ကိုးရီးယားနိုင်ငံမှ အလှူရှင်များ K.D.A အသင်းရန်ပုံငွေလှူဒါန်း



ကိုးရီးယားနိုင်ငံမှ စေတနာရှင်များသည် ဘန်ကောက်မြို့တွင် တည်ရှိသော ဇွဲကပင်ပညာဒါနအသင်း၏
ရန်ပုံငွေအတွက် ကိုးရီးယားငွေ ခုနှစ်သိန်းရှစ်သောင်း (၇၈၀၀၀၀)လှူဒါန်းသွားပါသည်။

ဇွဲကပင်ပညာဒါနအသင်း (K.D.A)Karen Dana Association၏ ရန်ပုံငွေအတွက် လှူဒါန်းခဲ့
သော ကိုးရီးယားနိုင်ငံမှ စေတနာရှင်များ....

၁- ကျော်နိုင်ဦး - 50,000 လှိုင်းဘွဲံ့ မြို့ 
၂- သန်းကျော်လင် - 50,000 လှိုင်းဘွဲ မြို့
၃- မင်းဦး 50,000 ဘားအံမြို့ 
၎- တင်ညို (I.A) 50,000 အပေါင်မြို့ 
၅- မန်းဝင်းမောင် 50,000 ရန်ကုန်မြို့ 
၆- ကြည်မင်းကို 50,000 ကော်ကူး (ဘားအံ)
၇- သန်းမင်းကို 30,000 ကော်ကူး (ဘားအံ)
၈- မင်းဇော်အောင် 50,000 ကော်ကူး (ဘားအံ)
၉- အောင်မိုးဇော် 50,000 ဘားအံမြို့ 
၁၀- ဆုတောင်း 50,000 ဘားအံမြို
၁၁- သန်းထွန်းဦး 50,000 မြပတိုင်(ကောကရိတ်)
၁၂- စည်သူ 50,000 ကောကရိတ်
၁၃- နေလင်း 50,000 ကောကရိတ်
၁၄- ဇော်မျိုးကျော် 5,000 ကျောက်ပန်းတောင်း
၁၅- အာကာနောင် 5,000 ရန်ကုန်
၁၆- စည်သူစိုး 5,000 မြင်းခြံ
[Read More...]


KDA ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး



KDA ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

၂၀၁၀-ခုနှစ် (၁၁) ကြိမ်မြောက် KDA ဇွဲကပင်ပညာဒါနအသင်း၏ ပထမ (၆)လပတ် ဇူလိုင် (၄)ရက်နေ့ ကျင်းပ
မည့်အလှူပွဲအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင်
ကျင်းပခဲ့ကြသည်။ အလှူပွဲဖြစ်မြောက်ရေးနှင့် ဘားအံမြို့တွင် ဇွဲကပင်ပညာဒါနအသင်း၏ တည်ဆောက်လျှက်
ရှိသော ဇွဲကပင်ပညာဒါနဥယာဉ်ကျောင်းနဲ့ ပတ်သက်ပြီးကုန်ကျမှုများကို အဖွဲ့ဝင်ကော်မတီများအား ရှင်းလင်း
တင်ပြခဲ့ပါသည်။ ထိုနောက် (၁၁) ကြိမ်မြောက် ပထမ (၆) လပတ် အလှူပွဲတွင် လုပ်ဆောင်ချက်များ၊ တာဝန်
နေရာနဲ့ ပုဂ္ဂိုလ်အလိုက်ခွဲဝေပြီး အဖွဲ့တိုးတက်ရေးစသည်များ ဆွေးနွေးခဲ့ကြပါသည်။



(၄၂) နှစ်မြောက် မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဝ်အွာ)မွေးနေ့အလှူဆင်ယင်ကျင်းပ



တစ်ဆက်တည်းမှာပဲ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာ ဆရာတော် မာန်နဲာကျာ်ဥတ္တမာလင်္ကာရ၏ (၄၂)
နှစ်မြောက် မွေးနေ့အလှူကို ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် အလှူ့ရှင်၊ အလှူ့မ
များ ဆရတော်၏သီလဂုဏ်၊ သမာဓိဂုဏ်အာရုံပြုကာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါသည်။








ကျောင်းသန့်ရှင်းရေး

၂၀၁၀-ခုနှစ် (၁၁) ကြိမ်မြောက် KDA ဇွဲကပင်ပညာဒါနအသင်း ပထမ (၆)လပတ် ဇူလိုင် (၄)ရက်နေ့ ကျင်းပ
မည့်အလှူပွဲအတွက် ဇွဲကပင်ပညာဒါနအသင်းသူ အသင်းသားများ ကျောင်းပတ်လည်သန့်ရှင်းမှုဖြင့် ပါဝင်
ကုသလိုလ်ပြုလုပ်ဆောင်ခဲ့ကြပါသည်။


[Read More...]


သီဟိုဠ်နိုင်ငံ (17-06-2010) ဘွဲ့နှင်းသဘင်အခမ်းအနား



(17-06-2010) နေ့ရက်တွင်..သီဟိုဠ်နိုင်ငံ(conference internationla hall)မှာ ၂၀၀၈-ခုနှစ်က ဘွဲ့ရတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ဘွဲ့ပေးတဲ့အခမ်းအနား(convocation-ceremony)ကျင့်ပခဲ့ပါတယ်။ဒီနေ့ဘွဲ့နှင်းသဘင်မှာ သီဟိုဠ်နိုင်ငံရှိ ကရင်ကျောင်းသား ရဟန်းတော်များမှ (M.A Buddhism)ဘွဲ့ရ ကရင်ရဟန်းတော် လေးပါး ဘွဲ့ခံယူခဲ့ပါတယ်။နောက်လာမယ့် ဒီဇင်ဘာကျရင် ၂၀၀၉-ခုနှစ်မှာ အောင်တဲ့ ကရင်ရဟန်းတော် (၅) ပါး ဘွဲ့ဆက်ခံယူဖို့ ရှိပါတယ်။သီဟိုဠ်နိုင်ငံမှာ ကရင်ရဟန်းတော် တစ်နှစ်ထက်တစ်နှစ်များလာသလို နှစ်တိုင်းလည်း ဘွဲ့ရ ရဟန်းတော်များ ရှိပါတယ်။
ဒါကြောင့် ကရင်မိဘပြည်သူများ ၀မ်းသာနိုင်အောင် အလျဉ်းသင့်သလို ဒီဇွဲကပင်မိသားစု ဘလော့မှ တင်ဆက်ခဲ့ပါတယ်။ဒီရဟန်းတော် သံဃာတော်များက နောင်တစ်ချိန်မှာ အမျိုး၊ဘာသာ၊သာသနာမှာ တစ်တောင့်တစ်နေရာမှာ အကျိုးပြုနိုင်လိမ့်မယ်လို့ မျော်လင့်ရင်း.....။

အောက်မှာ ဓာတ်ပုံများကြည့်ရန် နှိပ်ပါ...



















[Read More...]


သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှု အဖြာဖြာ အပိုင်း(၃)



ကရင်လူမျိုးတို့၏ စကားအုပ်စုများ

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅) မျိုးရှိသည့်အနက် ကရင်မျိုးနွယ်စု (၁၁) မျိုးပါဝင်သည်။
၁၉၃၁-ခုနှစ်၊ မြန်မာနိုင်ငံ သန်းခေါင် စာရင်းအရ ကရင်မျိုးနွယ်စု (၁၇) မျိုးကို အောက်ပါအတိုင်း အစီရင်ခံတင်ပြသည်။

၁၉၃၁-ခုနှစ်၌ သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…
သီးခြားမဖော်ပြထားသော ကရင်မျိုးနွယ်စု၊
-စကောကရင်၊
-ပကူးကရင်၊
-ဝေေ၀ါ်ကရင်၊
-မိုးဝေပ္ပါကရင်၊
-ဘွဲကရင်၊
-ပရင်းဘော်ကရင်၊
-မိုပ္ပါကရင်၊
-ပအို့ဝ်ကရင်၊
-ပဒေါက်ကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ဂဲခိုဂဲဘားကရင်၊
-ဇယိမ်းကရင်(ပဒေါင်ခေါင်းတို)
-တလိုင်းတလစီကရင် ဟူ၍ ခွဲခြား သတ်မှတ်ထားသည်။


ယနေ့သတ်မှတ်ထားသော ကရင်မျိုးနွယ်စု…

-ပိုးကရင် (မွန်ကရင်)၊
-စကောကရင်၊
-ဘွဲကရင်၊
-ပကူးကရင်၊
-တလပ္ပါကရင်၊
-မော်နေပ္ပကရင်၊
-ကရင်ဖြူ၊
-ကရင်နီ၊
-ပလေကြီး(ခလေချီ)၊
-ပိုးကရင် (အနောက်)၊
-ဖိုးပ္ပါ (မိုပ္ပါ)။

သီးခြား ဖော်ပြမထားသော ကရင်…

ယနေ့တွင် ကရင်မျိုးနွယ်စုကို (၁၁) မျိုး သတ်မှတ်ထားသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသော အခြားကရင်မျိုးနွယ်စုများ မပါဝင်သေးပါ။ ကရင်လူမျိုးတို့တွင် ဘာသာစကားအနေဖြင့် တချို့မှာ နီးစပ်မှုရှိပြီး ကွဲပြားခြားနားမှုလည်း ရှိပါသည်။

+ Read more

ရိုးရာဓလေ့ထုံးစံများ

ကရင်လူမျိုးတို့သည် ဘာသာစကားနှင့် တော်ပေါ်မြေပြန့်နေထိုင်မှု ကွာခြားခြင်းကြောင့် ရိုးရာဓလေ့ထုံးစံများ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အများစုမှာ တူညီကြပါသည်။
ရိုးရာဓလေ့ အနည်းငယ်ဖော်ပြရလျှင်…
(၁)အုပ်ချုပ်ရေးဆိုင်ရာနှင့်ပတ်သက်သော ရိုးရာဓလေ့များ၊
(၂)ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ၊
(၃)လူမျိုးရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၄)ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့များ၊
(၅)ရိုးရာနတ်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၆)ပွဲလမ်းသဘင်နှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၇)ကျေးရွာနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၈)မျိုးနွယ်စုနှင့်ဆိုင်သော ရိုးရာဓလေ့များ၊
(၉)အရှောင်/အဆောင်နှင့် ပတ်သက်သော ရိုးရာဓလေ့များ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။

ကရင်လူမျိုးတို့သည် အစွဲအလမ်းကြီးသည်။ ယုံကြည်လွယ်သည်။ မကောင်းမှုပြုရမည်ကို လွန်စွာဝန်လေးသူများဖြစ်ပါသည်။ ထို့ကြောင့် ရိုးရာဓလေ့ထုံးစံအချို့သည် ခေတ်ကာလနှင့် မဆီမလျော်ဖြစ်သည်။ ရှေးရိုးကိုလည်း မပယ်ဖျက်နှင့်၊ ဆိုသောစကားအရ အရိုးကို အရွက်မဖုံးစေရန်နှင့် လက်ခံသင့်သည်ကိုသာ လက်ခံ၍ ခေတ်နောက်ကျပြီး ဆွေးမြေ့နေသော အယူအဆများကို ပစ်ပယ်သင့်က ပစ်ပယ်ရမည်ဖြစ်သည်။

ကရင်လူမျိုးတို့၏ ၀တ်စားဆင်ယင်မှု

ကရင်လူမျိုးတို့သည် မျိုးနွယ်စုများသလို ၀တ်စားဆင်ယင်မှုလည်း အရောင်အဆင်း စုံလင်သည်။ လူမျိုးနွယ်စုအလိုက် ၀တ်ဆင်သည့် အရောင်အဆင်းကို မူတည်ပြီး ကရင်လူမျိုးစုများကို ခွဲခြားသိသာနိုင်ပါသည်။ ထို့ကြောင့် ရှေးက ကရင်နီ၊ ကရင်ဖြူ၊ ကရင်နက်၊ လိပ်ပြာကြီး၊ လိပ်ပြာငယ်၊ တောပြာကြီး အစရှိသည့်နာမည်များဖြင့် ကရင်လူမျိုးစုများကို ကွဲပြားခေါ်ဝေါ်သတ်မှတ်လေသည်။
ကရင်လူမျိုးများတွင် ထွင်းသင်တိုင်းသည် အဓိကဖြစ်သည်။သင်တိုင်းအတိုအရှည်ရှိသည်။ သင်တိုင်းနှင့် ဘောင်းဘီဝတ်သောအမျိုးနှင့် သင်တိုင်းနှင့် လုံချည်ဝတ်သောအမျိုး ဟူ၍ ခွဲခြားနိုင်သည်။သံတောင်နယ် မြောက်ပိုင်းမှစ၍ အရှေ့ဘက် ကယားပြည်နယ် မြောက်ဘက်ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် ပျည်းမနာ၊ ရမည်းသင်း၊ အရှေ့ဘက်တွင် နေထိုင်ကြသော မျိုးနွယ်စု အမျိုးသားများသည် ဘောင်ဘီတို၊ ဘောင်းဘီရှည်များ ၀တ်ဆင်ကြပြီး သင်တိုင်း(သို့) ကိုယ်ထည် ကြုတ်ကျယ်ပေါ် အတိုများကို ၀တ်ဆင်ကြသည်။အမျိုးသမီးများသည် သင်တိုင်းခါးပြတ်နှင့် အနီ၊ အနက်နှင့်အဖြူရောင် အဆင်းရှိ ထမီတို့ကို ၀တ်ဆင်ကြသည်။

လက်ဝတ်ရတနာအဖြစ် ကြေးနှင့်ငွေတို့ကို အသုံးပြုကြသည်။ ကျောက်ရောင်စုံပုတီးများ သုံးကြသည်။ နားထောင်း၊ လည်ဆွဲ၊ လက်ကောက်ဝတ်များနှင့် ငွေခေါင်းပတ်များ ငွေသားများ ဖြစ်ကြသည်။ ကရင်လူမျိုးများမှာ ပဲခူးရိုးမ ရှိ စကောကရင်နှင့် ပိုးကရင်တို့ ဖြစ်ကြသည်။ ကရင်အမျိုးသားများသည် သင်တိုင်းအနီ ခေါင်းပေါင်းနှင့် ပုဆိုးများ ၀တ်ဆင်နေဆဲဖြစ်သည်။ အမျိုးသမီးများမှာလည်း သင်တိုင်းတို၊ သင်တိုင်းရှည် ခေါင်းပေါင်းထမီများကို ၀တ်ဆင်နှစ်သက်ဆဲဖြစ်သည်။

အမျိုးသမီးထမီများကို အောက်ပါအတိုင်း ခွဲခြားထားသည်။
(၁)ရိုးရာထမီ( ထူရူ့နီး)
(၂)လူငယ်ဝတ်ထမီ(နီးဂူထူ)
(၃)အပျိုဘော်ဝင်စထမီ (နီးသိုင်းဆက်)
(၄)မပျိုဝတ်ထမီ(နီးလောင်းဝေါ်) ဟူ၍ (၄) မျိုးခွဲခြားထားသည်။
ရှမ်းပြည်နယ်နှင့် နီးစပ်သောဒေသရှိ ကရင်လူမျိုးနွယ်စုသည် ရှမ်းဆန်ဆန်ဝတ်လာပြီး မြန်မာလူမျိုးတို့နှင့် နီးစပ်ရောနှော နေထိုင်သူတို့မှာ မြန်မာဆန်ဆန်ဝတ်လာကြသည်။ ရွှေကျင်ကျောက်ကြီး အရှေ့ဖာပွန်၊ လှိုင်းဘွဲ့ ဒေါနတောင်ခြေတစ်လျှောက်ရှိ အမျိုးသမီးတို့သည် သင်တိုင်းရှည်အဖြူကိုသာ ၀တ်ဆင်ကြသည်။အိမထောင်ကျမှသာ သင်တိုင်းတိုနှင့် အခြားအရောင်အဆင်းရှိသော သင်တိုင်းများကို ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

ယခင် ကရင်အမျိုးသမီးများသည် မိမိမင်္ဂလာဆောင်ရာတွင် ၀တ်ဆင်မည့် သင်တိုင်နှင့် ထမီအား မိမိကိုယ်တိုင် အလှပဆုံးသော ဆန်းသစ်သော ဒီဇိုင်းများ ကိုယ်တိုင်ရက်လုပ်သည်။ တစ်သက်လုံး သိမ်းဆည်းထားသည်။ အမျိုးသမီးခြုံမည့်ဆောင်၊ အမျိုးသားခြုံမည့်ဆောင်ကိုလည်း ကိုယ်တိုင်ရက်လုပ်သည်။ ထို သင်တိုင်းထမီများ၊ မြေး၊မြစ်အထိ အမြတ်တနိုး ကိုင်တွယ်၍ လွန်စွာ တန်ဖိုးထားကြသည်။

ဆက်လက်ဖော်ပြပါဦးမည်...။
[Read More...]


စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း...



ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။

စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။ ´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။


ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။

ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။
၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။

သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။
စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။
နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။

သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။

ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။

တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။

ဒါကြောင့် `ငါ စာပေစိတ်ဓာတ်ရှိသည် `ဟု အော်ရုံနှင့်မပြီး၊ အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်သင့်ပါသည်။ နောက်ဖြစ်ရပ်တစ်ခုကား နွေရာသီ ကျောင်းပိတ်သည့်အတောအတွင်း စာပေစိတ်ဓာတ်ရှိသော ရွာတွေက ကရင်စာပေသင်တန်း ဖွင့်လှစ်ကြသည်။ သင်တန်းဖွင့်တော့ ပြဿနာနှင့် တိုးပြန်သည်။ အကြောင်းကား ပညာတတ် သမီးတစ်ယောက်က ကရင်စာ လာသင်သည်။ သူမ စာလာသင်သည်ကို မိဘတွေက မကြိုက်ကြ၊ မသင်ရန် တားမြစ်သည်။ နောက်တော့ သူမ၏ အမေက `ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ သမီး၊ ကရင်စာပေနည်းပြတွေလို လေလွင့်မနေနဲ့၊ သူတို့တွေက အမြင်ကျဉ်း၊ အယူသီး၊ အစွန်းရောက်တွေ၊ ကရင်စာသင်နေမယ့်အစား ဂျူရှင်ကြိုတက်ထားနိုင်ရင် သမီးအတွက် ပိုကောင်းသေးတယ်။ သမီးက ကရင်စာကို ကြိုးစားပမ်းစား သင်ယူနေတာ ဘ၀ရှေးရေးအတွက် ဘာအထောက်အကူပြုမှာမို့လို့လဲ` စသည်ဖြင့် သူ့သမီးလေးကို တရဟော ပြောချသွားသည်။

ပြီးတော့ သူမအဖေကလည်း စာပေနည်းပြတွေဆီသွားကာ `နင်တို့သင်တန်းဖွင့်တာ ဘယ်သူဖွင့်ခိုင်းလို့လဲ၊ သင်တန်းကြောင့် ကလေးတွေ ပျက်စီးကုန်ပြီ၊ နင်တို့သင်တန်းက ဘယ်မှာ တက္ကသိုလ် ရှိလို့လဲ၊ ကရင်စာပေသင်တန်းအောင်မြင်ရင်ရော အလုပ်ခန့်စရာ ရှိလို့လား၊ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ လျှောက်မလုပ်ပါနဲ့၊ နင်တို့လုပ်ရပ်ကို ရပ်တန်းက ရပ်ပါတော့` စသည်ဖြင့် ပြောသွားသည်။
သူတို့စကားကြောင့် အားလုံးက ဇဝေဇ၀ါ ကမောက်ကမ ဖြစ်ကုန်သည်။ တရွာလုံးက သူတို့ကို ဘယ်သူမှ မလွန်ဆန်ရဲပေ။ နောက်တော့ သင်တန်းရက်မစေ့ဘဲ တစ်ဝက်တစ်ပြက်နှင့်သာ အဆုံးသတ်လိုက်ရသည်။
ထို့ပြင် စာပေစိတ်ဓာတ် မရှိသည်ထက် မသိတာက ပို၍ပင် ခက်သေးသည်။ ကျေးလက်ဒေသ တစ်ချို့ ရွာတွေဆိုလျှင် အေးဆေးလွန်းလှသည်။ ပညာရေးအသိ၊ ကျန်းမာရေးအသိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ၊ စာပေအသိစသည့် အသိဟူသမျှ မရှိသေးချေ။ ရိုးရာဓလေ့တောင်မှ လုပ်သာလုပ်ပြီး ဦးတည်ချက် မသိကြချေ။

အချိန်တန်လျှင် လယ်လုပ်သူက လယ်ထဲဆင်း၊ ခြံသမားက ခြံထဲဝင်၊ အရောင်းအ၀ယ်သမားက အရောင်းအ၀ယ်ရှာ သည်လိုနှင့်ပဲ လည်ပတ်ကြသည်။ စာပေသင်ရကောင်းမှန်း မသိကြချေ။ စာပေအသိ မရှိတော့ စာပေစိတ်ဓာတ်ကား အဘယ်မှာ ရှိမည်နည်း။ အများစုက ကရင်စာပေကို မတတ်ကြပေ။ အဲလိုရွားလည်း ရှိသေးသည်။ တစ်ချို့က ရေးထုံးကွဲ၍ မသင်ယူနိုင်ဟု ဆင်ခြေလက်ခြေပေးတတ်သေးသည်။ စာပေရေးထုံး ဘယ်လိုပဲ ကွဲပြားကွဲပြား၊ စာပေစိတ်ဓာတ် ရှိလျှင်တော့ ကိုယ့်ဘာသာစကားနှင့် သင့်တော်သည့် ရေးထုံးတစ်ခုတော့ တတ်ထားရန် လိုအပ်ပါသည်။ ဥပမာ -စကောကရင်ဆိုလျှင် စကောကရင်စာ တတ်ရမည်။ အလားတူ ပိုးကရင်လည်း ပိုးကရင်စာ တတ်ရမည်ဖြစ်သည်။

စာပေရေးထုံး အမျိုးမျိုးထဲမှ အရှေ့ပိုးကရင် ရေးထုံး(ရှေးဟောင်း၊ကရင်စာ)နှင့် ယနေ့ ကရင်သံဃာတော်များ အခန်းကဏ္ဍကို အလျဉ်းသင့်လို့ အကျဉ်းမျှ ပြောလိုပါသည်။(ပုတ်ခတ်ဝေဖန်ခြင်း မဟုတ်ပါ)
မြို့ကြီးပြကြီးမှာ ကရင်သံဃာတော်များ ဦးစီးဦးဆောင်သည့် ပရိယတ္တိစာသင်တိုက်တွေ ရှိပါသည်။ ကရင်ဘုန်းကြီးတွေ ထိုင်သည့်ကျောင်းဆိုလျှင် စာသင်သား အများစုကတော့ ကရင်တွေချည်းသာ ဖြစ်သည်။
သို့သော် သူတို့လေးတွေ ကရင်စာ မတတ်ရှာပေ။ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ကရင်စာ ရေးနိုင်၊ဖတ်နိုင်မှု အားနည်းလေတော့ အမျိုးသားအကျိုး၊ စာပေအကျိုး ဘယ်လိုထမ်းဆောင်မည်နည်း။
(ပရိယတ္တိ ထူထောင်ခြင်း၊ စာပေသင်ကြား ပို့ချခြင်းသည် စာပေမျိုးဆက်သစ် မွေးထုတ်ခြင်း မဟုတ်ဟု မဆိုလိုပါ) စာပေ တသီတတန်းတတ်ပြီး ကရင်စာပေ စိတ်ဓာတ် မရှိသည်ကို ဆိုချင်ပါသည်။ မြို့၌ ကရင်ကျောင်း ဆိုင်းဘုတ်တွေကိုကြည့်ပါ။ ကရင်ဘာသာနှင့် ဆိုင်ဘုတ်တင်တာ သိပ်မတွေ့ရပေ။

တစ်ကျောင်းတစ်လေတော့ ရှိကောင်းရှိနိုင်ပါသည်။ များများစားစား မရှိသေး။ ကရင်ကျောင်းသည် ကရင်ဘာသာလို ဆိုင်းဘုတ်တင်ထားခြင်းအားဖြင့် အခြားလူမျိုး၊အခြားဘာသာစကားကို ထိခိုက်စရာအကြောင်းမရှိပေ။ ကိုယ့်ဘာသာစကားကိုလည်း မြှင့်တင်ရာ ရောက်သည်။ ကိုယ့်မှာ စာပေရေးထုံးရှိကြောင်း၊ တခြားတိုင်းရင်းသားညီနောင်တွေကို သိခွင့်ပေးသလို တိုင်းရင်းသားအချင်းချင်း နားလည်မှုလည်း ရရှိလာမှာဖြစ်ပါသည်။
တောမှာ ကရင်ရွာ၊ ကရင်ကျောင်း၊ ကရင်ဘုန်းကြီးတွေကို ပြန်ကြည့်တော့လည်း ကရင်စာပေစိတ်ဓာတ်နှင့်ပတ်သက်လျှင် ရင်လေးစရာပင်။ အများစုက အလှူခံခြင်း၊ ကျောင်းဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ကျောင့်စောင့်ခြင်း၊ ဇာတ်ပွဲသဘင်ငှါးခြင်း စသည့်ဖြင့် လုပ်ကြသည်။

စာပေသင်တန်းဖွင့်ခြင်းကား ရှိသော်လည်း တနယ်မှာ တစ်ကျောင်း၊ တစ်ပါးတစ်လေသာ ရှိတတ်သည်။
အမှန်မှာတော့ ဘုန်းကြီးတွေက သြဇာအာဏာသက်ရောက်မှုရှိပါသည်။ အမှုအခင်းကလွဲပြီး ဘုန်းကြီးပြောလျှင် အားလုံးပြီးသည်။သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးတွေက စာပေစိတ်ဓာတ်သာ ရှိလျှင် ကရင်စာပေသင်ကြမည်လို့ တစ်ခွန်းပြောလိုက်သည်နှင့် တစ်ရွာလုံးလိုလို စာလာသင်ကြမည်မှာဖြစ်သည်။
အဲသည်လို နှိုးဆော်ရန်နေနေသာသာ တစ်ဦးတစ်ယောက်က စာပေသင်တန်းဖွင့်ချင်လို့ သွားတင်လျှောက်တာတောင်မှ မလိုလား၊ ခွင့်မပြုသည့် ဘုန်းကြီးကလည်း ရှိသေးသည်။

စာရေးသူအတွေ့အကြုံအရ တချို့ဘုန်းကြီးဆိုလျှင် ဇာတ်ပွဲငှါးဖို့ အချိန်ပေးနိုင်သည်။ ကရင်စာပေသင်တန်းဖွင်ဖို့ကျတော့ အချိန်မပေးနိုင်။ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပိုက်ဆံသန်းနှင့်ချီပြီး မတည်နိုင်သည်။ စာပေသင်တန်းအတွက်ကျတော့ သောင်းဂဏန်းလောက်တောင်မှ အကုန်အကျမခံနိုင်။ အခြေအနေက အဲသည်လိုရှိသည်။ အလွန်အုံသြဖို့ ကောင်းလှသည်။ စာရေးသူ ဝေဖန်ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါ။ စာပေစိတ်ဓာတ်နှင့် ပတ်သက်ပြီး တင်ပြခြင်းသာဖြစ်ပါသည်။

တကယ်တော့ ကရင်သည် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်၊ ပညာတတ်အလွှာဖြစ်ဖြစ်၊ သာမန်လူတန်းစားအလွှာဖြစ်ဖြစ် စာပေစိတ်ဓာတ်ရှိသူ အနည်းစုသာ ဖြစ်သည်။ စာပေစိတ်ဓာတ်သာ ရှိခဲ့ပါမူ ယခုလိုမျိုး စာပေ အောက်ကျနောက်ကျ ရှိနေမည်မဟုတ်ပါ။ တိုးတက်အောင် မလုပ်နိုင်သည့်တိုင် တတ်အောင်တော့ သင်ယူကြရမည်ဖြစ်သည်။ ယခုကျတော့ ဆယ်ပုံတစ်ပုံသာ မိမိစာပေကို ရေးနိုင်ဖတ်နိုင်သူရှိ၍ ကရင်လူမျိုး စာပေစိတ်ဓာတ် ရှိသည်၊ မရှိဘူးဆိုတာ သုံးသပ်ရင်း လိုအပ်နေသော ကရင်စာပေစိတ်ဓာတ်တစ်ခုကို ၀ိုင်းဝန်းဖြည့်စွက်ကြစေလိုကြောင်း……။

ပိုးဖလံ(ယမ်းငွေ့မြေ)
2749-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်၊ သထုံမြို့နယ်၊ အထိန်းအမှတ်စာစောင်မှ။
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors