(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)



(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ် နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂)ကြိမ်ဖြင့် ကျင်းပလာခဲ့သည်မှာ အခုဆိုရင် (၁၄) ကြိမ်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် အားလုံးသော အနီးအဝေးမှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကိုထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ အလှူမများ ၀မ်းမြောက်သာဓုခေါ်နိုင်ရန် ဒီဇွဲကပင်ပညာဒါနအသင်းဆိုက်ကနေတဆင့်ဖေါ်ပြလိုက်ပါတယ်။


(၁၄ ) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောက်ပါအစီအစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်…

၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ”နမော တဿ” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

၂။ မိဂဒါယဖေါ့မူယှာ့ကုံလွဲာမှ ”ပုဂ်ထင်း”လ်ုဝါ်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၃။ နာယကဆရာတော် က်ုဆာကျာ်ကုမာရ (လိုင့်ပါးဘာ.)ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတေ်၊ သံဃာတ်ေတို့က ပရိတ်တရားချီးမြင့်ခြင်း

၎။ နာယကဆရာတော် က်ုဆာကျာ်ပုည (၀တ်ကျာဒဲကျောင်း) မှ ဧည့်ပရိတ်သတ်တို့အား သြ၀ါဒကထာ (ဆုံးမစကား) မိန့်ကြားခြင်း

၅။ ဇွဲကပင်ပညာဒါနအသင်းရဲ့ ဥက္ကဋ္ဌဆရာတော်က်ုဆာကျာ်ဣန္ဒာစာရက ဇွဲကပင်ပညာဒါနအသင်းရဲ့ ရယ်ရွယ် ချက်၊ လုပ်ဆောင်ချက်တွေကို ဧည့်ပရိတ်သတ်တို့အားမိန့်ကြားခြင်း

၆။ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ဆောက်ရမည့်အကြောင်းကို မာန်နဲာမေဓာနန္ဒမှ မိန့်ကြားခြင်း

၇။ အသင်း၏ (၆) လပတ်အတွင်း ၀င်ငွေ၊ ထွက်ငွေစာရင်းကို ဘဏ္ဍာရေးမှူးက်ုဆာကျာ်ကုဝေရ (နွန်ထဘူရီ) မှ ရှင်းလင်း တင်ပြခြင်း

၈။ မာန်နဲာဉာဏောဒယ (ခ်ုလိုဝ်)မှ ဧည့်ပရိတ်သတ်တို့အား တရားရေအေးတိုက်ကြွေးခြင်း

၉။ ဧည့်ပရိတ်သတ်တို့က လှူဒါန်းဖွယ်ရာဒါန၀တ္ထုများကို ဆရာတော်၊ သံဃာတော်များအားဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်းချအမျှပေးဝေခြင်း

၁၀။ မိဂဒါယဖေါ့မူယှာံကုံလွဲာမှ ”အေင်ပြီ” ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၁၁။ (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲပြီးဆုံး၍ ” ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ်ဖြင့် ရွတ်ဖတ်၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း၏ အလှူပွဲကို အောင်မြင်စွာကျင်းပခဲ့ ပါသည်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဇွဲကပင်ပညာဒါအသင်းကို အားပေးထောက်ပံ့လှူဒါန်းကြတဲ့ သူတော်စင် ဒါယကာ၊ ဒါယိကာမအားလုံး သာဓုခေါ်ဆိုနိုင်ရန် ဒီဆိုက်ကနေ အသိပေးတင်ပြလိုက်ရပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....















[Read More...]


(၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်းအဖွဲ့ခွဲ (ဟါယိုင်မြို့-ထိုင်းနိုင်ငံ) အစည်းအဝေးကျင်းပပြီးစီး



(၅) ကြိမ်မြောက် ဇွဲကပင်ညာဒါနအသင်းအဖွဲ့ခွဲ (ဟါယိုင်မြို့-ထိုင်းနိုင်ငံ) အစည်းအဝေးအလှူပွဲကို
(၂၃-၁-၂၀၁၂) တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံ၊ ဟါယိုင်မြို့တွင်အောင်မြင်စွာကျင်းပြခဲ့ပါသည်။ ထိုင်းနိုင်
ငံ၊ ဟါယိုင်မြို့ရှိ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲသည် ၂၀၁၀-ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၎င်း၏အစည်း
ပွဲကို (၆)လလျှင် တစ်ကြိမ်ဖြင့် ပုံမှန်ကျင်းပလာခဲ့ပါသည်။ ဒီတစ်ကြိမ်ဆိုလျှင် (၅)ကြိမ်မြောက်အစည်း
အဝေးအလှူပွဲလည်းဖြစ်ပတယ်။ ထိုင်းနိုင်ငံ၊ တောင်ပိုင်း ဟါယိုင်မြို့သည် ကရင်ပြည်နယ်၊ ကြာအင်း
ဆိပ်ကြီးမြို့နယ်မှ ကရင်၊ မွန်၊ ထားဝယ်အများစုလာရောက်အလုပ်လုပ်ကိုင်ကြတဲ့ဒေသတစ်ခုလည်းဖြစ်
ပါသည်။



အောက်ပါအစီအစဉ်အတိုင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်...

၁။ နမော တဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ မာန်နဲာဉဏောဒယထံမှ ဧည့်ပရိတ်သတ်များ ငါးပါးသီလခံယူပြီး မာန်နဲာကျာ်များပရိတ်တရားများရွတ်
ဖတ်ခြင်း
၃။ ဇွဲကပင်ပညာဒါနအသင်း၏ ဖွဲ့စည်းရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်တွေကို နဲာမေဓာနန္ဒမှ အလှူ
ရှင်များအားမိန့်ကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်မြို့)မှ အဖွဲ့သူ၊ အဖွဲ့သားများအား ”စည်းလုံးညီညွတ်ရေး”
အကြောင်းကို နဲာဣန္ဒာစရိယမှ ဟောပြောခြင်း
၅။ မာန်နဲာဉာဏောဒယ (ခလို)မှ ဧည့်ပရိတ်သတ်အလှူရှင်များအားတရားရေအေးတိုက်ကျွေးခြင်း
၆။ ဇွဲကပင်ပညာဒါနအသင်း အဖွဲ့ခွဲ (ဟါယိုင်)မှ အသင်းခေါင်းဆောင် စောစိန်ဋ္ဌေး၊ မ၀်ကျဝ်သောင့်ပြား
တို့က ၀မ်းမြောက်ကြောင်းစကားပြောကြားခြင်း
၇။ (၅) ကြိမ်မြောက်အလှူပွဲအတွက် ရငွေ၊ ကုန်ငွေစာရင်းကို စောအောင်ကိုဝင်းမှ ရှင်းပြခြင်း
၈။ ဧည့်ပရိတ်သတ်အလှူရှင်များက မာန်နဲာကျာ်တို့အား လှူဒါန်းဖွယ်ရာအလှူဝတ္ထုများဆက်ကပ်လှူဒါန်း
ပြီး ရေစက်သွန်းချက်အမျှပေးဝေခြင်း
၉။ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃)ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

အထက်ပါအစီအစဉ်များဖြင့် (၅)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟါယိုင်)အစည်းအဝေး
အလှူပွဲကိုအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အလှူပွဲမှတ်တမ်းဓာတ်ပုံများ...




[Read More...]


နောင်တ မရကြေး




လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်…. ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..

၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..

အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်.. ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..

ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..

သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်.. ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး… ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..

ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ…. သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..” ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..

ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..

ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက “လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”

Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။

(အစိမ်းရောင်လွင်ပြင်မှ ကူးယူတင်ပြထားသည်)
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors