာ အုပ်ချုပ်တဲ့ လူတန်းစား တခါမှ မဖြစ်ခဲ့ဘူး။ အဖိနှိပ်ခံလူမျိုးတမျိုးအဖြစ်နဲ့ပဲ နေခဲ့ရတယ်။ ကရင့်တော်လှန်ရေးဟာ မရှုံးဘူး။ ကရင်တွေဟာ ရန်ကုန်သွားပြီး လည်ဆင်းမခံခဲ့ဘူး။ ကျနော်တို့တွေ အခုလို ကရင်နှစ်သစ်ကူးပွဲကို ကျင်းပနေချိန်မှာ ကျနော်တို့ရဲ့ ပြည်သူတွေ၊ ကရင်အမျိုးသားတွေဟာ တောင်ငူ၊ ညောင်လေးပင် ရှေ့တန်းစစ်မျက်နှာပြင်မှာ စစ်အစိုးရရဲ့ ဖိနှိပ်၊ ရက်စက်မှုကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် တိရစ္ဆာန်တွေလို ပြေးလွှားတိမ်းရှောင်၊ ပုန်းအောင်းနေရပါတယ်။ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အသိအမှတ်ပြုမှ၊ လူမျိုးတမျိုးရဲ့ ရိုးရာဓလေ့ထုံးစံတွေကို အပြန်အလှန် လေးစားမှု ရှိမှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိမှာ ဖြစ်ပါလိမ့်မယ်''

ပဒိုမန်းငြိမ်းမောင် စကားအဆုံးမှာ လက်ခုပ်သံများ ဆူညံသွားပါတယ်။ ရင်ထဲမှာ ကြေကွဲမှု၊ နာကျင်မှု၊ တက်ကြွမှုတွေက လေထဲမှာ လွင့်နေတဲ့ ကရင်အမျိုးသားအလံလို တဖျတ်ဖျတ်နဲ့။

၇၁ ကြိမ်မြောက် ကရင့်နှစ်သစ်ကူးပွဲကို ကျမတို့တင် ဆင်နွှဲရတာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခြားသားတွေပါ ပါဝင်ဆင်နွှဲကြပါတယ်။ သူတို့လို ဘာသာ၊ ယဉ်ကျေးမှု အရှေ့အနောက် ဖြစ်ရသူတွေတင် စိတ်ဝင်စားရတဲ့ ပွဲမဟုတ်ဘဲ ကျမတို့လို နိုင်ငံတခုထဲမှာ အတူနေခဲ့ရတဲ့သူတွေပါ စိတ်ဝင်စားရတဲ့ပွဲပါ။

အခမ်းအနားပြီးတော့ ဒုံးယိမ်းအဖွဲ့တွေက “ဖိဖိယော်” ဆိုတဲ့ ရိုးရာနတ်ကို ပြန်ပို့ဖို့ နတ်စင်ဘက်မှာ စုရုံးနေကြပါပြီ။ အခမ်းအနား လာသူတွေကို ကောက်သစ်ကောက်ညှင်းနဲ့ လုပ်ထားတဲ့ ကောက်ညှင်းကျည်တောက် ကရင်လို (ဝါ့ပလော) တွေကို လက်ဆောင်ပေးပါတယ်။ ကောက်ညှင်းကျည်တောက်တွေကို နိုင်ငံခြားသားတွေ စားသောက်ကြပြီး ဖိဖိယော်နတ်စင်ဘေးကို စုရုံးသွားကြပါတယ်။

“ဖိဖိယော်” ဆိုတဲ့ နတ်ကို ပွဲတော်မကျင်းပခင် ညနေမှာ တရက်ကြိုပြီး ပင့်ဖိတ်ထားတဲ့ နတ်ကွန်းလေး ရှိပါတယ်။ နတ်ပင့်တဲ့အခါမှာ ဒုံးယိမ်းအဖွဲ့အားလုံး အကနဲ့ ပင့်ကြရပါတယ်။ ပြန်ပို့တဲ့အခါမှာလည်း ဒုံးယိမ်းနဲ့ ပြန်ပို့ရပါတယ်။ စင်မြင့်ဘေးက ဝါးညှပ်ကျဲကျဲကာထားတဲ့ နတ်ကွန်းလေးထဲမှာ ကောက်သစ်စပါးပုံလေး ရှိပါတယ်။ ဝါးညှပ်နဲ့ လုပ်ထားတဲ့ နတ်ကွန်းတိုင်ဒေါင့် ၄ ခုမှာ တောပန်းတောင်ပန်းလေးတွေကို နှီးနဲ့ချည်ပြီး ပူဆော်ထားပါတယ်။ ဝိုင်းထဲမှာ စောင်း၊ ဗုံရှည်၊ မောင်း၊ လကွင်း၊ ကျွဲချိုတီးမှုတ်နေသူ ကရင်အမျိုးသားကြီးတွေ ရှိပါတယ်။ ဒါ့အပြင် ညွှတ်ကိုင်းနေတဲ့ တင်းဝါးရဲ့ ဝါးပင်အတိုင်း ဝါးရွက်အခက်အလက်တွေ မခုတ်ဘဲ ကောက်သစ်စပါးနဲ့ လုပ်ထားတဲ့ ခေါပြင်၊ ပြာရေထုပ်၊ ကောက်ညှင်းမုန့်တွေကို ချိတ်ဆွဲပြီး ပူဆော်ထားပါတယ်။ အုန်းသီး၊ ငှက်ပျောသီးလည်း ပါပါတယ်။

“ဖိဖိယော်” နတ်ပြန်ပို့မဲ့သူတွေ ဒန်အိုးမဲမဲ ၂ လုံးထဲက ထမင်းဟင်းတွေကို ဝါးနဲ့လုပ်ထားတဲ့ ပန်းကန် ၄ ခုထဲကို ထမင်းထည့်ပါတယ်။ ဝါးပန်းကန်တခုထဲကို ဟင်းထည့်ပြီး လူ ၄ ယောက်က ဝါးထမင်းဟင်းခွက်ကို ယောင်းမနဲ့ ခေါက်ပါတယ်။ ထမင်းဟင်းကတော့ ကောက်သစ်စပါးနဲ့ ချက်ထားတဲ့ ထမင်း၊ ကြက်မဒန်း အထီးတကောင်၊ အမတကောင်ပြုတ်ပြီး ဂဏန်း၊ ခရုချက်ထည့်ထားတဲ့ ဟင်းနဲ့ ပူဇော်တာပါ။

“ဖိဖိယော်” နတ်ပြန်ပြီလို့ ယူဆတဲ့အချိန်မှာ နတ်ကွန်းဝန်းထဲမှာ ရှိနေတဲ့ တီးမှုတ်နေသူတွေ နတ်ကို တင်မြှောက်ထားတဲ့ ထမင်းကို အားရပါးရစားကြတော့တယ်။ ဒီအချိန်မှာ ကရင်ဒုံးယိမ်းအဖွဲ့အားလုံး ကကြပါပြီ။ ရပ်ကြည့်နေတဲ့ ကရင်အမျိုးသမီးကြီးတွေက နတ်ကွန်းက ပန်းတွေဖြုတ်ပြီး တယုတရ သိမ်းသွားကြတယ်။ ကလေးငယ်တွေကို နတ်ကွန်းထဲက သူတွေက ခရုတွေ၊ ဂဏန်းတွေ ခွန့်ကြတယ်။ အဲဒီအချိန်က အပျော်ရဆုံးအချိန်ပါပဲ။

ဒုံးယိမ်းရဲ့ အကစည်းချက်နဲ့အတူ နတ်စင်ဘေးက ချောတိုင်တက်ပွဲရဲ့ လကွင်းသံကလည်း ကြည့်နေသူတွေရော၊ ကခုန်နေကြသူတွေကိုပါ ခွန်းအားဖြစ်စေပါတယ်။ ဆီရွှဲပြီး ဖြောင့်တန်းနေတဲ့ ဝါးလုံးထိပ်က အလံကို ယူဆောင်နေသူ ကရင်အမျိုးသားက ပုဆိုး ၃ ထည်ကို အသုံးပြုပြီး ကျွမ်းကျင်စွာ တက်သွားပါတယ်။ အလံကိုယူပြီး အောက်ကိုချလိုက်တဲ့ အချိန်မှာ စောင့်ကြည့်နေတဲ့ ပရိသတ်တွေက ဦးထုပ်မြှောက်၊ ပုဆိုးမြှောက်ပြီး ဂုဏ်ပြုကြတယ်။

ကရင်ဒုံးယိမ်းတဖွဲ့မှာ ယောက်ျား၊ မိန်းမ ၃၆ ယောက်က ကမယ့်သူ။ ယောက်ျား ၅ ယောက်၊ မိန်းမ ၅ ယောက်က သီချင်းဆိုမယ့် တီးမယ့် သူတွေ။ ဒုံးတဖွဲ့ရဲ့ ကရတဲ့ အချိန်က မိနစ် ၃ဝ ကနေ ၄၅ မိနစ်ထိရှိပါတယ်။

ဒုံးမကခင်မှာ မိန်းကလေးတယောက်က ပထမဆုံး သီချင်းဆိုပြီး ဆုတောင်းပါတယ်။ နှစ်သစ်ကူးအတွက် ဆုတောင်းတာပါ။ ”ကြိုင်သရိထောင်ထော့ မှုလက်နာ” “ဆူးခလိတ်လာ” မြန်မာလို အားလုံးချမ်းမြေ့ပါစေ၊ အေးမြခြင်း ဖြစ်ပါစေလို့ အဓိပ္ပာယ်ရပါတယ်။ ကရင်ဒုံးယိမ်းက ကောက်သစ်စားပွဲကို ပြန်လာဖို့ “ဖိဖိယော်” နတ်ကို ဖိတ်လိုက်တယ်။ ဒီနတ်က တောထဲတောင်ထဲမှာ နေတာမို့ သဘာဝအသံပေးပြီး “ဟေး…..ဟေး” လို့ ဖိတ်ခေါ်လိုက်တယ်။ သီချင်းထွက်ဆိုရတဲ့သူက ရွှင်ရွှင်မြူးမြူးလေးလုပ်ပြီး ဖိတ်ခေါ်ရတယ်။

သီချင်းတပုဒ်ဆုံးပြီးမှ ကမယ့် သူတွေ ထွက်လာရပါတယ်။ ဒုံးကကွက်ထဲမှာ ကောက်ရိတ်၊ စူးထိုးတဲ့ ဟန်တွေပါပါတယ်။ သီချင်းတွေ၊ စာသားတွေထဲမှာ ကရင့်တော်လှန်ရေးအကြောင်း၊ ရိုးရာယဉ်ကျေးမှုအကြောင်း၊ ဆန်စပါးတွေအကြောင်း၊ တောင်ယာလုပ်ငန်းတွေအကြောင်း ပါတဲ့ သီချင်း ၁ဝ ပုဒ်လောက်ပြီးအောင် ဒုံးကရတာပါ။

မြောက်လေနဲ့အတူ ပါလာတဲ့ ဆောင်းနှင်းမှုန်တွေကြားမှာ ကြည့်နေသူတွေအေးနေပေမယ့် ဒုံးကနေသူတွေ ချွေးပြိုက်ပြိုက်ကျနေကြပါတယ်။ ကရင့်ရိုးရာအဝတ်အစားတွေနဲ့ ရွှင်မြူးတတ်ကြွနေတဲ့ ဒုံးအကကို ကြည့်လို့ မဝနိုင်ခဲ့ပါဘူး။ ကရင်ဒုံးယိမ်းက ရွှင်မြူးတတ်ကြွသလောက် “ထား” ဆိုတဲ့ မြန်မာလို ကဗျာ၊ လကာင်္လို့ အဓိပ္ပာယ်ရတဲ့ “ထား” ပွဲကတော့ အေးဆေးငြိမ့်ညောင်းလှပါတယ်။ ကျမကတော့ သီချင်း ငြီးနေတယ်လို့ ခံစားရပါတယ်။ “ထား” ပွဲကို ပံ့ပိုးပေးတဲ့ ဂီတကတော့ ကျွဲချိုနဲ့ တနန်း (စောင်းကောက်) ပါပဲ။ ဒုက္ခသည်ဆိုတော့ စောင်းကြိုးဖြစ်ဖို့ သစ်နွယ်ကြိုး၊ ပိုးကြိုး မရှိပါဘူး။ သစ်နဲ့ ထွင်းထားတဲ့ စောင်းပုံသဏ္ဍာန်ကို ကြိုးအဖြစ် ဂီတာနံပါတ်လေးကြိုးကို တပ်ထားရပါတယ်။ ဝါးနဲ့လုပ်ထားတဲ့ ဟွန်းတယောလေးကလည်း သိပ်ကို ချွဲတတ်ပါတယ်။

မီးအလင်းမှိန်မှိန်အောက်မှာ ဝါးဟွန်းတယောလေး၊ စောင်းလေး ညှင်းညှင်းသဲ့သဲ့တီးပြီး အပျို၊ လူပျို ကဗျာရွတ်ကြတယ်။ အပျို၊ လူပျိုဆိုတော့ ချစ်ရေးဆိုကြတာပေါ့။ အချစ်ကို လှပအောင်၊ နူးညံ့အောင်၊ သိမ်မွေ့အောင် ပုံဖော်တတ်ကြတယ်။ အမျိုးသမီးက အဆိုဘက်က။ အမျိုးသားက အချေဘက်က။ ကျမတို့ မြန်မာလိုဆို စကားထာဝှက်ပြီး အပျိုလူပျို ကျီစယ်ကြတာဖြစ်မယ်။ အိမ်ထောင်ကျပြီးသား ယောက်ျား၊ မိန်းမဆို ချစ်ရေးမဆိုကြတော့ပါဘူး။ ဥပမာ ဆေးလိပ်မီးတောင်းတာ၊ အင်္ကျီတောင်းတာ၊ ဘယ်လောက် ဥာဏ်ကောင်းလဲဆိုတာ၊ ဆုံးမစကားပြောတာတို့ကို “ထား” နဲ့ ပြောကြတာလို့ IHE ကျောင်းအုပ်ဆရာကြီး “စောလားလေး” က ရှင်းပြပါတယ်။ ”ထား” ယဉ်ကျေးမှု မပျောက်အောင် ဆရာကြီးက နှစ်သစ်ကူးမှာ “ထား” ပြိုင်ပွဲလုပ်ပေးပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတာ သိပ်ကိုကောင်းတဲ့ စိတ်ကူးပါပဲ။

ကျမတို့ မြန်မာရှေးလူကြီးများလို ယောင်တစောင်းမထုံးဘဲ ထိပ်တည့်တည့်ထုံးထားတဲ့ တလဂုဏ် ကရင်လူမျိုးကိုလည်း တွေ့ခဲ့ရတယ်။ ရှားပါးတဲ့ ဆင်ယဉ်ထုံးဖွဲ့မှုနဲ့ နတ်ပူဇော်တဲ့ ဓလေ့နဲ့ တလဂုဏ် ကရင့်အမျိုးသားတွေ ကျမတို့ မြန်မာနိုင်ငံအတွင်းမှာ မတွေ့ရတော့ပါဘူး။ ထူးခြားတဲ့ ဆင်ယဉ်မှုနဲ့ တလဂုဏ် ကရင်အမျိုးသား၊ အမျိုးသမီးတွေကလည်း “ထား” ဆိုကြတယ်။ ကရင်စောင်နီနီပတ်ပြီး လွတ်လွတ်လပ်လပ် ခံစားချက်ကို ထုတ်ဖော်ကြတယ်။ ဆွဲဆွဲငင်ငင်နဲ့ “ထား” ဆိုနေကြတဲ့ သူတို့တွေမှာလည်း နူးညံ့တဲ့ ခံစားမှုအနုပညာ ရှိပါတယ်။

ကျမတို့မြန်မာတွေ ပတ်ပျိုး၊ တေးထပ်၊ သီချင်းကြီး၊ သီချင်းခန့် သီဆိုသလို ဆိုကြတာပါ။ သံစဉ်၊ စာသား၊ ဓလေ့ထုံးစံ၊ ဝတ်စားဆင်ယဉ်မှုသာ မတူတယ်။ ကြေး၊ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် အခြေခံတဲ့ တူရိယာ ၅ မျိုးထဲကတော့ ခွဲမထွက်နိုင်ခဲ့ပါဘူး။

ကောက်သစ်စပါးနံ့သင်းနေတဲ့ ခေါပြင်၊ ကောက်ညှင်းကျည်တောက်၊ ကောက်သစ်စပါးကို အမှုန့်ထောင်းထားတဲ့ ဆန်မှုန့်နဲ့ ကြိမ်ဖူး၊ ခရုရောချက်ထားတဲ့ တာလပေါဟင်းက ကရင်ရိုးရာ အစားအစာတခုပါ။ ဒီအစားအစာတွေနဲ့ အသက်ရှင်ရပ်တည်ပြီး ကရင့်တော်လှန်ရေးကို ဆင်နွှဲနေကြပါတယ်။ ကျမတို့ ဒီနေ့အသက်ရှင် ရပ်တည်နေရတဲ့ အဓိက အစာဖြစ်တဲ့ စပါးရဲ့ တန်ဖိုးကို ရိုးရာဓလေ့ထုံးစံတွေနဲ့ ထုံမွှန်းဂုဏ်ပြုတဲ့ ပွဲပါပဲ။ ကရင်နှစ်သစ်ကူးဟာ ရိုးရာယဉ်ကျေးမှုတွေနဲ့ လှချင်တိုင်းလှနေတော့တာ။

ကောက်သစ်စပါးဖြစ်ဖို့ စိုက်ပျိုးခဲ့တဲ့ စပါးစေ့တွေဟာ ချက်ချင်း ထသီး၊ ချက်ချင်း ကောက်သစ်ပေါ်ရတာ မဟုတ်ပါဘူး။ အဆင့်ဆင့်ဖြတ်သန်း အချိန်ယူစိုက်ပျိုးခဲ့ရပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ မြေကြီးတွေက သိပ်ကို အရောင်အသွေး စုံပါတယ်။ ဒါ့ကြောင့်လည်း စိုက်ပျိုးရေးနိုင်ငံလို့ ဆိုကြတာပါ။ ဒီမြေကြီးပေါ်မှာ ဒီမိုကရေစီ စပါးမျိုးစေ့တွေ၊ ဘဝ၊ ချွေး၊ သွေး၊ အသက်တွေ အများကြီးနဲ့အတူ သမိုင်းများစွာ၊ မျိုးဆက်များစွာ ကြဲပက်ထားပါတယ်။

ဒီကောက်သစ်ပေါ်ချိန်မှာ ကျမတို့အားလုံး ရိတ်သိမ်းပျော်ရွှင်ရမယ်လို့ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေမိပါတော့တယ်။
[Read More...]


အိန္ဒိယနိုင်ငံတွင် ကရင်နှစ်သစ်ကူးဆွမ်းကပ်.



၂၇၄၉-ခုနှစ်မြောက် ကရင်နှစ်သစ်ကူးကို နိုင်ငံအသီးသီးတွင် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ၂၀၀၉-ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့သည် ကရင်သက္ကရာဇ် ၂၇၄၉-ခုနှစ်တိုင်ခဲ့ပြီ။ တစ်ချို့နိုင်ငံတွင် (၁၆)ရက်တွင် ကရင်နှစ်သစ်ကူး ကျင်းပလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုရက်ထက်စောပြီးကျင်းပကြသလို ရက်နောက်ကျမှ ကျင်းပပြုလုပ်တာလည်း ရှိပါသည်။

ဘာလိုဘဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးနေ့ရက်မြတ်ကို ရောက်လေရာတိုင်းမှာ မိမိတို့ရဲ့ အမျိုးသားရေးဖြစ်တဲ့ နှစ်သစ်မင်္ဂလာကို
ကျင်းပနိုင်ခြင်းဟာ ၀မ်းသာကြည်နူးစရာကောင်းလှပါတယ်။ ဒီဓာတ်ပုံတွေကတော့ ကရင်အမျိုးသားရဟန်းတော်တွေက နှစ်သစ်ကူးအထိန်းအမှတ်အနေနဲ့ အိန္ဒိယနိုင်ငံရောက် P.HD ကရင်ကျောင်းသားများက ဗာရာဏသီမှာ သံဃာတော်များကို ဆွမ်းဆက်ကပ် လှူးဒါန်းခဲ့ပါတယ်။ ကရင်နှစ်သစ်ကူးအတွက် သတင်းဓာတ်ပုံများကို အောက်ဆက်လက်ကြည့်ရန် နှိပ်ပါ..။














[Read More...]


ပထမဆုံးသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့  အသံလွှင့်မိန့် ခွန်း



12,12.2009



ယနေ့ ကရင်အမျိုးသားများ ယနေ့ သည် သမိုင်းဝင်နေ့ ဖြစ်ပါသည်။ အစိုးရက တရားဝင်အသိအမှတ်ပြုသော ကရင်အမျိုးသားနေ့  လည်းဖြစ်ပါသည်။ ဤနေ့ ရက်သည် ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာအခါနေ့ လည်းဖြစ်ပါသည်။ တစ်သီးတစ်ခြား တစ်ကွဲတစ်ပြားနေထိုင်ခဲ့ကြရာမှ ကျွန်ုပ်တို့ သည် ယနေ့ မှစ၍ တိုင်းရင်းသားအားလုံး၏ အရေးအခင်းနှင့်  နိုင်ငံတော်အရေးအခင်းတွင် ပါဝင်ဆောင်ရွက်ရပါမည်။ လူဦးရေ နှစ်သန်းကျော်မျှရှိသော ကရင်အမျိုးသားများသည် မြန်မာပြည်၏ ကံကြမ္မာကို ဖန်တီးရာ၌ အဓိကမှ ပါဝင်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့ လူမျိုး ဆိတ်သုဉ်းမသွားဘဲ တည်ရှိနေခဲ့သည်မှာ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်အုပ်ချုပ်ရေးစနစ်၊ မည်သူတို့ ၏ ပယောဂကျေးဇူးကြောင့်မှ မဟုတ်ဘဲ ကျွန်ုပ်တို့ ၏ထူးခြားသော ပင်ကိုယ်အရည်အချင်းများကြောင့်သာ ဖြစ်ပေသည်။ ပရိယာယ်မရှိ ရိုးသားကြသည်။ စိတ်ထားဖြောင့်မတ်ကြသည်။ ဂီတကို မြတ်နိုးသည်။ ဘုရားတရားကို လေးစားသည်။ အခြားသော တိုင်းရင်းသားလူမျိုးများနှင့် ဒိုးတးပေါင်းဖက် ဆက်ဆံပေါင်းသင်းသွားခြင်းဖြင့် ကျွန်ုပ်တို့  ၏ အမျိုးသားဂုဏ်သိက္ခာ၊ အရည်အချင်းများကို ခိုင်မာအောင် ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းများ ပြုနိုင်မည်ဟု ယုံကြည်ကြသည်။



ကျွန်ုပ်တို့ တစ်တွေ ဆုံြး့ဖတ်ချက်များ ချတ်မှတ်သည့်အချိန်ကျလာခဲ့ပြီး ကျွန်ုပ်တို့ သည် ယခင်ကဲ့သို့ ပင် တစ်သီးတစ်ခြား ရပ်တည်ရေးအတွက် ရပ်တည်ကြမည်လော၊ သို့ တည်းမဟုတ်၊ မြန်မာနိုင်ငံ၏ကြမ္မာကို ဖန်တီးရာ၌ တစ်အပ်တစ်အား လက်တွဲပါဝင်ဆောင်ရွက်မည်လော။
ကျွန်ုပ်တို့ သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် သို့  ပါဝင်ဆောင်ရွက်ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက် မကြောက်ရွံ့ ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သော စိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်။
ယနေ့ အချိန်အခါတွင် ကျွန်ုပ်တို့ အမျိုသားအမွေအနှစ်များ ရှေးဟောင်းကဗျာ၊ လင်္ကာပုံပြင်များ၊ ကရင်ပညာရှိများနှင့် ရိုးရာ “ယွာ”ဘုရားသခင်ကို သတိရအောက်မေ့လျက် ယင်းတို့ ၏ ဆုံးမသြ၀ါဒများကို ပြန်လည်ကျင့်သုံးနေကြပါမည်။ ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်လည်ကောင်း၊ တစ်အိမ်တစ်မိသားစုအနေဖြင့်လည်းကောင်း၊ ဘ၀သစ်တစ်ရပ်ကို ပါဝင်ဖန်တီးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်။
ခေတ်နှင့်လျော်ညီစွာ တွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သော လူမျိုးပေါင်းဆုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြမည်။
ထို့ ကြောင့် ကျွန်ုပ်တို့ တစ်တွေလည်း နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး အကျိုးလုပ်ငန်းများတွင် ဖော်ပြပါယုံကြည်ချက်များအတိုင်း ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့  အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် ယနေ့  ရက်မြတ် ကရင်နှစ်သစ်မင်္ဂလာအချိန်တွင် အဓိဌာန်ပြုကြပါစို့ 
(၁၉၃၈ ခုနှစ်၊ ဒီဇင်လာလ ၂၁ ရက်)

၂၆၇၆ ခုနှစ်၊ သလေး၊ ထိုက်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက် ။ ပုံ - စံစီဖိုး၊ ရွှေဘ၊လှဖေ၊ ဖေသာ၊ ဆစ်ဒနီလူနီ
[Read More...]


ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး



4.12.2009



ကရင်အမျိုးသား အလံတော်ဟာ နက်ရှိင်းသော အဓိပ္ပါယ်ရှိပြီး ကြီးမားသောမျှော်လင့်ချက်နှင့်ရည်မှန်း ချက်များလည်းရှိပါတယ်။ အလံဆိုသည်မှာ အဖွဲ့အ စည်း၏ကိုယ်စား၊ လူမျိုးတမျိုး၏အသက်ကို ကိုယ်စား ပြုခြင်းသင်္ကေတ အမှတ်အသား တစ်ခုလည်းဖြစ်ပါ တယ်။ ကရင်လူမျိုးတို့အတွက် မရှိမဖြစ် အလွန်အရေး ကြီးလှတဲ့အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ကရင် အမျိုးသားအလံတော်ဟာ အခြားလူမျိုးတို့က၊ အသိ အမှတ်ပြုတာကို ကရင်အမျိုးသားတွေက ဂုဏ်ယူစရာဖြစ်ရပါတယ်။

(၁၈၈၁)ခုနှစ်တွင် ဒေါက်တာတီသံပြာဟာ ကရင်အမျိုးသားအဖွဲ့တစ်ဖွဲကို တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၄င်းအဖွဲမှာ သူက ကရင်အမျိုးသားအဖွဲ့၏ ပထမဦးဆုံးသော သဘာပတိဖြစ်ပါတယ်။ ဒေါက်တာတီသံပြာ သဘာပတိဖြစ်ပြီးတဲ့နောက် (၁၉၃ဝနှင့် ၄ဝ)ခုနှစ်ကြားမှာ သာယာဝတီမြိုနေဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန်အဖြစ် ထမ်း ဆောင်ခဲ့ပါတယ်။ ဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန် ထမ်းဆောင်တဲ့အချိန်မှာဘဲ လွှတ်တော် အစည်းအဝေးထဲမှာ ကရင်နှစ်သစ်ကူးနေ့၊ ကရင်အလံ၊ ကရင်အမျိုးသားသီချင်း၊ ပေါ်ပေါက်လာဖို့အတွက် ကရင်ခေါင်း ဆောင်ကြီးများနဲ့အတူ လွတ်တော်အစည်းအဝေးမှာ ဤအခွင့်အရေးများ ပေါ်ပေါက်လာရန်အတွက် တညီတညွတ် တည်းတိုက်ပွဲဝင်တောင်း ဆိုခဲ့ကြပါတယ်။ ကရင်အစည်းအရုံး Karen National Association ဖြင့်ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်လူ မျိုးများအားလုံး ဒီအဖွဲ့ထဲမှာ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးတို့ရဲ့ ရည်ရွယ်ချက်က ကရင်အမျိုးသားများဟာ မိမိတိုအလံတော်ရှိ လာရန်အတွက် လွှတ်တော် အစည်းအဝေးထဲမှာ(၁၉၃၅)ခုနှစ်ကရင်တမျိုးသားလုံးနဲ့ ထိုက်တန်တဲ့ကရင့်အလံတော်ကိစ္စကို တင်သွင်းပြီးမဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။
အစည်းအဝေးပြီးတာနဲ့တပြိုင်တည်း ကရင်အလံပုံစံကို ပြိုင်ပွဲတစ်ရပ်အနေဖြစ် အပြိုင်အဆိုင်ရေးဆွဲကြရန် ကြေညာစာများနှင့် သတင်းစာထဲမှာပါ ထည့်သွင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကရင်အလံပုံစံရေးဆွဲကြရန် တောင်းဆိုဆော်သြပန် ကြားလိုက်တယ်။ ပြိုင်ပွဲဆုကိုလည်း ထိုက်ထိုက်တန်တန်ပေးမယ်လို့ ကြေညာ ချက်ထဲမှာ ထည့်သွင်းဖေါ်ပြထားပါသေးတယ်။
ဤပန်ကြားချက်ဟာ မကြာခင်အတောအတွင်းထဲမှာပဲ ပြည်တွင်းမှာနေထိုင်ကြတဲ့ ကရင်လူမျိုးအများအပြား အလံတော်ပုံစံအခုတစ်ရာကျော် တင်ပို့လာခဲ့ကြပါတယ်။ ထိုအလံတော်ပုံစံအခုတစ်ရာကျော်အနက် အလံပုံစံ(၁၂)ခုကို ရွေးချယ်သတ်မှတ်ပြီး အလံ(၁၂)ခုထဲမှာ (၃)ခုထပ်မံရွေးချယ်လိုက်ပြန်ပါတယ်။ ရွေးချယ်ခံရတဲ့အလံ (၃)ခုမှာ အလံပုံစံရေးဆွဲတဲ့သူ ပထမဆုရရှိတဲ့ (မန်းဘခင်) (ဘီအေ) ကရင်အမျိုး သားအဖွဲ့ကစာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
သူတီထွင်တဲ့အလံတော်ဟာ ကရင်လူမျိုးများတိုရဲ့အမြတ်တနိုးထားသော ဖါးစည်တစ်လုံး ပါရှိပါတယ်။ သူကဖားစည်ရဲ့ အဓိပ္ပါယ်ကိုဖေါ်ပြရာမှာ (က)ရှေးခေတ်ကရင်လူမျိုးများရဲ့အိမ်တိုင်းမှာ ဖါးစည်ကိုလက်နက်သဖွယ်ဆောင် ထားကြပါ တယ်။ (ခ)ကရင်လူမျိုး များဟာ ဖါးစည်ကိုအသက်သမျှရိုသေ တန်ဖိုးထားကြပါတယ်။ သက်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ထားတာ ကြောင့် ဖါးစည်တစ်လုံးလိုမခေါ်ဆိုဘဲ ဖားစည်တစ်ခုအဖြစ် အသိအမှတ်ပြု ခေါ်ဆိုခဲ့ပါတယ်။


ဒုတိယဆုရရှိခဲ့တဲ့ တောင်ငူကဆရာမိုးလိုရဲ့ ရေးဆွဲသောအလံ အဓိပ္ပါယ်ဖေါ်ပြချက်မှာ တက်သစ်စနေဝန်းအမှတ်အသား တစ်ခုဖြစ်တယ်။ သူ၏ဖေါ်ပြချက်မှာ (က)တက်သစ်စနေဝန်းဟာ နေ၏အလင်းရောင်ကို ကမ္ဘာပေါ်ရှိကရင်လူမျိုးများတို့ရဲ့ တိုးတက် ထွန်းလင်းတောက်ပစေရန် ဖြစ်ပါတယ်။ (ခ)နေရောင်ခြည်ဟာ ကြောက်စိတ်ကိုဖယ်ရှားခြင်းဖြစ်တယ်။ ဥပမာ အိမ်ထောင်တစ်ခုအတွင်းမှာ အိမ်သူအိမ်သား တစ်ယောက်ကနေမကောင်းဖျားနာနေလျှင် အခြားသောအိမ်သား တစ်ဦးဦးကလူနာသည်အတွက် စိုးရိမ်ကြောက်ကြနေသည့်အတွက် မိုးမြန်မြန်လင်းစေချင်ပါတယ်။ ညဘက်မှောင် ချိန်ရောက်လျှင် ကြောက်စိတ်တွေ ခံစားနေရသည့်အတွက် နံနက်နေရဲ့အလင်းရောင်ပေါ်လာတဲ့အခါ ကြောက်စိတ် ကို ဖယ်ရှားစေပါ တယ်။ (ဂ)နေရဲ့အလင်းရောင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအရာဝတ္ထုများအားလုံး အသက်ရှင်ခြင်းကို ပေးစွမ်းနိုင်တယ်။ ကမ္ဘာပေါ်ရှိ လူသားများအားလုံးလည်း နေရောင်ခြည်အားကို လိုသလိုအသုံးပြုခဲ့ကြပါတယ်။ ဆရာဝန်များကလည်း လူနာကို နေလှမ်းပြီး ကျန်းမာစေသလို နေရောင်ခြည်ရဲ့အကျိုးကျေးဇူးများလည်း ရရှိပါတယ်။

တတိယဆုရရှိတဲ့ ဒေါက်တာဘစောဒွေးရေးဆွဲတဲ့ ကရင်အလံတော်ပုံစံမှာ ဆင်ဖြူတော် အရုပ်အမှတ်အသားပြုခဲ့ ပါတယ်။ ဖားစည်ရဲ့အပေါ်မှာလည်း ဆင်အရုပ်ပါရှိနေပါတယ်သူရဲ့အဓိပ္ပါယ်ဖေါ်ပြချက်မှာ ဆင်ဖြူတော်ဟာတန်ဘိုးရှိပြီး မြင့်မြတ်တဲ့ ရာတနာတစ်ခု ဖြစ်ပါတယ်။

ကရင်အစည်းအရုံးအတွင်းရေးမှူး မန်းဘခင်ဦးဆောင်ပြီးတော့ ကရင်အလံ(၃) ခုပေါင်းကာ တစ်ခုတည်းအတည်ပြုပြီး ကရင်အမျိုးသားအဖွဲ့ထံသို‹တင်သွင်းခဲ့ပါတယ်။ ၄င်းနောက် ကရင်အမျိုးအဖွဲ့က ဤအလံတော်ကို အတည်ပြုခဲ့သည်။ ကရင်အလံတော်မှာ အရောင်(၃)မျိုးရှိပါတယ်။ အနီ၊အဖြူ၊ အပြာ ရောင်နှင့် နေဖြာရောင်ခြည်(၉)ခုလည်းပါဝင် ခဲ့ပါတယ်။ ကရင်အလံတော်(၃) ခုကို ပေါင်းစည်းခဲ့တဲ့ မန်းဘခင်က ကရင်အလံတော်ရဲ့အဓိပ္ပါယ်ဖေါ်ပြရာမှာ
(က) အနီရောင်ဆိုသည်မှာ- ရဲရင့်ပြတ်သားခြင်းသတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း။
(ခ) အဖြူရောင်ရဲ့ဓိပ္ပါယ်မှာ - ဖြူစင်ခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း။
(ဂ) အပြာရောင်ရဲ့အဓိပ္ပါယ်မှာ - ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ဖြစ်ပါတယ်။
(ဃ) တက်သစ်စနေဝန်း၏နေရောင်ခြည်(၉)ခုမှာ- ကရင်လူမျိုးတို့ရဲ့ နေရပ်ဌာနီကို ဖေါ်ပြခြင်း၊ ဘဝတိုးတက်မှုနှင့် သာယာငြိမ်းချမ်းမူဖြစ်ပါတယ်။
(င) ဖားစည်၏အဓိပ္ပါယ်မှာ – စည်းလုံးညီညွတ်မှုအမှတ်အသားနှင့် ရိုးရာယဉ်ကျေးမူ ၊ တန်ဖိုးရှိ သောပိုင်ဆိုင်မူတို့ဖြစ်ပါ တယ်။

ကရင်နှစ်သစ်ကူးနေ့ ကျင်းပတဲ့နှစ်တနှစ်တည်း မြန်မာသက္ကရာဇ်(၁၂၉၉) ခရစ်သက္ကရာဇ် (၁၉၃၈)ခုနှစ်ကရင်သက္ကရာဇ် (၂၆၇၇)ခုနှစ်မှာ ကရင်နှစ်သစ်ကူးပထမဦးစွာ ကျင်းပခဲ့သည့်နေ့မှာ ကရင်အမျိုးသားအလံတော်ကို ၄င်းနှစ်သစ်ကူးနေ့ မှာပဲ အလံတိုင်ပေါ်သို့ လွှင့်ထူခဲ့ပြီး ကရင်အမျိုးသားများတို့က စည်းလုံးညီညွတ်စွာ ဦးညွတ်၍ အလေးပြုခဲ့ကြပါတယ်။

(၁၉၃၆)ခုနှစ်မှာ ဗြိတိသျှတပ်မှ ကရင်စစ်ဘက်ခေါင်းဆောင်တို့က၊ ကရင်အမျိုးသားအလံပေါ်တွင်ရှိသော ဖားစည်၏ အောက်မှာကဒိုးနှစ်ခုအထိမ်းအမှတ် ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ ဤသင်္ကေတ အမှတ်အသားပါသော အလံကို အင်္ဂလိပ် အစိုးရထံတရားဝင် တင်ပြခဲ့ပါတယ်။ ကရင့်အမျိုးသားအလံဟာ (၁၉၄၉)ခုနှစ်ဇန္နဝါရီလ(၃၁)ရက်နေ့မှာ ကရင့်လက်နက် ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါမှာ တောတွင်းကရင့်လက်နက်ကိုင်အလံဟု (ဖဆပလ) အစိုးရအဖွဲ့ထဲမှ အချို့ လူတွေကစွပ်စွဲပြောဆိုကြပြီး ကရင်အမျိုးသားအလံကို အစိုးရက သုံးစွဲခွင့်မပြုတော့ပါ။ သို့သော်လက်နက်ကိုင်တော် လှန်ရေးမလုပ်သော ကရင်အမျိုးသားအဖွဲ့ ခေါင်းဆောင်ဖြစ်ကြသောဆရာသာထို–ဆရာမန်းဂျိမ်းထွန်းအောင် ကရင် လူကြီးစောဘဲလေတို့က၊ ကရင်နှစ်သစ်ကူးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့အခါမှာ ကရင်အလံတော်ကိုရဲရဲဝံ့ဝံ့ ပြန် လည်၍ လွှင့်ထူခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်–မူးဆိုးကော်ကစာ စောဟန်တာသာမွှေးအား ကရင်အလံတော်ကို ဖြန့် ဝေခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာ စောစံ ဖိုးသင်လည်းထိုနည်းတူစွာ ကရင်အလံတော် ကိုထုတ်ဝေခဲ့ပြန်ပါတယ်။ ယခုအသုံးပြုနေသောအလံဟာ ရှေးခေတ်က၊ကရင် ခေါင်းဆောင်ကြီးများ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ဤအလံတော် သည် နက်ရှိုင်းသောအဓိပ္ပါယ်ရှိပြီး ဂုဏ်ကျက်သရေလည်း ပြည့်ဝပါသည်။ ထို့ ကြောင့် ကရင်အမျိုးသားများအားလုံး ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နောင်လာနောင်သား ကရင်အမျိုးသားထု တစ်ရပ်လုံးက မိမိတို့ရရှိထားတဲ့ ဒီအခွင့်အရေးကိုမပပျောက်မဆုံးရှုံးရအောင် ကရင်တိုင်းမှာ ထိမ်းသိမ်းကာကွယ်ရန် တာဝန်ရှိပါတယ်။

ယခုမျက်မှောက်ကာလမှာ တောင်ပေါ်ဒေသမြေပြန့်ဒေသနှင့် ရေမြေရပ်ခြားနေထိုင် ၍ပြန့် ကျဲနေကြသောကရင်လူမျိုးတို့ဟာ ဘာသာအယူအဆ ကွဲပြားခြားနားသော်လည်း ရိုးရာပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူး၊ ဝါခေါင်လပြည့် ချည်ဖြူ ဖွဲ့ပွဲ၊ နှစ်ဦးကောက်သစ်စားပွဲ၊ အစည်းအဝေးပွဲ၊ ယဉ်ကျေးမှုပွဲတော် စသဖြင့် ကျင်းပပြုလုပ်သည့်အခါတိုင်း အမျိုးသား အလတော်ကို လွှင့်ထူခဲ့ကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးတို့၏ယခုမျက်မှောက်ကာလမှာ တစုတရုံးတည်း အတူတကွ နေထိုင်ခွင့်မရခဲ့ပါ သို့သော် ကရင်အမျိုးသားရဲ့အလံတော်အောက်မှာ စိတ်ဝမ်းကွဲပြားမှုမရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘာသာ အယူအဆ ကွဲပြားခြားနားမှုရှိသော်လည်း ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ကျရောက်မည့်(၇၂)ကြိမ်မြောက် ကရင်နှစ်သစ် ကူးနေ့မှာ တစ်ခုတည်းသော အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်ခြင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကြွယ်ဝချမ်း သာခြင်း၊ ငြိမ်းချမ်းသာယာသောဘဝကို မျှော်မှန်းကြပါတယ်။

ထို့ကြောင့် ကရင်အမျိုးသားအလံဟာ အရေးကြီးသော အမှတ်အသားတစ်ခု ဖြစ်ခြင်းကြောင့် ကွဲပြားပြန့်ကျဲနေသော အဖွဲ့အစည်းများကို အလံတော်က စုစည်းညီညွတ်စေပြီး အင်အားဖြစ်စေပါတယ်။ ထိုအင်အားမှတစ်ဆင့် ရုန်းကန်မှု အဖြင့်သို့ ရောက်ရှိကာ လွတ်မြောက်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါတယ်။

ဝင်းရော် စောထဲနေ
[Read More...]


ထိုင်းနိုင်ငံတောင်ပိုင် ဇွဲကပင်ပညာဒါနအသင်းဌာနခွဲ ဖွဲ့စည်းခြင်း



(၁) အကြိမ်မြောက် ထိုင်းနိုင်ငံတောင်ပိုင် ဇွဲကပင်ပညာဒါနဌာနခွဲ အစည်းအဝေးကို ဟတ်ယိုင်မြို့ ၊ (၂၉-၁၁-၂၀၀၉)နေ့ တွင်အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။



အခမ်းအနားအစီအစဉ်ကို အောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်...

၁။ နမော တဿ (၃)ကြိမ် အခမ်းအနားအစီအစဉ်ဖွင့်လှစ်ခြင်း

၂။ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း

၃။ ကေဒီအေ အဖွဲ့ ဆရာတော် ဦးကုဝေရက အနုသာသနကထာမြွက်ကြားခြင်း

၎။ ကေဒီအေ အဖွဲ့ဝင် အရှင်ခေမိန္ဒက ထိုင်းနိုင်ငံတောင်ပိုင် ကေဒီအေအဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်မှုရှိစေရန် မြွက်ကြားခြင်း

၅။ ထိုင်းနိုင်ငံတောင် ကေဒီအေ ဘဏ္ဍာရေးမှူး စောအဲဖုံက ရငွေ/သုံးငွေစာရင်းကို ရှင်းလင်းတင်ပြခြင်း
၆။ အရှင်နာဂ၀ံသက ဇွဲကပင်ပညာဒါနအသင်းရဲ့ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကေဒီအေ အဖွဲ့ဝင်များ ရှင်းလင်းတင်ပြခြင်း

၇။ အစည်းအဝေးကို ရောက်ရှိလာသောပရိတ်သတ်များက မရှင်းလင်းသောအချက်အလက်များကိုအဖွဲ့ဝင်များထံ မေးမြန်းပြီး တာဝန်ရှိသူများပြန်လည်းဖြေကြားခြ

၈။ ရေစက်သွန်းချ အမျှပေးဝေခြင်း

၉။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များအားလုံး ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု-(၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။



အစည်းအဝေးဓာတ်ပုံမှတ်တမ်းများကြည့်ရှုရန်...








[Read More...]


ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 



26.11.2009
sawgonlin


လူမျိုးအသီးသီးတို့ သည် မိမိတို့ ၏ပတ်ဝန်းကျင် သဘာဝ၊ တောတောင်၊ ရေမြေ၊ ရာသီဥတု၊ သစ်ပင်ပန်းမန်၊နေ၊ လ၊ နက္ခတို့ ကို လေ့လာမှတ်သား၍၊ အချိန်ကာလ အပိုင်အးခြားတို့  ခွဲခြားသိမြင်ကြသည်။
ကရင်လူမျိုးတို့ သည် ရှေးပဝေသဏီကစ၍ အချိန်အကန့် အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ် ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့ ၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ” ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး”ဟု ခေါ်ကြပါသည်။
ထိုသို့  တစ်နှစ်ဆန်းလျှင် မိမိတို့  ဓလေ့ထုံးစံအရ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်းများကို ပြုလုပ်ကြပါသည်။
-“နှစ်သစ်ကူးနေ့ ရောက်လာပြီ
-ရေချိုးခေါင်းလျှော် စိတ်သန့် စင်
- လူကြီးသူမ ကန်တော့ကြ
-ဆုံးမ ပဲ့ပြင်နာခံမှတ်”။
ကရင်အမျိုးသားများသည် “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်းတစ်ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)လသည် မြန်မာအားဖြင့် “ပြာသိုလ”ဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့ သည် “ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
သို့ သော်လည်း ရှေးအခါက ဤနေ့ ဤရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့် ဒေသကရင်အချို့ နှင့် တောင်ပေါ်ကရင်အချို့ တို့ သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။


သို့ ရာတွင် ကရင်ခရစ်ယာန်ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ ကို ကျင်းပသည့်နည်းတူ၊ ကရင်ဗုဒ္ဓဘာသာဝင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ ကို ကျင်းပကြပါသည်။
ထို့ အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့ တွဲလဆန်း (၄)ရက် နေ့ ကို၎င်း၊ ရသေ့ဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ကို၎င်း အသီးသီး ကရင်နှစ်သစ်ကူးနေ့ ကို တကွဲတပြားဆီ ကျင်းပခဲ့ကြပါသည်။
ထိုသို့  နှစ်သစ်ကူးနေ့ ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသော ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး၊ Karen National Association (KNA)၊ အသင်းကြီးကို (၁၈၈၁) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းမှ မရှိသေးပေ။
ထိုအသင်းကြီးက “ကရင်နှစ်သစ်ကူးနေ့ ”ကို တနေ့ တည်း ကျင်းပလျှင် ပို၍သင့်လျှော်ကြောင်း သိရှိသည်။ ထို့  ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့  ဆုံစေပြီး၊ မည်သည့်နေ့ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန် သင့်လျှော်မည်ကို ရှေးအထောက်အထားများ၊ အကြောင်းအရာများကို စုံစမ်း၍ “ဒေါကလူ”အသင်းကြီးအား ပ်ြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အစီရင်ခံစာများ ပေးပို့ ကြသည်သာမက “ဆရာယာနီ”ဆိုသူ ကိုယ်တိုင်လာရောက်တွေ့ ဆုံသည်။ “ဆရာယာနီ”သည် မြောင်းမြခရိုင်- တကူးဆိပ်ရွားသာညးဖြစ်၍ ဖါပွန်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်ပြားပြက္ခဒိန်ကို ယူဆောင်လာ၍ တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တနှစ်လျှင် (၁၂)လ ပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြပါသည်။
ထို့ အတူ “ဒေါကလူ”အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှလည်း နှစ်ပေါင်း (၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီ်းနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။

အဆိုပါစာအုပ်တွင် တနှစ်လျှင် (၁၂)လ ပါရှိပြီး ပြာသိုလမှာ ပထမလ ဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့ တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း (၁)ရက်နေ့ တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ ကြောင့် သမိုင်းဝင်နေ့ တနေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့ အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင် တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် (၁၅)ဦး၏ ဒုတိယဥက္ကဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း (Saw Joh Nson –D- P0min)သည် နေ့ ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့  ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်း သည် တောင်ငူမြို့ ရှိ ကရင်သက်ကြီးဝါရင့်သူတချို့ နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)အား ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့ ၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့ ၏ နှစ်သစ်ကူးနေ့ သည် မည်သည့်နေ့ ၊ လ၊တွင် ဖြစ်ကြောင်း ဟူသော အချက် နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြည်လည်တင်ပြခဲ့သည်။

အရှေ့ တိုင်းသုတေသနကြီးနှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူစ့်(G.H.Luce)နှင့် ဂျီ၊ အီး၊ ဟာဗီ(G.E. Harvey)တို့ ၏ မှတ်တမ်းပြုချက်အရ၎င်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇ၀င်အရ၎င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့  ရှေးဦးစွာ ၀င်လာခဲ့ကြသည်မှာ ဘီ။ စီ ၇၃၉ ခုနှစ်က ဖြစ်ကြောင်း သိရှိရပေသည်။
သို့ ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့  မြန်မာနိုင်သို့  ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှ အစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ ဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့  စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊ စီ ၇၃၉ ခုနှစ်မှ စ၍ ရေတွက်သော် နှစ်ပေါင်း (၂၆၇၅)နှစ် ရှိပြီးဖြစ်သည်။
တောင်ငူမြို့ ရှိ သက်ကြီးဝါကြီးများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ ရက် (သလေလဆန်း (၁)ရက်)ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းအဆိုကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုး၍ အောက်လွှတ်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေံတွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော် က ဆက်လက်ဦးဆောင်၍ ၀န်ကြီး စောဖေသာနှင့် ညှိနှိုင်းပြီး၊ ဒေါက်တာ ဘမော်အစိုးရအဖွဲ့ သို့  တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ (Cabi-net Executive Pow – er)ဖြင့် ဘုရင်ခံထံသို့  တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည်။
စာချုပ်စာတမ်း အက်ဥပဒေ (Ne – G0tiable Instrument act.) အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် (၁၂၉၉ ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ ဖြစ်ပြီး၊ ၎င်းနေ့ တွင် ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့် ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် “သာ့ပွာဖိုးလင်းတေး” ပြုစုရေးဆွဲခဲ့သည့် ကရင်အမျိုးသားပြက္ခဒိန်အရ၊ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး (၅)ဦး ဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့ က သြ၀ါဒ သ၀ဏ်လွှာပေးပို့ ခဲ့သည်။
(သ၀ဏ်လွှာ ပေးပို့ သည့် နေ့ စွဲမှာ “သာ့ပွာဖိုးလင်းတေး”၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ်မျှ ကျရောက်ခြင်းကြောင့် ရက် အမှန် (၂၁ - ၁၂ - ၁၉၃၈) အစား (၂၁ - ၁၂ - ၁၉၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)
မည်သို့ ပင်ဆိုစေ ယနေ့  ကရင်အမျိုးသားထုတရပ်လုံးက သရာမိုလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူး နေ့  ဖြစ်သော “သလေ”လဆန်း (၁)ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း (၁)ရက် သို့ မဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း (၁)ရက် ကိုသာ ဆက်လက် အတည်ပြုလက်ခံနေကြကြောင်း တွေ့ ရှိပါသည်။

[Read More...]


ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက




နော်ချို
24.11.2009
ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများ အတွက် အထွတ်အမြတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။

ဒီနှစ်ဆိုရင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ကရင်နှစ်သစ်ကူးနေ့ကို စည်ကားသိုက် မြိုက်စွာနဲ့ကျင်းပ လိမ့်မယ်လို့ ပွဲဖြစ်မြောက်ကော်မတီဥက္ကဌ ဦးမြအေးကပြောပါတယ်။ ယခုကျင်းပမဲ့နှစ် သစ်ကူးပွဲမှာ ရိုးရာ ယဉ်ကျေးမူပြိုင်ပွဲဖြစ်တဲ့ ဒုံးယိမ်းအက၊ ကရင်နပန်းလုံးပွဲ၊ ကောက်သစ်စား ဖီးဘီး ရော်လက်ချည်ပွဲများအပါအဝင် ဘော်လုံးပွဲ၊ လက်ဝှေ့၊ ဇာတ်ပွဲ၊ မဲရုံထီ၊ ချောတိုင်တက် ပြိုင်ပွဲများနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းအပြင် ကရင့်ရိုးရာအစားအစာများကိုလည်း ကျွေးမွေး ဧည့်ခံမှာဖြစ်ပါတယ်။ လာရောက်ကကြမည့်ဒုံးများကတော့ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် နာမည်ကြီးဒုံးများ ဖြစ်တဲ့ ဖားပြကျေးရွာဒုံး၊ လာကဒါ၊ ထီးမံထို၊ ကျုံခဝန်၊ နှင့်တောင်ဒီးဒုံးတို့ဖြစ်ပါတယ်။ အခြားသော ကျေးရွာများမှ ဒုံး များ လည်းပါဝင်မှာဖြစ်ပါတယ်။ ဒုံးအဖွဲ့ပေါင်း (၁ဝ) ဖွဲ့ကျော် လာရောက်ကကြမှာဖြစ် ပါတယ်။

အဆိုပါနာမည်ကြီးတဲ့ဒုံးများထဲမှ တောင်ဒီးဒုံးဟာ လွန်ခဲ့တဲ့နိုဝင်ဘာလ (၇) ရက်နေ့မှာ ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ကရင်ပြည် နယ်နေ့မှာ ဒုံးအဖွဲ့ပေါင်း (၇ဝ) ထဲမှ ဒုတိယဆုရရှိသွားတဲ့ဒုံး ဖြစ်ပါတယ်။

ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါအဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစု ဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနဲပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါးသွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အဖိုးခွဲကဘောင်ဟာ အသက် (၁၈) နှစ်ကစပြီး ဒုံးယိမ်းအက ကိုစတင်လေ့လာလိုက်စားခဲ့ပြီး အသက် (၂၆) နှစ်မှာ ဒုံးဆရာဖြစ်လာခဲ့ပါ တယ်။ အသက် (၇ဝ) ထိ ဘဝတစ်လျှောက် လုံး ဒုံးယိမ်းအကကိုပဲ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ အခုအဖိုးခွဲကဘောင်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကရင်စာ ပေယဉ်ကျေးမူတာဝန်ခံအဖြစ် တာဝန်ယူ ထားပါတယ်။ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး ဒုံးဆရာကြီးအဖိုးခွဲကဘောင်က အခုလိုရှင်းပြထားပါတယ်။

ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွှဲု့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။

ကရင့်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ Bဃ ၇၃၉ ခုနှစ်မှာ စတင်အသိအ မှတ်ပြုလာ ခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူးနော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါ တယ်။ ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့်ကရပါတယ် သို့သော်လည်း ကကွက်သိပ်မရှိပါ။ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ် ပါတယ်။ ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်းသမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြ ပါတယ်။ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်) ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအ ကမှာတော့ ကုလားတို့ရဲ့တေးသံတေး သွား နဲ့အတူ ကုလားတို့ရဲ့အကအမူရာနှင့်ညီအောင်ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတမျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံးကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။

ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ ၃၂ ဦး မှ ၃၄၊ ၃၆ ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူး သဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။

အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုဆိုရင်းကနေရတာဖြစ် ပါတယ် ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တပင်တိုင်အ ကဟူ၍ခေါ်ဝေါ်ကြပါတယ်။ တခါတရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတဖက်တချက်စီမှာ ကနေရပါ တယ်။ ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင့်အမျိုး သား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုး သမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကို လေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတခု လုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ် ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။

ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။

အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ ရိုးရာယဉ် ကျေးမူနဲ့ လည်းလိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေးခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိတဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ်ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ်မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါးဖြစ်လာခဲ့ပါတယ်။

ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူးကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေး တွေဟာ ဆောင်းအလှကိုချယ်မှုန်းထားသလိုပါဘဲ။
ကောင်းဝါသတင်းမှရယူတင်ဆက်သည်။

[Read More...]


Pee Bee Yaw



ကရင်ရိုးရာဓလေ့များကိုလေ့လာသောမိတ်ဆွေများ ပိုမိုသိရှိနားလည်ရင်အလို့ငှါ အဂ်လိပ်လိုလည်းတင်ထားပေးလိုက်ပါသည်။ စာဖတ်သူညီနောင်များအတွက်

There once lived a young pair of orphans, brother and sister, whose parents had left them only four annas in silver. Because they were orphans, they were despised and belittled. Finally they were driven out of the village by their neighbors, lest the misfortune of orphan hood should prove contagious...

They maintained a precarious existence by the most laborious toil, living in a little hut at some distance from the clan to which they belonged. A famine arose in the land and the clansmen were obliged to go to a neighboring country to replenish their slender stock of grain. When the supply of paddy of Po Khai - the orphan boy, was exhausted, his sister brought out the cherished piece of silver their parents had left them and asked him a despairing mood, he said, ‘What is the use? Four annas…’ worth of rice will prolong our miserable lives but a few hours.

As starvation is inevitable, let us meet our fate at once. His sister pleaded that, unhappy as their lives were, they had entered the world with great pain, trouble and care to their parents so they should not leave it till every means to prolong existence had been exhausted. To please his sister Po Khai went, following the clan at a distance as he would not be allowed to mix with their party. When the party returned, they saw in the depths of the jungle by the side of the road an old woman, her body up to her neck completely covered with creepers, which had wound themselves firmly around her body.”

“As the party approached, the old woman screamed, ‘Cut me loose, cut me loose.’ The clansmen declined, as the old woman would want to go home with them, and would eat them out of house and home. After the whole party had passed, Po Khai came along.”
“The old woman redoubled her cries as there was but one left from whom she could hope for release. Po Khai thought to himself, ‘I must die, and even if the old woman goes home with me, it can make but a few hours’ difference.’ So he cut away the creepers and the old lady slipped dancing out on the road, saying, ‘Hurry up, grandson, for grandmother is perishing with hunger.’ The old woman was really Pee Bee Yaw, which means’ Grandmother with the bound waist.’ When the sister saw her brother returning, she thought, ‘My brother must be mad to invite guests to dinner when four annas’ worth of rice bought at famine prices are all or store.’ Her brother, seeing her frowns, hastily ran up into the house and begged his sister not to refuse the hospitality universally shown by the Karen. He reminded her how their parents never sent anyone hungry away, and begged his sister to keep up the ancestral custom, even though they were in the very jaws of death.

The old woman at once slipped into the kitchen and called the young girl to cook in haste, as she was very hungry. With a heavy heart the young girl was just pouring into the pot all the rice her brother had brought home when the old woman checked her sharply, ‘What a wasteful child! Seven grains of rice are quite enough.’ ‘Grandmother,’ replied the girl, ‘I know how to cook a pot of rice, but I don’t know how to cook only seven grains of rice.’ The old woman spoke up sharply, ‘Obey orders when your elders command you, and ask no questions.’ Abashed at the sharp tone of the old woman, the girl counted out seven kernels, and the old woman approached the pot with mystic passes and the pot became full. At seven grains to a meal, Po Khai saw that the rice he had purchased was amply sufficient for his wants, and knew that a good power had stepped in to save him.

When the news of the daily miracle reached the clan, they assembled and claimed Pee Bee Yaw refused to go either it, reminding them that they had forfeited their right as the first finders by their refusal to cut her loose from the creepers. Of course, this refusal laid the foundation of much hatred towards Po Khai and his sister. When the time came to cut the Khu (hill garden) Pee Bee Yaw told Po Khai to clear the jungle from seven hills and prepare them for planting. ‘How can I clear seven hills?’ asked Po Khai. ‘Ask no questions when your elders order you,’ was the old lady’s sharp reply. Just as he was leaving the house, Pee Bee Yaw gave him a machete with orders to try it. When he reached the chosen spot, Po Khai raised his against a huge tree. It fell without even waiting for the blow. ‘Well, that’s the sharpest machete I ever used,’ blurted out Po Khai, as he watched the crash of the huge tree. Of course, the seven hills were all cleared off before breakfast.”
“Po Khai wondered how this huge field was ever to be planted and reaped and the grain threshed, but he dared ask no questions, as Pee Bee Yaw always rebuked so harshly.

He went on in blind faith in the old woman’s power. At the sowing season, Pee Bee Yaw danced over the whole field, and a perfect shower of paddy started from her fingers and toes and from every fold of her clothing, and so the field was well filled with grain, the crop prospered splendidly, and soon the bending eats, over a foot in length and filled to the very extremity with golden grain, gave promise of such a bountiful harvest as had never been known before.”
“Po Khai wondered how this grain could ever be harvested, but still dared not to ask. The clansmen, wild with rage at the boundless wealth which they had just missed, and which had gone to Po Khai, now summoned all the clans within a day’s march to join them in stealing Po Khai’s paddy. Men, women and even children joined the raid. Some reaped, others carried the bundles.

Some threshed and winnowed, while others carried home the paddy. After a most laborious night’s work of many hundreds, all of Po Khai’s grain was carried off. Fancy the looks of Po Khai when he found nothing but trampled stubble where he had left waving grain!”
“Following the trial of the thieves, he picked up seven sheaves dropped by the way. On reporting to Pee Bee Yaw that there seven bundles were all that was left of their crop, she coolly told him to build seven huge paddy bins. Po Khai did so with the unquestioning obedience which had become a habit with him. When the bins were completed, but not roofed, a sheaf was put in each, and Pee Bee Yaw commenced dancing among the bins and singing a call to the grain wherever it was to return to its proper owner. At once the paddy came flying through the air, and fell in a perfect shower, till not a single grain was left with the thieves.”
“A solemn council of all the clans was held, and their indignation knew no bounds. ‘ We thought to ruin Po Khai, and we have been made nothing but his coolies, and even worse! Nothing is left us even for our wages.’ So they arranged to steal the paddy again from the bins this time. They even plotted to kill both Po Khai and Pee Bee Yaw.”
“Po Khai spent the day, by Pee Bee Yaw’s orders, in cutting a huge pile of clubs and making a large number of cords. When they went home in the evening, Pee Bee Yaw said ‘Ropes tie and sticks beat…’ When the clansmen came to steal the paddy, the ropes bound each to a tree and the clubs began to beat a rat-rat-too on their backs. To entreat the deaf cords and club was, of course, useless. Next morning, Po Khai found his tormentors in his power and half dead with the terrible beating they had received.”
“They readily took the oath, considered by hill men to be inviolable, never to molest him more. Pee Bee Yaw then said she must return to her abode in the skies, to wash down her house there as the hens had surely filled it with dust. To enable her to do so, she told Po Khai to raise the two shafts by which the native plough or harrow is dragged, into a perpendicular position. She then took the form of a cricket, crept up to the yoke and flew away.”
(The custom of raising the yoke in the air and placing a cricket on the perpendicular poles that support it, is still followed by the Karens. It is considered a very good omen if the cricket crawls upwards and takes flight from the top.)
The story of Pee Bee Yaw is the combination of moral instructions to the Karen generations. Even though it sounded like a fairy tale, it disclosed the beauties of simple life and the blessings of obedience that made Karens.
karen voiceမှတဆင့်မြန်လည်ဖေါ်ပြသည်။
[Read More...]


အောင်မြင်ခြင်းတံခါးကို ဖွင့်နိုင်ဖို့ အတ္တဝတ်ရုံကို အလျင် ချွတ်ပစ်နိုင်ရမယ်




ဒီဆောင်းပါးသည်အီးမေးလ်မှတဆင့်လာတာဖြစ်တဲ့အတွက်ကောင်းတဲ့ရည်ရွယ်ချက်ပါရှိသောကြောင့်လဲဖြစ်တယ်။။စာဖတ်သူတို့အတွက်လဲ အကျိုးရှိတယ်ထင်လို့လဲတစ်ကြောင့် ဝေငှပေးလိုက်ပါတယ်မိတ်ဆွေတို့။ ကောင်းစွာဝေဖန်နိုင်ပါစေ


ယနေ့ခေတ် လူငယ်တွေ ရုတ်တရက် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ လောကကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ တန်ခိုး စွမ်းအား တစ်ခုဟာ လူတွေ ရဲ့ တရားမှု မတရားမှု အပေါ် ဘက်လိုက်မှု မရှိဘဲ အချိန် ကာလ တစ်ခု အောက်မှာ အရိပ်လို လိုက်လာပြီး ဆုပေး ဒဏ်ပေး စနစ်မျိုး နဲ့ စီရင် ပေးတတ်တဲ့ သဘော တရားကိုပါ။
ကျွန်တော် သိတဲ့ မိသားစု တစ်ခုရဲ့ သားကြီး ဖြစ်သူဟာ မိသားစု အားလုံး၊ အထူး သဖြင့် ဖခင်ကြီးက လုံးဝ သဘော မတူတဲ့ သူ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူနဲ့ အခြေ အတင် စကား များရာက ဖခင် ဖြစ်သူကို မူးမူး နဲ့ လက်သီး နဲ့ ပိတ်ထိုး ခဲ့ပြီး သူ အလုပ်လုပ်တဲ့ စက်ရုံကို ထွက်သွား ပါတယ်။ တစ်နာရီ လောက်ပဲ ကြာပါတယ်။ လည် နေတဲ့ စက်ထဲ သူ့ညာဘက် အင်္ကျီလက်ရှည် အစဟာ စက်ထဲ ငြိပါ သွားတာ၊ သူ့လက်ကိုပါ ဆောင့်ဆွဲ သလို ဖြစ်ပြီး လက်မောင်းရင်း ကနေ သူ့လက် တစ်ခုလုံး ပြုတ်ပါ သွားတယ်။ ဒီနေ့ထိ သူ့ကို လက် တစ်ဖက်ပြတ်(ဒေးဗစ်ချန်း) ဆိုပြီး အများက ခေါ်ကြတာ တွေ့ရ ပါတယ်။

တခြား လူငယ် တစ်ယောက် ကျတော့ လစာနည်း သာမန် ဝန်ထမ်း လူငယ် တစ်ယောက်ပါ။ ငယ်စဉ် ကတည်းက စပြီး ခုချိန် အထိ ညအိပ်ရာ မဝင်ခင် မိဘ နှစ်ပါးကို ရိုရို သေသေ ဦးချ ကန်တော့ ပြီးမှ အိပ်ရာ ဝင်တတ်သူ၊ မိဘကို အလွန် ချစ်ခင် ယုယသူ၊ မိသားစု ကို တွယ်တာသူ ဖြစ်ပါတယ်။ ရွှေတစ်ကျပ်သား ငါးသောင်းပဲ ရှိချိန်၊ အောင်ဘာလေ ထီအမြင့်ဆုံး သိန်း ၃၀ဝ ပဲ ပေး ချိန်မှာ အမြင့်ဆုံး သိန်း ၃၀ဝ ဆု ဆွတ်ခူးပြီး အပိုဆု ကား နှစ်စီးပါ ရသွားတဲ့ လူငယ် ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေ ဟာ သာမန်အားဖြင့် လက်ခံဖို့ ခက်ခဲတဲ့ ပုံပြင် ဆန်ပေမဲ့ အမှန် တကယ် ဖြစ်ပွား ခဲ့တဲ့ သစ္စာတရား ဖြစ်နေလို့ တင်ပြ ရတာ ဖြစ်ပါတယ်။ ဒီဟာတွေကို သဘာဝ တရား ရဲ့စီရင်မှု မဟုတ်ဘူးလို့ ငြင်းရင် ရပါ့ မလား။
ရုပ်ဝတ္ထု အလွန်ကို တိုးတက်တဲ့ ဒီခေတ်မှာ Seeing is Believing လို့ လူငယ်တွေ ခံယူကြတာ ကို အပြစ် မဆိုသာ ပါဘူး။ ဒါပေမဲ့ မိမိတို့ ရယူ ပိုင်ဆိုင်မှု မရှိသေးပေမဲ့ တစ်ချိန်မှာ မုချ ဖြစ်လာ ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ မက်လာတဲ့ အိပ်မက်၊ ကြိုးပမ်းအားထုတ် မှုတွေဟာ အချိန်ကာလ တစ်ခုအောက် ရောက်တဲ့ အခါ တကယ်ပဲ ရယူ ပိုင်ဆိုင် လာတာ မျိုးကိုတော့ Believing is Seeing မဟုတ်ဘူးလို့ ပြောလို့ ရပါ့ မလား။ ကိုယ်တွေ့ ကြုံရမှ ယုံတာထက် ယုံကြည်မှု ကြောင့် မယုံကြည်နိုင် စရာ ဖြစ်ပွား လာရ တာဟာ လောကရဲ့ အလှ တရား တစ်ခုပါ။
ဂြိုဟ်ကမ္ဘာတွေအကြောင်း သိလာရတာ၊ လကမ္ဘာပေါ် ခြေချလာ နိုင်တာ၊ နက်ရှိုင်းလှတဲ့ သမုဒ္ဒရာ ကြမ်းပြင် အထိ ဆင်းသက် နိုင်လာကြ တာ၊ မိုးထိ မြင့်မားတဲ့ အဆောက်အဦကြီးတွေ ဆောက်လုပ် လာနိုင်ကြ တာဟာ မဖြစ်သေးခင် ကြိုတင် မက်ဆိုတဲ့ ယုံကြည်မှုကြောင့် ကြိုးပမ်းမှု ရဲ့ အသီးအပွင့်တွေ ဆိုတာ သိသာ ပါတယ်။ ဒီအရာ အားလုံးဟာ မေတ္တာတရား ဆိုတဲ့ တည်ဆောက်လိုမှု ကို လုံးဝ အခြေခံ ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်၊ ယုံကြည်ချက်၊ လုံ့လထုတ်မှု ကြေင့် ရလာတဲ့ အသီးအပွင့်တွေ ကို တခြားသူတွေ ကိုပါ မျှဝေ ခံစားခွင့် ရစေတဲ့ ပီတိဟာ အလွန် ချိုမြိန် ပါတယ်။ မေတ္တာ ရဲ့ သဘော ဖြစ်ပါတယ်။
ငယ်ဘဝ မှာ အရာရာ ချို့တဲ့ နွမ်းပါး ခဲ့တဲ့ လူရွယ် တစ်ယောက်ဟာ ယခု အသက် ၄၀ ဝန်းကျင်မှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် နဲ့ အောင်မြင် နေပါပြီ။ သူဟာ သူ့အလုပ်ရုံးခန်း၊ သူ့အိမ် နံရံတွေမှာ သူကိုယ်တိုင် မမေ့ မလျော့ အမြဲ လိုက်နာ နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ပုဒ် တစ်ခုကို အလွယ် တကူ မြင်နိုင်အောင် ထင်ရှားတဲ့ စာလုံးတွေနဲ့ ရေးပြီး ကပ်ထားတာ တွေ့ရပါတယ်။
Lack of Love, Lack of Money
ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။
မေတ္တာ တရား ချို့တဲ့ရင် ငွေကြေးချို့တဲ့ တယ် လို့ ဆိုလိုတာ ဖြစ်ပါ တယ်။ ပင်ကိုစိတ်ဆတ်ပြီး ဒေါသကြီး တတ်တဲ့ သူ့ငယ်ဘဝ ဟာ တိုက်ဆိုင်စွာပဲ ဘဝပါ ကြမ်းခဲ့ ပါတယ်တဲ့။ တစ်စစ ပြုပြင် ပြောင်းလဲ ယူပြီး မေတ္တာ တရား၊ သည်းခံ ခွင့်လွှတ် မှု၊ စိတ်ရှည်ခြင်းတွေ ကို တည်ဆောက် နိုင်ခဲ့ ပြီးမှ ဒီလို အောင်မြင်မှုတွေ သူ့ဆီ ရောက်လာခဲ့တာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းမှာ Constructive Mind ဆိုတဲ့ အပြုစိတ်နဲ့ Destructive Mind ဆိုတဲ့ အဖျက်စိတ် အနည်းနဲ့ အများ ရှိပါတယ်။

အပြုစိတ် များသူ၊ အဖျက်စိတ် များသူ အနေနဲ့တော့ ကွာခြားမှု ရှိပါတယ်။ Suicied Bomber တွေ ဟာ အဖျက်စိတ်ကြီးမားသူတွေလို့ ယူဆနိုင်ပါ တယ်။ သူတစ်ပါးကို ဖျက်ဆီးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် ပျက်စီး ခဲ့ရသူတွေပေါ့။ အပြုစိတ်တွေ ဟာ မေတ္တာတရား ကို အခြေခံ ပါတယ်။ ဒါကြောင့် အောင်မြင်မှု အမှန်တကယ် ပိုင်ဆိုင်ချင်သူဟာ အပြုစိတ်ဖြစ်တဲ့ မေတ္တာတရား ကို အရင်ဦးဆုံး မဖြစ် မနေ တည်ဆောက် ယူဖို့ လိုအပ် ပါတယ်။ မေတ္တာတရား ဟာ အလိုလို ဘာသာ တရားပေါ် အခြေခံပြီး တည်ဆောက် ရတာ ဖြစ်လို့ ဒီအရာတွေ ဟာ လူတွေကို အောင်မြင် စေတဲ့ လမ်းကြောင်းပေါ် တွန်းပို့ ပေးနိုင်တဲ့ မောင်းနှင် အားအဖြစ် ခံယူ ရမှာ ဖြစ်ပါတယ်။
ဘယ်နယ်ပယ် မှာပဲ ဖြစ်ဖြစ် အောင်မြင်အောင် အရင် အားထုတ် ရပါမယ်။ အောင်မြင်မှု ရရှိတာနဲ့ အမျှ ငွေကြေးဟာ နောက်ကကပ်ပြီး ပါလာမှာ ဖြစ်ပါတယ်။ တချို့က အောင်မြင်မှုနဲ့ ငွေကြေး ဆက်စပ်မှု မရှိဘူး။ ငွေ တစ်ခုတည်း ကိုပဲ ဇောင်းပေး တာဟာ အောင်မြင်မှုကို တန်ဖိုးကျ စေတယ် ဆိုတဲ့ အယူ အဆမျိုး ရှိပါတယ်။ ဒါဟာ သဘော တရား သက်သက် ဖြစ်တယ်လို့ ထင်ပါတယ်။ လက်တွေ့ ဘဝမှာ လူတွေ ရဲ့ အတွင်းစိတ် ထဲက မှန်ကန်တဲ့ ဖြစ်တည်မှု နဲ့ ကိုက်ညီမှု သိပ်မရှိလှ ပါဘူး။
ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် တိုင်းမှာ အရင် ဦးဆုံး အောင်မြင်အောင် ကြိုးစား ကြရမှာပါ။ အောင်မြင်ပြီ ဆိုတာနဲ့ လုံလောက် ထိုက်တန်တဲ့ ဓန ငွေကြေးတွေ ဟာ အောင်မြင်သူ ထံ မလွဲမသွေ ရောက်လာ ရတာ ဖြစ်ပါတယ်။ ငွေမရှိဘဲ ကျွန်ုပ်တို့ ဘာမှ ရှေ့ဆက်လို့ မရပါဘူး။ အောင်မြင်အောင် အရင် မလုပ်နိုင်ဘဲ နဲ့ လည်း ငွေရအောင် ဘယ်လိုမှ လုပ်လို့ မရပါဘူး။ မိသားစု အရေး၊ လူမှုရေး၊ အများအကျိုး သယ်ပိုး ကူညီ နိုင်ဖို့ တကယ်ပဲ ငွေဟာ လိုအပ်တဲ့ ပစ္စည်း တစ်ခုပါ။ ငွေနောက်ချည်း ပဲ လိုက်နိုင်ဖို့ ဆိုရင် ဦးဆုံး အောင်မြင်မှု တစ်ခုရအောင် လုပ်ကို လုပ်ကြရပါမယ်။ ဒါမှလည်း ငွေက လိုက်လာ မှာကိုး။
ရရှိလာတဲ့ ငွေကြေးတွေကို ကောင်းစွာ စီမံ ခန့်ခွဲ သုံးစွဲ တတ်ဖို့၊ ရရှိထားတဲ့ ငွေပေါ် အခြေခံပြီး သူများ တကာကို အဆိပ် မဖြစ်စေဖို့၊ မိမိ ခံစား ရတဲ့ အသီးအပွင့်တွေ ကို အမှန် တကယ် လိုအပ် နေသူ တွေကိုလည်း မျှဝေ ခံစား စေနိုင်ရင် ငွေဟာ လူတွေ အတွက် မရှိ မဖြစ် လိုအပ်တဲ့ မိတ်ဆွေကောင်း လို့ ခံယူ နိုင်ပါတယ်။
ဒါဆိုရင် အောင်မြင်အောင် ဘယ်လို လုပ်ဆောင် နိုင်ကြမလဲ။ ဒေါသနဲ့ အမုန်းတရား၊ အတ္တ နဲ့ မာန်မာန တွေဟာ အဆိပ်ပြင်း တဲ့ မြွေဆိုးနဲ့ တူပါတယ်။ လူ အများ ရဲ့ ရွံရှာ မုန်းတီးမှု၊ ရှောင်ရှားမှုတွေ ကို ဖြစ်စေတဲ့ အရာတွေပါ။ အောင်မြင်လိုသူ ဟာ လူတွေ နဲ့ နီးကပ်စွာ ပေါင်းသင်း ဆက်ဆံ နိုင်ဖို့ အထူး လိုအပ် ပါတယ်။ ဘယ်လောက် တော်တဲ့ ချွန်တဲ့သူ ဖြစ်နေပါ စေ၊ ဒေါသကြီးပြီး မာန်မာန ထောင်လွှားသူ၊ အတ္တ ကြီးသူ ဆိုရင် လူတွေက မဆက်ဆံချင် ပါဘူး။ သူ့ နေရာမှာ flexiable ပိုဖြစ်ပြီး မာန်မာနကင်း၊ မေတ္တာ တရား လက်ကိုင် ထားတဲ့ ထူးချွန်သူ တစ်ယောက်ကို အစားထိုး ကြမှာ ဖြစ်ပါတယ်။ အတ္တမာနကြီးသူ ကို ကိုယ့်အနား ဘယ်သူ ခေါ်ထားချင် ပါ့မလဲ။
ဒါကြောင့် တချို့လူတော်တွေ ဟာ အောင်မြင်သင့် သလောက် မအောင်မြင် ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တော်တဲ့သူ အများစုဟာ ဂုဏ်ရည်မြင့်သူတွေ ဖြစ်လို့ မိမိ ရဲ့အတ္တ မာနကို ချုပ်တည်းထား နိုင်ပြီး မြင့်မားတဲ့ဘဝကို ရည်မှန်းချက်ကြီးကြီး နဲ့ တက်လှမ်းသွား တတ်ကြပါတယ်။ တော်သူချင်း တူရင် မေတ္တာတရားပိုပြည့်ဝတဲ့သူဟာ ပိုပြီး မြင့်မား သွားမှာ သေချာပါတယ်။ မေတ္တာတရား ဟာ အလွန် အားကောင်းတဲ့ သံလိုက်တုံးကြီးနဲ့ တူပါတယ်။ အဝေးက သံတိုသံစ တွေကိုတောင် ဆွဲယူ စုစည်းနိုင် သလို မျိုးပေါ့။
အလွန်ကို ထင်ရှား ကျော်ကြား ခဲ့သူ၊ ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ သာမညတောင် ဆရာတော်ဟာ ဝေးလံတဲ့ တောင်ပေါ် တက်ပြီး ဧကစာရီ တရား ကျင့်ကြံ အားထုတ်ကာ သတ္တဝါ အများကို အမြဲ ဖြန့်ကျက် ပွားများသူ ဖြစ်ပါတယ်။ အရပ်လေး မျက်နှာက လူပေါင်းများစွာ ဟာ ဆရာတော် လိုအပ် မယ်လို့ ယူဆ တဲ့ ဝတ္ထု ပစ္စည်းတွေ၊ အလှူစာတွေ များစွာ ကို မိမိတို့ ဆန္ဒ နဲ့ ဆရာတော်ဆီ အရောက် ယူဆောင် လှူဒါန်း ပံ့ပိုး ပေးခဲ့ ကြတယ်။ ဒါဟာ အလွန် အစွမ်း ထက်တဲ့ မေတ္တာရဲ့ စွမ်းအားကြောင့် ပါပဲ။
ကမ္ဘာကျော် ကက်သလစ် မယ်သီလရှင် မာသာထရီ ဇာဟာ ဆင်းရဲ ချို့တဲ့ မိဘမဲ့သူတွေ ကို သူမရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ဖို့ မဖြစ်မနေ ကြိုးပမ်း အားထုတ်တဲ့ အခါ တစ်ကမ္ဘာလုံး က စေတနာရှင်တွေ ဟာ မနေသာတော့ ဘဲ လိုအပ် သမျှ ငွေကြေး၊ စားစရာ၊ ဝတ်စရာ မျိုးစုံကို အဆက် မပြတ် ပေးပို့ ကူညီ လာကြ ရတယ်။ အများ အကျိုး ဆောင်တဲ့ နေရာမှာ ပြန်ပြီး ရယူ လိုမှု ကင်းလေ သဘာဝ တရားကြီး က အဲဒီ အတ္တကင်း တဲ့ ပုဂ္ဂိုလ်မျိုး ကိုမှ ရွေးချယ် အသိ အမှတ် ပြုလာ တတ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး အတွက် အောင်မြင်မှု တံခါးကို လည်း သီးသန့် ဖွင့်လှစ်ပေး လာတတ် ပါတယ်။

အောင်မြင်မှု ကို မိမိ ဘာသာ လုပ်ယူလို့ မရ ပါဘူး။ လုပ်ယူလို့ ရရင် ဒီကမ္ဘာပေါ် မှာ ကျဆုံး နေသူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်တာ သေချာပါ တယ်။ ဒါကြောင့်လည်း လက်တွေ့ ဘဝမှာ အောင်မြင်မှု အပြည့်အဝ ရနေသူ နည်းပါး နေတာ ဖြစ်ပါတယ်။ ဒေါသ၊ အတ္တ၊ မာန်မာနတွေ ဟာ ကြမ်းကြုတ် ရက်စက်မှု ဆန်လို့ အမြန်ဆုံး ပြိုလဲ ပျက်စီးသွား စေနိုင်တဲ့ နတ်ဆိုးတွေ လို့ ယူဆ နိုင်ပါတယ်။ ကမ္ဘာ့ရုပ်ရှင် ပရိသတ်များ ရဲ့ အသည်းစွဲ ကွန်ဖူး သူရဲကောင်း ဘရုစ္စလီ ဟာ ဇာတ်လမ်း အရ သရုပ်ဆောင်ရတာ ဖြစ်ပေမဲ့ ပြိုင်ဘက်ကို တိုက် ခိုက်ရာမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ပုံစံနဲ့ တင်ပြတတ်သူ ဖြစ်ပါ တယ်။ အလွန်တော်ပေမဲ့ သက်ဆိုးမရှည်ခဲ့ပါဘူး။ လောကကြီးက ခွင့်မပြုတဲ့သဘော သက်ရောက်ပါတယ်။
သူ့လိုပဲ ကမ္ဘာကျော် ကွန်ဖူး ဘုရင်တွေ ဖြစ်ကြတဲ့ ဂျက်ကီချန်း နဲ့ ဂျက်လီ ကျတော့ အသတ် အပုတ် ပညာကို ရယ်မော ပျော်ရွှင်စရာ အဖြစ် နဲ့ပါ တွဲဖက် တင်ဆက်လေ့ ရှိကြ ပါတယ်။ ဒီနေ့ အထိ သက်ရှည် ကျန်းမာ အောင်မြင် နေဆဲ ဆိုတာ သတိပြု ဆင်ခြင် စရာပါ။ မြန်မာ နိုင်ငံ မှာလည်း ခေတ်ပေါ် ဂီတ နယ်ပယ်မှာ နှစ်ပေါင်း များစွာ အလွန် အောင်မြင်စွာ ရပ်တည်နိုင် ကြတဲ့ ကြယ်ပွင့်တွေ ထဲက နှစ်ယောက် ကို လူငယ်တွေ သတိမူ အတုယူ နိုင်ဖို့ သူတို့ ရဲ့ စိတ်ထား လုပ်ဆောင်မှု ကို တင်ပြ လိုပါတယ်။ ကိုဇော်ဝင်းထွဋ် နဲ့ ကိုလေးဖြူတို့ ပါ။
ကိုဇော်ဝင်းထွဋ်ဟာ ရွက်ပုန်းသီး လူငယ်တွေ ဖြစ်တဲ့ ရင်ဂို၊ ရဲသွင်၊ စည်သူလွင် တို့ကို ပြိုင်ဘက် ဖြစ်လာမယ့် သူတွေလို့ သဘော မထားဘဲ ကိုယ်တိုင် စင်ပေါ် လက်တွဲ ခေါ်တင် အောင်မြင်စေသူပါ။ ရဲသွင် ဆိုရင် ဇော်ဝင်းထွဋ် နဲ့ အသံချင်း တူပါတယ်။ ဒါတောင် ရဲသွင်ရဲ့ ပထမဆုံး စီးရီး ဖြစ်တဲ့ နှင်းဆီလှိုင်း ကို ပရိသတ် နားထောင် ပေးကြပါ၊ ကောင်းတယ်လို့ မှတ်ချက်ပေး ခဲ့ကြ တာကြောင့် တစ်နိုင်ငံလုံး ရဲသွင်ကို ချက်ချင်း လက်ခံ အောင်မြင်မှု ရခဲ့တယ်။ အဆိုတော် အားလုံး အောင်မြင် ကျော်ကြား သွားကြ ပေမဲ့ ဇော်ဝင်းထွဋ် ကို သူ့ဂီတ ညီငယ်တွေ မကျော်လွှား နိုင်ကြ ပါဘူး။ ဒီနေ့ထိ ဇော်ဝင်းထွဋ် ဟာ သူ့နယ်ပယ် မှာ Emperor တစ်ပါး ဖြစ်ဆဲပါ။
ကိုလေးဖြူ လည်း ဒီအတိုင်းပဲ။ သူ့ညီ အရင်း အငဲကို ဂီတ လောက ထဲ ဆွဲခေါ် ခဲ့တယ်။ ဆွေမျိုး မတော်တဲ့ မျိုးကြီး၊ ဖြူဖြူကျော်သိန်း တို့ကို သူတို့ရဲ့ အရည်အသွေးရှိမှု ကို အသိအမှတ် ပြုပြီး မြေတောင်မြှောက် စင်ပေါ် ရောက်စေ ခဲ့တယ်။ အလွန် အောင်မြင် ကျော်ကြား ကုန်ကြတယ်။ ဒါပေမဲ့ လေးဖြူဟာ ပရိသတ်တွေ ရဲ့ အသည်းစွဲ ဘဝမှာ ပြိုင်ဘက်ကင်း စွာ ရပ်တည် နေဆဲ ဆိုတာ သူတို့ရဲ့ အပြု သဘောဆောင် တဲ့ စိတ်ဓာတ် နဲ့ လုပ်ဆောင်မှုကြောင့် သဘာဝတရား က သူတို့ကို ဆက်လက် အောင်မြင် ခွင့် ပေးထားတာ ဖြစ်ပါတယ်။
တချို့လူတွေဟာ ပြိုင်ဘက် လို့ ယူဆတာ နဲ့ ပိတ်ဆို့၊ ဟန့်တား၊ ပညာပြ၊ တွန်းထုတ်ဖို့ ချည်း အလုပ် တစ်ခုလို သဘောထား အားထုတ် တတ်သူတွေ ရှိပါတယ်။ ဒီဂီတကြယ်ပွင့် နှစ်ပွင့် ကတော့ ဒီအယူအဆ ကို ငြင်းပယ်ပြီး မေတ္တာတရား နဲ့ တစ်ဖက်သားကို လည်း အောင်မြင် စေလိုတဲ့ စိတ်ဓာတ် အရင်းခံ ရှိသူတွေ ဖြစ်လို့ ဒီစိတ်ဓာတ်ကို လူငယ်တွေ အတုယူပြီး လိုက်နာရင် အကျိုးရှိ ဖို့ပဲ များပါတယ်။
သူတစ်ပါး ရဲ့ ကောင်းတဲ့ အရည်အချင်းကို အသိအမှတ် မပြုတဲ့ အပြင် ဟန့်တား၊ ပိတ်ဆို့၊ ပညာပြတတ်သူဟာ တစ်ချိန်ချိန်၊ တစ်နေရာ ရာမှာ ကိုယ်တိုင်လည်း ပိတ်ပင် ဟန့်တား ပညာ ပြတာ ပြန်ခံ ရမှာတော့ အလွန် သေချာတဲ့ ကိစ္စပါ။ ဒီထက်ပိုပြီး သဘာဝတရားကြီးရဲ့ ငြိုငြင်မှု ကို ရရှိ ထားသူ ဖြစ်သွားလို့ အောင်မြင်နိုင်မယ့် အရာတွေ ဟာ ကိုယ် နဲ့ ဝေး သထက် ဝေးသွား တော့မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူဟာ မိမိ အားနည်းချက်ကို အမြန်ဆုံး ပြုပြင်တယ်။
မအောင်မြင်တဲ့ သူကျတော့ အားနည်းချက်မှန်း သိလျက်နဲ့ ဆက်လက် ဆုပ်ကိုင် ထားတယ် ဆိုတဲ့ စကားကို အမြဲ သတိ နဲ့ လိုက်နာသင့် တယ်လို့ အကြံပြု ချင်ပါတယ်။ ဒေါသကြီးသူ ဆိုရင် ဒေါသ၊ အတ္တကြီးသူ၊ သူ တစ်ပါး ကို မနာလို မရှုစိမ့် ဖြစ်တတ်သူ စသည် တို့ဟာ မိမိ ကိုယ်တိုင် ဖြစ်နေမယ် ဆိုရင် အမြန်ဆုံး ပြုပြင် ကြရမှာ ဖြစ်ပါတယ်။ လောကကြီး ရဲ့ မျက်နှာသာ ပေးမှု မခံရဘဲ အမုန်းခံ ရသူတွေ ဟာ ဒီလောက မြေပြင် ပေါ်မှာ တစ်နည်းနည်း နဲ့ ကျဆုံး သွားဖို့ အလွန် လွယ်ကူ လွန်းလို့ပါ။ လောကအိမ်မှာနေကြရတဲ့လူသားတွေဟာ အိမ်ရှင် ဖြစ်တဲ့ လောကကြီးရဲ့ ချစ်ခင် စောင့်ရှောက်မှု ကို မရှိမဖြစ် လိုအပ် ပါတယ်။ လောကကြီး က မေတ္တာတရား နဲ့ မှန်ကန်သူဘက် ကိုသာ ရပ်တည် ပေးတတ် လို့ပါ။
Pride Goes Before Afall ဆိုတဲ့ စကား ဟာ အတိအကျ မှန်ကန် ပါတယ်။ မာန ဦးချို မြောက် လာရင် လောကကြီး က ဦးအောင် ချိုးပစ်လေ့ ရှိပါ တယ်။ မေတ္တာ ထားတာ၊ သည်းခံ ခွင့်လွှတ်တာ၊ အလျှော့ပေး လိုက်လျောတာတွေ ဟာ အရှုံး ပေးတာ၊ ပျော့ညံ့တာ မဟုတ်ဘဲ ရင့်ကျက်တာ၊ မိမိ နဲ့ ပတ်ဝန်း ကျင်ကို တည်ဆောက် ခြင်းသာ ဖြစ်ပြီး လောကကြီး ရဲ့ သဘောကျမှု ကို ရရှိ သွားသူ ဖြစ်ပါတယ်။
လူငယ် ဆိုတာ စိတ်မြန်တယ်၊ မဟုတ် မခံလို ခံယူတတ် ကြပါတယ်။ ဒါပေမဲ့ ဒေါသထွက် နေချိန် မှာ ဘာကိုမှ ကိုယ်ထိ လက်ရောက် ပြန်မလုပ် မိဖို့ အထူး ထိန်းချုပ် ကြရပါမယ်။ ဒေါသဟာ လူတိုင်းမှာ ရှိပါတယ်။ တဒင်္ဂ ဖြစ်ပေါ် လာတဲ့ ဒေါသကြောင့် ကျူးလွန်လိုက် မိတဲ့ အမှား တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဟာ ဘယ်လိုမှ မကောင်းနိုင်ပါ ဘူး။ ရက်ပေါင်း များစွာ၊ လပေါင်း များစွာ နစ်နာ ဆုံးရှုံးမှု၊ နာကျင် ခါးသီးမှု၊ နောင်တတွေ ကိုပဲ ရရှိ ခံစား စေမှာ ဖြစ်ပါတယ်။
သည်းခံ ချုပ်တည်းပြီး မေတ္တာ နဲ့ ခွင့်လွှတ် တတ်သူတွေဟာ မိမိတို့ ပြန်မရ နိုင်တော့ဘူးလို့ ထင်ထားတဲ့ အောင်မြင်မှုတွေကို တောင် ဆုလဒ် အဖြစ် ချိုမြိန်စွာ ပြန်ပြီး ရရှိ ခံစားရ တတ်ပါတယ်။ အတ္တ ကင်းပြီး အများ အကျိုးကို လိုလား ကူညီ ချင်တဲ့ မေတ္တာ စေတနာ အရင်းခံ ရှိသူ ကိုသာ သဘာဝ တရားကြီးက လက်ဆောင် တစ်ခု အရောက် ပို့ပေး တတ်သတဲ့။ အဲဒီ လက်ဆောင်က ကံကောင်းခြင်း လက်ဆောင် ဖြစ်တယ်လို ဆိုပါတယ်။
မေတ္တာ တရားနဲ့ ကံကောင်းခြင်း ဟာ ဒင်္ဂါး တစ်ပြားလို ခွဲခြား ထားလို့ မရတဲ့ အရာပါ။ အကောင်းဆုံးဆု လဒ်ရသွားသူဟာ အကောင်း ဆုံး ကြိုးပမ်း လုပ်ဆောင် ထားသူပဲ ဖြစ်မှာပါ။ အနာဂတ်ရှိ နေသေးတဲ့ လူငယ်တွေ ဘဝမှာ တောက်ပ လင်းလက်တဲ့ အောင်မြင်မှု ကို အမှန် တကယ် ပိုင်ဆိုင် ရယူချင်တယ် ဆိုရင်...။ အရင်ဦးဆုံး လောက ဓမ္မနဲ့ ဆန့်ကျင်တဲ့ အတ္တ ဝတ်ရုံကို ချွတ်ပစ် နိုင်ရ ပါမယ်။ ငါ တစ်ယောက် တည်း အောင်မြင်မှု ကို ခံစားရမယ် ဆိုတဲ့ သေးသိမ် ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်ကို ရှင်းထုတ်ပစ် ရပါ မယ်။ ဒါဆိုရင် အလင်းရောင် စပါပြီ။ နောက်ဆက်တွဲ အနေနဲ့ မေတ္တာ၊ စေတနာကို တည်ဆောက် ကြပါ။ အောင်မြင်မှု ဆိုတဲ့ ချိုမြိန်တဲ့ အသီး အပွင့် မှန်သမျှ ဟာ စေတနာ ဝေဖြာပြီး အေးမြတဲ့ မေတ္တာ မြေပေါ်မှာသာ သီးပွင့်ဝေဆာ ရတာ ဖြစ်လို့...။
မေတ္တာ တရား များပြားလေ အောင်မြင်မှု အခွင့်အလမ်း များပြားလေ.................
မေတ္တာတရား ခေါင်းပါးလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါး ချို့တဲ့လေ.................
Lack of Love , Lack of Money
အမ်ဒိန်းဂျာ
(အောင်သပြေ)

[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors