ဇွဲကပင်ပညာဒါနအသင်း၏ ဆောင်ရွက်ရမည့် ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး




(၂၇-၂-၂၀၁၁)၊ ဘန်ကောက်မြို့
၂၀၁၁ခုနှစ်အတွက် ဇွဲကပင်ပညာဒါအသင်းရဲ့ ပထမခြောက်လပတ်ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ
နဲ့အစည်းအဝေးပွဲမတိုင်ခင် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၇-၂-၂၀၁၁)နေ့က ဘန်ကောက်မြို့၊၀ပ်
နတ်ခွန်အင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီကြိုတင်ညှိနှိုင်းအစည်းအဝေးပွဲမှာအသင်းရဲ့သြ
ဝါဒါစရိယနာယကဆရာတော် ခြောက်ပါးထဲက ဆရာတော်ဦးဇောတိကနဲ့ဦးပုညတို့တက်ရောက်ကြပြီး
အသင်းဝင်သံဃာတော်များထဲကဆိုရင် ဦးကုဝေရ၊ ဦးဣန္ဒာစာရ၊ ဦးမေဓာနန္ဒ၊ ဦးအရိယ၊ ဦးအာလော
ကတို့ တက်ရောက်ကြပြီး ဘဏ္ဍာငွေရှာဖွေရေးနဲ့စည်းရုံးရေးကော်မီတီထဲကဆိုရင် ဥက္ကဋ္ဌ၊ဒု-ဥက္ကဋ္ဌ၊အ
တွင်းရေးမှူးနဲ့ဘဏ္ဍာရေးမှူးတို့တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနား အစီအစဉ်ကို...
သဘာပတိဆရာတော် မာန်နဲာကျာ်ဇောတိက (သာသနတက္ကသိုလ် -ရန်ကုန်- ဒုတိယ
ပါမောက္ခချုပ်) အဖွင့်သြ၀ါဒစကားမြွက်ကြားပါသည်။

ထိုနောက် ဇွဲကပင်ပညာဒါနအသင်း၏ဆေင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး
ကြပြီး ၎င်းဆွေးနွေးချက်များအား အဖွဲ့ဝင်များကအတည်ပြုပေးခဲ့ကြပါသည်။

(အတည်ပြုထားသောဆွေးနွေးချက်များကို နောက်မှပြန်လည်တင်ပေးမှာဖြစ်ပါတယ်)

နိဂုံးချုပ်အားဖြင့် သဘာပတိဆရာတော် မာန်နာကျာ်ဇောတိက (သာသနတက္ကသိုလ်
-ရန်ကုန်- ဒုတိယပါမောက္ခချုပ်) အမှာစကားမြွက်ကြားတော်မူပြီး အခမ်းအနားကိုရုပ်
သိမ်းလိုက်ပါသည်။




[Read More...]


ဇွဲကပင်ပညာဥယဉ်ကျောင်း မုဒ်ဝအလှူရှင်



ဇွဲကပင်ပညာဒါနအသင်း၏ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇွဲကပင်ပညာဥယဉ်ကျောင်း
တည်ဆောက်လျှက်ရှိပါသည်။ ထိုကျောင်း၏မိန်းထွက်ပေါက်မုဒ်ဝတစ်ခုတည်ဆောက်
မှာဖြစ်ပါတယ်။ ဒါကြောင့် ထိုမုဒ်ဝကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာ
အင်းရွာနေ စောဟန်တိုး၊ နန်းရီရီနွဲ့ ၊ သမီးလေး နန်းအေးနုနုမေ၊ နန်းဆုသဒ္ဒါတိုးတို့က
တာဝန်ယူလှူဒါန်းမည်ဖြစ်ပါသည်။

ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း (၆၀) ခြောက်ဆယ်ကုန်ကျမည်ဖြစ်ပါသည်။ ထိုအလှူငွေ
များကို အရစ်ကျလှူဒါန်းမှာဖြစ်ပြီး ဒီနေ့ထမနဲ (ရာဟု)အလှူပွဲမှာ တ၀က်ချိုးလှူဒါန်းသွား
ကြောင်း ရပ်နီး၊ ၇ပ်ဝေးအလှူရှင်၊ အလှူမများအားလုံး ၀မ်းမြောက်ဝမ်းသာဓုခေါ်ဆို
နိုင်၇န် သတင်းကောင်းပါးလိုက်ရပါည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာနေ
စောဟန်တိုး၊ နန်းရီရီနွဲ့
သမီးလေး နန်းအေးနုနုမေ
နန်းဆုသဒ္ဒါတိုး
[Read More...]


ထမနဲအလှူပွဲ (ထမနဲထိုးပွဲ)




နေ့စဉ်ကျင်းပမြဲဖြစ်သော ထမနဲ(ရာဟု)အလှူပွဲကို (၁၃-၆-၂၀၁၁) တနင်္ဂနွေနေ့
ဘန်ကောက်မြို့၊ နွန်ထူရီ၊၀တ်နခွန်အင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ်ခပ်
သိမ်းအပေါင်းတွေကို ကင်းဝေပါစေခြင်းအကျိုးငှါ ရည်သန်၍ ထမနဲထိုး(ရာဟု)
အလှူပွဲကို ရတနာသုံးပါးဦးထိပ်ပန်ဆင်ကာ ပူဇော်လှူဒါန်းခဲ့ကြပါသည်။

ထိုအလှူပွဲကို အလှူရှင်၊ အလှူမများက သံဃာတော်များအား ဆွမ်းဆက်ကပ်လှူ
ဒါန်းကြပြီး ရေစက်သွန်ချအမျှပေးဝေကြပါသည်။ ထိုနောက်ထမနဲ(ရာဟု)ကို
ေ၇ာက်လာတဲ့ ပ၇ိတ်သတ်များအားသုံးဆောင်ကြပြီး ထိုနောက်ပေးဝေလှူဒါန်း
ကြပါသည်။

ထမနဲထိုး (ရာဟု)အလှူပွဲဓာတ်ပုံ










[Read More...]


ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်-ထိုင်း) အစည်းအဝေးအလှူ





ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်-ထိုင်း) အစည်းအဝေးအလှူပွဲကို (၆-၂-၂၀၁၁)
တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့တွင် လာရောက်အလုပ် လုပ်ကိုင်နေကြသော ဇွဲက
ပင်ပညာဒါနအသင်း အလှူရှင်၊ အလှူမများက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအလှူပွဲတွင် အောက်ပါအခမ်းအနားအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ နမော တဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဆရာတော် မာန်နဲာကုဝေရ (နွန်ထဘူရီ) ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
၃။ ဆရာတော် မာန်နဲာကုဝေရ (နွန်ထဘူရီ)က သြ၀ါဒကထာမိန့်ကြားခြင်း
၎။ မာန်နဲာမေဓာနန္ဒက အဖွဲ့အစည်းအတွက် စည်းလုံးညီညွတ်ရေးအကြောင်းမိန့်ကြားခြင်း
၅။ ကြွရောက်လာကြသောမာန်နဲာများအားလုံး ၀မ်းမြောက်ဝမ်းသာစကားပြောကြားခြင်း
၆။ ဇွဲကပင်ပညာဒါနအသင်း အဖွဲ့ခွဲ (ဟတ်ယိုင်) ဥက္ကဋ္ဌစကားပြောကြားခြင်းနှင့် စာရင်း
ရှင်းပြခြင်း ပြီးတော့ ကျဝ်သူရေ၀့်ဖါန်က ကရင်သမိုင်းကြောင်းအကျဉ်းပြောပြခြင်း
၇။ လှူဒါန်းဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်နှင့် ရေစက်သွန်းချအမျှပေးဝေခြင်း
၈။ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃) ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်း









[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors