သီရိလင်္ကာရောက် ကရင်ပြည်နယ်မှ ပညာသင်ကရင်ရဟန်းတော်များ ဘုရားဖူးနှင့် လေ့လာရေးခရီးစဉ်



15-04-2008

သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်(Buddhist and Pali University) နှင့် ကေလဏိယတက္ကသိုလ်တို့တွင် B.A , M.A အတန်းများတွင် တက်ရောက်
ပညာသင်ကြားနေကြသော ပညာတော်သင်ကရင်ရဟန်းတော်များ၏ နွေရာသီကျောင်းပိတ်
ရက် ကာလအတွင်း ဘုရာဖူးနှင့် လေ့လာရေးခရီးစဉ်ကို (၁၂-၀၄-၂၀၀၈) နေ့တွင် စတင်ခဲ့သည်။


ခရီးစဉ်ကို အရှင်ဣန္ဒာစာရ (ဥက္ကဋ္ဌ-ဇွဲကပင်ပညာဒါနအသင်း) ဦးဆောင်၍ နံနက် (၆)နာရီတွင် ခရီးစဉ်ကို စတင်ခဲ့ကြသည်။ ရှေးဦးစွာ ကိုလံဘိုမှ ကီလိုမီတာတစ်ရာကျော် ခန့်ဝေးသော ဒမ္ဘူလတောင်ကို သွားရောက်လေ့လာခဲ့ကြသည်။ ၎င်းသည် ဒမ္ဘူလမြို့အနီးတွင် တည်ရှိသော ရှေးဟောင်းလှိုဏ်ဂူဘုရားဖြစ်ပြီး၊ လျှောင်းတော်မူ၊ ထိုင်တော်မူနှင့် ရပ်တော်မူရှေးဟောင်ဘုရားများကိုလေ့လာဖူးတွေ့နိုင်သည်။ ထို့ပြင် သီဟိုဠ်နှင့် မြန်မာသာသနာသမိုင်းတွင် ထင်ရှားခဲ့သော ဒုဋ္ဌဂါမနိမင်းကြီး ( ၁၆၁-ဘီစီ-၁၃၇-ဘီစီ) ဒမ္မိဠကြေးကလားတို့ကို ပြန်လည်တိုက်ခိုက်ရန် အင်းအားစုရုံးသည့်အနေဖြင့် ပုန်းခိုရာလှိုဏ်ဂူအဖြစ်လည်းထင်ရှားခဲ့သည်။

ထိုနောက် နံနက် (၁၁)နာရီခန့်တွင် ဆိဂိရိယတောင်သို့ ရောက်ရှိလေ့လာခဲ့ကြသည်။ ၎င်းသည် ခြင်သေ့တစ်ကောင်ဝပ်နေသည့် အသွင်ရှိသောကြောင့် ဆိဂိရိယ (ခြင်သေ့တောင်) ဟု ခေါ်တွင်ခြင်းဖြစ်သည်။ ထိုကြောင့် တောင်ဘက်တွင် ခြင်သေ့၏ လက်နှစ်ဖက်ပုံစံ အုတ်ခုံနှစ်ခုကို တွေ့ရှိနိုင်သည်။ တောင်ထိပ်ပေါ်တွင် ကဿပဘုရင်၏ နန်းတော်ရာဟောင်း အုတ်ခုံများနှင့် ရေကန်တို့ကို တွေ့ရှိနိုင်သည်။ ထို့ပြင် ပင်မကျောက်တောင်ကြီး၏ အနောက်ဖက်တောင်စောင်းနံရံပေါ်တွင် နတ်သမီးများရုပ်၊ ဆေးရေးပန်ချီတို့ကို လေ့လာတွေ့ရှိ
နိုင်သည်။ တောင်ခြေပတ်လည်တွင် ရေရှိနေသေးသောကျုံးပတ်လည်ဝန်းရံထားသည်။

တတိယခရီးစဉ်အနေဖြင့် ပေါလောနာရုဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ သို့နောက်မှာ ညနေသုံးနာရီခွဲခန့်တွင် ရောက်ရှိလေ့လာခဲ့ကြသည်။ ရှေးဦးစွာ polonnaruva ပြတိုက်ကို လေ့လာကြသည်၊ ပြတိုက်ထဲတွင် ရှေ့ဟောင်းကျောက်ဆင်းတုများ ကြေးထည်များ၊ ဓာတ်ပုံစသည်တို့ကို ပြသထားသည်ကို လေ့လာတွေ့ရှိနိုင်သည်၊ ထို့ပြင် ပရက္ကမဗာဟု မင်းကြီးရဲ့ နန်းတော်ဟောင်းများ၊ ကျောင်းတော်ရာများ ပရက္ကမ သမုဒ္ဒရာဟု ခေါ်သော ရေကန်ကြီးကိုလည်း တွေ့နိုင်သည်၊ polonnaruva ခေတ်သည် ပုဂံနှင့်ခေတ်ပြိုင်ဟု ပြောစမှတ်ပြုကြသည်၊ အဘယ်ကြောင့်ဆိုသော် ရှေ့ဟောင်းပစ္စည်းများရဲ့ အောက်ခြေတွင် ၁၁-၁၂ ရာစု အေဒီ ဟု စာတမ်းထိုးထားသည်ကို တွေ့ရှိရသည်၊ ညနေ ၆နာရီခန့်တွင် polonnaruva ဒေသမှ ပြန်လည်ထွက်ခွာကြပြီး Anuradhapura မြို့သို့ ခရီးဆက်ခဲ့ကြသည်၊ ၄င်းမြို့တွင် ခရီးတစ်ထောက်အဖြစ် မြန်မာကျောင်းတွင် ညအိပ်ရပ်နားခဲ့ကြသည်၊
၁၃-၄-၂၀၀၈၊ နံနက်(၇)နာရီတွင် ဒုတိယနေ့ လေ့လာရေးခရီးစဉ်ကို စတင်ခဲ့ပြီး ရှေ့ဦးစွာ မဟာဗောဓိပင်ကို သွားရောက်ဖူးမျှော်ကြသည်၊ ကံကောင်းထောက်မသဖြင့် မိမိတို့လေ့လာရေးအဖွဲ့သည် သက်ဆိုင်ရာဘုန်းတော်ကြီးကို ခွင့်တောင်းပြီး ဗောဓိပင်၏ အပေါ်ဆုံး ပစ္စယံသို့ တက်ရောက်ဖူးမျှော်ခွင့် ရရှိခဲ့သည်၊ သင်္ဃန်းနှင့် ၀တ္ထုငွေများ လှူဒါန်းပူဇော်ခဲ့ကြသည်၊ ဗောဓိပင်ကို အနီးကပ်ဖူးမျှော်ခွင့်ရရှိရန်မှာ အလွန်ရခဲသော အခွင့်ရေးတစ်ခုဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဗောဓိပင်ကို မသမာသူများ ဖျက်ဆီးမည့် အန္တရာယ်မှ တားဆီးရန်အလို့ငှါ ရဲ စစ်တပ် အစောင့်အရှောက်များချထားပြီး ၀င်ရောက်ဖူးမျှော်သူများကို စက်ပစ္စည်းဖြင့် တစ်ဦးချင်း စစ်ဆေးခံပြီးမှ ၀င်ခွင့်ပြုသည်၊ ဗောဓိပင်ကို သီရိလင်္ကာနိုင်ငံသားတို့သည် အသက်သဖွယ် လေးစားမြတ်နိုး တန်ဖိုးထားကြသည်၊ ဗောဓိပင်ကို ဖူးမျှော်ဆုတောင်းခွင့်ရကြသူများသည် ဆုတောင်းပြည့်၍ အလိုဆန္ဒများပြည့်ကြသည်ဟု ပြောစမှတ်ပြုကြသည်၊
ထို့နောက် မဟာစေတီ လောဟပါသာဒ ကြေးပြသာဒ်ဟောင်း၊ အဘယာဂီရိစေတီ၊ ဇေတ၀န်စေတီ၊ သမာဓိရုပ်ပွားဆင်းတုတော်၊ ထူပါရာမစေတီ၊ မရိဿဝတ္တိယစေတီ၊ အမွာညီနောင် ရေကန်ကြီးနှစ်ကန်၊ ဣသုရုမုနိရာဇမဟာဝိဟာရနေရာ၊ လင်္ကာတိလကစေတီ၊ Gardstone, moonstone စသည်တို့ကို လေ့လာခဲ့ကြသည်၊ ထို့နောက် နေ့လည်ဆွမ်းကို ဘုဉ်းပေးခဲ့ကြသည်၊
မွန်းလွဲ(၁၂)နာရီ လောက်တွင်မဟိန္ဒလေသို့ သွားရောက်လေ့လာကြသည်၊ မဟိန္ဒလေသည် သီဟိုဠ်သာသနာကို စတင်မျိုးစေ့ချပေးခဲ့သော ရှင်မဟိန္ဒ စတင်ရောက်ရှိခဲ့ရာ နေရာအဖြစ် ထင်ရှားသည်၊ မဟိန္ဒလေတွင် မဟိန္ဒလေစေတီ၊ ရှင်မဟိန္ဒနှင့် ဒေ၀ါနံပိယတိဿ မင်းကြီးတို့ ဆုံတွေ့ကြသည့် စေတီ၊ သုမနရှင်သာမဏေ ကြွေးကြော်ရာတောင်၊ ရှင်မဟိန္ဒ သီတင်းသုံးသည့်နေရာ နှင့် ရှေးဟောင်းကျောင်းတော်ရာများကို ဖူးမျှော်လေ့လာခဲ့ကြသည်၊
ညနေ(၃)နာရီ ၄၅-မိနစ်လောက်တွင် သြက္ကန ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်သို့ သွားရောက်လေ့လာဖူးမျှော်ကြသည်၊ ၄င်းသည် အနုရာဓပူရမြို့မှ ကီလိုမီတာ(၄၀)ခန့်ဝေးပြီး Architecture ဘာသာရပ်အတွက်မဖြစ်မနေ လေ့လာရသော ရှေးဟောင်းဆင်းတုတော်တစ်ဆူဖြစ်သည်၊ ဆင်းတုတော်သည် ခြေဖ၀ါးတော်မှ ဦးခေါင်းတော်အထိ (၁၀)မီတာဉာဏ်တော်အမြင့်ရှိသည်၊
ညနေ(၄)နာရီ-၁၉ မိနစ်ခန့်တွင် သြက္ကနမှ ပြန်လည်ထွက်ခွာကြပြီး နာလန္ဒာကေဒီကေ (Nalandayedike)သို့ ခရီးဆက်ကြသည်၊ ညနေ(၅)နာရီခွဲခန့်တွင် ရောက်ရှိသည်၊ ၄င်းသည် ကျောက်တုံးကို ထုဆစ်ထားပြီး အထဲတွင် ရပ်တော်မူဆင်းတုတော်တစ်ဆူရှိသည်၊ အေဒီ(၈)ရာစုနှင့်(၁၀)ရာစုအတွင်း တည်ဆောက်ထားသော ဘုရားကျောင်းဆောင်ငယ် တစ်ခုဖြစ်သည်၊ ထူးခြားသည်မှာ နာလန္ဒကေဒီကေသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုအဖြစ် ရှေးဘုရင်များက အထိမ်းအမှတ်ပြု တည်ဆောက်ထားခဲ့သည်၊ ထိုနေရာသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုဖြစ်ကြောင်းကို စစ်ပစ္စည်းကိရိယာမပါပဲ သိရှိနိုင်သည့် သိဟိုဠ်ဘုရင်များ၏ စွမ်းရည်ကို လေးစားဖွယ်ရာ တွေ့ရှိနိုင်သည်၊ ယခုခေတ် ဘူမိဗေဒ ပညာရှင်များက ခေတ်မီ စက်ကိရိယာများဖြင့် စမ်းသပ်တိုင်းတာကြည့်သည့်အခါ ထိုနေရာသည် သီဟိုဠ်နိုင်ငံ၏ အလယ်ဗဟိုဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံကြရသည်၊
ညနေ(၆)နာရီတွင် Aluvihara သို့ ခရီးဆက်၍ လေ့လာကြသည်၊ ထိုနေရာသည် စတုတ္ထသင်္ဂါယနာ တင်ရာနေရာအဖြစ် ထင်ရှားသည်၊ လှိုဏ်ဂူထဲတွင် စတုတ္ထသင်္ဂါယနာတင်သည့် အထိမ်းအမှတ်အနေဖြင့် ဆင်းတုများနှင့် ပန်းချီကားများကို ထွင်းထုရေးဆွဲထားသည်၊ ထိုမှအပြန်တွင် ဂန္ဒီသို့ ခရီးဆက်ပြီး ဂန္ဒီမြို့ မြန်မာကျောင်းတွင် ခရီးတစ်ထောက်အဖြစ် ညအိပ်ရပ်နားခဲ့ကြသည်၊
၁၄-၄-၂၀၀၈၊ နံနက်(၇)နာရီ-၁၅-မိနစ်တွင် တတိယနေ့ လေ့လာရေးခရီးစဉ်ကို စတင်ကြသည်၊ ရှေ့ဦးစွာ ဂန္ဒီ တောင်ပေါ်ဘုရားကို သွားရောက်ဖူးမျှော်ကြသည်၊ ၄င်းသည် ညာဘက်လက်ဝါးကို ရှေ့ဘက်သို့ ထောင်၍ လှည့်ထားသည့် အဘယမုဒ္ဒရာ ထိုင်တော်မူဆင်းတုတော်ကြီးဖြစ်သည်၊ ဆင်းတုနော်ကြောဝမ်းဗိုက်ထဲတွင် အင်္ဂတေဖြင့် ပြုလုပ်ထားသည့် ဗုဒ္ဓ၀င် ပြခန်းပါရှိသည်၊ သီဟိုဠ်နိုင်ငံတွင် ရုပ်ပွားဆင်းတုတော်အများစုကို ရွှေမချပဲ ထုံးဖြူသင်္ဃန်းဖြင့်သာ ထားရှိကိုးကွယ်ကြသည်၊ ထို့နောက် စွယ်တော်တိုက်ကို သွားရောက်ဖူးမျှော်ကြသည်၊ စွယ်တော်တိုက်ကို ဖွင့်လှစ်အပူဇော်ခံခြင်းမပြုမီ စွယ်တော်ပြတိုက်ကို ကြည့်ရှုလေ့ လာခဲ့ကြသည်၊ နံနက်(၉-၃၀)တွင် စွယ်တော်တိုက် ဖွင့်လှစ်အပူဇော်ခံပြီး တန်းစီ၍ အဝေးမှလှမ်းပြီး ဖူးမျှော်ကြည်ညို ကြရသည်၊ စွယ်တော်တိုက် ၏သက်တမ်းမှာ နှစ်ပေါင်းခြောက်ရာခန့်ရှိပြီဟု သိရသည်။
ဤနေရာတွင် မှတ်သားဖွယ်ရာ တစ်ခုမှာ ဂန္ဒီဗုဒ္ဓမြတ်စွယ်တော်နှင့် အနုရာဓပူရမြို့ရှိ မဟာဗောဓိပင်တို့မှာ သီဟိုဠ်နိုင်ငံသားများ အသက်သဖွယ် မြတ်နိုးတန်ဖိုးထားသည့် အရာနှစ်ခုအဖြစ် ခံယူထားသည့်အားလျော်စွာ အသက်ပေး၍လည်း ကာကွယ်စောင့်ရှောက်ထားကြသည်၊ ၄င်းတို့ကို ယခုထက်တိုင် ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်များက ၄င်းဗောဓိပင်နှင့်စွယ်တော်ကြောင့် ဆင်ဟာလီစ်တို့ကို နိုင်အောင်မတိုက်နိုင်ခြင်း ဖြစ်သည့်ဟု ယုံကြသည်ကြသည်၊ ထို့ကြောင့်လည်း ၄င်းစွယ်တော်နှင့်ဗော
ဓိပင်ကို ဖျက်ဆီးရန် အမြဲတစေ ကြံစည်လုပ်ဆောင်ကြသည်၊ ထို့ကြောင့် စွယ်တော်နှင့်မဟာဗောဓိပင်ကို ၀င်ရောက်ဖူးမျှော်သူများအား လက်နက်ခဲယမ်းပါမပါ အမြဲတမ်းစစ်ဆေးရခြင်းဖြစ်သည်။
နံနက်(၁၀)နာရီတွင် View Point နေရာသို့သွား၍ ဂန္ဒီမြို့ ရှုခင်းကို ကြည့်ရှုကြသည်၊ ထိုမှတစ်ဖန် ရုက္ခဗေဒ ဥယျာဉ်ကို သွားရောက်လေ့လာကြသည်၊ထို့နောက် နေ့ဆွမ်းစားပြီး ကိုလံဘိုအပြန်ခရီးကို စတင်ကြသည်၊ အပြန်လမ်းတွင် လင်္ကာတိလက ရှေ့ဟောင်းဘုရားကျောင်းကို ၀င်ရောက်ကြည့်ရှုလေ့လာကြသည်၊ ညနေ(၃-၃၀)တွင် နောက်ဆုံးလေ့လာရေးခရီးစဉ်အနေဖြင့် Nittanbuwa မြို့ အတ္တနဂရရာဇမဟာဝိဟာရ ကျောင်းကို ၀င်ရောက်လေ့လာခဲ့ကြသည်၊ ထိုကျောင်းတွင် သံဃဗောဓိဘုရင်၏ ဆင်းတုရှိသည်၊ ညနေ (၅-၃၀)ခန့်တွင် ကိုလံဘိုမြို့သို့ ပြန်လည်ရောက်ရှိကြသည်။
၁၂-၄-၂၀၀၈၊ နံနက်(၆)နာရီတွင် စတင်ခဲ့သော လေ့လာရေးခရီးစဉ်သည် ၁၄-၄-၂၀၀၈၊ ညနေ(၅-၃၀)ခန့်တွင် ပညာတော်သင်ကရင်ရဟန်းတော်များ၏ လေ့လာရေးခရီးစဉ်မှာ အောင်မြင်ပြီးဆုံးခြင်းသို့ရောက်ရှိ၍ တန်ဖိုးမဖြတ်နိုင်သေသာ ကုသိုလ်နှင့် ဒေသန္တရ ဗဟုသုတတို့ကို ရရှိခဲ့ကြသည်။

(အရှင်ဣန္ဒာစာရ-ဇွဲကပင် ပညာဒါနအသင်း ဥက္ကဋ္ဌ)
[Read More...]


သီရိလင်္ကာရောက် ပညာတော်သင် ကရင်ရဟန်းတော်များ လေ့လာရေးခရီး ဓာတ်ပုံမှတ်တမ်း



15-04-2008

ဒမ္ဘူလတောင်

စိဂိရိယတောင်


ပေါလောနာရုဝဘုရား

သီရိမဟာဗောဓိပင်

အစ္ဆရုမုနိ (ချစ်သူစုံတွဲ)

ထူပါရာမဘုရား

မဟိန္ဒလေဘုရား

သြက္ကနဘုရား



ဂန္ဒီစွယ်တော်

ဂန္ဒီမြို့နောက်ခံရှုခင်း

ရုက္ခဗေဒဥယျာဉ်

[Read More...]


သီရိလကာင်္ရောက် ကရင်ရဟန်းတော်များ



06-04-2008



[Read More...]


အသစ်အသွင်နဲ့ဇွဲကပင်



ဇွဲကပင်ပညာဒါနအသင်း၏ အကြိုအစည်းအဝေးကို ယနေ့ ၃၁-၃-၂၀၀၈ မှာ ဒုတိယအကြိမ် ကျင်းပခဲ့သည်။
အသင်းဝင်၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ရှေဆက်လုပ်ဆောင်မည့် လုပ်ဆောင်လုပ်ငန်းအချို့ကိုလည်း
ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြသည်။ အသင်းအတွက် ဘဏ္ဍာရေးရှာဖွေမှုကိစ္စ၊ ဂုဏ်ပြုမှတ်တမ်းတင်လွှာကိစ္စ၊ လက်ကမ်းစာစောင်လူတိုင်းသိအောင် လုပ်ဆောင်မည့်ကိစ္စ စသည်များကို အသေးစိပ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ အစည်းအဝေးသို့ စုစုပေါင်း သံဃာ(၁၂)ပါးကြွရောက်ကြပြီး အသင်း၏ ဖွဲ့စည်းပုံနှင့်စည်းမျဉ်းများကို အောက်ပါအတိုင်း ဖြစ်ပါသည်။
ဇွဲကပင်ပညာဒါနအသင်း
« « « « « « « « «
ဖွဲ့စည်းပုံနှင့်အသင်း၏ရည်ရွယ်ချက်အကျဉ်း

၁။ အသင်း၏အမည် = ဇွဲကပင်ပညာဒါနအသင်း
(၂၃-၁-၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သည်။)

၂။ အသင်း၏တည်နေရာ = ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

၃။ အသင်း၏ရည်ရွယ်ချက် = ပညာထူးချွန်ထက်မြက်သော ကရင်အမျိုးသားရဟန်းတော်များ ပေါ်ထွန်းလာစေရန်အတွက် အထောက်အပံ့များ ကူညီထောက်ပံ့ လှူဒါန်းရန်။

၎။ အသင်းဖွဲ့စည်းပုံ = အောက်ပါအတိုင်း အလုပ်အမှုဆောင်ကော်မတီဖြင့် ဖွဲ့စည်း ဆောင်ရွက်သည်။ အလုပ်အမှုဆောင်ကော်မတီတွင်--

၁) နာယကဆရာတော်များ
၂) ဥက္ကဋ္ဌဆရာတော်
၃) ဒု- ဥက္ကဋ္ဌဆရာတော်
၎) အကျိုးတော်ဆောင် ဆရာတော်
၅) တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
၆) ဘဏ္ဍာရေးမှုးဆရာတော်
၇) တွဲဖက်ဘဏ္ဍာရေးမှူးဆရာတော်
၈) အဖွဲ့ဝင်ဆရာတော်များဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။

၅။ အလုပ်အမှုဆောင်ဆရာတော်များ၏သက်တမ်းသည် (၃) နှစ်ဖြစ်သည်။

၆။ အသင်း၏လုပ်ငန်းစဉ် = နိုင်ငံခြားတက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက် ပညာသင်ယူ/ သင်ကြားနေသော ကရင်အမျိုးသားရဟန်းတော်များအား ပညာဒါနအလှူငွေ လှူဒါန်းထောက်ပံ့ခြင်း၊ အသင်း၏ရန်ပုံငွေရှာဖွေခြင်းတို့ဖြစ်သည်။

၇။ အသင်း၏ အလုပ်အမှုဆောင်များသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်ခဲ့ သော် အသင်း၏ အလုပ်အမှုဆောင်ကော်မတီသို့ အကြောင်းကြား၍ နှုတ်ထွက်နိုင်သည်။

၈။ ဇွဲကပင်ပညာဒါနအသင်းသည် မိသားစုအသွင်ဆောင်သောအသင်းမျိုးဖြစ်သောကြောင့် အသင်း၏တာဝန်များကို ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ခြင်း၊ ကရင်အမျိုးသားများ ပညာထူးချွန်ထက်မြက်လာပြီး အမျိုးဘာသာ၊ သာသနာဖွံ့ဖြိုး တိုးတက်စေရန် ဟူသော စိတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

၉။ အသင်း၏ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းစသည်တို့ကို အခြေအနေအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းစသညိ ပြုလုပ်နိုင်သည်။

၁၀။ အသင်း၏အမှုဆောင်နှင့် အသင်းဝင်များသည် အသင်း၏ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် အသင်းကို ကိုယ်စားပြုသော စည်းရုံး ဟောပြောမှုများကို အခါအခွင့်အားလျော်စွာဆောင်ရွက်သွားကြရန်ဖြစ်သည်။



ဤဇွဲကပင်ပညာဒါနအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ၃၁ - ၃ - ၂၀၀၈ နေ့တွင် အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။



(က) အမှုဆောင်နာယကဆရာတော်များ

၁) ဘဒ္ဒန္တ ဝေဒေဟသာမီဘိဝံသ ရန်ကုန် Myanmar
၂) ဘဒ္ဒန္တ ဇောတိက ရန်ကုန်(န.ပ.သ) Myanmar
၃) ဘဒ္ဒန္တ အာဒိစ္စ ပုသိမ် India
၎) ဘဒ္ဒန္တ ကုမာရ ထီဖိုးစံ Thailand
၅) ဘဒ္ဒန္ဆ ပုည ထီဖိုးစံ Thailand
၆) ဘဒ္ဒန္တ ပညာဝံသ နောင်ဘို Australia

(ခ) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဆရာတော်များ

ဥက္ကဌဆရာတော် = ဦးဣန္ဒာစာရ
ဒုတိယ ဥက္ကဌဆရာတော် = ဦးမေတ္တာနန္ဒ
အကျိုးတော်ဆောင် ဆရာတော် = ဦးနာဂ၀ံသ
တွဲဘက်အကျိုးတော်ဆောင် ဆရာတော် = ဦးဉာဏသာမိ
ဘဏ္ဍာရေးမှူး = ဦးကုဝေရ
တွဲဘက် ဘဏ္ဍာရေးမှူး = ဦးပညာဇောတ




(ဂ) သတင်းနှင့်ပြန်ကြားရေးဆရာတော်များ

၁) ဦးနာဂ၀ံသ (က်ုကျောဝ်) ထိုင်း
၂) ဦးမေဓာနန္ဒ (ထီ့ဖေါဟ်စင်) သီရိလင်္ကာ
၃) ဦးတေဇနိယ (ခ်ုလိုဒ့်ဆင့်မောဝ်ထုင်း) သီရိလင်္ကာ
၎) ဦးသုဇန ( ဏံင်းမျးလွဲာ) အိန္ဒိယ

(ဃ) ပညာတော်သင်မော်နီတာရဟန်းတော်များ

၁) ဦးကုဝေရ ( ဏံင်းမျးလွဲာ) အိန္ဒိယ
၂) ဦးဂုဏသာမိ ( ထဲုးမင်ထောဝ်) သီရိလင်္ကာ

မှတ်ချက်။ ကျန်သော ပညာတော်သင် ရဟန်းတော်များအားလုံးသည် အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။


[Read More...]


အမြဲတန်း စိမ်းလန်းစိုပြေစေခြင်တဲ့ ဒို့ရဲ့မြေ



07-03-2008

အမျိုးသားအပေါင်းတို့ တစ်ဦးနဲ့တစ်ဦး ဘာသာတရား ၊ အမုန်းတရား ၊ မာန်မာန မထားကြဘဲမေတ္တာကိုသာ ရှေ့ရှုထားကာ ဒို့ရဲ့အနာဂါတ်မျိုးဆက်သစ်များအတွက် (သို့) ဒို့နေထိုင်ရာ ဒေသအတွက် ဒီတောင်တန်းနဲ့အတူ သက်သေပြု၍ စိမ်းလန်းစိုပြေစေဖို့ အားလုံးကိုယ်စီအားထုတ်ကြစို့......

အာသီသများစွာဖြင့်..........Sawmeda (Thiphosan)
[Read More...]


အင်္ဂလိပ်ဘာသာရပ်အရေးပါမှု (သို့) ရေစီးကြောင်းအင်္ဂလိပ်ဘာသာရပ်



07-03-2008


သို့.....
မျိုးဆက်သစ်များ......



ယနေ့ခေတ်မှီဆန်းပြားသွက်လက်သော ( information ) ခေတ်မှာ အများစုနေထိုင်ကြပြီး၊
အခြားတစ်ဖက်တွင်လည်း ကမ္ဘာ့အနှံ့အပြားမှသီတင်းအချက်အလက်တွေကိုတစ်ချိန်တည်း
ဆက်သွယ်ပေးနိုင်တဲ့ ( communication ) နယ်ပယ်မှာနေထိုင်ကြပါသည်။ ကျယ်ပြန့်တဲ့ကမ္ဘာ့စကြာဝဠာကိုပိုမိုကျဉ်းမြောင်းသွားအောင်ဆက်သွယ်ပေးနေသော(communication) ယန္တရားသည်လည်းတစ်နေ့ထက်တစ်နေ့ကျယ်ပြန့်လာပါသည်။ ကမ္ဘာ့တစ်ဝန်းလုံးဖြစ်ပျက်မှုမှန်သမျှ Internet, BBC, CNNစသည်တို့မှတစ်ဆင့်ကျွှနိုပ်တို့နေထိုင်ရာအခန်းဆီသို့တစ်ပြိုင်နက်ဖမ်းယူနားဆင်နိုင်ပါသည်။ ယနေ့အချိန်ကမ္ဘာကြီးသည်ကျွှန်ုပ်တို့အိမ်နီးနားချင်း ရွာကြီးတစ်ရွာလိုဖြစ်လာနေပါပြီး။ သို့ဆိုလျှင် အင်္ဂလိပ်ဘာသာအရေးကြီးသည်ဟုဆိုရခြင်းသည်ဆက်သွယ်မှုယန္တရားကြောင့်ဖြစ်ပေသည်။ပညာတတ်လူတန်းစားတိုင်း အင်္ဂလိပ်စာအရေးပါမှုကို အကြွင်းမဲ့သဘောပေါက်ကြပါသည်။ ယနေ့ဆိုလျှင် အင်္ဂလိပ်စာသည်
လူကြီးလူလယ်များအကြားပြောဆိုရေးသားနေကြတဲ့ ဂလိုဘယ်လ်ဘာသာရပ်ဖြစ်နေပါသည်။ ဒါကြောင့် နေရာတိုင်းအင်္ဂလိပ်စာကိုကြိုးစားသင်ယူနေကြပါသည်။ လူသားအားလုံးအတွက် အင်္ဂလိပ်စာသည် ကမ္ဘာကြီးရဲ့ဝင်ထွက်ရာတစ်ခါးပေါက်ဟုဆိုရပေလိမ့်မည်။ နိုင်ငံတကာအစည်းအဝေး၊ ကုလသမဂ္ဂညီလာခံတွေမှာ ဒီအတွက်အင်္ဂလိပ်စာအသုံးပြုတဲ့ဘာသာရပ်တစ်ခုဖြစ်ပြီး၊ ဒါ့အပြင်အရှေ့တောင်အဖွဲ့ဝင်နိုင်ငံကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုတဲ့ဘာသာရပ်လည်းဖြစ်ပေသည်။ နေ့စဉ်လူထုရဲ့လုပ်ငန်းတွေမှာအင်္ဂလိပ်ဘာသာရပ်ကိုအသုံးပြုနေဆဲဖြစ်သလို နောင်လည်းအသုံးပြုနေအုံးမည်။ ဆေး၊ လျှပ်စစ်၊နည်းပညာနယ်ပယ်၊ ကမ္ဘာ့စီးပွားရေး၊ ကူသန်းရောင်းဝယ်ရေး၊
ရေဒီယို၊ တယ်လီဗေးရှင်း ကြော်ငြာ၊ ရုပ်ရှင်ကဏ္ဍမှာ အင်္ဂလိပ်ဘာသာရပ်အများဆုံးအသုံးပြုနေသည်ဆိုတာကို
ဘယ်သူမှငြင်းလို့မရပါ။

ကမ္ဘာ့နယ်ပယ်အသီးသီးတွင် အမြင်ရှိပညာတတ်လူတိုင်းအင်္ဂလိပ်ဘာသာရပ်အရေးပါမှုကို အကြွင်းမဲ့လက်ခံကြပြီး၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကမ္ဘာ့ကြီးကြောင့် နိုင်ငံတိုင်းမှာလည်း အင်္ဂလိပ်လာသာရပ်သည်ရှေ့တန်း
ရောက်ရှိလာတဲ့သော့ချက်ဖြစ်ပေသည်။ အလုပ်ကောင်း၊ မြင့်မားတဲ့လစာအတွက်ဆိုလျှင် အင်္ဂလိပ်စာအရေးပါမှုကိုပိုပြီး သိသာထင်ရှားစေသည်။ အင်္ဂလိပ်ဘာသာသည် သာမညလိုအပ်မှုတစ်ခုသာမဟုတ် တကယ့်လိုအပ်မှုတစ်ခုဖြစ်ပေသည်။ ကမ္ဘာ့အထွေထွေဗဟုသုတများ အင်္ဂလိပ်ဘာသာရပ်နဲ့သက်ဆိုင်တဲ့စာအုပ်တွေမှာရှာဖွေတွေ့ရှိနိုင်သလိုအင်္ဂလိပ်စာအုပ်
တွေမှတစ်ဆင့် ကောင်းမြတ်တဲ့အသိပညာ၊ နည်းပညာပိုင်းဆိုင်ရာ ကျွှမ်းကျင်မှုကိုလည်းရရှိစေနိုင်သည်။
ကျွှန်ုပ်တို့နိုင်ငံတွင်သမိုင်းဖြစ်ရပ်တွေမှာလည်း အင်္ဂလိပ်စာသည်ဆက်သွယ်မှုယန္တရားတစ်ခုအနေနဲ့
သင်ယူအသုံးပြုနေကြပြီး၊ အထက်တန်း ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်တွေမှာ သင်ကြားမှုဘာသာတစ်ခုအနေဖြင့် ဆက်လက်တည်ရှိနေပါလိမ့်မည်။

ကျွှန်ုပ်အနည်းငယ်နည်းဖြည်းစွက်ဆိုရလျှင် အထက်ပါအချက်အလက်တွေကိုအကောင်ထည်ဖေါ်နိုင်ဖို့ကောင်းတဲ့
အကြံအညာဏ်တွေရှိသင့်ပါသည်။ကျွှန်ုပ်တို့ရည်ရွယ်ချက်တွေအခိုင်အမာထားပြီးအစဉ်တကျမှန်ကန်လုပ်
ဆောင်ချက်တွေရှိရပေမည်။ ပညာရေးကိုလေ့လာစဉ် မည်သည့်ပြဿနာမျိုးမဆိုစိတ်ပျက်အားငယ်စရာမလိုဘဲ
ပြဿနာကိုဖြေရှင်းနိုင်မည့်အခွင့်အရေးကိုသာလေ့လာသုံးသပ်ကာပြေလည်မည့်နည်းလမ်းတွေကိုဆထက်ထမ်းပိုး
တိုး၍လုပါဆောင်သင့်ပါသည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့်အနှေးနဲ့အမြန်ပြဿနာရဲ့အဖြေကိုရရှိလာမှာဖြစ်ပြီး၊ ထိုအခက်အခဲများကိုလည်းကျော်လွှားနိုင်မှာဖြစ်သည်။
တကယ်တော့လူတိုင်းမှာရည်မှန်းချက်ကိုယ်စီရှိသင့်ပါသည်၊ ဘ၀မှာ ရည်ရွယ်ချက်မရှိသောသူသည် အထိန်းအကွပ်မဲ့သော (ပဲ့မရှိသော) လှေသင်္ဘောနဲ့တူပါသည်။ ရည်မှန်းချက်မရှိသောကြောင့် ဘ၀မှာ
အောင်မြင်မှုမရနိုင်ပါ။ ဇွဲလုံးလ၊သန္ဒိဌာန်တွေနဲ့ကျွှန်ုပ်တို့ရည်းမှန်းထားတဲ့ပန်းတိုင်ဆီသို့အရောက်လှမ်းရမှာဖြစ်ပါသည်။
အထူးသဖြင့် အနာဂါတ်ခေါင်းဆောင်များဖြစ်လာမည့်မျိုးဆက်သစ်များအတွက်ပိုပြီးအရေးကြီးသည်။ ကျွှန်ုပ်အထူးပြောခြင်းသည်မှာအင်္ဂလိပ်ဘာသာရပ်ကို သင်ယူဖို့မမေ့ကြပါနဲ့။ အင်္ဂလိပ်ဘာသာရပ်အရေးပါပုံကိုသိရှိနားလည်းကြပါလို့ မျိုးဆက်သစ်လူငယ်များအတွက်တိုက်တွန်းခြင်းပါသည်။ ဒါမှနိုင်ငံတကာမျက်နှာစာမှာ ချဉ်းကပ်နိုင်မှာဖြစ်သလိုငါတို့ရဲ့လှပသောအမိမြေကိုတည်ဆောက်နိုင်မှာ
ဖြစ်ပေသည်။
အကျဉ်းချုံးအားဖြင့်ဆိုရလျှင် ကမ္ဘာကြီးကိုအမှီလိုက်ခြင်လျှင်၊ ကမ္ဘာကြီးနဲ့ရင်ပေါင်းတန်းလိုလျှင် အင်္ဂလိပ်
ဘာသာရပ်အရေးပါမှု (သို့) အင်္ဂလိပ်စာရေစီးကြောင်းကိုနားလည်းကြရမည်။ နောက်ပြီးအင်္ဂလိပ်စာကို အသက်တစ်မျှလေ့လာလိုက်စားသင်ယူကြပါလို့ မျိုးဆက်သစ်မောင်မယ်များကို အာသီသများဖြင့်
တိုက်တွန်းလိုက်ရပေသည်။

+ပညာသည်ရှည်လျှားပြီး ဘ၀ဟာတိုတောင်းလှပါသည်း။
+စာအုပ်စာ ပေလူ့မိတ်ဆွေ။
+ပညာပြည့်ဝနှလုံးလှသော်။
+ပညာနှင့်တူသောအလင်းရောင်းမည်သည် မရှိ။

Sawmeda (Thiphosan)
[Read More...]


ပန်းညွန့်ညှာကြွေ မဖြစ်စေဖို့



03-03-2008
ရွှေဒေါင်းတောင်


ဆင်ခြေဖုံးရပ်ကွက်တွေမှာ ကျောင်းမနေနိုင်ကြတဲ့ ကလေးလေးတွေကို လိုက်လံရှာဖွေပြီး စာသင် ပေးတဲ့ ပရဟိတလုပ်ငန်း လုပ်နေသူ တပည့်မလေး တဦးနဲ့ တနေ့က စကားပြောဖြစ်ပါတယ်။
သူက သင်ပေးမယ်။ သူက ကိုယ့်စရိတ်နဲ့ကိုယ်လာပြီး သင်ပေးရုံမက စာအုပ်ခဲတံကအစ လိုအပ်သမျှကိုပါ ပေးနေတာတောင် ကလေးတွေက မှန်မှန် ကျောင်းလာမတက်ကြတဲ့အကြောင်း တခါတလေ ကားဂိတ်တို့ ဈေးတို့အထိတောင် ကလေးတွေကို လိုက်ခေါ်ရတဲ့အကြောင်းများကို ပြောပြပါတယ်။
ကလေးတွေ ကျောင်းမှန်မှန် တက်စေဖို့ တချို့မိဘများကို ပြောဆို စည်းရုံးလို့ ရပေမယ့်၊ တချို့ မိဘများကျတော့ ဘယ်လိုမှ ပြောလို့ ဆိုလို့ မရတဲ့အကြောင်းလည်း တပည့်မလေးက ပြောပြ ပါတယ်။
သူ့စကားတွေကို နားထောင်ရင်း လွန်ခဲ့တဲ့ လေးငါးနှစ်က ကြုံခဲ့ရတဲ့ အလားတူ ပြဿနာ တခုကို သွားပြီး သတိရလိုက်မိပါတယ်။ အဲဒီပြဿနာကလည်း တပည့် ပန်းချီဆရာမလေးတဦး ကြုံတွေ့ ခဲ့ရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ပန်းချီဆရာမလေးက ၀ါသနာအရ ကလေးလေးတွေကို ပန်းချီ သင်ပေးတဲ့ အလုပ်လည်း လုပ်ပါတယ်။ သူသင်ပေးနေတဲ့ ကလေးတွေထဲမှာ (၉) နှစ် (၁၀) နှစ် အရွယ် ဆွံ့အ နားမကြား ဖြစ်နေရှာတဲ့ ကလေးတယောက် ပါပါတယ်။ ကလေးက ထူးထူး ခြားခြားကို ပါရမီရှိတဲ့ ကလေးဖြစ်ပါတယ်။ (၉) နှစ် (၁၀) နှစ်သား ဆိုပေမယ့် သူ့ ခံစားမှု၊ သူ့ အမြင်၊ သူ့ အတွေးနဲ့ သူ့ လက်ရာလေးတွေက တကယ့် အနုပညာရှင်ကြီး တယောက်ပမာ နက်နဲလှတယ်လို့ ဆိုပါတယ်။

ပန်းချီဆရာမလေးက အဲ့ဒီကလေးကို (၃) နှစ်လောက် စနစ်တကျ ပြုစုပြိုးထောင်ပေးခဲ့လေတော့ သူ့လက်ရာလေးတွေဟာ “ပွဲဝင်”တဲ့ အဆင့်အထိ ရောက်ရှိလာပါတယ်။ အဲဒီတော့ ဆရာတို့ရဲ့ ထုံးစံအတိုင်း ဆရာမလေးက သူ့တပည့်ကို ကလေးပန်းချီပြပွဲလေးတွေ၊ ကလေးပန်းချီ ၀ပ်ရှော့ လေးတွေမှာ ပွဲထုတ်ပေးပါတယ်။

အဲဒီမှာ ပြဿနာက စတော့တာပါပဲ။ ကလေးငယ်ရဲ့ လက်ရာကလေးတွေကို လူတွေ ဂရုစိုက်မိ ကြတယ်။ မူလက ပြရုံသက်သက် ရောင်းဖို့ အစီအစဉ်မရှိပေမယ့် ၀ယ်ချင်သူတွေက အတင်း အကြပ်ပြောလာတာကြောင့် ပြသမျှကားတိုင်းလိုလို ရောင်းချခဲ့ရတယ်။ ကလေးငယ်နဲ့တကွ မိဘတွေ ၀မ်းသာအယ်လဲ ဖြစ်ကြရသလို ဆရာမလေးလည်း ၀မ်းသာ ဂုဏ်ယူခဲ့မိတယ်။

နောက်တော့ သိပ်မကြာပါဘူး။ ပြခန်းဖွင့်ပြီး ပန်းချီကားတွေရောင်းစားတဲ့ “ပန်းချီသည်” တယောက်က ကလေးငယ်ရဲ့ အိမ်ကို လိုက်လာပြီး ဆွဲသမျှ ကားတိုင်း ပြခန်းဝင်ပြီး ဈေးကောင်းရအောင် ရောင်းပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ဆွံ့အ နားမကြား ဖြစ်နေတဲ့ ကလေးငယ်ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ လက်ကမ်းကြော်ငြာ ရိုက်ပြီး ဖြန့်ဝေလိုက်ရင်၊ စင်ကာပူ ဈေးကွက်လောက်ထိ သတင်းပျံ့သွားပြီး ဒေါ်လာနဲ့တောင် ရောင်းရလိမ့်မယ်လို့လည်း သွားရည်ကျလောက်အောင် ဆွယ်တရားဟောတယ်။

ကလေးရဲ့မိဘတွေက ပန်းချီဆရာမလေးကို ပြောပြတိုင်ပင်ပါတယ်။ ဆရာမလေးက ဒီကလေးဟာ ပန်းချီအနုပညာရှင်တယောက် ဖြစ်လာနိုင်စွမ်းရှိသူ ပါရမီရှင်လေးတယောက်ဖြစ်ကြောင်း နောက်ထပ် (၂) နှစ်လောက်သာ ထပ်ပြီး သင်ယူလေ့ကျင့်လိုက်ရင် ပထမတန်းစား ပန်းချီပညာရှင် ဖြစ်လာနိုင်ကြောင်း ဈေးကွက်ဝင် ရုပ်ပုံကားချပ်တွေ ဆွဲပြီး ရောင်းစားတဲ့ “ပန်းချီသည်” တယောက် အလုပ်ခိုင်းလိုက်မယ်ဆိုရင် ကလေးရဲ့ အညွန့်ကလေး ကျိုးသွားစေလိမ့်မယ် ဖြစ်ကြောင်းများကို ရှင်းပြလိုက်ပါတယ်။

ဒါပေမယ့် နောက်ဆုံးကျတော့ ပန်းချီဆရာမလေး ရင်ကျိုးရရှာပါတယ်။ မိဘတွေက စီးပွားဖြစ် နိုင်တဲ့ လမ်းကြောင်းကို လိုက်ခိုင်းဖို့ ရွေးချယ်လိုက်ကြပါတယ်။ ဒီကလေး မွေးကတည်းက နားလည်း မကြား၊ စကားလည်း မပြောတတ်တာကြောင့် ဆေးရုံမျိုးစုံ တက်ပြီး ဆရာဝန်ပေါင်းစုံနဲ့ ကုသခဲ့ရတာကြောင့် မိဘများမှာ ပင်ပန်းလှပြီဖြစ်တဲ့အကြောင်း၊ အစစ အရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ အခုလို ငွေဝင်လမ်းတွေ့ပါလျက်နဲ့ မလိုက်ပါက မိုက်မဲရာကျလိမ့်မယ် ထင်မြင်ကြောင်းများလည်း ရှည်ရှည်ဝေးဝေး ရှင်းပြကြပါတယ်။

ဒီအကြောင်းတွေ ပြောပြတော့ ပန်းချီဆရာမလေး မျက်ရည်တွေ လည်နေရှာပါတယ်။ ကလေး ငယ်လေးဟာ ဖန်းဆင်းနိုင်စွမ်းရှိတဲ့ ပါရမီရှင်လေးပါ။ ဒါပေမယ့် အခုတော့ သူဟာ ပြခန်းပိုင်ရှင် “ပန်းချီသည်” အဆွဲခိုင်းတဲ့ ဈေးကွက်ဝင် အပ်ထည်တွေ ဆွဲရတဲ့ ပုံဆွဲသမားလေး အဖြစ်နဲ့ပဲဘ၀တသက်တာ နေရရှာပါတော့မယ်။ တလူလူ တက်နေတဲ့ အညွန့်ကလေးဟာ ထွက်ပြူစမှာပဲ အချိုးခံလိုက်ရရှာပါတယ်။

ပုံတူ ဆွဲတယ်ဆိုတာက ဘယ်သူ ထလုပ်လုပ် ဖြစ်တဲ့အလုပ်မျိုးပါ။ မူလတန်း ကလေးတွေတောင် လုပ်နိုင်သေးတာပဲ။ ပန်းချီဆွဲတယ်ဆိုတာကတော့ လူတိုင်း လုပ်နိုင်တာ မဟုတ်ပါဘူး။ ဖန်ဆင်း နိုင်စွမ်းရှိသူ အနုပညာမှာ “စ” ရှိသူတွေသာ လုပ်နိုင်တာမျိုးဖြစ်တယ်။

အညွန့်တလူလူနဲ့ ကလေးငယ်လေးတွေရဲ့ ဖန်ဆင်းနိုင်မှု အစွမ်းအစကို ပန်းကောင်းညွန့်ကျိုး မဖြစ်ရလေအောင်၊ ဖန်ဆင်းမှုကို ဖန်တီးမှုနဲ့ အစားထိုး မခံရလေအောင် ကာကွယ်စောင့်ရှောက်ဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။

ပရဟိတကျောင်းဆရာမလေးနဲ့ ပန်းချီဆရာမလေးတို့ဟာ ကလေးတွေရဲ့ အနာဂတ် လှပစေဖို့ ဆောင်ရွက်နေကြတဲ့ စေတနာရှင်၊ မေတ္တာရှင်လေးတွေ ဖြစ်ကြပါတယ်။ လူ့တာဝန်ကို တတ်စွမ်း သမျှ တနိုင်တမ ၀င်ပြီး ထမ်းနေကြရှာတာ ဖြစ်ပါတယ်။ ဒါပေမယ်လို့ သူတို့ နှစ်ဦးစလုံး ရင်ကွဲ ပက်လက်ဖြစ်ပြီး ကျန်ရစ်ကြရပါတယ်။ ကလေးမိဘများကလည်း သူတို့ သားသမီးလေးတွေကို အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေ ဖြစ်စေချင်ကြပေမယ်ဆိုတာ ယုံမှားသံသယ ဖြစ်ဖွယ်ရာ မရှိပါဘူး။

ဘယ်အရာမဆို တဦးကောင်း တယောက်ကောင်း ဆောင်ရွက်လို့ အောင်မြင်မှု မရနိုင်ဘူးလေ။ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ကြရတာ မဟုတ်လား။ စေတနာ မေတ္တာတခုတည်းနဲ့ အရာရာဟာ မပြီးနိုင်ပါဘူး။ မကောင်းတဲ့ အကြောင်းတရားကို ဖယ်ရှားမှ မကောင်းတဲ့ အကျိုး တရားတွေ ပျက်သွားနိုင်ပါတယ်။ ဘာပဲလုပ်လုပ် ဒီသဘောကို နားလည်ထားဖို့ လိုပါတယ်။ အရေးကြီးဆုံးကတော့ ပန်းကလေးတွေ ပန်းကောင်းညွန့်ကျိုး မဖြစ်စေဖို့သာ ဖြစ်ပါတယ်။ ။

( The NEJ)
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors