KDA T-shirt







ခွဲါက်ုဘောင် ထုဂ်ထင်းဆာင့် အင်းဃှူ့စေ၀်ပ်ုကုံ လ်ုဏိင်းယိုဝ် ထင်းထ၀်ဍုဂ်ပါင်ဍောဟ်မာဆေ၀်လ၀့်။

ထံင်.၈.၈.၂၀၀၈ မူ.ဏီဏှ် ဆာင်းအ်ုဗိင်းပါင်ထင်း ၄၅၀၀ဆေ၀်.ယုဂ်၊ ပ်ုကုံလွဲာဝေ့ ဃှူ့ဃှူ့ဃှင်ဃှင် ကုက်မာကိုဝ်ဟှာ အ်ုခေါဟ်ကျံင် ဖလံင့်ဟှးဝေ့ဍးဗေ့ယိုဝ်ဆေ၀်လှ်။ ကေခါင့်ကေလးခိုတ်သီး ဗေ့ယိုဝ်လ်ုကါ ထင်းထ၀့်စီကြာကဲလာဆ်ာဏှ် ယ်ုရာဓနာဗးဆေ၀်လှ်။း
[Read More...]


ကျောင်းဆောင်သစ် ရေစက်ချပွဲ






ကျောင်းဆောင် အသစ်ပြန်လည်ပြုပြင်ပြီးမြောက်ခြင်း ရေစက်ချပွဲ အခမ်းအနားကို ၃၊၈၊၂၀၀၈ နေ့မှာ Wat Natkorn-in,Nonthaburiမှာ ကျင်းပခဲ့ပါတယ်။

ထိုင်းသံဃာ(၂၀)နှင့် ကရင်သံဃာ(၆)ပါး ကြွရောက်ကြပြီး ပရိသတ်(၁၅၀)လောက် တက်ရောက်ခဲ့ကြတယ်။ ကျောင်းဆောင်ရဲ့ အခင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများကို အများကစုပေါင်း လှူဒါန်းကြတာဖြစ်ပါတယ်။ ဇွဲကပင်အင်အားရဲ့ တစိတ်တဒေသစုပေါင်းကုသိုလ်အဖြစ် မှတ်ယူနိုင်ပါတယ်။
[Read More...]


ပညာ့ဖိုင်သာ



သိင်းထုင်းဟှာင်.ကျံင်းအေဗးလ၀်
ဟှင်းခေါဟ်ဖင့်ခေါဟ်မဲာလင်းဍ၀်
အ်ုဏိင်းယိက်အ်ုထုင်းထင်းထ၀့်
အ်ုထာင်သီးခ၀့် ဖုဟ်ထင်းလ၀့်။
အ်ုထာင်အေထင်းအ်ုလးဍိုဝ်
မွဲာသိင်းကျာ်သြီ့ယာ.ဗိုဝ်၊
ပ်ုမာ့ဗေ့သိင်းယ်ုလ၀်ပျာ
အင်းဃှူ့ပညာ့ကိုဝ်အ်ုဟှာ
ပ်ုဍောဟ်ထင်းသင့်ဟှင်ပေ၀့်ခါ့
ထံင်ခ၀့်လယ့် ဏ်ုဍးပညာ့
ဟှင်ပေ၀့်အေဟှံင် ဟှင်ပ်ုဍောဟ်
ဆ်ုဏးသေှ်ဗးအင်းဃှူ့လောဟ်
ဆ်ုဏးသေှ်ယိုဝ်မွဲာပညာ့
ဖ၀်ဟှင်ပေ၀့်အင်းဃှူ့ဏေ၀်သာ့


--ထံင်ဏာင်းလာ.---
ပညာ့ယိုဝ်ကျာ်လ၀်ပ်ုမာ့
ဗးဍံင်ဖိုင်သာဗးသေှ်ယာ့
ပညာ့ယိုဝ်ကျာ်လ၀်ပ်ုမာ့
ဗးဍံင်ဆ်ုဖါန်ဗးသေှ်ယာ့
ပညာ့ယိုဝ်ကျာ်လ၀်ပ်ုမာ့
ဗးဍံင်သိုဝ်ဟှေဝ်ဗးသေှ်ယာ့

-ဖုံယှင်သီးဟှေ မီ့ခိင့်ဗးလာ.ဃှေဝ်-
ပညာ့ယိုဝ်မ်ုဏီ.က်ုယိုင့်
ဖုံယှင်ဗးသီးယာ့ကိုဝ်ဖိုင့်
ပညာ့ယိုဝ်မ်ုဏီ.အ်ုလယ့်
ဖုံယှင်ဗးသေှ်ယာ့ဝေ့ဏယ့်
ပညာ့ယိုဝ်မ်ုဏီ.ဆိုဒ်ဗံင်
ဖုံယှင်ဗးသေှ်ယာ့အေထံင်
ပညာ့ယိုဝ်ဆိုဒ်ဝီ.ခ်ုဏာ
ဖုံယှင်ဗးသေှ်ယာ့လုက်ခုါ
ပညာ့မွဲာမ်ုဏီ.ကျာ်သြီ့
ဖုံယှင်ဗးသေှ်ယာ့အေထီ့
စံင်းဗိုဝ်ဏှ် ပညာ့ဖိုင်သာ
အ်ုခါ့ယိုဝ်ယ်ုဍုဂ်ဏဲပျာ
ဍေသုင်းသာလ၀့်လ၀်မိက်တာ
သ္တ်ာအှ်လာ.ကိုဝ်အ်ုဟှာ။

မိက်တာခိုင်းလင် စ၀်ဆိုဒ်ဖါန်
(ခ်ုလိုဝ်)


[Read More...]


တောင်ဇွဲကပင် သက်သေတည်



အတိတ်ကိုရှေ့ရှူ့ အနာဂတ်ကိုမျှော်ကြည့်လျှင် ကရင်ပြည်နယ် မြို့တော်ဘားအံ၏ တောင်ဘက်ခြမ်းမှာ ခပ်ဝေးဝေးက လှမ်းမြင်ရသောတောင်သည် ကရင်တစ်မျိုးသားတို့ကို ကိုယ်စားပြုသော ကျက်သရေဆောင် ဇွဲကပင်တောင်ဟု ခေါ်ပါသည်၊ လွန်ခဲ့သောအတိတ်သမိုင်းကို ပြန်ကြည့်လျှင်လည်း သုံးလူ့ထွဋ်ထား မြတ်စွာဘုရား၏ ဆံတော်အစစ်ဖြင့် ဌာပနာထားသည်ကို စာပေသမိုင်းအရ ဖတ်ရှု့ရပါသည်၊
ဤသို့ ဇွဲကပင်တောင်သည် မြတ်စွာဘုရား ဆံတော်အစစ်ဖြင့် ထာပနာထားသည့်အတွက် ကရင်ပြည်နယ်တစ်ဝှမ်းလုံးသာမက အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော် ပူဇော် ကန်တော့ကြ သည်ကို စာရေးသူကိုယ်တိုင်မျက်ဝါးထင်ထင်တွေ့မြင်ရပါ၊ နှစ်စဉ်တပေါင်းလပြည့်နေ့မှာလည်း ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းခလောက်နို့ခွင်နှင့် အနောက်ဘက်ခြမ်းဒုံရင်းခွင်တို့က ဗုဒ္ဓပူဇနိယ ပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်၊


အထက်ပါ ဇွဲကပင်တောင်၏ ကျော်ကြားမှုနှင့် ဘုန်းသမ္ဘာကြီးမားမှုကို ထောက်ရှု့၍ နိုင်ငံခြားသို့ သွားရောက်ပြီး ပညာသင်ကြားနေသည့် ကရင်ရဟန်းတော်များအထောက်အပံ့ ရရှိရေးအတွက် ထိုင်းနိုင်ငံမှ ကရင်သံဃာတော်များနှင့် ဒကာ/ဒကာမများလက်တွဲ၍ ‘ဇွဲကပင် ပညာဒါန အသင်း’ ဟူသောခေါင်းစဉ်ဖြင့် အသင်းတစ်ခုတည်ထောင်လိုက်သည်၊ ဤအသင်း အရှည်တည်တံ့ခိုင်မြဲရေးကို ရည်ရွယ်ကာ ‘ဇွဲကပင် ပညာဒါန အသင်း’ ဆိုသည့်ခေါင်းစဉ်ကို သမဂ္ဂီသံဃာစုံညီစွာဖြင့် ရွေးချယ်လိုက်သည့်အတွက် စာရေးသူက အင်မတန်မှ သဘောအားကျမိပါသည်။
အကြောင်းမှာမူ ကရင်ပြည်နယ် ကျက်သရေဆောင် ဇွဲကပင်တောင်သည် တစ်ခြားတောင်နှင့် ယှဉ်ကြည့်လျှင် တမူထူးခြားကွဲပြားလျက်ရှိပါ၏။
ခပ်လှမ်းလှမ်းကနေ လှမ်းကြည့်ပါက တံခွန်တိုင်ပမာ မတ်သည် စောက်သည် တော်ရုံတန်ရုံစိတ်ဓာတ်ဖြင့် တက်လျှင် အပေါ်သို့ မရောက်နိုင်ပေ။
တကယ့်တကယ်အင်တိုက်အားတိုက်ဇွဲနှင့်မာန်နှင့်တက်မှသာလျှင် အပေါ်သို့အလွယ်တကူဖြင့် ရောက်နိုင်ပါသည၊် ထိုထက်ထူးတာက ဇွဲကပင်တောင်သည် ဘယ်အချိန်ဘယ်အခါ ဘယ်ရာသီပဲကြည့်ကြည့်မရိုးနိုင်၊ လေပူတွေဘယ်လောက်တိုက်တိုက် လေစိမ်းတွေ ဘယ်လောက်ပဲတွန်းတွန်း မတုန်မလှုပ် မယိမ်းမယိုင် ကျောက်စာတိုင်ပမာ အမြဲတိုင်းမတ်မတ်မားမားတည်တံ့ခိုင်မြဲလျက်ရှိနေပါသည်။

ထို့အတူ စားရေးသူတို့ ကရင်တစ်မျိုးသားလုံးတို့ကလည်း ဇွဲကပင်တောင်၏ တည်ငြိမ်မှုနှင့် ခိုင်ခံ့မှုကို စံနမူနာထားပြီး တောင်ပေါ်မြေပြန့်ကရင်နှင့် ပြည်တွင်းပြည်ပကရင်အားလုံးတို့က ‘ဥမကွဲ သိုက်မပျက်ပဲ’ မိမိတို့ စိတ်ဓာတ်ကို ဇွဲကပင်တောင်လို စုစည်းပြီး ဇွဲကပင်တောင် ကျောက်သားလို တည်တံ့ခိုင်မြဲမှုရှိကြစေရန်နှင့် တစ်ယောက်နှင့်တစ်ယောက်၊ တစ်စုနှင့်တစ်စု သွေးချင်းမပြန့်ကျဲ စိတ်ဝမ်းမကွဲပြားပဲညီညီညွတ်ညွတ်ရှိနေမည်ဆိုပါက မိမိတို့ လူမျိုးများသည် ဘယ်တော့မှ တိမ်ကောပပျောက်လိမ့်မည်မဟုတ်ပေ။
စာရေးသူဆိုလိုရင်းက ဇွဲကပင်တောင်သည် မီးအိမ်ကြောင့် တစ်တောင်လုံးထွန်းလင်းတောက်ပသကဲ့သို့ မိမိတို့ကရင်တစ်မျိုးသားလုံးတို့ကလည်း ပညာရေးကြောင့် ဘ၀ကိုမြင့်တင်နိုင်ကြပါစေ၊ ပညာဆိုတာ အကောင်းအဆိုး အကြောင်း အကျိုး ဟုတ်မဟုတ် မှန်မမှန်နှင့် အကျိုးရှိမရှိကို သိတတ်တဲ့အတွက်ကြောင့် ပညာလို့ ခေါ်ပါတယ်၊
ပညာနဲ့ပတ်သက်ပြီး အတုယူစရာ ဥပမာများကို ဆိုရလျှင်-
၁၊ ပညာဆိုတာ အလင်းရောင်နဲ့တူတယ်၊
၂၊ ပညာဆိုတာ မိတ်ကောင်းဆွေကောင်းနဲ့တူတယ်၊
၃၊ ပညာဆိုတာ လမ်းနဲ့လည်းတူတယ်။
ဒါကြောင့် ဘ၀ရေးနှင့် လူမျိုးတစ်မျိုး အရှည်တည်တံ့ခိုင်မြဲရေးအတွက် အဓိက အသက်သွေးကြောမှာ စာပေ(သို့) ပညာပင်ဖြစ်သည်။
စာပေနှင့်ပညာပျောက်လျှင် စကားပျောက်မည်၊ စကားပျောက်လျင် လူမျိုးပျောက်မည်ကို ကရင်တစ်မျိုးသားလုံးတို့အတွက် သတိဖြင့် အသိရှိကြစေလိုပါသည်။
နိဂုံးချုပ်အနေအားဖြင့် ရေရှိမှ ကြာတင့် ကြာရှိမှရေတင့် ဆိုသလို ဆရာနှင့်ဒကာ ရေနှင့်ကြာလို လက်တွဲကာဖြင့် ပညာအမွေ ဓမ္မအမွေများပေးဝေကြလို့ ဘ၀တစ်ခုလုံခြုံမှုရှိကာ အသိမှန် အမြင်မှန် ဘ၀လမ်းကြောင်းမှန်ကို ခွဲခြားဝေဖန်နိုင်တဲ့ ပညာရှိများပေါ်ထွန်းပါစေလို့ြံကီးမားသော မေတ္တာများဖြင့် ဆန္ဒပြုရင်း ‘ဇွဲကပင် ပညာဒါနအသင်း’ကို ဤဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုလိုက်ရပါသည်။

ပညာဂုဏော အနန္တောဖြင့်
ဇွဲချစ် (ဇွဲကပင်)

[Read More...]


requested to all







အင်းယာ့ဗး ထီသိုဝ်သယ် ကိုဝ်ဟှာဍေလ၀့်ဆာ်၊ွင်္

ပု ဇွဲကပင် ကုံလွဲာဝေ့ ဆ်ုအှ်ကံင်းယိုဝ် ဟှံင်ခွိက်ဏှ် လု ၂၉၊၆၊၂၀၀၈ မူဏီဏှ်ဆေ၀်ယုဂ်၊ အ်ုခါ့ဗုဂ်ထင်း မ်ုအှ်ကံင်းခါ့ ပ်ုကုံလွဲာဝေ့ ဟှယ်ဆ်ုမာဆာ.သယ် လ်ုမိက်ခ်ုလုဂ်ဖိုဝ်းသာဝး အှ်လ်ုကျယ်အ်ုခေါဟ်စံင် ထံင်ထာင် လ်ုဆုအှ်ကံင်း ဍေ ဆ်ုအှ်ကံင်းဟှံင်သင့်ခါ့ဏှ်သီး ဆ်ုမာသယ် ပ်ါပုဂ်မိင်ဝေ့ဍောဟ်မာ.ဆေ၀်.လှ်။ ပ်ုကုံလွဲာ အ်ုဟှာင်.အ်ုစံင်းသယ် သာအှ် မ်ုထုဂ်ဖ်ုလဟ်ဝးသာ လဲကုင့်သီး ဟှယ့်ကဲထင်းဆ်ုဏင်မိင်အေး၊ အ်ုခါ့ယိုဝ်လ၀့် အင်းဃှူ့ထာင် ဍးဟှင်သယ် မာခ်ုလုဂ်သာ postဗးဆေ၀်.လ၀့်။ ကေခါင့်ကေလးခိုဝ်းသီး အှ်ဍ်ာလ၀့်၊ ပ်ုကုံလွဲာဝေ့ ထုဂ်ထင်းဆာင့် အင်းဃှူ့အးထင်းစေ၀်ပ်ုကုံလ်ုဏိင်းယိုဝ် ဆာင့်အ်ုဗိင်းပါင်ထင်း၂၆၀၀ ဆေ၀်.ယုဂ်၊ ဆ်ုမာသယ် အေဟှံင်ခိုဝ်း ဍးထာင်လိုဝ်းသာလ၀့်ယာ.ဏယ်။ ဏးသေှ်ဖေှ်လာ ကိုဝ်ဟှာဍေဆာ်။
[Read More...]


ကရင်ရာဇ၀င်ဆရာကြီး ဦးပညာ



5.7.08

ဆရာကြီးဦးပညာသည် ငယ်နာမည်ကို မသိရသော်လည်း သထုံဇာတိသားတစ်ဦးဖြစ်သည်၊ သူသည် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သောကြောင့် ဦးပညာ-ဟူသောအမည်ကို သာသနာ့ ဘောင်တုန်းက မှည့်ခဲ့သောအမည်ဖြစ်သည်၊ ရဟန်းဘ၀တွင် ကရင်ရာဇ၀င်အကြောင်းကို လေ့လာ လိုက်စားခဲ့ပြီး လူဝတ် ကြောင်ရောက်မှ ကရင်ရာဇ၀င်စာအုပ်ကို ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

ဆရာကြီးဦးပညာသည် ကရင်ရာဇ၀င်ကို ရေးသာရာ၌ အမျိုးသားသမိုင်းအမြင်ပေါ်တွင် အခြေခံ၍ ရေးသားထားသည်။ ပညာရှင်များက မြန်မာ့သမိုင်းအပေါ်တွင် မိမိတို့အမျိုးသားပညာရှင် အမြင်နှင့် နိုင်ငံခြားပညာရှင် အမြင်ဟူ၍ နှစ်မျိုးနှစ်စား ရှူ့မြင်သုံးသပ်ကြသည်။ အမျိုးသား သမိုင်း အမြင်ဘက်တွက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအစပြု၍ ဆရာကြီးများဖြစ်ကြသော ဦးလှဘေ၊ ဦးဘိုးလတ်၊ ဦးသာမြတ်၊ သူရိယဦးသိန်းမောင်၊ ပါမောက္ခဦးအေးမောင်(တက္ကသိုလ်မောင်သန့်စင်)၊ ဒဂုန်ဦးလှဘေနှင့် ဦးသိန်းဖေ မြင့်တို့ပါဝင်ကြသည်၊
ဦးပညာသည် သူ၏ကရင်ရာဇ၀င်စာအုပ်တွင် ပိုးကရင်ကို တလိုင်း(မွန်)ကရင်ဟူ၍၄င်း၊ စကော ကရင်ကို ဗမာကရင်ဟူ၍၄င်း၊ ကွေ့ကရင်နှင့်ရှမ်းကရင်ကို (ကြက်ဖိုးကြီး)ရာဇ၀င်နှင့်ဆက်စပ်နေသော ကြောင့် ကရင်နီ(ကယား) ဟူ၍၄င်း ဆိုလိုဟန်တူသည်။ ဦးပညာ၏ ကရင်ရာဇ၀င်စာအုပ်ကို ၁၉၂၉-ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၆၅-ခုနှစ်တွင် ဒုတိယအကြိမ်ထုတ်ဝေခဲ့သည်၊ ဒုတိယအကြိမ်ထုတ် သူ၏ အမှာစာတွင် အောက်ပါအတိုင်းတွေ့ရသည်-
-မွန်၊မြန်မာတွင်မိမိတို့ ဘုရင်များရှိသကဲ့သို့ ကရင်အမျိုးသားတွင် ကရင်ဘုရင်များ ရှိခဲ့ဘူးသလော ဟု တွေးတောစဉ်းစားမိခဲ့ဘူးလေသည်မှာ ကရင်ပြည်နယ်သို့ ရောက်စဉ်အခါကဖြစ်သည်။ လွန်ခဲ့သော ၇-နှစ်၊၈-နှစ်က ကျနော်သည် သတင်းစာဆရာဦးသိန်းမောင်နှင့်အတူ ယခုကော်သူလေးဟု အမည်သစ်တွင်နေသည့် ကရင်ပြည်နယ်ဘက်သို့ ဒေသန္တရဗဟုသုတအလို့ငှါ ခရီးထွက်ခဲ့ရာ၌ ကော့ကရိတ်မှ သုံးမိုင်ခန့် အကွာ ဒေါနတောင်တန်း တောစွယ်တစ်နေရာရှိ တောအတွင်းသို့ တပ်စိပ်တစ်စိပ်၏ အကူအညီဖြင့် ခရီး ထွက်ခဲ့ကြပါသည်။ ထိုတောင်စွယ်တောအုပ်သည်ကား အမှန်အားဖြင့် ရှေးကရင်ရှင်ဘုရင်တစ်ပါး ထီးနန်း စိုက်ရာမြို့ဟောင်းဖြစ်ခဲ့ဘူးကြောင့် ယခုတိုင် တွေ့မြင်ရသော ကျုံးဟောင်းနေရာများကို ဦးသိန်းမောင်က ညွန်ပြပြောဆိုကာ ရာဇ၀င်ဇာတ်ကြောင်းပြန်သောကြောင့် ကရင်လူမျိုးများမှာ ကရင်အမျိုးသားရှင်ဘုရင် ရှိခဲ့ဘူးသည့်အဖြစ်ကို သိရခြင်းဖြစ်ပါသည်။ -ယိုးဒယား-မြန်မာနယ်စပ်မြို့ဖြစ်သော မြ၀တီမြို့သည်လည်း အဆိုပါကရင်အမျိုးသားဘုရင်၏ နယ်ခြားမြို့ဖြစ်ကြောင်းနှင့်တကွ ကရင်အမျိုးသားဘုရင်ကြီးသည် မိစ္ဆာအယူမှ သမ္မာအယူသို့ ကူးပြောင်းလာပုံများကိုပါ ထပ်လောင်းသိရှိရသောအခါ အခွင့်ကြုံလျှင် ကရင်အ မျိုးသာရာဇ၀င်အကြောင်းကို ဆက်လက်လေ့လာရန် ဆန္ဒဖြစ်ပေါ်လာခဲ့ပါသည်၊ သို့အတွက် လွန်ခဲ့သည့် ၁၉၆၄-ခုနှစ်၊ အောက်တိုဘာလအတွင်းက ဘားအံ၊လှိုင်းဘွဲ့၊ ပိုင်ကျုံအစရှိသောကရင်မြို့ရွာများသို့ ဆရာဦး သိန်းမောင်ခရီးထွက်သောအခါ အတူတကွလိုက်ပါနိုင်ရန် ကြိုးပမ်းသော်လည်း အကြောင်းမညီညွတ်သော ကြောင့် မလိုက်ပါနိုင်ဖြစ်ခဲ့ရသည်၊ ထို့ကြောင့် ထိုဒေသတစ်ဝိုက်၏ ရာဇ၀င်အကြောင်းကို ပြန်ပြောင်းပြောပြ ရန် မေတ္တာရပ်ခံသောအခါ ကျနော်အား စာအုပ်တစ်အုပ်ဖတ်ရှု့ရန် ခေတ္တပေးအပ်ပါသည်၊ ထိုစာအုပ်ကို ဖတ်ကြည့်သောအခါ ကရင်အမျိုးသားတို့တွင် ရှေးရှေးသောအခါက ကရင်အမျိုးသားဘုရင်များ ထိုနယ် ပယ်ဒေသကို စိုးမိုးအုပ်ချုပ်ဘူးကြောင်း ကျနော်ယုံကြည်လာမိပါသည်၊ အဆိုပါစာအုပ်သည်ကား ယခုရိုက် နှိပ်ထုတ်ဝေသော -ကရင်ရာဇ၀င်-အမည်ရှိစာအုပ်ပင်ဖြစ်ပါသည်။

ဆက်လက်မျှော်


[Read More...]


လိုအပ်ချက်



အရာရာဟာ အမြဲတိုင်းလိုလို ပြောင်းလဲတတ်နေတော့ ကိုယ့်ဘ၀ကိုယ့်ယုံကြည်ချက် တွေဟာလည်း အမြဲတိုင်းပြောင်းနေပါတယ်၊ အကောင်းဖက်ကို ဦးတည်တဲ့ ယုံကြည်ချက်တစ်ခု ဆုတ်ကိုင်မိဖို့ဆိုတာ ပတ်ဝန်းကျင်နဲ့ ကိုယ်တိုင်အားထုတ်မှုတွေက အရမ်းကို အရေးကြီးပါတယ်၊

ပရိယာယ် မာယာနဲ့ ကောက်ကျစ်မှုတွေ ပြည့်သိပ်နေတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ တွန်းပို့တဲ့နေရာမှာ ဆင်ခြင်နိုင်စွမ်းဆိုတဲ့ အသိဉာဏ်မပါရင် ဘ၀ရဲ့အောင် မြင်မှုတစ်ခုရဖို့ တော်တော်ခက်ခဲပါလိမ့်မယ်၊ အမျိုးမျိုးသော အသိုင်းအ၀ိုင်းတွေကြားထဲကို ၀င်ဆန့်နိုင်ဖို့ အသိပညာ အတတ်ပညာတွေလို အပ်သလို ဗျတ္တ၊ ပဋိဗလ ဆိုတဲ့ သတ္တိ ဗျတ္တိလည်းရှိရပါတယ်၊ ကိုယ်တိုင်အတွေ့အကြုံက သတ္တိ၊ ဗျတ္တိ ရှိဖို့အထောက်အကူပြုပါတယ်၊ ကိုယ်တိုင်အတွေ့အကြုံရှိဖို့အတွက် အတွေ့အကြုံတွေများများရနိုင်တဲ့ အသိုင်းအ၀ိုင်းထဲကို ၀င်ဖို့လိုပါတယ်၊ သို့သော် အတွေ့အကြုံယူတဲ့နေရာမှာ အမြဲတိုင်းရည်ရွယ်ချက်၊ ဦးတည်ချက်ထားဖို့တော့ လိုပါ တယ်၊ အတွေ့အကြုံရတာပေါ့ ဆိုရုံလောက်နဲ့တော့ ကိုယ်ဘ၀တက်လမ်းအောင်မြင်ဖို့ မရနိုင်သေးပါ ဘူး၊ တစ်သက်လုံးအတွေ့အကြုံရတာပေါ့ နဲ့ပဲ ကျေနပ်မနေဖို့ဆိုလိုတာပါ၊ ကိုယ်ဘာဖြစ်ရမယ်လို့ ကိုယ့်ဘ၀ကို ကိုယ်ပြဌာန်းထားပေမယ့် ကိုယ်ဖြစ်ချင်တဲ့ဘ၀တစ်ခုကို ကိုယ်ရချင်မှရမှာ၊ ၀ါသနာနဲ့ အကျိုးပေးကိုက်ညီမှသာလျှင် ကိုယ်လိုချင်တဲ့ဘ၀တစ်ခု ဖြစ်လာနိုင်တာပါ၊ အဲဒီလိုဖြစ်ချင်တဲ့ ဘ၀တစ်ခု ဖြစ်လာဖို့ဆိုတာ လွယ်လွယ်လေးနဲ့မရနိုင်ပါဘူ၊ အထောက်အပံ့တွေ အ ချိုးစားမျှမျှတတရနိုင်ဖို့တော့ အရေးကြီးပါတယ်၊ အရေးကြီးဆုံးအထောက်အပံ့ကတော့ ကံ၊ ဉာဏ်၊ ၀ီရိယ(ဇွဲလုံ့လ) ပါပဲ၊ ကံကို ပြုပြင်ရမယ်၊ ဉာဏ်နဲ့ယှဉ်ပြီးလုပ်ရမယ်၊ ၀ီရိယအားထုတ်ရမယ်။ ဇွဲရှိရမယ်၊ ကိုယ်ဖြစ်ချင်အရာတစ်ခုကို အဲဒီ ကံ ဉာဏ် ၀ီရိယ ဇွဲလုံ့လတွေနဲ့ လိုလိုလားလား ပုံမှန်သာ ကြိုးစား မယ်ဆိုရင် ဖြစ်ကိုဖြစ်လာမှာပါ။


စောနေမျိုး( ဒုံးယိမ်းမြေ)
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors