အသိပေးခြင်း



အားလုံးမင်္ဂလာပါ...

ခွဲကဘောင်ပညာ့ဒါနအသင်းရဲ့ blogspot သည် စာဖတ်သူများပိုပြီးအဆင်ပြေနိုင်စေရန် Domain Name နဲ့လည်း
ဖတ်ရှုနိုင်တော့မည်ဖြစ်သည်။ ထိုသို့ domain name ဖြင့်ဖတ်ရှုနိုင်ရန် ကူညီလှူဒါန်းပေးတဲ့အလှူရှင်က သြစတျေး
လျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာနေထိုင်တဲ့ ကရင်အမျိုးသမီးတစ်ဦးပါပဲ။ ဒိုမိန်းနိမ်းတစ်ခုဟာ usd 10 သာဆိုပေမယ့်
လုပ်နည်းကိုင်နည်းမသိရင် ဒိုမိန်းနိမ်းတစ်ခုရဖို့လည်း အတော်ကိုမခက်ပဲနဲ့ မလွယ်ဘူးဖြစ်နေတယ်။

အခုဝယ်ဖို့နည်းစနစ်တစ်ခုရသွားတာရယ်၊ ဘယ်လိုကဒ်မျိုးနဲ့ဝယ်ရတာရယ်၊ ကဒ်ကိုဘယ်လိုဖွင့်ရတာလဲဆိုတာတွေ
ပေါ့။ နည်းနည်းလေးရိပ်မိသွားတယ်လေးဗျာ။ ဒါကြောင့် ဒီခွဲကဘောင်ဆိုက်ရဲ့ ဒိုမိန်းနိမ်းကိုဝယ်လှူပေးတဲ့အလှူ
ရှင်ကို ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေလို့ ခွဲကဘောင်ပညာဒါနအသင်းမိသားစုမှ
ဆုတောင်းပေးလိုက်ပါတယ်။

ခွဲကဘောင်ပညာဒါနအသင်းဆိုက်ရဲ့ ဒိုမိန်းလိပ်စာ...

http://www.kda2005.com

အရင် blogspot လိပ်စာ...
http://kda2005.blogspot.com နဲ့ဖတ်ရှုလို့ရနိုင်ပါသည်။

ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာ
[Read More...]


နွန်ထဘူရီ ၊ ၀တ်နခေါင်အင်ကျောင်း ကထိန်ပွဲတော်အောင်မြင်စွာကျင်းပပြီးစီး



တစ်နှစ်မှတစ်ကြိမ်ဖြင့် ကျင်းပနေကျကထိန်ပွဲတော်ကို အောက်တိုဘာ (၁၆)ရက် ၊ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဒီနှစ်ဘန်ကောက်
မြို့မှာ နေရာအနှံ့အပြားရေလွမ်းမှုဒါဏ်ကြောင့် အလှူရှင်များအများအပြားမလာရောက်နိုင်တော့ဟုထင်ရ
သော်လည်း ဒီကနေ့အလှူပွဲတွင် ဧည့်ပရိတ်သတ်အပေါင်းတစ်ရာကျော်လာရောက်ကထိန်သင်္ကန်းအလှူဒါန
ပြုကြပါသည်။

ပထမအခမ်းအနားအစီအစဉ်ကို နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်း ထိုင်းဆရာတာ်၊ သံဃာတော်များထံမှ
ငါးပါးသီလ၊ ပရိတ်တရားနားကြားပြီး ထိုင်းဘာသာဖြင့်ရေစက်သွန်းချအမျှပေးပါသည်။
ထိုနောက် မြန်မာ၊ ကရင်အစီအစဉ်ဖြင့်ဆက်လက်ကျင်းပခဲ့ပြီး ကထိန်သင်္ကန်းကို သံဃာတော်များအားဆက်
ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

နွန်ထဘူရီ ၊ ၀တ်နခေါင်အင်ကျောင်း ကထိန်ပွဲကျင်းပပုံ







20" />

[Read More...]


Breaking News



Breaking News

အခုဘန်ကောက်မြို့မှာ အဆက်မပြတ်မိုးရွားသွန်းမှုကြောင့် မြို့လယ်မှာရှိတဲ့ ကျောက်ဖရားမြစ်သည်လည်း
စိုးရိမ်ရေအမှတ်ထိကျော်လာနေလာပြီး၊ ဒီထက်မြစ်ရေဆက်တက်လာပါက ခရီးသွားလာဖို့ခက်ခဲသွားနိုင်သည်။
နောက်ပြီး ကျနော်တို့ (၁၆)နေ့မှာ ကျင်းပမယ့်ဇွဲကပင်ကထိန်ပွဲကိုလည်း ပရိတ်သတ်လာရောက်ဖို့အနည်း
ငယ်ခက်သွားမည်။ ဘာဖြစ် အဲဒီနေ့မှာဖြစ် အောင်ကျင်းပသွားမယ်လို့ အသိပေးအပ်ပါသည်။




အယုဒ္ဓယမြို့ရေကြီးမှုဗွီဒီယို


[Read More...]


ဘန်ကောက်ရေကြီးမှု ဓါတ်ပုံ



ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရိုင်မှာ နှစ် (၆၀) အတွင်း အကြီးမားဆုံးရေကြီးမှုဒါဏ်ရင်ဆိုင်နေရပါတယ်။
ဒီကြားတွင် မြန်မာနိုင်ငံမှလာရောက်အလုပ်လုပ်ကြတဲ့ မြန်မာလုပ်သားများလည်းအလူးအလဲခံရေတယ်။
အထူးအားဖြင့် အယုဒ္ဓယ၊ နခွန်စ၀န်မြို့များဆိုရင် တစ်မြို့လုံးရေလွမ်းမိုးမှုခံနေရသည်။ ဒါကြောင့်
အောက်ပါဓာတ်ပုံများကြည့်ရင် ရေလွမ်းမိုးမှုဒါဏ်ခံဘယ်လောက်ခံစားနေရတယ်ဆိုတာ သိနိုင်လောက်
ပါတယ်။





အယုဒ္ဓယမြို့တော်၊ မဟာချူလာတက်သိုလ်ကျောင်းပရ၀ုဏ်မှ ရေတက်လာတဲ့မြင်ကွင်း၊ အရင်ကဒီနေရာ
သည် ကုန်းမြင့်တဲ့မြေပြင်တွေဖြစ်တယ်။




[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors