You are here: » Home » All posts
အသစ်အသွင်နဲ့ဇွဲကပင်
ဇွဲကပင်ပညာဒါနအသင်း၏ အကြိုအစည်းအဝေးကို ယနေ့ ၃၁-၃-၂၀၀၈ မှာ ဒုတိယအကြိမ် ကျင်းပခဲ့သည်။
အသင်းဝင်၏ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ရှေဆက်လုပ်ဆောင်မည့် လုပ်ဆောင်လုပ်ငန်းအချို့ကိုလည်း
ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြသည်။ အသင်းအတွက် ဘဏ္ဍာရေးရှာဖွေမှုကိစ္စ၊ ဂုဏ်ပြုမှတ်တမ်းတင်လွှာကိစ္စ၊ လက်ကမ်းစာစောင်လူတိုင်းသိအောင် လုပ်ဆောင်မည့်ကိစ္စ စသည်များကို အသေးစိပ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ အစည်းအဝေးသို့ စုစုပေါင်း သံဃာ(၁၂)ပါးကြွရောက်ကြပြီး အသင်း၏ ဖွဲ့စည်းပုံနှင့်စည်းမျဉ်းများကို အောက်ပါအတိုင်း ဖြစ်ပါသည်။
ဇွဲကပင်ပညာဒါနအသင်း
« « « « « « « « «
ဖွဲ့စည်းပုံနှင့်အသင်း၏ရည်ရွယ်ချက်အကျဉ်း
၁။ အသင်း၏အမည် = ဇွဲကပင်ပညာဒါနအသင်း
(၂၃-၁-၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သည်။)
၂။ အသင်း၏တည်နေရာ = ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
၃။ အသင်း၏ရည်ရွယ်ချက် = ပညာထူးချွန်ထက်မြက်သော ကရင်အမျိုးသားရဟန်းတော်များ ပေါ်ထွန်းလာစေရန်အတွက် အထောက်အပံ့များ ကူညီထောက်ပံ့ လှူဒါန်းရန်။
၎။ အသင်းဖွဲ့စည်းပုံ = အောက်ပါအတိုင်း အလုပ်အမှုဆောင်ကော်မတီဖြင့် ဖွဲ့စည်း ဆောင်ရွက်သည်။ အလုပ်အမှုဆောင်ကော်မတီတွင်--
၁) နာယကဆရာတော်များ
၂) ဥက္ကဋ္ဌဆရာတော်
၃) ဒု- ဥက္ကဋ္ဌဆရာတော်
၎) အကျိုးတော်ဆောင် ဆရာတော်
၅) တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
၆) ဘဏ္ဍာရေးမှုးဆရာတော်
၇) တွဲဖက်ဘဏ္ဍာရေးမှူးဆရာတော်
၈) အဖွဲ့ဝင်ဆရာတော်များဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။
၅။ အလုပ်အမှုဆောင်ဆရာတော်များ၏သက်တမ်းသည် (၃) နှစ်ဖြစ်သည်။
၆။ အသင်း၏လုပ်ငန်းစဉ် = နိုင်ငံခြားတက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက် ပညာသင်ယူ/ သင်ကြားနေသော ကရင်အမျိုးသားရဟန်းတော်များအား ပညာဒါနအလှူငွေ လှူဒါန်းထောက်ပံ့ခြင်း၊ အသင်း၏ရန်ပုံငွေရှာဖွေခြင်းတို့ဖြစ်သည်။
၇။ အသင်း၏ အလုပ်အမှုဆောင်များသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်ခဲ့ သော် အသင်း၏ အလုပ်အမှုဆောင်ကော်မတီသို့ အကြောင်းကြား၍ နှုတ်ထွက်နိုင်သည်။
၈။ ဇွဲကပင်ပညာဒါနအသင်းသည် မိသားစုအသွင်ဆောင်သောအသင်းမျိုးဖြစ်သောကြောင့် အသင်း၏တာဝန်များကို ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ခြင်း၊ ကရင်အမျိုးသားများ ပညာထူးချွန်ထက်မြက်လာပြီး အမျိုးဘာသာ၊ သာသနာဖွံ့ဖြိုး တိုးတက်စေရန် ဟူသော စိတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။
၉။ အသင်း၏ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းစသည်တို့ကို အခြေအနေအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းစသညိ ပြုလုပ်နိုင်သည်။
၁၀။ အသင်း၏အမှုဆောင်နှင့် အသင်းဝင်များသည် အသင်း၏ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် အသင်းကို ကိုယ်စားပြုသော စည်းရုံး ဟောပြောမှုများကို အခါအခွင့်အားလျော်စွာဆောင်ရွက်သွားကြရန်ဖြစ်သည်။
ဤဇွဲကပင်ပညာဒါနအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ၃၁ - ၃ - ၂၀၀၈ နေ့တွင် အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။
(က) အမှုဆောင်နာယကဆရာတော်များ
၁) ဘဒ္ဒန္တ ဝေဒေဟသာမီဘိဝံသ ရန်ကုန် Myanmar
၂) ဘဒ္ဒန္တ ဇောတိက ရန်ကုန်(န.ပ.သ) Myanmar
၃) ဘဒ္ဒန္တ အာဒိစ္စ ပုသိမ် India
၎) ဘဒ္ဒန္တ ကုမာရ ထီဖိုးစံ Thailand
၅) ဘဒ္ဒန္ဆ ပုည ထီဖိုးစံ Thailand
၆) ဘဒ္ဒန္တ ပညာဝံသ နောင်ဘို Australia
(ခ) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဆရာတော်များ
ဥက္ကဌဆရာတော် = ဦးဣန္ဒာစာရ
ဒုတိယ ဥက္ကဌဆရာတော် = ဦးမေတ္တာနန္ဒ
အကျိုးတော်ဆောင် ဆရာတော် = ဦးနာဂ၀ံသ
တွဲဘက်အကျိုးတော်ဆောင် ဆရာတော် = ဦးဉာဏသာမိ
ဘဏ္ဍာရေးမှူး = ဦးကုဝေရ
တွဲဘက် ဘဏ္ဍာရေးမှူး = ဦးပညာဇောတ
(ဂ) သတင်းနှင့်ပြန်ကြားရေးဆရာတော်များ
၁) ဦးနာဂ၀ံသ (က်ုကျောဝ်) ထိုင်း
၂) ဦးမေဓာနန္ဒ (ထီ့ဖေါဟ်စင်) သီရိလင်္ကာ
၃) ဦးတေဇနိယ (ခ်ုလိုဒ့်ဆင့်မောဝ်ထုင်း) သီရိလင်္ကာ
၎) ဦးသုဇန ( ဏံင်းမျးလွဲာ) အိန္ဒိယ
(ဃ) ပညာတော်သင်မော်နီတာရဟန်းတော်များ
၁) ဦးကုဝေရ ( ဏံင်းမျးလွဲာ) အိန္ဒိယ
၂) ဦးဂုဏသာမိ ( ထဲုးမင်ထောဝ်) သီရိလင်္ကာ
မှတ်ချက်။ ကျန်သော ပညာတော်သင် ရဟန်းတော်များအားလုံးသည် အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
[Read More...]

အားမာန်ညီညီ ရှေ့သို့ချီ
ဇွဲ မာန်အပြည့် ရှေ့သို့ချီ၊
က ရင်မျိုးသား အောင်ပွဲဆီ
ပင် ဆီကိုင်းခက် သန်စေဖို့
ပ ညာယှဉ်ပြီး တည်ဆောက်စို့။
ဉာ တိဆွေသဟာ စုပေါင်းကာ
ဒါ ဟာ ဒို့ရဲ့တာဝန်ပါ
န ဂိုလ်ကထက် လွန်ကြိုးစား
အ မျိုးသားရေးမို့ ညီညာထား
သင်း ကြူကြိုင်မွှေး ပန်းတိုင်ဆီ
ပညာရေးသို့ ချီတက်မည်
မဟီတစ်လွှား လွန်ကျော်ကြား
ဇာနည်ဇွဲကပင်သား။
နန္ဒကိုကို(ထီ့ဖေါဟ်စင်)
[Read More...]
က ရင်မျိုးသား အောင်ပွဲဆီ
ပင် ဆီကိုင်းခက် သန်စေဖို့
ပ ညာယှဉ်ပြီး တည်ဆောက်စို့။
ဉာ တိဆွေသဟာ စုပေါင်းကာ
ဒါ ဟာ ဒို့ရဲ့တာဝန်ပါ
န ဂိုလ်ကထက် လွန်ကြိုးစား
အ မျိုးသားရေးမို့ ညီညာထား
သင်း ကြူကြိုင်မွှေး ပန်းတိုင်ဆီ
ပညာရေးသို့ ချီတက်မည်
မဟီတစ်လွှား လွန်ကျော်ကြား
ဇာနည်ဇွဲကပင်သား။
နန္ဒကိုကို(ထီ့ဖေါဟ်စင်)
လေးနှစ်ဦတည် ဇွဲကပင်ဆီ
လေးနှစ်ဦးတည် ဇွဲကပင်ဆီသို့
ဂုဏ်ရည်ဖြိုးမောက် ဉာဏ်ရည်တောက်အောင်
ဦဆောင်အညီ ရှေ့သို့ချီလျက်
ညီညီအားစွက် လက်တွဲဖက်ခေါ်
မကြာသော်က ဂုဏ်ဂုဏနှင့်
ဉာဏ်မှဉာဏ်ဆင့် မျိုးနွယ်တင့်၍
ဖေါ်လှစ်ကျူးမည် ဉာဏ်ရှင်ဆီသို့
အမီလှမ်းဖို့ မှာတမ်းပျို့၏။
မာန်နဲာပုည(ထီ့ဖေါဟ်စင်)
[Read More...]
ဂုဏ်ရည်ဖြိုးမောက် ဉာဏ်ရည်တောက်အောင်
ဦဆောင်အညီ ရှေ့သို့ချီလျက်
ညီညီအားစွက် လက်တွဲဖက်ခေါ်
မကြာသော်က ဂုဏ်ဂုဏနှင့်
ဉာဏ်မှဉာဏ်ဆင့် မျိုးနွယ်တင့်၍
ဖေါ်လှစ်ကျူးမည် ဉာဏ်ရှင်ဆီသို့
အမီလှမ်းဖို့ မှာတမ်းပျို့၏။
မာန်နဲာပုည(ထီ့ဖေါဟ်စင်)
လိုတ်သာ
အင်းလယ်လိုတ်သာ ဆ်ုဍး
ခိင့်ဖါလိုတ်သာ ဆ်ုသေှ်
လ၀်ဖေှ်လိုတ်သာ ဆ်ုဟှိုင့်
က်ုယိုင့်လိုတ်သာ ကျာ်သြီ့
ဖ်ုရီ့လိုတ်သာ ဆ်ုအဲ
ပါကဲလိုတ်သာ ထီသိုဝ်
တာင်ဗိုဝ်လိုတ်သာ ဖိုင်သာ
ထ္စာလိုတ်သာ အ်ုကျး
ထုဂ်ယှးလိုတ်သာ ဆ်ုယှင်း
သုံ့ထင်းလိုတ်သာ ဖ၀့်တိုင်
မာဆိုင်လိုတ်သာ ကိုဝ်ဟှာလှ်။
မာန်ကျာ်ခေမာစာရ(သုမေဓာရာမ)
[Read More...]
ခိင့်ဖါလိုတ်သာ ဆ်ုသေှ်
လ၀်ဖေှ်လိုတ်သာ ဆ်ုဟှိုင့်
က်ုယိုင့်လိုတ်သာ ကျာ်သြီ့
ဖ်ုရီ့လိုတ်သာ ဆ်ုအဲ
ပါကဲလိုတ်သာ ထီသိုဝ်
တာင်ဗိုဝ်လိုတ်သာ ဖိုင်သာ
ထ္စာလိုတ်သာ အ်ုကျး
ထုဂ်ယှးလိုတ်သာ ဆ်ုယှင်း
သုံ့ထင်းလိုတ်သာ ဖ၀့်တိုင်
မာဆိုင်လိုတ်သာ ကိုဝ်ဟှာလှ်။
မာန်ကျာ်ခေမာစာရ(သုမေဓာရာမ)
K.D.A ရဲ့ အကြိုအစည်းအဝေး
K.D.A (Kwe.kabaung Dana Association) ၂၀၀၈ခုနှစ် ၆လပတ်အကြိုအစည်းဝေး ကို ၈.၂.၂၀၀၈ နေ့ ဘန်ကောက် ၀တ်နတ်ခွန်အင်ကျောင်းမှာ ကျင်းပခဲ့ကြတယ်။ ဇွဲကပင်ပညာဒါနအသင်းရဲ့ လုပ်ဆောင်ချက်များ ပိုမိုကျစ်လစ် ထွန်းကား အောင်မြင်စေရန် နှင့် အသင်းဖွဲ့စည်းပုံ စနစ်တကျ ဖြစ်မြောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြခြင်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ မာန်နဲာပုည၊ မာန်နဲာကုဝေရ တို့ အပါအ၀င် အဖွဲ့ဝင်(၉)ပါးကြွရောက်ကြပြီး အသင်းပြန်လည်ဖွဲ့စည်းမှု နှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများအကြောင်းကို အတူတကွ ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်။ အကြိုအစည်းအဝေးလို့ ဆိုပေမည့် အသင်းအတွက် ထိရောက် အကျိုးရှိစေမည့် အစည်းအဝေးလို့ ဆိုချင်ပါတယ်။ ဆုံးဖြတ်ချက်အနေနဲ့ မဟုတ်သေးဘဲ အကြမ်းအားဖြင့်သာ တိုင်ပင်ညှိနှိုင်းခဲ့ကြတဲ့အတွက် ထုတ်ပြန်ချက် ထွက်မလာနိုင်သေးတာကို နားလည်ပေးကြဘို့ တောင်းပန်အပ်ပါတယ်။
သုခိတာ ဟောထ

K.D.A's pre meeting of 2008
K.D.A ဝေ့ ဆ်ုအှ်ကံင်းဆောတ်(၂၀၀၈) ဏှ် လ်ုဏီယိုဝ် 8.2.2008 မူဏီ အှ်ကံင်းလ၀်ထာင်ဝေ့ဍးဆ်ုလှ်၊
ဆ်ုသုဂ်ဆ်ုကလယ်ဖိုင်ဏှ် သင့်ဂမီ့ ခဲု.ပါ က်ုညာဟှယ်ယှံင်ဟှံင် K.D.A ဝေ့ မ်ုတာ်ထင်းထာင်လ်ုယာ့ ဗေ့ မ်ုဃှူ့ဃှင်ဍောဟ် မ်ုဟှိုင်ခိုင့်ဍောဟ် မ်ုစီကြာထင်းထ၀့်သိုဝ်ဏှ် လ၀်ထာင် အင်းဏင်ဗးဟှဝ်ဝေ့လိုတ်သာ လ်ုဟှာဍေလ်ုဟှာဆေ၀်လှ်။
ဆ်ုအှ်ကံင်းယိုဝ် မွဲာလာဏင့် ဆ်ုအှ်ကံင်းဆောတ်သီး လု K.D.A အ်ုဟှင်ဏှ် မ်ုဟှယ့်ကဲထင်းဆ်ုမာ ဍောဟ်မာလ၀့်၊ စင်ဗိုဝ် အေလ၀်ဍေ အ်ုဖိုလ်(အကျိုး)ဟှေဝ် ဆ်ုအှ်ကံင်းသီး လ၀်ဗးက်ုလိုဒ်ဍးသာလ၀့်၊ Decision လ်ုအှ်ထီ့ဆာ ဏင်မိင်ဍာ် လ၀်ဍုဂ်ဏဲလင် လ်ုသေှ်ဍ်ာဝးဏှ်သီး ဏးသေှ်ဖေှ်ကဲလာဆာ်။

အဲလာဏ်ုလိက် အဲလာဏ်ုဆိုဒ်

Subscribe to:
Posts (Atom)
Previous Article