ၾသစေတ်းလ်မွ ဏင်ဃှီ့ဆိင့်ပြေ (နန်းထွဋ်ကျော်) ကေဒီအေအသင်းအား ကူညီလှူဒါန်း



ဇွဲကပင်ပညာဒါနအသင်းသည် ထိုင်းနိုင်ငံတွင် ပါဝင်လှူဒါန်းမှုပုံရိပ်များကိုသာ သတင်းအဖြစ်ပို့စ်တင်ခဲ့တာများသည်။
အခုနောက်ပိုင်း ပြည်ပရောက်ကရင်အမျိုးသား၊ အမျိုးသမီးများပါဝင်ကူညီလှူဒါန်းမှုများကို သင့်သလိုတင်ပြပေးသွား
မှာဖြစ်သည်။ ဒါကြောင့် သြစတျေးလျမှာရောက်ရှိနေတဲ့ ဏင်ဃှီ့ဆိင့်ပြေ (နန်းထွဋ်ကျော်)ကလည်း ဇွဲကပင်ပညာဒါ
နအသင်းအတွက် တတတ်တအားပါဝင်ကူညီရန်ပုံငွေရှာဖွေပေးခဲ့ပါသည်။ ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့၏ရန်ပုံငွေရရှိရေး
ထုပ်လုပ်ထားတဲ့ ”ဇွဲကပင်အင်္ကျီ” အထည် (၁၀၀) ဘတ်ငွေ (၁၀၀၀၀) တစ်သောင်းနှုံးဖြင့် ၀ယ်ယူပြီး သြစ
တျေးလျတွင်နေထိုင်သော ကရင်များအား ပြန်လည်ရောင်းခြင်းဖြင့်ရန်ပုံငွေရှာဖွေလှူဒါန်းခဲ့ပါသည်။

ထိုမှတစ်ဆင့် သူမ၏လှူဒါန်းငွေနှင့် အင်္ကျီရောင်းရငွေအားလုံးစုစုပေါင် ဘတ်ငွေ (၁၇၀၀၀)တစ်သောင်းခုနှစ်ထောင်
ဒေါ်လာ (၅၀၀)ကျော်အားပေးကူညီလှူဒါန်းသွားခဲ့ပါသည်။ နန်းထွဋ်တစ်ယောက်စိတ်၏ချမ်းသာခြင်၊ကိုယ်၏ကျမ္မာခြင်း
နဲ့ပြည့်စုံရပါစေ..လို့ ကေဒီအေအဖွဲ့သူ၊ အဖွဲ့သားများအားလုံးဆုတောင်းပေးလိုက်ပါသည်။
[Read More...]


ဇွဲကပင်နဲ့ ကျနော်




ဇွဲကပင်ပညာဒါနအသင်းသည် ၂၀၀၅-ခုနှစ်တွင် ကရင်ရဟန်းငယ်များ (Karen Sangha Community) စတင်တည်ထောင်
ဖွဲ့စည်းခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ထိုစဉ်တုန်းကအဖွဲ့အစည်းဖြစ်ပေါ်လာရန် အဓိကစတင်ဖေါ်ဆောင်ခဲ့သော
ပုဂ္ဂိုလ်များမှာ...
၁။ ဦးပုည
၂။ ဦးကုဝေရ
၃။ ဦးခေမာစာရ
၎။ ဦးကုဝေရ (နောင်မြလွဲ)တို့ဖြစ်ကြပါသည်။

ဇွဲကပင်ပညာဒါနအသင်း၏ဖွဲ့စည်းရခြင်းအဓိကရည်ရွယ်ချက်သည် ကရင်ရဟန်းငယ်များခေတ်ပညာတတ်မြောက်စေရေး
နှင့်နောင်တစ်ချိန်ကရင်မျိုးဆက်သစ်လူငယ်များ (generation) အားကိုးအားထားပြုပြီး အခြားတိုင်းရင်းသားများနည်းတူ
ခေတ်ပညာတတ်မြောက်စေရေးဖြစ်ပါသည်။ အဲဒီစတင်ဖွဲ့စည်းလိုက်တဲ့အချိန်တုန်းက ကျနော်သည်အဲဒီပုဂ္ဂိုလ်များနဲ့အတူ
ရှိခဲ့ပါသည်။ ၂၀၀၅-ခုနှစ်မှာ ဇွဲကပင်ပညာဒါနအသင်းစတင်ရုပ်လုံးပေါ်လာခဲ့ပြီး ထိုဆရာတော်များနဲ့အတူ ထိုင်းနိုင်ငံတွင်
လာရောက်အလုပ်လုပ်ကိုင်ကြသော ကရင်ပြည်နယ်ရှိကရင်အမျိုးသား၊အမျိုးသမီးအားလုံးလိုလို တတတ်တအားအားပေး
ကူညီလှူဒါန်းကြပါသည်။ ဟုတ်ပါသည်...တကယ်တော့ဒီအဖွဲ့အစည်းသည် ကရင်ပြည်သူများအားလုံးကိုယ်စားပြုသလို
ကိုယ်စားပြုနိုင်အောင်လည်း ဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အဖွဲ့အစည်းတိုင်းတွင် ရည်မှန်းချက်ပန်း
တိုင် (target) ကိုယ်စီရှိကြရမည်သာ၊ ရှိသမျှလုပ်ဆောက်ချက်အားလုံး လိုက်လုပ်နိုင်မည်မဟုတ်ပေ။ ဒီအဖွဲ့အစည်း၏
အဓိကရည်မှန်းချက်သည် အထက်မှာပြောခဲ့အတိုင်းပင်ဖြစ်သည်။

တစ်ချို့ကမေးခဲ့ဖူးသည်....”ဒီအဖွဲ့အစည်းသည် ကရင်အမျိုးသားများအတွက် ဘာလုပ်ဆောင်ပေးနိုင်မလဲ” ပေါ့။ ဟုတ်ပါ
သည်...”ဒီအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက် (target) ဟာ ”ကရင်ရဟန်းငယ်များခေတ်ပညာတတ်မြောက်စေရေးနှင့် နောင်
တစ်ချိန်ကရင်မျိုးဆက်သစ်လူငယ်(generation)များ အားကိုးအားထားပြုပြီး အခြားတိုင်းရင်းသားများနည်းတူ ခေတ်ပညာ
တတ်မြောက်စေရေးဖြစ်ပါသည်”။ အခြားသောအခန်းကဏ္ဍ (chapter) မြောက်များစွာရှိသော်လည်း ကျနော်တို့အားလုံး
လိုက်လုပ်နိုင်မှာမဟုတ်ပေ။ မိမိဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းတစ်ခုသည် ရည်မှန်းချက်ပန်းတိုင် (goal)ရှိရစမြဲပင်ဖြစ်သည်။
အဖွဲ့အစည်းတစ်ခုဟာ ကဏ္ဍပေါင်းများစွာလုပ်နိုင်ဖို့ဆိုတာ အင်မတန်မလွယ်ကူလှပါ။ NGO (None Government Orgni
zation), Unicef တို့လို အဖွဲ့အစည်းများတောင်မှ လိုက်ပြီးမလုပ်ဆောင်နိုင်ကြပါ။ဥပမာ...Save Children တို့လို
NGOမျိုးတောင် သူတို့နဲ့သက်ဆိုင်တဲ့ ကလေးသူငယ်အတွက်မျှသာ သူတို့ကူညီပေးနိုင်ခဲ့တာ။ ဒါဆို ဒီသေးငယ်သောလူအင်
အားတွေနဲ့ ဖွဲ့စတည်ထောင်ခဲ့တဲ့ ”ဇွဲကပင်ပညာဒါနအသင်း” လို အဖွဲ့အစည်းမျိုးမှာ မိမိလုပ်နိုင်မည့် ပန်းတိုင်ကိုသာဦး
တည်ရမည်ဖြစ်ပါသည်။ အေ...အဖွဲ့အစည်းတစ်ခုက နေရာတိုင်လိုက်လုပ်ပေး၊ လိုက်ကူညီပေးနိုင်တယ်ဆိုရင်တော့
အတိုင်းထက်အလွန်ဝမ်းသာရမှာပေါ့ဗျာ။

တစ်ချိုကလည်း ပြောချင်ပြောကြမှာပါ...ဒီအဖွဲ့အစည်းဟာ ဘာသာရေးအဖွဲ့အစည်းပဲ။ ဘုန်းကြီးတွေဦးဆောင်တယ်
ဆိုတော့ အဲလိုမြင်ပြီးပြောမယ့်လူတွေက ပြောမှာပဲ။ တကယ်တော့ သေချာစဉ်းစားဉာဏ်နဲ့ကြည့်ပြီးပြောရင်ပိုပြီးသင့်တော်
လိမ့်မယ်။ ကျနော်တို့ကရင်ပြည်သူတွေရဲ့အတွင်းမှာ ကိုးကွယ်ယုံမှုမိန်းအားဖြင့် (၂)ခုရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးကျနော်
ဆက်ပြီးမဆွေးနွေးခြင်ဘူး။ ကျနော့်အမြင်အရဘာသာရေး religion ဆိုသည်မှာပညတ်စကားလုံးတစ်ခုမျှသာဖြစ်ပါတယ်။
မိမိတို့က အဲဒီပညတ်အပေါ်မှာ စွဲလမ်းပြီး အကောင်း၊ အဆိုး(ဘာသာရေးနဲ့ လူမျိုးရေး) မခွဲခြားတတ်ဘူးဆိုလျှင် ထိုသူ၏
အပြစ်သာဖြစ်သည်။ ဟုတ်...ဘာသာရေးကိုပင်နင်လား ငါလားလွန်စွဲပြောနေမည်ဆိုလျှင် ကရင်လူမျိုးတို့ရဲ့ကံကြမ္မာသည်
အနာဂါတ်မှာလှပနိုင်တော့မည်မဟုတ်ပါ။ ကိုးကွယ်မှုသည် freedom ဖြစ်ပါစေ၊ လူမျိုးအတွက်သည်လည်း စေတနာမှန်
မှန်နဲ့ freedom ဖြစ်ကြပါစေလို့ပဲ ကျနော်ပြောချင်တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းသည် ဘုန်းတော်ကြီးများ ဦးဆောင်
သည်ဆိုသော်လည်း ဘာသာရေးအသွင်းသဏ္ဍာန်ဖြင့်အတင်းအဓမ္မသွပ်သွင်းစည်းရှုံးခြင်း၊ ဟောပြောခြင်း၊ အခြားဘသာ
များကို ဝေဖန်တိုက်ခိုက်ခြင်းမျိုးလုပ်ဆောင်သောအဖွဲ့အစည်းမျိုးမဟုတ်ပါ။ ခွင့်လဲခွင့်ပြုမည်မဟုတ်ပါ။ ခြွင်းချက်အားဖြင့်
ရှိနင့်နေပြီးဖြစ်သောလက်ရှိဗုဒ္ဓဘာသာများကိုတော့ အမြင်မှန်အောင်၊ လူမှုလောက communityအတွက်ဆောင်ရွက်တတ်
အောင် ပြောဆိုချမှတ်ပေးရေးဟာ ဦးဆောင်လုပ်ရှားသူများတာဝန်ဖြစ်ပါတယ်။သူများကိုအပြစ်ပြောပြီး ကိုယ့်ကိုအမွမ်းတင်
တတ်တဲ့လူစားမျိုးဟာ ဘာသာရေးခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်တာတော့သေချာသည်။

ဇွဲကပင်ပညာဒါနအသင်းသည် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း (၃)နိုင်ငံမှာ ကရင်ရဟန်းတော်များကို တစ်နှစ်လျှင်တစ်ကြိမ်၊
B.A/ M.Aကျောင်းသားများ ဒေါ်လာ (၁၅၀)၊ Ph.D ကျောင်းသားများ ဒေါ်လာ (၃၀၀) နှုန်းဖြင့် လှူဒါန်းလျှက်ရှိပါသည်။
အခု ကျနော်လည်း”ဇွဲကပင်ပညာဒါနအသင်း” ရဲ့ ထောက်ပံ့မှုကိုရယူထားခြင်းအားဖြင့် ဇွဲကပင်ပညာဒါနအသင်းရဲ့ ကျေး
ဇူးကို ကျနော့်အပေါ်ရှိနေတာသေချာပြီ။ ဒီနေရာမှာ ကျနော်စဉ်းစားရတော့မည်...အဲဒီကျေးဇူးတရားများကိုဘယ်လိုပြန်
ဆပ်မလဲ...ဟုတ်ကဲ့...ကရင်အမျိုးသားများအတွက် ကျနော်စွမ်းနိုင်တဲ့အခန်းကဏ္ဍကဘာလဲ။ အဲဒီအချိန်ကနေစပြီး ကွန်
ပျူတာနဲ့ ဘလော့ဖရီးဆိုက်တွေကို တဆိုက်မတ်မတ်လေ့လာတော့သည်။ အဲဒီအချိန်တုန်းကဆိုလျှင် ကရင်ဘလော့ဂါ၊
ကရင်ဆိုက်တွေမတွေ့ရသလောက်ပါပဲ။ ကျနော်လေ့လာလို့လုပ်တတ်ကိုင်တတ်နည်းနည်းလေးရှိလာတာနဲ့ ၀က်ဆိုက်
တွေပေါ်မှာ ကရင်ဘလော့ဂေါများပေါ်ပေါက်လာစေရန်ဆိုပြီး ကျနော်အချိန်ရှိတိုင်းလုပ်ခိုင်းတဲ့ကရင်မှန်သမျှ ကျနော်လုပ်
ပေးခဲ့ပါတယ်။ တစ်ချို့ဘလော့ဂါများ အခုထိဆက် update ဖြစ်နေဆဲ။ အလားတူ...ကျနော့်ဘလော့ဂါဆိုက်၊ မာလတီပ
လိုင်းဆိုက်တို့မှာ ကျနော်သိတဲ့ကွန်ပျူတာအကြောင်းလေးတွေကို တင်ထားပေးပါတယ်။ နောက်ပြီး ပြင်ပမှာလည်းကွန်
ပျူတာသိချင်တဲ့ပုဂ္ဂိုလ်များကို ကျနော်သိသလောက်ပြန်ရှယ်ယာပေးခဲ့ပါတယ်။ ဒါတွေအားလုံးသည် ”ဇွဲကပင်ပညာဒါန
အသင်း” ရဲ့ကျေးဇူးကို တထောင့်တနေရာကနေ ပြန်လည်ပေးဆပ်ခြင်းပဲဖြစ်ပါတယ်။

”ကွင်းဆက်” ဆိုတဲ့ စကားလုံးဟာ လူတိုင်းကြားဖူကြမှာပါ။ ဒါဆို ဇွဲကပင်ပညာဒါနအသင်းရဲ့ထောက်ပံ့ထားတဲ့ များစွား
သော ကရင်ရဟန်းငယ်များမှာ ကျနော်အနည်းငယ်လုပ်ပေးနိုင်ခဲ့တဲ့ လုပ်ဆောင်ချက် activity မျိုးလို အခြားရဟန်းငယ်
များလည်း ကျနော်လုပ်နိုင်တာထက်၊ ကျနော်စွမ်းနိုင်တာထက် သူတို့တွေမှာ အသိပညာ၊ အတတ်ပညာများစွာရှိနေမှာ
သေချာသည်။ သူတို့တစ်တွေဟာ တစ်ချိန်ချိန်တွင် ကရင်အမျိုးသားများအတွက်ပြန်လည်လုပ်ပေးကြမည်ဆိုလျှင် ”ဒို့
ကရင်များအတွက် အကျိုးများမှာ သေချာပါသည်”။ ဒါကြောင့်”ကွင်းဟာ တစ်ခုနဲ့တစ်ခုဆက်စပ်နေပါတယ်” အလားတူ
...ဇွဲကပင်ပညာဒါနအသင်းသည် ကရင်ရဟန်းငယ်များထောက်ပံ့သည်ဟုဆိုထားသော်လည်း တကယ်လက်တွေ့မှာ
ကရင်လူမျိုးနှင့် ကရင်လူငယ်များအတွက်သာတိုက်ရိုက်အကျိုးပြုနေပါသည်။ ဒါဆို ဇွဲကပင်ပညာဒါနအသင်း၏လုပ်ဆောင်
ချက်ဟာ ဘာလဲ...ဆိုတာ သဘောပေါက်သိနိုင်ကြမည်ထင်ပါသည်။

”ဇွဲကပင်နဲ့ ကျနော်” ရေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ (၁)ဇွဲကပင်ပညာဒါနအသင်း၏ လုပ်ရှားမှုသရုပ်သဏ္ဍာန်
(၂) ဇွဲကပင်အသင်းသားကရင်ရဟန်းငယ်များအားလုံး မပေါ့မဆနဲ့ တစ်ချိန်ချိန်တွင် ငါတို့ရဲ့ဇွဲကပင်ပညာဒါနအသင်း
ကျေးဇူးကိုပြန်လည်ပေးဆပ်နိုင်ရန်၊ မိမိကရင်အမျိုးသားလူငယ်များအတွက် ခေတ်နှင့်လျှော်ကန်သောအတတ်ပညာ
များ ဝေငှနိုင်ရန်ဖြစ်ပါတယ်။

နောက်ဆုံးအားဖြင့် အထက်ပါရေးခဲ့တဲ့အကြောင်းအရားအားလုံး မှားယွင်းမှုရှိခဲ့သော် သည်းခံခွင့်လွတ်နားလည်ပေးစေခြင်
သည်။

အားလုံးပျော်ရွင်နိုင်ပါစေ.....

အားလုံးလေးစားလျှက်...

စောလင်းနက်စ်
[Read More...]


ကရင်ခြည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး)



ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် (၂၂-၈-၂၀၁၀) တနင်္ဂနွေနေ့
ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပခဲ့သည်။ ၄င်းအခမ်းအနားကို ဘန်ကောက်တွင် ထိုင်းနိုင်ငံရောက်
ကရင်တိုင်းရင်းများက ကရင်ဓလေ့ထုံးတမ်းနှင့်အညီ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားအ
စီအစဉ်အနေဖြင့် ကြွရောက်လာကြသောသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေ
စက်သွန်းချအမျှပေးဝေပါသည်။ တစ်ဆက်တည်းမှာပဲ ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကို ဆက်လက်
ကျင်းပကာ မာန်နဲာကျာ်မေဓာနန္ဒက ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်းအကြောင်းကို အကျဉ်း
အားဖြင့် တက်ရောက်လာကြသောကရင်ညီကို၊ မောင်နှမများကိုပြောကြားခဲ့ပြီး ထိုနောက်ခြည်ဖြူ
ဖွဲ့မင်္ဂလာကို ဓလေ့ထုံးတမ်းနှင့်အညီကျင်းပခဲ့ပါသည်။

ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပပုံ ဓာတ်ပုံများ...












[Read More...]


ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ ဟတ်ယိုင် ဒုတိယကြိမ်မြောက် အလှူပွဲကျင်းပ



ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဟတ်ယိုင်မြို့တွင် တည်ရှိသော ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ သည် (၁-၈-၂၀၁၀) တနင်္ဂနွေနေ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးအလှူပွဲအောင်မြင်စွာ ကျင်း
ပပြီးဆီးခဲ့ပါသည်။ အခမ်းအနားအစီအစဉ်များကို အောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်

၁။ နမောတဿ (၃)ကြိမ် ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော် မာန်နဲာကျာ်ကုဝေရထံ
မှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားနားကြားခြင်း
၃။ ဆရာတော် မာန်နဲာကျာ်ကုဝေရက ဟတ်ယိုင်မြို့တွင်တည်ရှိသော ဇွဲကပင်ပညာဒါနအ
သင်းသူ အသင်းသားများအား သြ၀ါဒကထာမြွက်ကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) ဥက္ကဋ္ဌက ၎င်း၏အဖွဲ့ဆက်လက်တည်ရှိရေး
ပြောကြားခြင်း
၅။ ၎င်းအလှူပွဲအတွက် ရငွေ၊ ကုန်ငွေစာရင်းကို လူငယ်တစ်ဦးက ရှင်းလင်းတင်ပြခြင်း
၆။ အဖွဲ့၏ညီညွတ်ရေးနှင့် ကရင်လူငယ်များ နောင်အနာဂါတ်မှာ ကရင်လူထုအတွက်အရေး
ကြီးကြောင်းကို မာန်နဲာမေဓာနန္ဒနဲ့ မာန်နဲာဉာဏသာမိတို့က ရှင်းလင်းပြောကြားခြင်း
၇။ လှူဖွယ်ပစ္စည်းမျာကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်း
၈။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်း

အစည်းအဝေးအလှူပွဲကျင်းပပုံဓာတ်ပုံများ





























[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors