ဝပ်နခွန်အင် (နွန်ထဘူရီ) နှစ်သစ်ကူးပွဲတော်ကျင်းပ



မြန်မာခုနှစ် ၁၃၇၄-ခု အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် လာရောက်
အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ကရင်တိုင်းလူမျိုးများ (၁၅-၄-၂၀၁၂) တနင်္ဂနွေနေ့
နွန်ထဘူရီ၊ ၀ပ်နခွန်အင်ကျောင်းတွင် စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ရောက်လာကြသော ဧည့်ပရိတ်သတ်များကို ဖာလူတာ၊ သင်္ကြန်ထမင်းဖြင့် ဧည့်ခံကြပြီး
နေ့လည် (၁၀.၃၀)မိနစ်တွင် သံဃတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့လည် (၁၂)နာရီ
မှာ ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဦးသုနန္ဒ (နောင်ကမြိုင်)
က တကာ၊ တကာမတို့အား တရားဓမ္မဆွေးနွေးတိုက်ကြွေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပဲ ဘားအံ၊
ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းတွင် တည်ဆောက်လျှက်ရှိသော သိမ်ကျောင်းအတွက် ဘတ်
ငါးရာ (၅၀၀) ထက်လှူဒါန်းကြသော စေတနာရှင်များအား ဂုဏ်ပြုလွှာမှတ်တမ်းပေးအပ်ခြင်းကာ
ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။

ထိုနောက် နှစ်သစ်ကူးမှာ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေခြင်းအကျိုးငှာ ဘုရားရေသပ္ပါယ်
ခြင်း၊ သံဃာတော်များရေးသပ္ပါယ်ခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။





[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors