ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) (၄) ကြိမ်မြောက်အလှူပွဲကျင်းပပြီးစီး



(၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကို (၂၄-၇-၂၀၁၁) တနင်္ဂနွေနေ့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ နှစ်စဉ်ကျင်းပနေကျ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်)ရဲ့ အလှူပွဲကို ဒီနှစ်ဆိုရင် (၄)ကြိမ်မြောက်ကျင်းပလာခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး အစည်းအဝေးအလှူပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလျှက်ရှိပြီး ဒါဟာ ၂၀၁၁-ခုနှစ် ပထမ ၆-လပတ်အလှူပွဲလည်းဖြစ်ပါတယ်။
အဲဒီဟတ်ယိုင်ဒေသမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားအများစုလာ ရောက်အလုပ် လုပ်ကိုင်နေကြခြင်းလည်းဖြစ်ပါတယ်။

၎င်းအလှူပွဲကို အောက်ပါအခမ်းအနားအစီစဉ်ဖြင့်ကျင်းပခဲ့ပါတယ်…
၁။ နမော တဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းက မာန်နဲာကျာ်သောဘိတ (လောင်းကိုင်)ထံမှ ငါးပါးသီလခံယူဆောက်တည်
ကြကာ ထိုနောက် သံဃာတော်များ ပရိတ်တရားရွတ်ဖတ်ခြင်း
၃။ မာန်နဲာမေဓာနန္ဒက ဇွဲကပင်ပညာဒါနအသင်းရဲ့ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ပြောကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) မှ ဥက္ကဋ္ဌကိုယ်စား စောမန်းစိန်ဋ္ဌေးက အလှူပွဲဖြစ်မြောက်
ရေးအတွက် ကြိုးပမ်းအားထုတ်ကြသော ဟတ်ယိုင်မှအလှူရှင်၊စေတနာရှင်များအားလုံးဝမ်းမြောက်ဝမ်း
ရှိကြောင်းပြောကြားခြင်း
၅။ (၄)ကြိမ်မြောက်အလှူပွဲရဲ့ ၀င်ငွေ၊ ထွက်ငွေစာရင်းကို စောညွန့်သိန်းမှရှင်းပြခြင်း
၆။ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်း
၇။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကိုအေင် မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

အလှူပွဲအမှတ်တရဓာတ်ပုံများ












[Read More...]


(၂၀၁၁) ဒုတိယ -၆-လပတ် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးပွဲအတွက် စာမူဖိတ်ခေါ်ခြင်း



ဇွဲကပင်ပညာဒါနအသင်း၏ ဒုတိယ (၆)လပတ်အစည်းအဝေးကို လာမည့် January (ပီမိုင်)တွင်ကျင်းပ
မည်ဖြစ်ပါသည်။ ကျင်းပမည့် (၁၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအထိမ်းအမှတ်စာအုပ်ထုတ်
ဝေမည်ဖြစ်သည့်အတွက် မိမိဇွဲကပင်ပညာဒါနအသင်းနဲ့ဆက်စပ်သောနောက်အကြောင်းများသော်၎င်း
မိမိကရင်လူများအတွက် အကျိုးဖြစ်စေမည့်အကြောင်းအရာများသော်၎င်း ဆောင်းပါး၊ ကဗျာ စသည်
ရေးသားနိုင်ပါကြောင်း စာမူရှင်များ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

ရေးသားနိုင်သောအကြောင်းအရာများ...

(၁) ဆောင်းပါး (ကရင်၊ မြန်မာ၊ အင်္ဂလိပ်)
(၂) ကဗျာ (ကရင်၊ မြန်မာ၊ အင်္ဂလိပ်)

ပေးပို့ရမည့်နောက်ဆုံးနေ့စွဲ...

၃၀-၉-၂၀၁၁

ပေးပို့ရန်အီးမေးလ်လိပ်စာ

kkbdana2005@gmail.com
sawlinux@gmail.com
[Read More...]


(၁၃) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲကျင်းပပြီးစီး



(၁၃) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲကို (၃-၇-၂၀၁၁)တနင်္ဂနွေနေ့ ၀တ်ကျာဒယ်
ကျောင်း၊ ဖရပဒဲမြို့နယ်၊ ဘန်ကောက်၊ ထိုင်းနိုင်ငံတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးပွဲကို
သံဃာတော်များအား နေ့လည်ဆွမ်းဆက်ကပ်လှူဒါန်းပြီး (၁၂)နာရီအချိန်တွင် အောက်ပါအစီအစဉ်ဖြင့် ကျင်းပ
ခဲ့ပါသည်။

(၁) ကြွရောက်လာကြသောသံဃာတော်၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍အခမ်း
အနားကိုဖွင့်လှစ်ခြင်း
(၂) ဧည့်ပရိတ်သတ်အပေါင်းတို့က နာယကဆရာတော်က်ုဆာကျာ်ကုမာရ (လာင့်ပါးဘာ.) ငါးပါးသီလခံယူပြီး
သံဃာတော်များက ပရိတ်တရားတော်များချီးမြင့်ခြင်း
(၃) နာယကဆရာတော်မာန်နဲာကျာ်ပုညက သြ၀ါဒကထာမြွက်ကြားခြင်း
(၄) မာန်နဲာကျာ်ပညာဓိက (ဓမ္မမာမကကျောင်း-ရန်ကုန်) ဇွဲကပင်ပညာဒါနအသင်းသူ၊အသင်းသား
များ ရှေ့ဆက်ညီညီညွတ်ညွတ်ရှေ့ဆက်အလုပ် လုပ်ကြဖို့ “ညီညွတ်ရေးအကြောင်း“ ပြောကြားခြင်း
(၅) ဇွဲကပင်ပညာဒါနအသင်း၏ ဥက္ကဋ္ဌကိုယ်စား မာန်နာကျာ်မေဓာနန္ဒ အသင်း၏ဖွဲ့စည်းပုံအကျဉ်းကို ဧည့်ပရိတ်
များအားပြောကြားခြင်း
(၆) ၁၃ ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲအတွက် ၀င်ငွေ၊ ထွက်ငွေများကို မာန်နဲာကျာ်
ကုဝေရ (နွန်ထဘူရီ)မှ ရှင်းလင်းတင်ပြခြင်း
(၇) ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ပစ္စည်းဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်ချအမျှပေးဝေခြင်း
(၈) ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု-၃-ကြိမ် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်တို့ဖြင့် (၁၃)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောင်မြင်စွာကျင်း
ပခဲ့ပါသည်။

အခမ်းအနားကျင်းပသည့်ဓာတ်ပုံများ








[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors