ထိုင်းနိုင်ငံတောင်ပိုင် ဇွဲကပင်ပညာဒါနအသင်းဌာနခွဲ ဖွဲ့စည်းခြင်း



(၁) အကြိမ်မြောက် ထိုင်းနိုင်ငံတောင်ပိုင် ဇွဲကပင်ပညာဒါနဌာနခွဲ အစည်းအဝေးကို ဟတ်ယိုင်မြို့ ၊ (၂၉-၁၁-၂၀၀၉)နေ့ တွင်အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။



အခမ်းအနားအစီအစဉ်ကို အောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်...

၁။ နမော တဿ (၃)ကြိမ် အခမ်းအနားအစီအစဉ်ဖွင့်လှစ်ခြင်း

၂။ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း

၃။ ကေဒီအေ အဖွဲ့ ဆရာတော် ဦးကုဝေရက အနုသာသနကထာမြွက်ကြားခြင်း

၎။ ကေဒီအေ အဖွဲ့ဝင် အရှင်ခေမိန္ဒက ထိုင်းနိုင်ငံတောင်ပိုင် ကေဒီအေအဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်မှုရှိစေရန် မြွက်ကြားခြင်း

၅။ ထိုင်းနိုင်ငံတောင် ကေဒီအေ ဘဏ္ဍာရေးမှူး စောအဲဖုံက ရငွေ/သုံးငွေစာရင်းကို ရှင်းလင်းတင်ပြခြင်း
၆။ အရှင်နာဂ၀ံသက ဇွဲကပင်ပညာဒါနအသင်းရဲ့ ဦးတည်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကေဒီအေ အဖွဲ့ဝင်များ ရှင်းလင်းတင်ပြခြင်း

၇။ အစည်းအဝေးကို ရောက်ရှိလာသောပရိတ်သတ်များက မရှင်းလင်းသောအချက်အလက်များကိုအဖွဲ့ဝင်များထံ မေးမြန်းပြီး တာဝန်ရှိသူများပြန်လည်းဖြေကြားခြ

၈။ ရေစက်သွန်းချ အမျှပေးဝေခြင်း

၉။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များအားလုံး ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု-(၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။



အစည်းအဝေးဓာတ်ပုံမှတ်တမ်းများကြည့်ရှုရန်...








[Read More...]


ကရင်အမျိုးသားနှစ်သစ်ကူးနေ့ 



26.11.2009
sawgonlin


လူမျိုးအသီးသီးတို့ သည် မိမိတို့ ၏ပတ်ဝန်းကျင် သဘာဝ၊ တောတောင်၊ ရေမြေ၊ ရာသီဥတု၊ သစ်ပင်ပန်းမန်၊နေ၊ လ၊ နက္ခတို့ ကို လေ့လာမှတ်သား၍၊ အချိန်ကာလ အပိုင်အးခြားတို့  ခွဲခြားသိမြင်ကြသည်။
ကရင်လူမျိုးတို့ သည် ရှေးပဝေသဏီကစ၍ အချိန်အကန့် အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ် ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့ ၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ” ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး”ဟု ခေါ်ကြပါသည်။
ထိုသို့  တစ်နှစ်ဆန်းလျှင် မိမိတို့  ဓလေ့ထုံးစံအရ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်းများကို ပြုလုပ်ကြပါသည်။
-“နှစ်သစ်ကူးနေ့ ရောက်လာပြီ
-ရေချိုးခေါင်းလျှော် စိတ်သန့် စင်
- လူကြီးသူမ ကန်တော့ကြ
-ဆုံးမ ပဲ့ပြင်နာခံမှတ်”။
ကရင်အမျိုးသားများသည် “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်းတစ်ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)လသည် မြန်မာအားဖြင့် “ပြာသိုလ”ဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့ သည် “ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
သို့ သော်လည်း ရှေးအခါက ဤနေ့ ဤရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့် ဒေသကရင်အချို့ နှင့် တောင်ပေါ်ကရင်အချို့ တို့ သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။


သို့ ရာတွင် ကရင်ခရစ်ယာန်ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ ကို ကျင်းပသည့်နည်းတူ၊ ကရင်ဗုဒ္ဓဘာသာဝင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ ကို ကျင်းပကြပါသည်။
ထို့ အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့ တွဲလဆန်း (၄)ရက် နေ့ ကို၎င်း၊ ရသေ့ဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ကို၎င်း အသီးသီး ကရင်နှစ်သစ်ကူးနေ့ ကို တကွဲတပြားဆီ ကျင်းပခဲ့ကြပါသည်။
ထိုသို့  နှစ်သစ်ကူးနေ့ ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသော ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး၊ Karen National Association (KNA)၊ အသင်းကြီးကို (၁၈၈၁) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းမှ မရှိသေးပေ။
ထိုအသင်းကြီးက “ကရင်နှစ်သစ်ကူးနေ့ ”ကို တနေ့ တည်း ကျင်းပလျှင် ပို၍သင့်လျှော်ကြောင်း သိရှိသည်။ ထို့  ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့  ဆုံစေပြီး၊ မည်သည့်နေ့ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန် သင့်လျှော်မည်ကို ရှေးအထောက်အထားများ၊ အကြောင်းအရာများကို စုံစမ်း၍ “ဒေါကလူ”အသင်းကြီးအား ပ်ြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အစီရင်ခံစာများ ပေးပို့ ကြသည်သာမက “ဆရာယာနီ”ဆိုသူ ကိုယ်တိုင်လာရောက်တွေ့ ဆုံသည်။ “ဆရာယာနီ”သည် မြောင်းမြခရိုင်- တကူးဆိပ်ရွားသာညးဖြစ်၍ ဖါပွန်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်ပြားပြက္ခဒိန်ကို ယူဆောင်လာ၍ တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တနှစ်လျှင် (၁၂)လ ပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြပါသည်။
ထို့ အတူ “ဒေါကလူ”အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှလည်း နှစ်ပေါင်း (၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီ်းနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။

အဆိုပါစာအုပ်တွင် တနှစ်လျှင် (၁၂)လ ပါရှိပြီး ပြာသိုလမှာ ပထမလ ဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့ တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း (၁)ရက်နေ့ တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ ကြောင့် သမိုင်းဝင်နေ့ တနေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့ အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင် တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် (၁၅)ဦး၏ ဒုတိယဥက္ကဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း (Saw Joh Nson –D- P0min)သည် နေ့ ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့  ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်း သည် တောင်ငူမြို့ ရှိ ကရင်သက်ကြီးဝါရင့်သူတချို့ နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)အား ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့ ၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့ ၏ နှစ်သစ်ကူးနေ့ သည် မည်သည့်နေ့ ၊ လ၊တွင် ဖြစ်ကြောင်း ဟူသော အချက် နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြည်လည်တင်ပြခဲ့သည်။

အရှေ့ တိုင်းသုတေသနကြီးနှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူစ့်(G.H.Luce)နှင့် ဂျီ၊ အီး၊ ဟာဗီ(G.E. Harvey)တို့ ၏ မှတ်တမ်းပြုချက်အရ၎င်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇ၀င်အရ၎င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့  ရှေးဦးစွာ ၀င်လာခဲ့ကြသည်မှာ ဘီ။ စီ ၇၃၉ ခုနှစ်က ဖြစ်ကြောင်း သိရှိရပေသည်။
သို့ ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့  မြန်မာနိုင်သို့  ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှ အစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ ဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့  စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊ စီ ၇၃၉ ခုနှစ်မှ စ၍ ရေတွက်သော် နှစ်ပေါင်း (၂၆၇၅)နှစ် ရှိပြီးဖြစ်သည်။
တောင်ငူမြို့ ရှိ သက်ကြီးဝါကြီးများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ ရက် (သလေလဆန်း (၁)ရက်)ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းအဆိုကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုး၍ အောက်လွှတ်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေံတွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော် က ဆက်လက်ဦးဆောင်၍ ၀န်ကြီး စောဖေသာနှင့် ညှိနှိုင်းပြီး၊ ဒေါက်တာ ဘမော်အစိုးရအဖွဲ့ သို့  တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ (Cabi-net Executive Pow – er)ဖြင့် ဘုရင်ခံထံသို့  တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည်။
စာချုပ်စာတမ်း အက်ဥပဒေ (Ne – G0tiable Instrument act.) အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် (၁၂၉၉ ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ ဖြစ်ပြီး၊ ၎င်းနေ့ တွင် ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့် ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် “သာ့ပွာဖိုးလင်းတေး” ပြုစုရေးဆွဲခဲ့သည့် ကရင်အမျိုးသားပြက္ခဒိန်အရ၊ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး (၅)ဦး ဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့ က သြ၀ါဒ သ၀ဏ်လွှာပေးပို့ ခဲ့သည်။
(သ၀ဏ်လွှာ ပေးပို့ သည့် နေ့ စွဲမှာ “သာ့ပွာဖိုးလင်းတေး”၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ်မျှ ကျရောက်ခြင်းကြောင့် ရက် အမှန် (၂၁ - ၁၂ - ၁၉၃၈) အစား (၂၁ - ၁၂ - ၁၉၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)
မည်သို့ ပင်ဆိုစေ ယနေ့  ကရင်အမျိုးသားထုတရပ်လုံးက သရာမိုလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူး နေ့  ဖြစ်သော “သလေ”လဆန်း (၁)ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း (၁)ရက် သို့ မဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း (၁)ရက် ကိုသာ ဆက်လက် အတည်ပြုလက်ခံနေကြကြောင်း တွေ့ ရှိပါသည်။

[Read More...]


ကရင်နှစ်သစ်ကူးနေ့နှင့် ရိုးရာဒုံးယိမ်းအက




နော်ချို
24.11.2009
ပြာသိုလဆန်း(၁) ရက်နေ့ဟာဆိုလျင် ကရင်နှစ်သစ်ကူးနေ့ဖြစ် ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားများ အတွက် အထွတ်အမြတ်ထားတဲ့ နေ့တနေ့ဖြစ်ပါတယ်။ နှစ်သစ် ရောက်တိုင်း ကရင်အမျိုးသားတွေဟာ မိမိတို့၏ သက်ကြီး ဝါကြီးပုဂ္ဂိုလ်များကို အလေးအမြတ်ပြု ပူဇော်ပသ ကန်တော့ ကြပါတယ်။ သက်ဆိုင်ရာဘာသာ ယုံကြည်ကိုး ကွယ်မူအလိုက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ကြသလို မိမိတို့ရဲ့ ရိုးရာယဉ် ကျေးမူစာပေဓလေ့ထုံးတမ်းတွေကို ပြန်လည်ဖော်ထုတ်ကြ ပါတယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ တွေဒုံးယိမ်းအကတွေနဲ့လည်းဖြေဖျော်ပေးပါသေးတယ်။ ဒါကြောင့် နှစ်သစ်ကူးပွဲတော်မှာ ရိုးရာ ယဉ်ကျေးမူ အကတခုဖြစ်တဲ့ ဒုံးယိမ်းအကဟာ လူအများစိတ်ဝင်စားတဲ့ အကတစ်ခု ဖြစ်သလို ထူးထူးခြားခြား မြူးကြွမှု ရှိတဲ့အတွက် ကရင်လူမျိုးတွေအတွက် ဂုဏ်ယူဘွယ်ရာအကတစ်ခု လို့ဆိုယင်မမှားပါဘူး။ ချမ်းအေးတဲ့ ငွေနှင်းမှုံကြား မှာ ရွှင်မြူးတဲ့ဒုံးယိမ်းအသံတွေဟာ တကယ့်ကို ပဏာရလှပါတယ်။

ဒီနှစ်ဆိုရင် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ကရင်နှစ်သစ်ကူးနေ့ကို စည်ကားသိုက် မြိုက်စွာနဲ့ကျင်းပ လိမ့်မယ်လို့ ပွဲဖြစ်မြောက်ကော်မတီဥက္ကဌ ဦးမြအေးကပြောပါတယ်။ ယခုကျင်းပမဲ့နှစ် သစ်ကူးပွဲမှာ ရိုးရာ ယဉ်ကျေးမူပြိုင်ပွဲဖြစ်တဲ့ ဒုံးယိမ်းအက၊ ကရင်နပန်းလုံးပွဲ၊ ကောက်သစ်စား ဖီးဘီး ရော်လက်ချည်ပွဲများအပါအဝင် ဘော်လုံးပွဲ၊ လက်ဝှေ့၊ ဇာတ်ပွဲ၊ မဲရုံထီ၊ ချောတိုင်တက် ပြိုင်ပွဲများနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းအပြင် ကရင့်ရိုးရာအစားအစာများကိုလည်း ကျွေးမွေး ဧည့်ခံမှာဖြစ်ပါတယ်။ လာရောက်ကကြမည့်ဒုံးများကတော့ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် နာမည်ကြီးဒုံးများ ဖြစ်တဲ့ ဖားပြကျေးရွာဒုံး၊ လာကဒါ၊ ထီးမံထို၊ ကျုံခဝန်၊ နှင့်တောင်ဒီးဒုံးတို့ဖြစ်ပါတယ်။ အခြားသော ကျေးရွာများမှ ဒုံး များ လည်းပါဝင်မှာဖြစ်ပါတယ်။ ဒုံးအဖွဲ့ပေါင်း (၁ဝ) ဖွဲ့ကျော် လာရောက်ကကြမှာဖြစ် ပါတယ်။

အဆိုပါနာမည်ကြီးတဲ့ဒုံးများထဲမှ တောင်ဒီးဒုံးဟာ လွန်ခဲ့တဲ့နိုဝင်ဘာလ (၇) ရက်နေ့မှာ ဘားအံမြို့မှာ ကျင်းပခဲ့တဲ့ ကရင်ပြည် နယ်နေ့မှာ ဒုံးအဖွဲ့ပေါင်း (၇ဝ) ထဲမှ ဒုတိယဆုရရှိသွားတဲ့ဒုံး ဖြစ်ပါတယ်။

ဒုံးယိမ်းအကဟာ သွက်သွက်လက် လက်မြူးမြူးကြွကြွနှင့်ကနေရတာပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အပါအဝင် ကရင်လူငယ်တွေပါ အားလုံးလိုလိုကသိမြင်ထားကြပါတယ်။ တကယ် တမ်းကျတော့ လူငယ်တွေအများစု ဟာ ဒုံးယိမ်းအကအကြောင်းကို ကောင်းစွာသိသူနဲပါးလှပါတယ်။ ဒုံးယိမ်းအကကိုလူငယ်တွေမှသာကနိုင်ကြပါတယ်။ ပေါ့ပါးသွက်လက်စွာခန္ဓာကိုယ်ကို လှုပ်ရှားနေရ တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဒုံရင်းကျေးရွာဇာတိနေ အဖိုးခွဲကဘောင်ဟာ အသက် (၁၈) နှစ်ကစပြီး ဒုံးယိမ်းအက ကိုစတင်လေ့လာလိုက်စားခဲ့ပြီး အသက် (၂၆) နှစ်မှာ ဒုံးဆရာဖြစ်လာခဲ့ပါ တယ်။ အသက် (၇ဝ) ထိ ဘဝတစ်လျှောက် လုံး ဒုံးယိမ်းအကကိုပဲ လေ့လာလိုက်စားခဲ့သူဖြစ်ပါတယ်။ အခုအဖိုးခွဲကဘောင်ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကရင်စာ ပေယဉ်ကျေးမူတာဝန်ခံအဖြစ် တာဝန်ယူ ထားပါတယ်။ ဒုံးယိမ်းအကနဲ့ပတ်သက်ပြီး ဒုံးဆရာကြီးအဖိုးခွဲကဘောင်က အခုလိုရှင်းပြထားပါတယ်။

ဒုံးယိမ်အကစတင်ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ ရှေးခေတ်အပျိုလူပျိုတွေဟာ သစ်ပင် ဝါးပင် အောက်မှာ ချိန်းတွေ့နေကြပြီး လူကြီးတွေကသူတို့ရဲ့အဖြစ်ကို ကြည့်မကောင်းရှုမလှဖြစ်ခဲ့ရာမှ ရိုးရယဉ်ကျေးမူတွေရှိလာအောင် အပျိုလူပျိုတွေကိုစုရုံးပြီး ဒုံးယိမ်းအကကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ရှေးခေတ်ကဒုံးဆရာတွေဟာ ဒုံးသင်ကြား တဲ့နေရာမှာ တစ်နှစ်တာအတွင်းမှာရှိတဲ့ သဘာဝပတ်ဝန်း ကျင်ကအဖြစ်အပျက်တွေကို အခြေခံပြီးမှ ဒုံးသီချင်းကိုဖွဲ့နွှဲု့ပြီး ဒုံးအကသင်ကြားပေး ပါတယ်။ ဒုံးဆိုတာရိုးရာယဉ်ကျေးမူကြားမှာ စိတ်ကိုမြူးကြွစေတဲ့အက တခုဖြစ်ပါတယ်။

ကရင့်ရိုးရာ ဒုံးယိမ်းအကကို ကရင်တစ်မျိုးသားလုံးက ခရစ်တော်မပေါ်မီ Bဃ ၇၃၉ ခုနှစ်မှာ စတင်အသိအ မှတ်ပြုလာ ခဲ့ပါတယ်။ ရှေးခေတ်က ဒုံးအမျိုးအစား (၇) မျိုးရှိပြီး ယင်း (၇) မျိုးမှာ ဒုံးမောင်ရိုး၊ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်)၊ ဒုံးမူးနော်ဖိုးသားခွား (ဒုံးအပျိုလူပျို)၊ ဒုံးလူအို၊ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)၊ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်)၊ ဒုံးကုလားတို့ဖြစ်ပါ တယ်။ ဒုံးမောင်ရိုးအကမှာ ဟွေးလေးလေးမောင်းရိုး ဆိုတဲ့သံစဉ်နဲ့ အစချီပြီးဖြေး ဖြေးနှင့်ကရပါတယ် သို့သော်လည်း ကကွက်သိပ်မရှိပါ။ ဒုံးဆအော် (ခေါ်) (ဒုံးမျောက်) သည် မျောက်မျက်နှာကဲ့သို့မျက်နှာအမူအရာထားပြီး ကရတာမျိုးဖြစ် ပါတယ်။ ဒုံးမူးနော်ဖိုးသားခွား (ခေါ်) (ဒုံးအပျိုလူပျို) သည် ယနေ့ကနေတဲ့ဒုံးပဲဖြစ်ပါတယ်။ ဒုံးပနား (ခေါ်) (ဒုံးကျွဲ)သည် ကျွဲထိန်းသမား များကတီထွင်လာတာဖြစ်ပြီး ကျွဲဂျိုနဲ့တူတဲ့ဂျိုကိုပြုလုပ်ပြီး ခေါင်းမှာပတ်ပြီး ကကြ ပါတယ်။ ဒုံးထရဲ (ခေါ်) (ဒုံးဒရယ်) ဟာလည်းပဲ ဒရယ်ခေါင်းဂျိုတပ်ပြီးကကြပါတယ်။ ဒုံးကုလားအ ကမှာတော့ ကုလားတို့ရဲ့တေးသံတေး သွား နဲ့အတူ ကုလားတို့ရဲ့အကအမူရာနှင့်ညီအောင်ကနေရပြီး ရယ်စရာ ကောင်းသောဒုံးတမျိုးလည်းဖြစ်ပါတယ်။ ယင်းဒုံးကုလားအကဟာ အသားဖြူသူတချို့က အိုးမဲသုတ် လိမ်းပြီးမှကကြရပါတယ်။

ယခုခေတ်ဒုံးအများစုက တဖွဲ့မှာ လူ ၃၂ ဦး မှ ၃၄၊ ၃၆ ဦးအထိရှိပါတယ် လူများရခြင်း အကြောင်းမှာ ဒုံးယိမ်းအကဟာ ကကွက်နှင့်အတူကရတာပြီး လူများမှ ကကွက်စေ့ပါတယ် အထူး သဖြင့် ကကွက်တွေဟာ KAREN သင်္ကေတတွေကို ကကြတာများပါတယ် တချို့ကကွက်တွေမှာ ကရင်နှစ် သစ်ကူးနေ့ဆိုတဲ့သင်္ကေတကို အကွက်ကျကျစီပြီးကကြတယ် အက္ခရာ တစ်လုံးချင်းကို ကကြတာဖြစ်ပါတယ် သို့သော်လည်း ကကွက်စီတဲ့နေရာမှာ ဘယ်ကကွက်ကို ကရမလဲဆိုတာ ကန့်သတ်ချက်မရှိပါ။ သင်ကြားပေးတဲ့ဒုံးဆရာအပေါ်မှာသာမူတည်တယ်လို့ ဒုံးဆရာတစ်ဦး ကပြောပါတယ်။

အများအားဖြင့် ဒုံးအဖွဲ့တိုင်းမှာ ဒုံးပဏာမရှေးဦးကို သုံးယောက်၊ နှစ်ယောက်၊ တစ်ယောက် စသဖြင့်ထားလေ့ရှိပါတယ်။ အဓိကတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၄င်းအမျိုးသမီးတစ်ဦးဟာ မေတ္တာပို့ သတဲ့ တေးသီချင်းကိုဆိုရင်းကနေရတာဖြစ် ပါတယ် ၄င်းဆုတောင်းမေတ္တာပို့သခြင်းကို တပင်တိုင်အ ကဟူ၍ခေါ်ဝေါ်ကြပါတယ်။ တခါတရံမှာ ဒုံးပဏာမရှေးဦးကို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား နှစ်ဦးထားရှိကြပါတယ်။ ၄င်းအမျိုးသားနှစ်ဦးဟာ အမျိုးသမီးရဲ့ဘေးတဖက်တချက်စီမှာ ကနေရပါ တယ်။ ဒုံးပဏမ ရှေးဦးကို အမျိုးမျိုးထားလေ့ရှိကြပါတယ်။ ဒုံးပဏာမရှေးဦးထား ရှိရတဲ့အပြင် ကရင့်အမျိုး သား အလံတော်ကို ကိုင်ဆောင်ရမည့် အမျိုး သမီးတစ်ဦးလည်းထားရှိရပါတယ် ဒုံးအဖွဲ့တိုင်း အမျိုးသားအလံကိုင် ဆောင်ရခြင်း၏ အကြောင်းမှာ ကရင်အမျိုးသား၏အလံတော်ကို လေးစားဂုဏ်ပြုခြင်းအနေဖြင့်လည်းကောင်း ဒုံးတခု လုံး၏ မျက်နှာဖုံးအနေဖြင့်လည်းကောင်း အလံကိုင်ရခြင်းဖြစ်ပါတယ် ၄င်းအလံကိုင်သူတစ်ဦးဟာ မတ်မတ်ရပ်နေရတဲ့ အပြင် ဒုံးကပြီးသည်အထိ အလံကိုငြိမ်သက်စွာကိုင်ထားရပါတယ်။ ဒုံးစတင်ကတော့မည်ဆိုလျင် အလံကိုင်တဲ့အမျိုး သမီးသည်ဒုံး၏စင်မြင့်ပေါ်၌ ရှေ့သို့ဦးစွာထွက်လာရပါတယ် ၄င်းအလံကိုင်အမျိုး သမီးထွက်လာပြီးမှ ဒုံးပဏာမရှေးဦး သုံးယောက်လည်း မေတ္တာပို့သထွက်လာရပါတယ် မေတ္တာပို့သ ပြီးတဲ့နောက်မှာ ဒုံးတစ်ဖွဲ့လုံးစတင်ကရပါတယ်။

ဒုံးနှင့်အတူတွဲကအသုံးပြူတဲ့ တီးမှုတ်တူရိယာများကတော့ ပင်စည်၊ ကြေးကွင်း၊ နွဲ၊မောင်း၊ ဝါးလက်ခေါက်တို့ဖြစ်ပါ တယ်။ တေးသီချင်းနှင့်အတူသံပြိုင်သီဆိုကရပါတယ် တီးဝိုင်းအနားမှာ နောက်ခံ တေးအဖွဲ့တဖွဲ့လည်းထားရှိရပါတယ်။ ရိုးရာဝတ်စုံအဖြစ် အမျိုးသားမှာ လုံချည်၊ အင်္ကျီအောက်ခံ အဖြူရောင်လက်ရှည် နှင့် အပေါ်ကရိုးရာအင်္ကျီ၊ ခါင်းပေါင်း၊ ခြေစွပ်အဖြူဝတ်ပြီး အမျိုးသမီးမှာလည်း ထဘီ၊ အင်္ကျီ၊ ခေါင်းစည်းပုဝါ နှင့်အတူ ဘယ်ဘက်လက်၏လက်ခလယ်မှာ အဖြူရောင်ပုဝါ သေးသေး လေးတခုကို ညှပ်ထားရပါတယ် အမျိုးသားတွေလိုပဲ ခြေစွပ်အဖြူ များကိုဝတ်ဆင်ကြပါ တယ်။

အခုလက်ရှိဒုံးအကနဲ့ ရှေးခေတ်ကဒုံးအကကို နှိုင်းယှဉ်ကြည့် ခြင်းအားဖြင့် များစွာကွာခြား လှပါတယ်။ အခုလက်ရှိဒုံးယိမ်း အကဟာ စိတ်ကိုမြူးမြူးကြွကြွနဲ့ရှိစေပါတယ်။ ရိုးရာယဉ် ကျေးမူနဲ့ လည်းလိုက်ဖက်မူရှိပါတယ်။ အထက်မှာဖေါ်ပြခဲ့တဲ့ ရှေးခေတ်ဒုံး (၇) မျိုးကတော့ ရိုးရာယဉ်ကျေးမူနဲ့ ကိုက်ညီမူ မရှိတဲ့အတွက် ဒုံးဆရာတစ်ဦးကနေပြီး ဒုံးယိမ်းအကကို ယဉ်ကျေးမူရှိတဲ့အမူအရာလေးရှိလာ အောင် ၁၉၃၆ ခုနှစ်မှာ ပထမတခါ ပြန်လည်ပြုပြင်ခဲ့ပါတယ် ထိုအချိန်ကစပြီး အဆိုပါဒုံး (၇) မျိုးဟာ ပျောက်လုနီးပါးဖြစ်လာခဲ့ပါတယ်။

ပြန်လည်ပြုပြင်ခဲ့ရခြင်း၏အကြောင်းမှာ ဥမာအားဖြင့် ဒုံးဆအော် (ခေါ်) မျောက်အကဒုံးဟာ မျောက်မျက်နှာလိုမျိုး မျက်နှာအမူအရာထားကရပြီး၊ ဒုံးဒရယ် သည် လည်းပဲ ဒရယ်ဂျိုကိုခေါင်းမှာတပ်ပြီး ကရတဲ့အတွက်ကြောင့် ၄င်းအက တွေဟာ ယဉ်ကျေးမူနဲ့ လိုက် ဖက်မှုမရှိဖြစ်နေပါတယ်။ ထို့ကြောင့် ၄င်းအကတွေကို ပြန်လည်ပြုပြင်ခဲ့ရခြင်းဖြစ်ပါတယ်။

ဒုံးယိမ်းအကကိုပထမဆုံးတခါ ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း ကရင်စာပေယဉ်ကျေးမူရှိ ဒုံးဆရာကြီး ရွှေကြိုးကြာမှ ရိုးရာယဉ်ကျေးမူဒုံး၏အမည်အခေါ်အဝေါ်နှင့် အကအားလုံးကို တမျိုးတ စားတည်းဖြစ်အောင် ယဉ်ကျေးမူရှိရှိနှင့် မြူးမြူးကြွကြွကရတဲ့အကမျိုးဖြစ်လာအောင် ၁၉၆၄ ခုနှစ် (မဆလ) ခေတ်မှာ ဒုံးယိမ်းအကကို ပြန်လည်ပြုပြင်ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကရင်တွေ နှစ်သစ်ကူးပွဲတော်ကျင်းပတိုင်း ရိုးရာယဉ်ကျေးမှုအကတစ်ခုဖြစ်တဲ့ ဒုံးယိမ်းအကကိုပါ ကနေခဲ့ကြတာ ဒီကနေ့ဒီ အချိန်အထိပါပဲ။ ဆောင်းနဲ့နှင်းခွဲခြားမရသလို ကရင်လူမျိုးနဲ့ဒုံးယိမ်းအက ဟာခွဲခြားလို့မရပါဘူး။ နှင်းတွေဝေတဲ့ပြာသိုလရောက်တဲ့အခါတိုင်း ဖါးစည်သံတလွင်လွင်နဲ့ ကရင်ဒုံးယိမ်းအသံလေး တွေဟာ ဆောင်းအလှကိုချယ်မှုန်းထားသလိုပါဘဲ။
ကောင်းဝါသတင်းမှရယူတင်ဆက်သည်။

[Read More...]


Pee Bee Yaw



ကရင်ရိုးရာဓလေ့များကိုလေ့လာသောမိတ်ဆွေများ ပိုမိုသိရှိနားလည်ရင်အလို့ငှါ အဂ်လိပ်လိုလည်းတင်ထားပေးလိုက်ပါသည်။ စာဖတ်သူညီနောင်များအတွက်

There once lived a young pair of orphans, brother and sister, whose parents had left them only four annas in silver. Because they were orphans, they were despised and belittled. Finally they were driven out of the village by their neighbors, lest the misfortune of orphan hood should prove contagious...

They maintained a precarious existence by the most laborious toil, living in a little hut at some distance from the clan to which they belonged. A famine arose in the land and the clansmen were obliged to go to a neighboring country to replenish their slender stock of grain. When the supply of paddy of Po Khai - the orphan boy, was exhausted, his sister brought out the cherished piece of silver their parents had left them and asked him a despairing mood, he said, ‘What is the use? Four annas…’ worth of rice will prolong our miserable lives but a few hours.

As starvation is inevitable, let us meet our fate at once. His sister pleaded that, unhappy as their lives were, they had entered the world with great pain, trouble and care to their parents so they should not leave it till every means to prolong existence had been exhausted. To please his sister Po Khai went, following the clan at a distance as he would not be allowed to mix with their party. When the party returned, they saw in the depths of the jungle by the side of the road an old woman, her body up to her neck completely covered with creepers, which had wound themselves firmly around her body.”

“As the party approached, the old woman screamed, ‘Cut me loose, cut me loose.’ The clansmen declined, as the old woman would want to go home with them, and would eat them out of house and home. After the whole party had passed, Po Khai came along.”
“The old woman redoubled her cries as there was but one left from whom she could hope for release. Po Khai thought to himself, ‘I must die, and even if the old woman goes home with me, it can make but a few hours’ difference.’ So he cut away the creepers and the old lady slipped dancing out on the road, saying, ‘Hurry up, grandson, for grandmother is perishing with hunger.’ The old woman was really Pee Bee Yaw, which means’ Grandmother with the bound waist.’ When the sister saw her brother returning, she thought, ‘My brother must be mad to invite guests to dinner when four annas’ worth of rice bought at famine prices are all or store.’ Her brother, seeing her frowns, hastily ran up into the house and begged his sister not to refuse the hospitality universally shown by the Karen. He reminded her how their parents never sent anyone hungry away, and begged his sister to keep up the ancestral custom, even though they were in the very jaws of death.

The old woman at once slipped into the kitchen and called the young girl to cook in haste, as she was very hungry. With a heavy heart the young girl was just pouring into the pot all the rice her brother had brought home when the old woman checked her sharply, ‘What a wasteful child! Seven grains of rice are quite enough.’ ‘Grandmother,’ replied the girl, ‘I know how to cook a pot of rice, but I don’t know how to cook only seven grains of rice.’ The old woman spoke up sharply, ‘Obey orders when your elders command you, and ask no questions.’ Abashed at the sharp tone of the old woman, the girl counted out seven kernels, and the old woman approached the pot with mystic passes and the pot became full. At seven grains to a meal, Po Khai saw that the rice he had purchased was amply sufficient for his wants, and knew that a good power had stepped in to save him.

When the news of the daily miracle reached the clan, they assembled and claimed Pee Bee Yaw refused to go either it, reminding them that they had forfeited their right as the first finders by their refusal to cut her loose from the creepers. Of course, this refusal laid the foundation of much hatred towards Po Khai and his sister. When the time came to cut the Khu (hill garden) Pee Bee Yaw told Po Khai to clear the jungle from seven hills and prepare them for planting. ‘How can I clear seven hills?’ asked Po Khai. ‘Ask no questions when your elders order you,’ was the old lady’s sharp reply. Just as he was leaving the house, Pee Bee Yaw gave him a machete with orders to try it. When he reached the chosen spot, Po Khai raised his against a huge tree. It fell without even waiting for the blow. ‘Well, that’s the sharpest machete I ever used,’ blurted out Po Khai, as he watched the crash of the huge tree. Of course, the seven hills were all cleared off before breakfast.”
“Po Khai wondered how this huge field was ever to be planted and reaped and the grain threshed, but he dared ask no questions, as Pee Bee Yaw always rebuked so harshly.

He went on in blind faith in the old woman’s power. At the sowing season, Pee Bee Yaw danced over the whole field, and a perfect shower of paddy started from her fingers and toes and from every fold of her clothing, and so the field was well filled with grain, the crop prospered splendidly, and soon the bending eats, over a foot in length and filled to the very extremity with golden grain, gave promise of such a bountiful harvest as had never been known before.”
“Po Khai wondered how this grain could ever be harvested, but still dared not to ask. The clansmen, wild with rage at the boundless wealth which they had just missed, and which had gone to Po Khai, now summoned all the clans within a day’s march to join them in stealing Po Khai’s paddy. Men, women and even children joined the raid. Some reaped, others carried the bundles.

Some threshed and winnowed, while others carried home the paddy. After a most laborious night’s work of many hundreds, all of Po Khai’s grain was carried off. Fancy the looks of Po Khai when he found nothing but trampled stubble where he had left waving grain!”
“Following the trial of the thieves, he picked up seven sheaves dropped by the way. On reporting to Pee Bee Yaw that there seven bundles were all that was left of their crop, she coolly told him to build seven huge paddy bins. Po Khai did so with the unquestioning obedience which had become a habit with him. When the bins were completed, but not roofed, a sheaf was put in each, and Pee Bee Yaw commenced dancing among the bins and singing a call to the grain wherever it was to return to its proper owner. At once the paddy came flying through the air, and fell in a perfect shower, till not a single grain was left with the thieves.”
“A solemn council of all the clans was held, and their indignation knew no bounds. ‘ We thought to ruin Po Khai, and we have been made nothing but his coolies, and even worse! Nothing is left us even for our wages.’ So they arranged to steal the paddy again from the bins this time. They even plotted to kill both Po Khai and Pee Bee Yaw.”
“Po Khai spent the day, by Pee Bee Yaw’s orders, in cutting a huge pile of clubs and making a large number of cords. When they went home in the evening, Pee Bee Yaw said ‘Ropes tie and sticks beat…’ When the clansmen came to steal the paddy, the ropes bound each to a tree and the clubs began to beat a rat-rat-too on their backs. To entreat the deaf cords and club was, of course, useless. Next morning, Po Khai found his tormentors in his power and half dead with the terrible beating they had received.”
“They readily took the oath, considered by hill men to be inviolable, never to molest him more. Pee Bee Yaw then said she must return to her abode in the skies, to wash down her house there as the hens had surely filled it with dust. To enable her to do so, she told Po Khai to raise the two shafts by which the native plough or harrow is dragged, into a perpendicular position. She then took the form of a cricket, crept up to the yoke and flew away.”
(The custom of raising the yoke in the air and placing a cricket on the perpendicular poles that support it, is still followed by the Karens. It is considered a very good omen if the cricket crawls upwards and takes flight from the top.)
The story of Pee Bee Yaw is the combination of moral instructions to the Karen generations. Even though it sounded like a fairy tale, it disclosed the beauties of simple life and the blessings of obedience that made Karens.
karen voiceမှတဆင့်မြန်လည်ဖေါ်ပြသည်။
[Read More...]


အောင်မြင်ခြင်းတံခါးကို ဖွင့်နိုင်ဖို့ အတ္တဝတ်ရုံကို အလျင် ချွတ်ပစ်နိုင်ရမယ်




ဒီဆောင်းပါးသည်အီးမေးလ်မှတဆင့်လာတာဖြစ်တဲ့အတွက်ကောင်းတဲ့ရည်ရွယ်ချက်ပါရှိသောကြောင့်လဲဖြစ်တယ်။။စာဖတ်သူတို့အတွက်လဲ အကျိုးရှိတယ်ထင်လို့လဲတစ်ကြောင့် ဝေငှပေးလိုက်ပါတယ်မိတ်ဆွေတို့။ ကောင်းစွာဝေဖန်နိုင်ပါစေ


ယနေ့ခေတ် လူငယ်တွေ ရုတ်တရက် လက်ခံဖို့ ခက်ခဲတဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ လောကကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ တန်ခိုး စွမ်းအား တစ်ခုဟာ လူတွေ ရဲ့ တရားမှု မတရားမှု အပေါ် ဘက်လိုက်မှု မရှိဘဲ အချိန် ကာလ တစ်ခု အောက်မှာ အရိပ်လို လိုက်လာပြီး ဆုပေး ဒဏ်ပေး စနစ်မျိုး နဲ့ စီရင် ပေးတတ်တဲ့ သဘော တရားကိုပါ။
ကျွန်တော် သိတဲ့ မိသားစု တစ်ခုရဲ့ သားကြီး ဖြစ်သူဟာ မိသားစု အားလုံး၊ အထူး သဖြင့် ဖခင်ကြီးက လုံးဝ သဘော မတူတဲ့ သူ့ကောင်မလေး ကိစ္စနဲ့ ပတ်သက်ပြီး ဖခင် ဖြစ်သူနဲ့ အခြေ အတင် စကား များရာက ဖခင် ဖြစ်သူကို မူးမူး နဲ့ လက်သီး နဲ့ ပိတ်ထိုး ခဲ့ပြီး သူ အလုပ်လုပ်တဲ့ စက်ရုံကို ထွက်သွား ပါတယ်။ တစ်နာရီ လောက်ပဲ ကြာပါတယ်။ လည် နေတဲ့ စက်ထဲ သူ့ညာဘက် အင်္ကျီလက်ရှည် အစဟာ စက်ထဲ ငြိပါ သွားတာ၊ သူ့လက်ကိုပါ ဆောင့်ဆွဲ သလို ဖြစ်ပြီး လက်မောင်းရင်း ကနေ သူ့လက် တစ်ခုလုံး ပြုတ်ပါ သွားတယ်။ ဒီနေ့ထိ သူ့ကို လက် တစ်ဖက်ပြတ်(ဒေးဗစ်ချန်း) ဆိုပြီး အများက ခေါ်ကြတာ တွေ့ရ ပါတယ်။

တခြား လူငယ် တစ်ယောက် ကျတော့ လစာနည်း သာမန် ဝန်ထမ်း လူငယ် တစ်ယောက်ပါ။ ငယ်စဉ် ကတည်းက စပြီး ခုချိန် အထိ ညအိပ်ရာ မဝင်ခင် မိဘ နှစ်ပါးကို ရိုရို သေသေ ဦးချ ကန်တော့ ပြီးမှ အိပ်ရာ ဝင်တတ်သူ၊ မိဘကို အလွန် ချစ်ခင် ယုယသူ၊ မိသားစု ကို တွယ်တာသူ ဖြစ်ပါတယ်။ ရွှေတစ်ကျပ်သား ငါးသောင်းပဲ ရှိချိန်၊ အောင်ဘာလေ ထီအမြင့်ဆုံး သိန်း ၃၀ဝ ပဲ ပေး ချိန်မှာ အမြင့်ဆုံး သိန်း ၃၀ဝ ဆု ဆွတ်ခူးပြီး အပိုဆု ကား နှစ်စီးပါ ရသွားတဲ့ လူငယ် ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေ ဟာ သာမန်အားဖြင့် လက်ခံဖို့ ခက်ခဲတဲ့ ပုံပြင် ဆန်ပေမဲ့ အမှန် တကယ် ဖြစ်ပွား ခဲ့တဲ့ သစ္စာတရား ဖြစ်နေလို့ တင်ပြ ရတာ ဖြစ်ပါတယ်။ ဒီဟာတွေကို သဘာဝ တရား ရဲ့စီရင်မှု မဟုတ်ဘူးလို့ ငြင်းရင် ရပါ့ မလား။
ရုပ်ဝတ္ထု အလွန်ကို တိုးတက်တဲ့ ဒီခေတ်မှာ Seeing is Believing လို့ လူငယ်တွေ ခံယူကြတာ ကို အပြစ် မဆိုသာ ပါဘူး။ ဒါပေမဲ့ မိမိတို့ ရယူ ပိုင်ဆိုင်မှု မရှိသေးပေမဲ့ တစ်ချိန်မှာ မုချ ဖြစ်လာ ရမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ မက်လာတဲ့ အိပ်မက်၊ ကြိုးပမ်းအားထုတ် မှုတွေဟာ အချိန်ကာလ တစ်ခုအောက် ရောက်တဲ့ အခါ တကယ်ပဲ ရယူ ပိုင်ဆိုင် လာတာ မျိုးကိုတော့ Believing is Seeing မဟုတ်ဘူးလို့ ပြောလို့ ရပါ့ မလား။ ကိုယ်တွေ့ ကြုံရမှ ယုံတာထက် ယုံကြည်မှု ကြောင့် မယုံကြည်နိုင် စရာ ဖြစ်ပွား လာရ တာဟာ လောကရဲ့ အလှ တရား တစ်ခုပါ။
ဂြိုဟ်ကမ္ဘာတွေအကြောင်း သိလာရတာ၊ လကမ္ဘာပေါ် ခြေချလာ နိုင်တာ၊ နက်ရှိုင်းလှတဲ့ သမုဒ္ဒရာ ကြမ်းပြင် အထိ ဆင်းသက် နိုင်လာကြ တာ၊ မိုးထိ မြင့်မားတဲ့ အဆောက်အဦကြီးတွေ ဆောက်လုပ် လာနိုင်ကြ တာဟာ မဖြစ်သေးခင် ကြိုတင် မက်ဆိုတဲ့ ယုံကြည်မှုကြောင့် ကြိုးပမ်းမှု ရဲ့ အသီးအပွင့်တွေ ဆိုတာ သိသာ ပါတယ်။ ဒီအရာ အားလုံးဟာ မေတ္တာတရား ဆိုတဲ့ တည်ဆောက်လိုမှု ကို လုံးဝ အခြေခံ ထားတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်မက်၊ ယုံကြည်ချက်၊ လုံ့လထုတ်မှု ကြေင့် ရလာတဲ့ အသီးအပွင့်တွေ ကို တခြားသူတွေ ကိုပါ မျှဝေ ခံစားခွင့် ရစေတဲ့ ပီတိဟာ အလွန် ချိုမြိန် ပါတယ်။ မေတ္တာ ရဲ့ သဘော ဖြစ်ပါတယ်။
ငယ်ဘဝ မှာ အရာရာ ချို့တဲ့ နွမ်းပါး ခဲ့တဲ့ လူရွယ် တစ်ယောက်ဟာ ယခု အသက် ၄၀ ဝန်းကျင်မှာ လုပ်ငန်းရှင် တစ်ယောက် အဖြစ် နဲ့ အောင်မြင် နေပါပြီ။ သူဟာ သူ့အလုပ်ရုံးခန်း၊ သူ့အိမ် နံရံတွေမှာ သူကိုယ်တိုင် မမေ့ မလျော့ အမြဲ လိုက်နာ နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ပုဒ် တစ်ခုကို အလွယ် တကူ မြင်နိုင်အောင် ထင်ရှားတဲ့ စာလုံးတွေနဲ့ ရေးပြီး ကပ်ထားတာ တွေ့ရပါတယ်။
Lack of Love, Lack of Money
ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။
မေတ္တာ တရား ချို့တဲ့ရင် ငွေကြေးချို့တဲ့ တယ် လို့ ဆိုလိုတာ ဖြစ်ပါ တယ်။ ပင်ကိုစိတ်ဆတ်ပြီး ဒေါသကြီး တတ်တဲ့ သူ့ငယ်ဘဝ ဟာ တိုက်ဆိုင်စွာပဲ ဘဝပါ ကြမ်းခဲ့ ပါတယ်တဲ့။ တစ်စစ ပြုပြင် ပြောင်းလဲ ယူပြီး မေတ္တာ တရား၊ သည်းခံ ခွင့်လွှတ် မှု၊ စိတ်ရှည်ခြင်းတွေ ကို တည်ဆောက် နိုင်ခဲ့ ပြီးမှ ဒီလို အောင်မြင်မှုတွေ သူ့ဆီ ရောက်လာခဲ့တာ ဖြစ်တယ် လို့ အခိုင်အမာ ဆိုပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းမှာ Constructive Mind ဆိုတဲ့ အပြုစိတ်နဲ့ Destructive Mind ဆိုတဲ့ အဖျက်စိတ် အနည်းနဲ့ အများ ရှိပါတယ်။

အပြုစိတ် များသူ၊ အဖျက်စိတ် များသူ အနေနဲ့တော့ ကွာခြားမှု ရှိပါတယ်။ Suicied Bomber တွေ ဟာ အဖျက်စိတ်ကြီးမားသူတွေလို့ ယူဆနိုင်ပါ တယ်။ သူတစ်ပါးကို ဖျက်ဆီးဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် ပျက်စီး ခဲ့ရသူတွေပေါ့။ အပြုစိတ်တွေ ဟာ မေတ္တာတရား ကို အခြေခံ ပါတယ်။ ဒါကြောင့် အောင်မြင်မှု အမှန်တကယ် ပိုင်ဆိုင်ချင်သူဟာ အပြုစိတ်ဖြစ်တဲ့ မေတ္တာတရား ကို အရင်ဦးဆုံး မဖြစ် မနေ တည်ဆောက် ယူဖို့ လိုအပ် ပါတယ်။ မေတ္တာတရား ဟာ အလိုလို ဘာသာ တရားပေါ် အခြေခံပြီး တည်ဆောက် ရတာ ဖြစ်လို့ ဒီအရာတွေ ဟာ လူတွေကို အောင်မြင် စေတဲ့ လမ်းကြောင်းပေါ် တွန်းပို့ ပေးနိုင်တဲ့ မောင်းနှင် အားအဖြစ် ခံယူ ရမှာ ဖြစ်ပါတယ်။
ဘယ်နယ်ပယ် မှာပဲ ဖြစ်ဖြစ် အောင်မြင်အောင် အရင် အားထုတ် ရပါမယ်။ အောင်မြင်မှု ရရှိတာနဲ့ အမျှ ငွေကြေးဟာ နောက်ကကပ်ပြီး ပါလာမှာ ဖြစ်ပါတယ်။ တချို့က အောင်မြင်မှုနဲ့ ငွေကြေး ဆက်စပ်မှု မရှိဘူး။ ငွေ တစ်ခုတည်း ကိုပဲ ဇောင်းပေး တာဟာ အောင်မြင်မှုကို တန်ဖိုးကျ စေတယ် ဆိုတဲ့ အယူ အဆမျိုး ရှိပါတယ်။ ဒါဟာ သဘော တရား သက်သက် ဖြစ်တယ်လို့ ထင်ပါတယ်။ လက်တွေ့ ဘဝမှာ လူတွေ ရဲ့ အတွင်းစိတ် ထဲက မှန်ကန်တဲ့ ဖြစ်တည်မှု နဲ့ ကိုက်ညီမှု သိပ်မရှိလှ ပါဘူး။
ဂီတ၊ ရုပ်ရှင်၊ သဘင်၊ စာပေ၊ အားကစား၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် တိုင်းမှာ အရင် ဦးဆုံး အောင်မြင်အောင် ကြိုးစား ကြရမှာပါ။ အောင်မြင်ပြီ ဆိုတာနဲ့ လုံလောက် ထိုက်တန်တဲ့ ဓန ငွေကြေးတွေ ဟာ အောင်မြင်သူ ထံ မလွဲမသွေ ရောက်လာ ရတာ ဖြစ်ပါတယ်။ ငွေမရှိဘဲ ကျွန်ုပ်တို့ ဘာမှ ရှေ့ဆက်လို့ မရပါဘူး။ အောင်မြင်အောင် အရင် မလုပ်နိုင်ဘဲ နဲ့ လည်း ငွေရအောင် ဘယ်လိုမှ လုပ်လို့ မရပါဘူး။ မိသားစု အရေး၊ လူမှုရေး၊ အများအကျိုး သယ်ပိုး ကူညီ နိုင်ဖို့ တကယ်ပဲ ငွေဟာ လိုအပ်တဲ့ ပစ္စည်း တစ်ခုပါ။ ငွေနောက်ချည်း ပဲ လိုက်နိုင်ဖို့ ဆိုရင် ဦးဆုံး အောင်မြင်မှု တစ်ခုရအောင် လုပ်ကို လုပ်ကြရပါမယ်။ ဒါမှလည်း ငွေက လိုက်လာ မှာကိုး။
ရရှိလာတဲ့ ငွေကြေးတွေကို ကောင်းစွာ စီမံ ခန့်ခွဲ သုံးစွဲ တတ်ဖို့၊ ရရှိထားတဲ့ ငွေပေါ် အခြေခံပြီး သူများ တကာကို အဆိပ် မဖြစ်စေဖို့၊ မိမိ ခံစား ရတဲ့ အသီးအပွင့်တွေ ကို အမှန် တကယ် လိုအပ် နေသူ တွေကိုလည်း မျှဝေ ခံစား စေနိုင်ရင် ငွေဟာ လူတွေ အတွက် မရှိ မဖြစ် လိုအပ်တဲ့ မိတ်ဆွေကောင်း လို့ ခံယူ နိုင်ပါတယ်။
ဒါဆိုရင် အောင်မြင်အောင် ဘယ်လို လုပ်ဆောင် နိုင်ကြမလဲ။ ဒေါသနဲ့ အမုန်းတရား၊ အတ္တ နဲ့ မာန်မာန တွေဟာ အဆိပ်ပြင်း တဲ့ မြွေဆိုးနဲ့ တူပါတယ်။ လူ အများ ရဲ့ ရွံရှာ မုန်းတီးမှု၊ ရှောင်ရှားမှုတွေ ကို ဖြစ်စေတဲ့ အရာတွေပါ။ အောင်မြင်လိုသူ ဟာ လူတွေ နဲ့ နီးကပ်စွာ ပေါင်းသင်း ဆက်ဆံ နိုင်ဖို့ အထူး လိုအပ် ပါတယ်။ ဘယ်လောက် တော်တဲ့ ချွန်တဲ့သူ ဖြစ်နေပါ စေ၊ ဒေါသကြီးပြီး မာန်မာန ထောင်လွှားသူ၊ အတ္တ ကြီးသူ ဆိုရင် လူတွေက မဆက်ဆံချင် ပါဘူး။ သူ့ နေရာမှာ flexiable ပိုဖြစ်ပြီး မာန်မာနကင်း၊ မေတ္တာ တရား လက်ကိုင် ထားတဲ့ ထူးချွန်သူ တစ်ယောက်ကို အစားထိုး ကြမှာ ဖြစ်ပါတယ်။ အတ္တမာနကြီးသူ ကို ကိုယ့်အနား ဘယ်သူ ခေါ်ထားချင် ပါ့မလဲ။
ဒါကြောင့် တချို့လူတော်တွေ ဟာ အောင်မြင်သင့် သလောက် မအောင်မြင် ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တော်တဲ့သူ အများစုဟာ ဂုဏ်ရည်မြင့်သူတွေ ဖြစ်လို့ မိမိ ရဲ့အတ္တ မာနကို ချုပ်တည်းထား နိုင်ပြီး မြင့်မားတဲ့ဘဝကို ရည်မှန်းချက်ကြီးကြီး နဲ့ တက်လှမ်းသွား တတ်ကြပါတယ်။ တော်သူချင်း တူရင် မေတ္တာတရားပိုပြည့်ဝတဲ့သူဟာ ပိုပြီး မြင့်မား သွားမှာ သေချာပါတယ်။ မေတ္တာတရား ဟာ အလွန် အားကောင်းတဲ့ သံလိုက်တုံးကြီးနဲ့ တူပါတယ်။ အဝေးက သံတိုသံစ တွေကိုတောင် ဆွဲယူ စုစည်းနိုင် သလို မျိုးပေါ့။
အလွန်ကို ထင်ရှား ကျော်ကြား ခဲ့သူ၊ ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ သာမညတောင် ဆရာတော်ဟာ ဝေးလံတဲ့ တောင်ပေါ် တက်ပြီး ဧကစာရီ တရား ကျင့်ကြံ အားထုတ်ကာ သတ္တဝါ အများကို အမြဲ ဖြန့်ကျက် ပွားများသူ ဖြစ်ပါတယ်။ အရပ်လေး မျက်နှာက လူပေါင်းများစွာ ဟာ ဆရာတော် လိုအပ် မယ်လို့ ယူဆ တဲ့ ဝတ္ထု ပစ္စည်းတွေ၊ အလှူစာတွေ များစွာ ကို မိမိတို့ ဆန္ဒ နဲ့ ဆရာတော်ဆီ အရောက် ယူဆောင် လှူဒါန်း ပံ့ပိုး ပေးခဲ့ ကြတယ်။ ဒါဟာ အလွန် အစွမ်း ထက်တဲ့ မေတ္တာရဲ့ စွမ်းအားကြောင့် ပါပဲ။
ကမ္ဘာကျော် ကက်သလစ် မယ်သီလရှင် မာသာထရီ ဇာဟာ ဆင်းရဲ ချို့တဲ့ မိဘမဲ့သူတွေ ကို သူမရဲ့ ကြီးမားတဲ့ မေတ္တာနဲ့ ကယ်တင်ဖို့ မဖြစ်မနေ ကြိုးပမ်း အားထုတ်တဲ့ အခါ တစ်ကမ္ဘာလုံး က စေတနာရှင်တွေ ဟာ မနေသာတော့ ဘဲ လိုအပ် သမျှ ငွေကြေး၊ စားစရာ၊ ဝတ်စရာ မျိုးစုံကို အဆက် မပြတ် ပေးပို့ ကူညီ လာကြ ရတယ်။ အများ အကျိုး ဆောင်တဲ့ နေရာမှာ ပြန်ပြီး ရယူ လိုမှု ကင်းလေ သဘာဝ တရားကြီး က အဲဒီ အတ္တကင်း တဲ့ ပုဂ္ဂိုလ်မျိုး ကိုမှ ရွေးချယ် အသိ အမှတ် ပြုလာ တတ်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး အတွက် အောင်မြင်မှု တံခါးကို လည်း သီးသန့် ဖွင့်လှစ်ပေး လာတတ် ပါတယ်။

အောင်မြင်မှု ကို မိမိ ဘာသာ လုပ်ယူလို့ မရ ပါဘူး။ လုပ်ယူလို့ ရရင် ဒီကမ္ဘာပေါ် မှာ ကျဆုံး နေသူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်တာ သေချာပါ တယ်။ ဒါကြောင့်လည်း လက်တွေ့ ဘဝမှာ အောင်မြင်မှု အပြည့်အဝ ရနေသူ နည်းပါး နေတာ ဖြစ်ပါတယ်။ ဒေါသ၊ အတ္တ၊ မာန်မာနတွေ ဟာ ကြမ်းကြုတ် ရက်စက်မှု ဆန်လို့ အမြန်ဆုံး ပြိုလဲ ပျက်စီးသွား စေနိုင်တဲ့ နတ်ဆိုးတွေ လို့ ယူဆ နိုင်ပါတယ်။ ကမ္ဘာ့ရုပ်ရှင် ပရိသတ်များ ရဲ့ အသည်းစွဲ ကွန်ဖူး သူရဲကောင်း ဘရုစ္စလီ ဟာ ဇာတ်လမ်း အရ သရုပ်ဆောင်ရတာ ဖြစ်ပေမဲ့ ပြိုင်ဘက်ကို တိုက် ခိုက်ရာမှာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ပုံစံနဲ့ တင်ပြတတ်သူ ဖြစ်ပါ တယ်။ အလွန်တော်ပေမဲ့ သက်ဆိုးမရှည်ခဲ့ပါဘူး။ လောကကြီးက ခွင့်မပြုတဲ့သဘော သက်ရောက်ပါတယ်။
သူ့လိုပဲ ကမ္ဘာကျော် ကွန်ဖူး ဘုရင်တွေ ဖြစ်ကြတဲ့ ဂျက်ကီချန်း နဲ့ ဂျက်လီ ကျတော့ အသတ် အပုတ် ပညာကို ရယ်မော ပျော်ရွှင်စရာ အဖြစ် နဲ့ပါ တွဲဖက် တင်ဆက်လေ့ ရှိကြ ပါတယ်။ ဒီနေ့ အထိ သက်ရှည် ကျန်းမာ အောင်မြင် နေဆဲ ဆိုတာ သတိပြု ဆင်ခြင် စရာပါ။ မြန်မာ နိုင်ငံ မှာလည်း ခေတ်ပေါ် ဂီတ နယ်ပယ်မှာ နှစ်ပေါင်း များစွာ အလွန် အောင်မြင်စွာ ရပ်တည်နိုင် ကြတဲ့ ကြယ်ပွင့်တွေ ထဲက နှစ်ယောက် ကို လူငယ်တွေ သတိမူ အတုယူ နိုင်ဖို့ သူတို့ ရဲ့ စိတ်ထား လုပ်ဆောင်မှု ကို တင်ပြ လိုပါတယ်။ ကိုဇော်ဝင်းထွဋ် နဲ့ ကိုလေးဖြူတို့ ပါ။
ကိုဇော်ဝင်းထွဋ်ဟာ ရွက်ပုန်းသီး လူငယ်တွေ ဖြစ်တဲ့ ရင်ဂို၊ ရဲသွင်၊ စည်သူလွင် တို့ကို ပြိုင်ဘက် ဖြစ်လာမယ့် သူတွေလို့ သဘော မထားဘဲ ကိုယ်တိုင် စင်ပေါ် လက်တွဲ ခေါ်တင် အောင်မြင်စေသူပါ။ ရဲသွင် ဆိုရင် ဇော်ဝင်းထွဋ် နဲ့ အသံချင်း တူပါတယ်။ ဒါတောင် ရဲသွင်ရဲ့ ပထမဆုံး စီးရီး ဖြစ်တဲ့ နှင်းဆီလှိုင်း ကို ပရိသတ် နားထောင် ပေးကြပါ၊ ကောင်းတယ်လို့ မှတ်ချက်ပေး ခဲ့ကြ တာကြောင့် တစ်နိုင်ငံလုံး ရဲသွင်ကို ချက်ချင်း လက်ခံ အောင်မြင်မှု ရခဲ့တယ်။ အဆိုတော် အားလုံး အောင်မြင် ကျော်ကြား သွားကြ ပေမဲ့ ဇော်ဝင်းထွဋ် ကို သူ့ဂီတ ညီငယ်တွေ မကျော်လွှား နိုင်ကြ ပါဘူး။ ဒီနေ့ထိ ဇော်ဝင်းထွဋ် ဟာ သူ့နယ်ပယ် မှာ Emperor တစ်ပါး ဖြစ်ဆဲပါ။
ကိုလေးဖြူ လည်း ဒီအတိုင်းပဲ။ သူ့ညီ အရင်း အငဲကို ဂီတ လောက ထဲ ဆွဲခေါ် ခဲ့တယ်။ ဆွေမျိုး မတော်တဲ့ မျိုးကြီး၊ ဖြူဖြူကျော်သိန်း တို့ကို သူတို့ရဲ့ အရည်အသွေးရှိမှု ကို အသိအမှတ် ပြုပြီး မြေတောင်မြှောက် စင်ပေါ် ရောက်စေ ခဲ့တယ်။ အလွန် အောင်မြင် ကျော်ကြား ကုန်ကြတယ်။ ဒါပေမဲ့ လေးဖြူဟာ ပရိသတ်တွေ ရဲ့ အသည်းစွဲ ဘဝမှာ ပြိုင်ဘက်ကင်း စွာ ရပ်တည် နေဆဲ ဆိုတာ သူတို့ရဲ့ အပြု သဘောဆောင် တဲ့ စိတ်ဓာတ် နဲ့ လုပ်ဆောင်မှုကြောင့် သဘာဝတရား က သူတို့ကို ဆက်လက် အောင်မြင် ခွင့် ပေးထားတာ ဖြစ်ပါတယ်။
တချို့လူတွေဟာ ပြိုင်ဘက် လို့ ယူဆတာ နဲ့ ပိတ်ဆို့၊ ဟန့်တား၊ ပညာပြ၊ တွန်းထုတ်ဖို့ ချည်း အလုပ် တစ်ခုလို သဘောထား အားထုတ် တတ်သူတွေ ရှိပါတယ်။ ဒီဂီတကြယ်ပွင့် နှစ်ပွင့် ကတော့ ဒီအယူအဆ ကို ငြင်းပယ်ပြီး မေတ္တာတရား နဲ့ တစ်ဖက်သားကို လည်း အောင်မြင် စေလိုတဲ့ စိတ်ဓာတ် အရင်းခံ ရှိသူတွေ ဖြစ်လို့ ဒီစိတ်ဓာတ်ကို လူငယ်တွေ အတုယူပြီး လိုက်နာရင် အကျိုးရှိ ဖို့ပဲ များပါတယ်။
သူတစ်ပါး ရဲ့ ကောင်းတဲ့ အရည်အချင်းကို အသိအမှတ် မပြုတဲ့ အပြင် ဟန့်တား၊ ပိတ်ဆို့၊ ပညာပြတတ်သူဟာ တစ်ချိန်ချိန်၊ တစ်နေရာ ရာမှာ ကိုယ်တိုင်လည်း ပိတ်ပင် ဟန့်တား ပညာ ပြတာ ပြန်ခံ ရမှာတော့ အလွန် သေချာတဲ့ ကိစ္စပါ။ ဒီထက်ပိုပြီး သဘာဝတရားကြီးရဲ့ ငြိုငြင်မှု ကို ရရှိ ထားသူ ဖြစ်သွားလို့ အောင်မြင်နိုင်မယ့် အရာတွေ ဟာ ကိုယ် နဲ့ ဝေး သထက် ဝေးသွား တော့မှာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ သူဟာ မိမိ အားနည်းချက်ကို အမြန်ဆုံး ပြုပြင်တယ်။
မအောင်မြင်တဲ့ သူကျတော့ အားနည်းချက်မှန်း သိလျက်နဲ့ ဆက်လက် ဆုပ်ကိုင် ထားတယ် ဆိုတဲ့ စကားကို အမြဲ သတိ နဲ့ လိုက်နာသင့် တယ်လို့ အကြံပြု ချင်ပါတယ်။ ဒေါသကြီးသူ ဆိုရင် ဒေါသ၊ အတ္တကြီးသူ၊ သူ တစ်ပါး ကို မနာလို မရှုစိမ့် ဖြစ်တတ်သူ စသည် တို့ဟာ မိမိ ကိုယ်တိုင် ဖြစ်နေမယ် ဆိုရင် အမြန်ဆုံး ပြုပြင် ကြရမှာ ဖြစ်ပါတယ်။ လောကကြီး ရဲ့ မျက်နှာသာ ပေးမှု မခံရဘဲ အမုန်းခံ ရသူတွေ ဟာ ဒီလောက မြေပြင် ပေါ်မှာ တစ်နည်းနည်း နဲ့ ကျဆုံး သွားဖို့ အလွန် လွယ်ကူ လွန်းလို့ပါ။ လောကအိမ်မှာနေကြရတဲ့လူသားတွေဟာ အိမ်ရှင် ဖြစ်တဲ့ လောကကြီးရဲ့ ချစ်ခင် စောင့်ရှောက်မှု ကို မရှိမဖြစ် လိုအပ် ပါတယ်။ လောကကြီး က မေတ္တာတရား နဲ့ မှန်ကန်သူဘက် ကိုသာ ရပ်တည် ပေးတတ် လို့ပါ။
Pride Goes Before Afall ဆိုတဲ့ စကား ဟာ အတိအကျ မှန်ကန် ပါတယ်။ မာန ဦးချို မြောက် လာရင် လောကကြီး က ဦးအောင် ချိုးပစ်လေ့ ရှိပါ တယ်။ မေတ္တာ ထားတာ၊ သည်းခံ ခွင့်လွှတ်တာ၊ အလျှော့ပေး လိုက်လျောတာတွေ ဟာ အရှုံး ပေးတာ၊ ပျော့ညံ့တာ မဟုတ်ဘဲ ရင့်ကျက်တာ၊ မိမိ နဲ့ ပတ်ဝန်း ကျင်ကို တည်ဆောက် ခြင်းသာ ဖြစ်ပြီး လောကကြီး ရဲ့ သဘောကျမှု ကို ရရှိ သွားသူ ဖြစ်ပါတယ်။
လူငယ် ဆိုတာ စိတ်မြန်တယ်၊ မဟုတ် မခံလို ခံယူတတ် ကြပါတယ်။ ဒါပေမဲ့ ဒေါသထွက် နေချိန် မှာ ဘာကိုမှ ကိုယ်ထိ လက်ရောက် ပြန်မလုပ် မိဖို့ အထူး ထိန်းချုပ် ကြရပါမယ်။ ဒေါသဟာ လူတိုင်းမှာ ရှိပါတယ်။ တဒင်္ဂ ဖြစ်ပေါ် လာတဲ့ ဒေါသကြောင့် ကျူးလွန်လိုက် မိတဲ့ အမှား တစ်ခုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ဟာ ဘယ်လိုမှ မကောင်းနိုင်ပါ ဘူး။ ရက်ပေါင်း များစွာ၊ လပေါင်း များစွာ နစ်နာ ဆုံးရှုံးမှု၊ နာကျင် ခါးသီးမှု၊ နောင်တတွေ ကိုပဲ ရရှိ ခံစား စေမှာ ဖြစ်ပါတယ်။
သည်းခံ ချုပ်တည်းပြီး မေတ္တာ နဲ့ ခွင့်လွှတ် တတ်သူတွေဟာ မိမိတို့ ပြန်မရ နိုင်တော့ဘူးလို့ ထင်ထားတဲ့ အောင်မြင်မှုတွေကို တောင် ဆုလဒ် အဖြစ် ချိုမြိန်စွာ ပြန်ပြီး ရရှိ ခံစားရ တတ်ပါတယ်။ အတ္တ ကင်းပြီး အများ အကျိုးကို လိုလား ကူညီ ချင်တဲ့ မေတ္တာ စေတနာ အရင်းခံ ရှိသူ ကိုသာ သဘာဝ တရားကြီးက လက်ဆောင် တစ်ခု အရောက် ပို့ပေး တတ်သတဲ့။ အဲဒီ လက်ဆောင်က ကံကောင်းခြင်း လက်ဆောင် ဖြစ်တယ်လို ဆိုပါတယ်။
မေတ္တာ တရားနဲ့ ကံကောင်းခြင်း ဟာ ဒင်္ဂါး တစ်ပြားလို ခွဲခြား ထားလို့ မရတဲ့ အရာပါ။ အကောင်းဆုံးဆု လဒ်ရသွားသူဟာ အကောင်း ဆုံး ကြိုးပမ်း လုပ်ဆောင် ထားသူပဲ ဖြစ်မှာပါ။ အနာဂတ်ရှိ နေသေးတဲ့ လူငယ်တွေ ဘဝမှာ တောက်ပ လင်းလက်တဲ့ အောင်မြင်မှု ကို အမှန် တကယ် ပိုင်ဆိုင် ရယူချင်တယ် ဆိုရင်...။ အရင်ဦးဆုံး လောက ဓမ္မနဲ့ ဆန့်ကျင်တဲ့ အတ္တ ဝတ်ရုံကို ချွတ်ပစ် နိုင်ရ ပါမယ်။ ငါ တစ်ယောက် တည်း အောင်မြင်မှု ကို ခံစားရမယ် ဆိုတဲ့ သေးသိမ် ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်ကို ရှင်းထုတ်ပစ် ရပါ မယ်။ ဒါဆိုရင် အလင်းရောင် စပါပြီ။ နောက်ဆက်တွဲ အနေနဲ့ မေတ္တာ၊ စေတနာကို တည်ဆောက် ကြပါ။ အောင်မြင်မှု ဆိုတဲ့ ချိုမြိန်တဲ့ အသီး အပွင့် မှန်သမျှ ဟာ စေတနာ ဝေဖြာပြီး အေးမြတဲ့ မေတ္တာ မြေပေါ်မှာသာ သီးပွင့်ဝေဆာ ရတာ ဖြစ်လို့...။
မေတ္တာ တရား များပြားလေ အောင်မြင်မှု အခွင့်အလမ်း များပြားလေ.................
မေတ္တာတရား ခေါင်းပါးလေ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါး ချို့တဲ့လေ.................
Lack of Love , Lack of Money
အမ်ဒိန်းဂျာ
(အောင်သပြေ)

[Read More...]


ကရင်ပြည်နယ်နေ့ အကြောင်းတစေ့တစောင်း




(၁၁- ၇- ၂၀၀၉)ခုနှစ်တွင် ကျရောက်သော ကရင်ပြည်နယ်နေ့မှာ (၅၄)ကြိမ်တိုင်ခဲ့ပြီ။ ကရင်ပြည်နယ်နေ့ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပကြသည်။အခုဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ကရင်ပြည်နယ်နေ့ကို ကျင်းပပြီးစီးခဲ့ပြီ။ ကျင်းပတဲ့နေရာကတော့ ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်သော ဘာအံမြို့၊ မြို့တော်ခန်းမမှာ စီကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းရှိ မြို့နယ်၊ရွာ အသီးသီးမှ လာရောက် ပါဝင်ဆင်နွဲကြပါတယ်။


ကရင်ပြည်နယ်နေ့မှာ အဓိက စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ကရင်လူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ ဒုံးအကကို ကပြဆင်နွဲခြင်းပဲ ဖြစ်ပါတယ်။ ရွာအသီးသီးမှ ဒုံးအဖွဲ့များကို ပြိုင်ပွဲအနေနဲ့ ပါဝင် ကပြ ရပါတယ်။ ကရင်ပြည်နယ်နေ့ကို နိုဝင်ဘာ မတိုင်ခင် တစ်ရက်နှစ်ရက် အလိုမှာ ကြိုပြီး ကျင်းပလေ့ရှိပါတယ်။ ၄-ရက် ၅-ရက်လောက် ကြာတတ်ပါတယ်။ ဒါကြောင့် ဒုံးအဖွဲ့တွေကို ပြိုင်ပွဲအတိုင်ခင်မှာ တစ်လ ကျော်ကျော်လောက် ကြိုလေ့ကျင့်ရပါတယ်။ ပြည်နယ်နေ့ ဒုံးပြိုင်ပွဲကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု စသည်ဖြင့် ဆုများကိုလည်း ပေးအပ်ချီမြင့်လေ့ရှိပါတယ်။ ပြိုင်ပွဲဆုရ အသင်းတွေကို ပြည်နယ်နေ့ရဲ့နောက်ဆုံးရက် ညသန်းခေါင်ယံမှာ တခါတည်း ကြေငြာ၊ ပေးအပ်ချီးမြင့်ပါတယ်။ ကရင်ပြည်နယ်နေ့ကို ရာသီအရ ဆောင်းတွင်းဖြစ်တဲ့အတွက် အေးချမ်းကရင်ပြည်နယ်အရှေ့ဘက်ခြမ်းတစ်ခွင်လုံး ပျော်ပျော်ရွှင်ရွှင် လာရောက်အားပေး ဆင်နွဲကြပါတယ်။ နောက်ပြီး ပွဲတော်ရက်အတွင်းမှာ ပူးတွဲပြီးတော့ ဈေးပွဲတော်၊ ဇာတ်ပွဲ၊ မျက်လှည့်ပွဲစတဲ့ ဖျော်ဖြေရေး ပျော်ပွဲရွှင်ပွဲများလည်း စီကားစွာ တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့် အခုဆိုရင် (၅၄) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ( ၁၁) ရက်နေ့က ကျင်းပပြီးစီးသွားရာ ကရင်တို့ရဲ့ ရိုးရာဒုံးအက ပြိုင်ပွဲကို မြ၀တီမြို့နယ် ဒုံးအသင်းက ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကိုယ်စားပြု ဒုံးအသင်းက ဒုတိယဆုနဲ့ လှိုင်းဘွဲ့မြို့နယ်ကိုယ်စားပြု ဒုံးအသင်းက တတိယဆုတို့ အသီးသီး ဆွတ်ခူးရရှိသွားကြကြောင်းသိရပါတယ်…။ စတုတ္ထနေရာကတော့ ဘားအံမြို့နယ် ကိုယ်စားပြု ပေါ့ထော်ကျေးရွာ ဒုံးအသင်း ရသွားပါတယ်..။ဒီကရင်ပြည်နယ်နေ့ဟာ နေ့ထူးနေ့မြတ်အဖြစ် မသတ်မှတ်နိုင်ပေမယ့် ကရင်တို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို အားလုံးမဟုတ်သည့်တိုင် တစိတ်တဒေသအားဖြင့်တော့ ဆင်နွဲခွင့်ရတာ အမှန်ပါ။ဒါကြာင့် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းတခွင်မှာ
နှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ်နေ့ကို ကျင်းပလေ့ရှိပါတယ်။ဘာပဲဖြစ်ဖြစ် ကရင်ပြည်နယ်နေ့ကို ကျင်းပပြီးစီးခဲ့ပြီ။
ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံကို အလျဉ်းသင့်သလို တင်ပြသွားပါမည်..။ သမိုင်းဆိုတာ သိထားသင့်တယ် မဟုတ်ပါလား..။



[Read More...]


ပြည်ပ ခရီးသွား ဧည်သည်များ ကြိုက်နှစ်သက်သောနေရာများ





ပြည်ပခရီးသွားဧည့်သည်များ သည် မော်လမြိုင်-ဘားအံသို့ သွား ရောက်လည်ပတ်ရာတွင် Boat trip ဖြင့် သွားရောက် လည်ပတ်မှုကိုပိုပြီး နှစ်သက်ကြောင်း အိတ်မိုတစ်ဇီမို ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူတစ် ဦးက မြန်မာပို့စ်သို့ပြောသည်။

“အခု ကမ္ဘာလှည့် ခရီးသွားဧည့် သည်တွေက မော်လမြိုင်ကနေ ဘားအံကိုသွားလည်တဲ့အခါမှာ ကား လမ်းနဲ့သွားလို့ရပေမယ့် သြအေ-အမငစ နဲ့စီးပြီးသွားရတာကို ပိုပြီးနှစ်သက် တယ်။ဒီလို boat trip နဲ့သွားလည် တဲ့အခါ သံဖြူဇရပ်ဒေသရဲ့ရှုခင်းတွေ ဘားအံ ဒေသရှုခင်းတွေကို စုံစုံလင် လင် ကြည့်သွား နိုင်တဲ့အတွက် နိုင်ငံ ခြားသားတွေက ဒီဒေသရဲ့သာယာ လှပမှုကို အသေအချာခံစားရတယ် လို့ သူတို့ကပြောကြတယ်”ဟု ရှင်း ပြသည်။

အဆိုပါခရီးစဉ်ကို တနင်္လာနေ့ နှင့် သောကြာနေ့များတွင် စီစဉ်ထား ရှိပြီး ဥပုသ်နေ့များတွင် မရှိကြောင်း သိရသည်။ နိုင်ငံခြားသားဧည့်သည် တစ်ဦးလျှင် သင်္ဘောစီးခ နှစ်ဒေါ် လာသတ်မှတ်ထားကြောင်း သိရ သည်။

“ဘားအံကနေ မနက် ၆နာရီ သင်္ဘောစထွက်ရင် မော်လမြိုင်ကို ၁၀နာရီခွဲဆိုရင်ရောက်ပြီ။ မော်လ မြိုင်ကနေ နေ့လယ် ၁၂နာရီပြန် ထွက်ရင် ညနေ ၄နာရီ၊ ၅နာရီဆိုရင် ဘားအံကိုပြန်ရောက်ပြီးဘားအံဘက် ကပဲလာလာ၊ မော်လမြိုင်ဘက်က ပဲသွားသွား အဆင်ပြေတဲ့အတွက် နိုင်ငံခြားသားတွေက ပိုပြီးနှစ်သက် သဘောကျတာကို တွေ့ရတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကထပ်လောင်းပြော ကြားသည်။
ယဉ်ယဉ်လှ
the Myanmar post မှ တဆင့်ယူတင်ထားသည်

[Read More...]


ကရင်၏ မူလဇာစ်မြစ် (၃)




ကရင်လူမျိုး၏ မူလဇာစ်မြစ် (၃)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womanမြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)

ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။

ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။

မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။

ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။

ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။

မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။

ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

စောကျော်ခရော့စ် ဘလော့မှ တဆင့်ယူတင်ထားသည်
[Read More...]


ဇွဲကပင် တောင်ခြေ တွင် ဟိုတယ် ဇွဲကပင် မကြာမှီ ဖွင့်လှစ်မည်



ဘားအံရှိ ဇွဲကပင် တောင်ခြေတွင် ဟိုတယ် ဇွဲက ပင်အား မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် ထားကြောင်း မော်လမြိုင် ဟိုတယ်ဇုန်အသင်းမှ ငွေမိုး ဟိုတယ်ပိုင်ရှင်ဦးကျော်က မြန်မာပို့စ်သို့ ပြောကြားသည်။

အဆိုပါဟိုတယ်ဇွဲကပင်အား ဘားအံမြို့အ၀င် ဇွဲကပင်တောင်ခြေတွင် တည်ဆောက်ထားကြောင်း သိရသည်။

“ဟိုတယ် ဒီဇိုင်းပုံစံကို နိုင်ငံခြားပြန် ဗိသုကာ နဲ့အပ်ပြီး ဒီဇိုင်းဆွဲပြီးဆောက်ထားတာပါ။ ဘားအံ ကပြည်နယ်ရုံးစိုက်မြို့တစ်မြို့ဖြစ်တဲ့အပြင်ရန်ကုန်က မြ၀တီကိုသွားရောက်တဲ့ ပြည်တွင်းခရီးသွားတွေ၊ မြ၀တီက ရန်ကုန်ကို လာကြတဲ့ဧည့်သည်တွေနား ခိုရာမြို့လည်းဖြစ်တယ်။ဒီဘားအံမှာ ဟိုတယ်ကောင်း ကောင်းမရှိဘူးလေ။ဒါကြောင့်ဟိုတယ်ကို အကောင်း ဆုံးတည်ဆောက်ထားတယ်”ဟုအဆိုပါဟိုတယ် အားအနီးကပ်ကြီးကြပ်ကွပ်ကဲသူ ဦးချန်စိန်က ပြော သည်။

ထို့ပြင်ဆက်လက်၍ “ဧည့်သည်လာတည်းရင် အဆင်ပြေအောင် လုပ်ထားပေးတယ်။ဟိုတယ်ကို ရှုခင်းကောင်းကောင်းနေရာမှာ ဆောက်ထားတယ်။ ဧည့်သည်တွေကားနဲ့လာရင်လည်း အဆင်ပြေ အောင်ကားပါကင်ကို သေသေချာချာလုပ်ထားပေး တယ်။အကျယ်လေးဧကကျော်မှာ တည်ဆောက် ထားတယ်။ ဒီဒေသကပြည်တွင်းခရီးသွားတွေအ သွားအလာများကြတယ်။ဟိုတယ်ကို ရဲတိုက်လိုပုံစံ မျိုးတည်ဆောက်ထားတယ်။ အခုဆိုရင် တည် ဆောက်တဲ့အပိုင်းလည်းပြီးသွားပြီ။ ပရိဘောဂ ထည့် တဲ့အပိုင်းရောက်နေပြီ”ဟု အဆိုပါပုဂ္ဂိုလ်က ပြော ကြားသည်။

ယဉ်ယဉ်လှ
the Myanmar postမှ တဆင့်ကူးယူတင်ထားသည်

[Read More...]


ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂) ကရင့်ရေးရာ, သမိုင်း, ဆောင်းပါး




ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-manကမ္ဘာ့လူမျိုးနွယ်များ

ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။

နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။

ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။

ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။

မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်

အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။

သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)

လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။

ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။

ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။

အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။

ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။

ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။

ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။

ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။

အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။

စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။

ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။

လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)

အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။

ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။

မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )

သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။

အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။

ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။

ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။

သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။ စောကျော်ခရော့စ် ဘလော့ကာမှ တဆင့်ကူးယူထင်ထားသည်
[Read More...]


မြန်မာသာမက ကမ္ဘာကသိလာနိုင်မည့် ထမ့်စမ်းလိုဏ်ဂူ



[Read More...]


ုkarens and karen state




နိုဝင်ဘာလ ရ ရက် ကျရောက်တော့မည့် (၅၄) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် လှိုက်လှဲစွာ ကြိုဆိုပါ၏
ဖေါ်ပြခဲ့သော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်သည့်အတွက် ပြန်လည်ရွေးချယ်ဖေါ်ပြခြင်းဖြစ်သည်။

Karens and karen state

It would not be difficult to understand the real nature of the Karen and Burman. They are in fact different and distinct genuses and it is a dream that Karen and Burman can ever evolve a common nationality, and this misconception of one homogeneous Burmese Nation has gone far beyond the limits and is the cause of most of the troubles and will lead Burma to destruction if we fail to revise our notions in time. Originally, Karen and Burman belong to two different racial origins (Mongolian, and Tibeto-Burma), religions, philosophies (Animism and Buddhism), social customs and literature. They belong to two different civilizations which are based mainly on conflicting ideas and conceptions. Their aspect on life and of life are different.

It is quite clear that the Karen and Burman derive their inspiration from difference sources of history. They have different epics, (e.g. pastoral Phumawtaw-Htawmepah and Burmanised Rama King), different heroes and different episodes. To yoke together two such nations under a single State, one in numerical minority and other as a majority, must lead to growing discontent and final destruction of any fabric that may be built up for the Government of such a State. It would be no wisdom to proceed to build for Burma a constitution on the assumption that these differences did not exist. Karens, a nation not a minority Karens came to Burma as first settlers and spread throughout the length and breadth of the “Golden Chersonese” – the Indonesian peninsulas between the Bay of Bengal and the South China Sea, and right down to Borneo today the millions of Karen in both Burma and Siam represent the largest compact body of Karen population in any single part of the world. It has always been taken for granted mistakenly that the Karens are a minority and of course we have got used to it for such a long time that these settled notions sometimes are very difficult to remove, Karens are a nation according to any definition of a nation. We (the Karens) are a nation with our own distinctive culture and civilization, language, literature, names and nomenclature, sense of value and proportion, customary laws and moral codes, aptitudes and ambitions; in short we have our own distinctive outlook on life and of life. By all Canons of International Law we are a nation.Burma problem The Problem in Burma is not [of] an inter-communal character but manifestly of an international one, and it must be treated as such. So long as this basic and fundamental truth is not realized, any constitution that may be built will result in disaster and will prove destructive and harmful not only to the Karens but to the British and the Burmans also. If the British Government are really in earnest and sincere to secure peace and happiness of the peoples in Burma, the only course to us all is to allow the major nations separate “homelands” by dividing Burma into “Autonomous National States”. There is no reason why theses States should be antagonistic to each other. On the other hand the rivalry and the national desire and efforts on the part of one to dominate the social order and establish political supremacy over the other if the Government of the country will disappear. It will lead more towards national goodwill by international pacts between them, and they can live in complete harmony with their neighbors. This will lead further to a friendly settlement all the more easily with regard to minorities by reciprocal arrangements and adjustments between Karen-Burma and Burmese-Burma, which will far more adequately and effectively safeguard the rights and interests of the Karens and other minorities.Democracy in Burma Western Parliamentary Democracy System is unsuitable for Burma. Such Democracy as exists in Western Countries is understandable and possible only there, as there exists [there] a single homogeneous nation and a single cultural and social organized society, but in Burma conditions are entirely different. Here there are two nations and talk of democracy and a single unit is impossible. The meaning of democracy in this country can only be, and an electoral system can only result in, the permanent domination of a Burmese majority over a Karen Society in minority, antagonistic to each other and different in everything that is essential to life, the Barmans and the Karens differ fundamentally.One central government It would be impossible to have a Unitary Central Government in Burma. Such an arrangement would mean that for every eight representatives in Government, there would be one Karen, or in other words the Burman’s will will be forced on the Karens.Right of self-determination The Karens claim a right of self-determination because they are a national group on a given territory which is their homeland and in the zones where they are in a majority. In constitutional language they cannot be characterized as a sub-national group who cannot expect anything more than what is due from a civilized government to a minority.Our goal Great Britain wants to rule Burma, the Burmans want to rule Burma and the Karens say that they will not let either the British or the Burmans rule the Karens. We want to be free. We have to define and define beyond doubt, what our goal is. There are many people who either do not understand or misunderstand or do not want to understand, there are ignorant people and it is really amazing how our decisions or resolutions are misinterpreted or misrepresented, in order that there should be no room left for misunderstanding and that no doubt should be left in that mind of any intelligent and sensible people, our position with regards to our goal must be clarified. What is the goal of the All Burma Karen National Union [the main Karen political organization]? What is the ideology and what is its policy? The goal of the All Burma Karen National Union is this – we want the establishment of a completely independent State in the South Eastern Zone of Burma with full control finally of Defence, Foreign Affairs, Communications, Customs, currency and Exchange, etc, we do not want in any at the centre. We will never agree to that. If we once agree to that, the Karens will be absolutely wiped out of existence. We will never be tributaries of any power or any Government at the centre so far as the South Eastern Zone of our free national homeland is concerned.Karen state government Our Government will be the people’s Government. You may get it either by force or by agreement. But until you get it, the question of constitution making and the form and the system of Government do not arise. Let us first agree that there shall be two Burmas. Then the constitution making body will be elected by some system from the people, and it is the people who will choose their representatives to go to the constitution making body. The constitution and the Government shall be democratic.Minorities in the Karen State Safeguard for minorities must be provided for wherever there are minorities. No Government will ever succeed without creating a sense of security and confidence in the minorities. Mons and the Karen State Naturally the Karens always have for the Mons a soft corner in their heart. We have absolutely no designs on our Mon friends. The Mons will get from their traditional Sister - the Karen – inspiration and help for preservation of their race, culture, literature etc. Their zone would be an autonomous unit of the Karen State.Karenni principalities The Karenni combined principalities may or may not choose either to federate or confederate with the Karen State. Their first consideration should be whether our status is compatible with theirs.No vivisection Burma is composed of nationalities and surely today she is divided and partitioned by Nature… Burma is being held by the British power and that is the hand that holds and gives the impression of United Burma and United Government. [A] Burmese nation and Central Government do not exist in as much as the various nationalities in Burma are not homogeneous.There are no genuine arguments advanced against the Karen State scheme. The Karen National Union wants the two odd millions Karens in Burma to secure and settle in zones which they could justifiably claim as their homelands and develop their own culture and live in a manner suited to their genius. There is nothing unusual in the demand for partition. When two brothers born of the same parents find it difficult to get on with each other the only effective solution lies in partition.Economical aspect It is argued that a Karen State is not a practical proposition on grounds of economy having regard to the revenue yield of some districts in the eastern borderland. You cannot expect to get handsome revenue unless your taxed area, though rich in resources, is properly developed. Let us not build on sands but let us face facts and figures. Kindly take stock of the revenues of the South Eastern Zone of Burma where revenues are drawn from multifarious sources, e.g lands, rice, timber, salt, rubber, minerals, sea and land customs, fisheries, income-tax, excise, etc. further increase of revenues is depended on the extent of development of the resources and on the security and stability in that country. There is not much to bother about [the] economy so long as we are sensible to cut our coat according to our cloth.Acceptance of the principle The principle of partitioning Burma must be agreed upon at first, then would come the question as to what ways and means should be adopted to give effect to that decision. The question of details will then arise and with good-will. Understanding and statesmanship, we (all the indigenous races) shall, let us hope, settle among ourselves. Where there is a will, there is a way…


[Read More...]


ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁) ကရင့်ရေးရာ, သမိုင်း, ဆောင်းပါး




ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။

ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။

ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။

ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။

တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။

ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။

မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။

ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။

အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။

(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)

Lahu, Akha, and Lisu (page 7, line 13, column 1)

Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။

ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
စောကျော်ခရော့စ် ဘလော့မှ ကူးယူတင်ထားသည်။
[Read More...]


ကရင့်ရိုးရာဓလေ့ပွဲတော်များ




ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖှီ့ဗူးယော်(ဖီ့ဗူးယ၀်) ပူဇော်ပွဲ အကြောင်းသိကောင်းစရာ
ကရင်အမျိုးသားတိုင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရည်ရွယ်လျက်လက်လှမ်းမှီရာ တတ်နိုင်သမျှရှာဖွေ စုဆောင်းတင်ပြအပ်ပါသည်။

ကရင့်ရိုးရာဓလေ့ပွဲတော်များ
ကရင်လူမျိုးတို့ ၏ ရှေးဘိုးဘွားဘီဘင်များသည် ၀ိညာဉ်ကိုယုံကြည်ကြသည်။ ၀ိညာဉ်လိပ်ပြာသည် လူ၏ခန္ဓာကိုယ်တွင်ပူးကပ်မှီတွယ်နေပြီးလိပ်ပျြာနှင့်အတူရှိသောသူ
သည် ကျန်းမာသည်၊ သန်စွမ်းသည်၊ စိတ်ဓါတ်ကြံခိုင်မှူရှိသည်ဟု ယုံကြည်ကြ၏။
ထို့အတူသစ်ပင်သီးနှံတို့တွင်လည်း၎င်းတို့ကိုကာကွယ်စောင့်ရှောက်သောဝိညာဉ်ရှိသည်ဟု ယုံကြည်ကြသည်။ တနည်းအားဖြင့် အပင်တို့ ကိုစောင့်ရှောက်သော နတ်ဟုဆိုနိုင်သော ရုက္ခစိုးနတ်ကောင်းနတ်မြတ်တို့ ရှိသည်ဟု ယုံကြည်ကြ သည်။

ထိုနည်းအတူ တောင်ယာတွင် တောင်ယာကို စောင့်ရှောက်သောနတ်၊ လယ်မြေကို စောင့်ရှောက်သောနတ်များအပြင် လူနေအိမ်တွင် အိမ်ကိုစောင့်ရှောက်သောနတ်ဟူ၍ ရှိသည်ကို ယုံကြည်ကြသည်။ ထိုယုံကြည်မှူများကြောင့်ကရင်လူမျိုးတို့ တွင် လယ်ယာလုပ်
ငန်းနှင့်ပတ်သက်သောပွဲတော်၊ ရိုးရာဓလေ့ပွဲတော် အမျိုးမျိုးရှိကြသည်။ ၎င်းရိုးရာဓလေ့ပွဲတော်များမှာ-----
(၁) တောင်ယာနတ်စားချိန်ပွဲတော်၊
(၂) တော်ယာခုတ်ချိန်ပွဲတော်၊
(၃) တော်ယာစူးထိုးချိန်ပွဲတော်၊
(၄) တောင်ယာစပါးရိတ်သိမ်းချိန်ပွဲတော်၊
(၅) ရေမြောင်းတာတမံပူဇော်ပွဲတော်၊
(၆) ပျိုးပင်လိပ်ပြာခေါ်ပွဲတော်၊
(၇) စပါးပုံလိပ်ပြာခေါ်ပွဲတော်၊
(၈) ရိုးရာကောက်သစ်စားပွဲတော်နှင့်ဖီ့ဗူးယော်ပူဇော်ပွဲတော်၊
(၉) အိမ်သစ်တက်မင်္ဂလာပွဲတော်၊
(၁၀) ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲတော်၊
(၁၁) ရွာလုံးကျွတ်လိပ်ပြာခေါ်ပွဲတော် (ခေါ်)၀ါခေါင်လချည်ဖြူပွဲ မင်္ဂလာပွဲတော်၊
(၁၂) အရိုးကောက်ပွဲတော်၊
(၁၃) နှစ်သစ်ကူးပွဲတော် စသည်ဖြင့် ပွဲတော်အမျိုးမျိုးရှိကြသည်။ သူ့ အချိန်အခါနှင့်သူ သူ့ နေရာ၊နှင့်သူ ပုံစံအမျိုးမျိုးကျင်းပကြသည်။

ဖီ့ဗူးယော်အား ရိုးရာပွဲဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပခြင်း
ကရင်လူမျိုးတို့ သည် စပါးကိုစောင့်ရှောက်သော စပါးလိပ်ပြာ (သို့ ) စပါးစောင့်နတ် (ဖီ့ဗူးယော်) ရှိသည်ဟုယုံကြည်ကြသည်။ ဖီ့ဗူးယော်ကို ပူဇော်ခြင်းအားဖြင့်စပါးသည် ပျက်စီးလေလွင့်မှုနည်းပါးပြီး ပိုမို၍အထွက်တိုး၏။ ရှိပြီးသားစပါးတို့ သည်လည်း စားသုံးမှုအစဉ်လုံလောက်ပြီး မသိမသာတိုးပွားမြဲဖြစ်သည်ဟုယုံကြည်ကြ၏။

ထိုယုံကြည်ချက်အရ ဖီ့ဗူးယော်ကို ရိုသေသမှုပြုသောအားဖြင့် ရိုးရာပူဇော်ပွဲတစ်ရပ်အဖြစ် လက်ခံကျင်းပကြသည်။ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအဆင့်ဆင့် ဆောင်ရွက်ခြင်း
ကရင်လူမျိုးတို့ သည် လယ်ယာမြေထွန်ယက်ပြီး၍ စိုက်ပျိုးရန်သင့်မြတ်သော ရက်မြတ်သို့ ရောက်လာလျှင် ဦးစွာလယ်မြေကွက်၏ဒေါင့်စွန်းတို၌စပါးပင်(၇)ပင်(သို့)မျိုးကောက်ချက်
(၇)ချက်ကို စိုက်ထားရသည်။၎င်းစိုက်ထားသော စပါးပင်များကို ကျွဲနွားတိရိန္ဆန်များမဖျက်
ဆီးနိုင်အောင်ကောင်းစွာကာရန်ထားကြသည်။

၎င်းဖီ့ဗူးယော်စပါးစိုက်ပြီးမှသာကျန်လယ်မြေကွက်ကိုဆက်လက်စိုက်ပျိုးကြသည်၊၊အကယ် ၍ရက်ကောင်းမြတ်နေ့တွင်စပါးစိုက်ပျိုးရန်အခြေအနေမပေးပါကစတိသဘောဖြင့်ဖီ့ဗူးယော်စပါးကိုစိုက်ပျိုးထားကြသည်။နောင်အဆင်ပြေးသောအချိန်မှသာကျန်သောလယ်ကွက်ကိုစိုက်ပျိုးကြသည်။၎င်းပြုလုပ်ချက်ကိုကရင်လူမျိုးတို့ကလောင်းဆိုက်ခွတ်(လင်ဆိက်ခေါဟ်)ဟုခေါ်ဆိုကြသည်။အချိန်တန်၍စပါးရင့်မှည့်ချိန်ရောက်သောအခါတွင်လည်းစပါးကွက်များကိုဦးစွာရိတ်ပြီးစပါးစည်းများကိုတလင်းတွင်စုပုံထားကြသည်။

စပါးစည်များတလင်းသို့အားလုံးစုံပုံပြီးမှသာဖီ့ဗူးယော်စပါးကိုပြန်ရိတ်ရသည်။ဖီဗူးယော်စပါးကိုရိပ်သိမ်းပြီးသောအခါစုစည်းပြီးဝါးကိုင်း၏ထိပ်ဖျားတွင်ချည်နှောက်ကာတွဲလွဲချထားရသည်။(၀ါးကိုင်းကိုထိပ်ဖျားအရွက်အခက်များချန်းလှပ်ပြီး၊အရင်ပိုင်းအရွက်အခက်များချန်းလှပ်ပြီးအရင်ပိုင်းအရွက်အခက်များကိုသပ်ချပ်ရသည်)၎င်းအပြင့်ယက်ထားသော ရိုး ရာကောက် သစ်စားပွဲ ကျင်းပခြင်း ကရင်လူမျိုးတို့သည် မိရိုဖလာ တောင်ယာ လုပ်ငန်း များဖြင့် ၊ရှေးဦးမ ဆွကပင်လုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်း ပြုခဲ့ကြသည်။ တောင်ယာ လုပ်ငန်းများမှပေါ်ထွက်လာသည့်သီးဦးသီးဖျားများဖြင့်ရိုးရာကောက်သစ်စားပွဲကိုကျင်းပ
လေ့ရှိကြသည်။
သို့သော်ကရင်လူမျိုးကိုမြန်မာနိုင်ငံသိုရေကြည်ရာမြက်။နုရာရောက်လာကြသည့်အခါ ရေမြေဒေသခြားနားစွာနေထိုင်မှုခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ရသောခရီးကြမ်းတို့
ကြောင့် ပတ်ဝန်းကျင်နီးစပ်မှုနှင့် ဘာသာယုံကြည်မှုကိုနွယ်၍ ကောက်သစ်စားပွဲ ကျင်းပ သည့်နေ့ ရက်များ ကွဲပြားလာခဲ့ကြသည်။ဒေသအလိုက် ကောက်သစ် စားပွဲတော် ကျင်းပ ပြုလုပ်လေ့ရှိသော နေ့ ရက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) မိရိုးဖလာကို ကိုးကွယ်သော တောင်ပေါ်ဒေသနေ ကရင်တို့ သည် တစ်နှစ်တာ တောင်ယာလုပ်ငန်းပြီးစီး၍ အရိုးကောက်ပွဲများ ပြုလုပ်ပြီးမှသာ ကျင်းပလေ့ရှိခြင်း။
(၂) ကရင်ပြည်နယ် ဖါးအံနှစ်ခြားဒေသရှိ လဲကယ်ဘာသာဝင် ကရင်တို့ သည် နယုန်လအတွင်း ပထမအပတ် စနေနေ့ (မူထုန်း)တွင် ကျင်းပလေ့ရှိခြင်း။
(၃) ကရင်ပြည်နယ် ဖါးအံဒုံရင်းဒေသရှိ လဲကယ်ဘာသာဝင်ကရင်တို့ သည် တန်ဆောင်မုန်းလ ပထမအပတ် စနေနေ့ (မူထုတ်)တွင် ကျင်းပလေ့ရှိခြင်း။
(၄) မြေပြန့် ဒေသနေ ကရင်အချို့ နှင့် ထိုင်း(ယိုးဒယား)ရှိ ကရင်အချို့ တို့ က ပြာသိုလဆန်း တစ်ရက်နေ့ တွင် ကျင်းပလေ့ရှိခြင်း။
(၅) ကရင်ပြည်နယ် တလာကူရသေ့ ဗုဒ္ဓဘာသာဝင် အချို့ က တပေါင်းလပြည့်ကျော် တစ်ရက်နေ့ တွင် ကျင်းပလေ့ရှိခြင်း။ စသည်ဖြင့် ဘာသာယုံကြည်မှုအရ ကွဲပြားလေ့ ရှိကြသည်။
သို့ သော် ရိုးရာကောက်သစ်စားပွဲတော်နှင့်အတူ ဖီ့ဗူးယော်ပူဇော်ပွဲကို ယှဉ်တွဲ လျက်ကျင်းပလေ့ရှိကြသည်။ လုပ်ငန်းလုပ်ဟန် အနည်းငယ်ကွဲပြားမှုရှိသော်လည်း ရည် ရည်ချက်ကား အတူတူပင်ဖြစ်သည်။ ကရင်လူမျိုးတို့ သည် ရိုးရာကောက်သစ်စားပွဲတော်
၌ နောဟ်ပွဲ(ခေါ်) နပန်းပွဲ လက်ဝှေ့ ပွဲ ၊ သြပွဲများဖြင့် အင်အားပြ၊ သတ္တိပြ၊ ကျန်းမာသန် စွမ်းမှုကို ပြသောယှဉ်ပြိုင်ပွဲများ ကျင်းပကြုသည်။

ရိုးရာကောက်သစ်စားပွဲ (အင်းလင်ဗူးသင့်ခေါဟ်) နှင့်အတူ ဖီ့ဗူးယော်အား ပူဇော်ပွဲကို ပျော်ရွင်စွာ ဆင်ယင်ကျင်းပပြီးနောက် တလင်းရှိစပါးများကို စပါးကျီသို့  ထည့်သွင်းရလေသည်။ ကျေးရွာအလိုက်အများနှင့် သက်ဆိုင်သည့် စပါးကျီ (သို့ ) ရွာပိုင်းစပါးကျီကို သင့်လျော်သည့်နေရာတွင် သတ်မှတ်ဆောက်လုပ်ထားကြသည်။
စပါးကျီတွင်းသို့  စပါးအားလုံးထည့်သွင်း ပြီးမှသာလျှင် ဖီ့ဗူးယော်စပါး၊ ၎င်း၏ မျိုးစေ့ဥ (အ်ုခီု့ ) ဖြစ်သော မြေစာလုံးခဲတစ်လုံးနှင့် ၎င်းအား ပူဇော်ပသထားသော ပုလိုင်းငယ်တို့ ကို စပါးကျီ၏အပေါ်ထောင့် တစ်နေရာတွင် တင်ထားပြီး တစ်နှစ်ပတ်လုံး ဖီ့ဗူးယော်ကိုယ်စား စပါးကျီကို စောင့်ရှောက်စေလသည်။
အချို့မှာ ဖီ့ဗူးယော်တိုင်ထိတ်တွင်ဖီ့ဗူးယော်ကိုယ်စားသိန်းငှကိရုပ်ပြုလုပ်ချိတ်ဆွဲထားကြ
သည်။ သိန်းငှက်ရုပ်ရှိုခြင်းဖြင့် ကြွက်၊ ငှက် ၊ ကြက်များ စပါးကိုလာရောက်ဖျက်ဆီးမှုကို ကာကွယ်သည်။ သိန်းငှက်ကကြွက်၊ ငှက် ၊ကြက်များကို ထိုးသုတ်ချီယူ စားသောက်ခြင်း အားဖြင့် စပါးကိုဖျက်ဆီးသည့်အန္တရာယ်များကို ကာကွယ်ရန် ရည်ရွယ်၍ သိန်းငှက်ရုပ်ကို ချိတ်ဆွဲကြခြင်းဖြစ်သည်။

ယနေ့  ဖီ့ဗူးယော် ပူဇော်ပွဲ ကျင်းပသည့်အခါ ဖီ့ဗူးယော်အား ပြန်လည်ပို့ဆောင် သောအားဖြင့် လူစုလူဝေးများ တန်းစီပြီး အိုးစည်၊ ဖါးစည်များဖြင့် တပျော်တပါးပို့ ဆောင်
ြ ကပြီး ပျော်ပွဲရ္နင်ပွဲတစ်ရပ်အဖြစ် ကျင်းပကြသည်ကို တွေ့ ရပေသည်။ဖီ့ဗူးယော်ပူဇော်ပွဲ ကျင်းပခြင်းအခမ်းအနားအစီအစဉ်ဖီ့ဗူးယော်ပူဇော်ပွဲကို နှစ်သစ်ကူးနေ့ နံက်ပိုင်းတွင် ပြုလုပ်လေ့ရှိကြသည်။ နံနက်နေအာရုံတက်ချိန်တွင် ကရင်အမျိုးသားအလံတော်အား လွင့်ထူခြင်း၊ နှစ်သစ်ကူးနေ့  အထိမ်းအမှတ်ဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြီးနောက် ဖီ့ဗူးယော်ပူဇော်ပွဲကို တစ်ဆက်တည်းကျင်ပကြသည်။ ဖီ့ဗူးယော်ပူဇော်ပွဲပြုလုပ်သည့် အခမ်းအနားအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

ပွဲတော်အကြီးအမှူး (၁)ဦးနှင့်အရန်(၂)ဦးတို့ က၊ ရာဇမတ်ဝင်းအတွင်းသို့  စတင်နေရာ ယူခြင်း။
နေ့ (၇)နေ့ စုံသော အဖိုး (၇)ဦးနှင့် အဖွား (၇)ဦးတို့ က မြေငယ်များခြံရန်လျက် နေရာယူခြင်း။
ပွဲတော်အကြီးအမှူးမှစပါးလိပ်ပြာများအသီးသီးပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ရွတ်ဖတ်ပူဇော်ခြင်း။
ပွဲတော်အကြီးအမှူးက ဦးဆောင်လျက် အဖိုးအဖွားနှင့် မြေးငယ်များအားလုံး ရာဇမတ်ဝင်းအတွင်းမှ ပြန်လည်ထွက်ခွါခြင်း။
အထက်ပါအခမ်းအနားအစီအစဉ်ဖြင့် ဆောင်ရွက်ရာတွင် ဆောင်ရွက်သည့် လုပ်နည်းလုပ်ဟန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ပွဲတော်အကြီးအမှူးများနေရာယူအပြီးတွင် နေ့ (၇)နေ့ စုံသော အဖိုး(၇)ဦးနှင့်အဖွား(၇)ဦးတို့ သည် မြေးငယ်များက ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်း အတွင်းသို့  ဆက်လက်နေရာယူကြသည်။

ရာဇမတ်ဝင်းအတွင်းရှိ စပါးပုံအား လက်ယာရစ်ဖြင့်(၃)ပတ်တိတိလှည့်ပတ်ပူဇော်ပြီးနောက် စပါးပုံ၏ လက်ယာဘက်တွင် အဖိုး(၇)ဦးကလည်းကောင်း၊ လက်ဝဲဘက်တွင် အဖွား(၇)ဦးကလည်းကောင်း ၊ နေ့ နာမ်အလိုက်အသီးသီးနေရာယူကြသည်။ မြေးငယ်များက အဖိုးအဖွား၏ နောက်၌ နေရာယူကြသည်။ထိုသို့ နေရာယူပြီးချိန်တွင် ပွဲတော်အကြီးအမှူးသည် စပါးလိပ်ပြာများအသီးသီး ပြန်လည်ဝင်ရောက်လာစေရန်နှင့် ဖီ့ဗူးယော်အား မှာတမ်းချွေသောအားဖြင့် ကရင်ဘာသာဖြင့် စတင်၍ ရွတ်ပါသည်။

ပွဲတော်အကြီးအမှူးရွတ်ဖတ်ပူဇော်ခြင်း ပြီးဆုံးသည့်အခါတွင် အဖိုးအဖွားများက စပါးပုံအား အမွှေးနံသာရည်များ ပက်ဖြန်းကြပြီး မြေးငယ်များက ပေါက်ပေါက်ဆုပ်များ ကြဲပက်ကြ သည်။ ပြီးနောက် ပွဲတော်အကြီးအမှူးက ရှေ့ဦးမှ ဦးဆောင်ပြီး အဖိုးအဖွားနှင့် မြေးငယ် များတို့ နောက်မှ ခြံရံလိုက်ပါလျက် ရာဇမတ်ဝင်းအတွင်းမှ အသီးသီးပြန် လည်ထွက်ခွါကြ သည်။ပွဲတော်၌ဧည့်ခံကျွေးမွေးရန် အသင့်ပြုလုပ်ထားသော ရိုးရာစားဖွယ်သောက်ဖွယ်များ ခေါင်ရည်များကို ပွဲတော်လာပရိတ်သတ်များအား တည်ခင်းဧည့်ခံကျွေးမွေးကြသည်။ ကရင်ယဉ်ကျေးမှု လူငယ်မောင်မယ်များကလည်း ပရိတ်များအား ရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေပေးကြသည်။
နိဂုံး
ဖီ့ဗူးယော်ပူဇော်ပွဲကို ကရင်လူမျိုးများနေထိုင်ရာ ကျေးလက်ဒေသများတွင် နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်အတူ ယခင်က ယှဉ်တွဲပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မှေးမှိန် လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေသည်။ ကရင်ပြည်နယ် ကရင်စာပေနှင့် ယဉ် ကျေးမှု တိုးတက်ဖြန့် ပွားရေးအသင်းသည် ပျောက်ကွယ်လုနီးပါးဖြစ်သော ဖီ့ဗူးယော် ပူဇော်ပွဲရိုးရာဓလေ့ကိုဖေါ်ထုတ်ထိမ်းသိမ်းမြှင့်တင်သောအားဖြင့် ဖါးအံမြို့ ပေါ်တွင်ကျင်းပ သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်များတွင် သရုပ်ပြပွဲအဖြစ် ကျင်းပပြသနိုင် ခဲ့သည်။အဆိုပါ သရုပ်ပြပွဲမှ ရိုက်ကူးထားသော မှတ်တမ်းဓါတ်ပုံများကို ရန်ကုန်မြို့  တပ်မတော်စစ်သမိုင်းပြတိုက်တွင် အများပြည်သူလေ့လာနိုင်ရန် ချိတ်ဆွဲပြသထားသည်။
ကရင်အမျိုးသားတိုင်း မိမိတို့ ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အမြတ်တနိုးဖေါ် ထုတ်ထိမ်းသိမ်း မြှင့်တင်နိုင်ကြပါစေ ဟူ၍ ဆန္ဒပြုအပ်ပါသည်။
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors