၂၀၁၀-ခု ဒုတိယ (၆)လပတ် အစည်းအဝေး အသိပေးခြင်း
နှစ်စဉ်ကျင်းပနေကျဖြစ်သော ဇွဲကပင်ပညာဒါနအသင်း ၂၀၁၀-ခု ဒုတိယ (၆)လပတ် အစည်းအဝေးကို
(၁၆-၁-၂၀၁၁) တနင်္ဂနွေနေ့၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် ကျင်းပ
ပြုလုပ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရပ်နီး၊ ရပ်ဝေးမှာရှိကြကုန်သော ဇွဲကပင်ပညာဒါနအသင်းအလှူရှင်၊ အလှူမများနှင့် ဇွဲကပင်
ပညာဒါနအသင်းအဖွဲ့သူ၊ အဖွဲ့သားများအားလုံး အတူတကွပါဝင်တက်ရောက်နိုင်ရန် စေတနာများစွာဖြင့်
အသိပေးဖိတ်ကြားအပ်ပါသည်။
ဇွဲကပင်ပညာဒါနအသင်းအဖွဲ့သူ၊ အဖွဲ့သားများ ။ ။
[Read More...]
၂၁-ရာစု၏ သမိုင်းစာမျက်နှာသစ်တစ်ခု
`မနေ့ကလုပ်ရပ်များသည် ယနေ့အတွက် သမိုင်းဖြစ်သကဲ့သို့ ယနေ့လုပ်ရပ်များသည်လည်း မနက်ဖြန်အတွက် သမိုင်းတစ်ခုဖြစ်၏´ ဟူသော အဆိုသည် အချိန်ကာလ၏ သမိုင်းနိယာမတစ်ခုပင် ဖြစ်ပေသည်။ တစ်သွင်သွင်စီးဆင်းနေသည့် သက္ကရာဇ်များမှာ သမိုင်းကိုယ်စီနှင့် စီးမျှောနေကြသည် ဖြစ်သည်။ သက္ကရာဇ်၏ စီးဆင်းမှုအောက်မှာ အလိုက်သင့်ခိုတွဲစီးမျှောနေရခြင်းသည် သတ္တလောကကြီး၏သဘာဝပင် ဖြစ်ပေသည်။ သက္ကရာဇ်များနှင့်အတူ အသိညာဏ်ရှိရှိ စီးမျှောနေကြရသည့် အရာသည်ကား လူဟူသော သတ္တ၀ါပင်တည်း။
လူသားတိုင်းလူသားတိုင်းသည်သမိုင်းကိုယ်စီရှိကြပါသည်။လူသားတို့၏နေ့စဉ်လုပ်ရပ်များသည်ပင် လူသားအတွက် သမိုင်းဖြစ်လာရပါသည်။ လူသားတို့၏ နေ့စဉ်လုပ်ရပ်ကွဲပြားမှုကြောင့် သမိုင်းသည်လည်း ခြားနားနေမည် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက် သမိုင်းမှသည် အစုအဖွဲ့သမိုင်း၊ လူမျိုးရေးသမိုင်း၊ နိုင်ငံရေးသမိုင်း၊ ဘာသာရေးသမိုင်းစသည်ဖြင့် သမိုင်းအသွင် အမျိုးမျိုး ကွဲပြားခြားနားလာရခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လူသားတို့၏ လုပ်ရပ်များသည် မျက်မှောက်ခေတ်အတွက် သမိုင်းများပင် ဖြစ်ပေတော့သည်။ သမိုင်း၏ကျေးဇူးကြောင့်ပင် ရှေးလူများ၏ လုပ်ရပ်များကို ယနေ့ခေတ် လူသားများ သိရှိရခြင်း ဖြစ်ပါသည်။ ဘယ်အရာမျိုးမဆို သမိုင်းနှင့် ကင်း၍ မရပ်တည်နိုင်ပေ။ သူ့နည်း သူ့ဟန်နှင့် သမိုင်းကိုယ်စီ တည်ရှိကြမှာ ဖြစ်ပါသည်။သမိုင်းဆိုသည်မှာလည်း လူသားတို့၏ ပယောဂ ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ လူသားတို့၏ ဖန်တီးမှုကြောင့် ဘာသာတိုင်း၊ လူမျိုးတိုင်း၊ နိုင်ငံ တိုင်းမှာ သမိုင်းကိုယ်စီဖြင့် ရပ်တည်လာရခြင်း ဖြစ်ပေသည်။
ဤနေရာ၌ တင်ပြမည့် ``၂၁-ရာစု၏ သမိုင်းစာမျက်နှာသစ်တစ်ခု´´ဟူသည် အမျိုး၊ ဘာသာ၊ သာသနာအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေမည့် ``ဇွဲကပင်ပညာဒါနအသင်း´´ မည်သော သမိုင်းစာ မျက်နှာသစ်တစ်ခုပင် ဖြစ်ပေသည်။
``ဇွဲကပင်ပညာဒါနအသင်း´´၏ လုပ်ရပ်များသည် နောင်အနာဂတ် တစ်ချိန်ချိန်တွင် သမိုင်းတစ်ခု အသွင်ဖြင့် အမှန်တကယ် တည်ရှိနေမည် ဖြစ်ပါသည်။ ဤအသင်းသည် နှစ်ပေါင်းဘယ်၍ဘယ်မျှ တည်တံ့ခိုင်မြဲ မည်ကိုကား အတိအကျ ဟောကိန်းထုတ်လို့ မရနိုင်ပေ။ ထိန်းသိမ်းစောင့်ရှောက်သူ အဖွဲ့သူ/သားတို့၏ ကာယ အား၊ ညာဏအား၊ ဓနအားနှင့်အတူ စေတနာထားခြင်း အနှစ်နာ ခံနိုင်ခြင်းအလျောက် ရှင်သန်နေမည် ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ နောင်အနာဂါတ်ရဲ့ တစ်ချိန်ချိန်မှာ ”၂၁.ရာစုခေတ်တုန်းက ကရင်လူမျိုးတို့၏အင်အားအပိုင်း အစများစည်လုံးခြင်းမှ ပေါက်ဖွားလာသည့် ``ဇွဲကပင်ပညာဒါနအသင်း´´ မည်သော သမိုင်းတွင် လုပ်ရပ်တစ်ခု ရှိခဲ့ဖူးကြောင်း နောင်ရာစုသစ် စာမျက်နှာများတွင် ရှင်သန်နေဦးမည်ဟု ရဲဝံ့စွာ ပြောဆိုနိုင်ပါသည်။ ရဲဝံ့စွာ ပြောဆိုနိုင်ရခြင်းအကြောင်းမှာ-
``ဇွဲကပင်ပညာဒါနအသင်း´´၏ စည်းလုံးခြင်းအင်အားဖြင့် ဖူးပွင့်လာသည့် အကျိုးကျေးဇူးရလဒ်များ အခိုင်အမာ ရှိနေခြင်းကြောင့် ဖြစ်ပေသည်။
``ဇွဲကပင်ပညာဒါနအသင်း´´၏ သက်တမ်းမှာ ၁၀-စုနှစ်တစ်ခု၏ တစ်ဝက်မျှသာ ရှိပါသေးသည်။ သို့ပေမယ့် အနာဂတ်သမိုင်းကောင်းကျန်ရစ်ဖို့ ``ဇွဲကပင်ပညာဥယျာဉ်ကျောင်း´´ဟူသော အမည်ဖြင့် ကရင် ပြည်နယ်၏ မြို့တော်ဘားအံတွင် အသီးအပွင့်ရလဒ်တစ်ခု ဖူးပွင့်လာခြင်းကို အသင်းသူ/သားများ အသိပင် ဖြစ်ပေသည်။ သက်တမ်းနု ဥယျာဉ်တွင်းမှာ ယခုကဲ့သို့ အသီးအပွင့်ရလဒ်တစ်ခု ဖူးပွင့်လာနိုင်ခြင်းသည် အမှန်တကယ်ပင် ၀မ်းမြောက်ဝမ်းသာ ကောင်းလှပါသည်။
``ဇွဲကပင်ပညာဒါနအသင်း´´၏ ပညာတော်သင်ထောက်ပံ့ရေးဟူသော ရည်ရွယ်ချက်အတိုင်း ပြည်ပ ထွက်ပီး ပညာရေးကို ဦးစားပေး ရှာဖွေစုဆောင်းနေကြသည့် ကရင်ရဟန်းတော်များကိုလဲ နှစ်စဉ်နှစ်တိုင်း စွမ်းနိုင်သမျှ ထောက်ပံ့အားပေးနိုင်ကြခြင်းကိုလည်း အသင်းသူ/သားအားလုံး သိနှင့်ပြီးသားပင် ဖြစ်ပေသည်။ အသင်းသူ/ သားတို့၏ စုစည်းမှုရလဒ်များနှင့် ပညာတော်သင်ရဟန်းတော်များကို အားပေးထောက်ပံ့ ရခြင်းသည်လည်း ``ဇွဲကပင်ပညာဒါနအသင်း´´အတွက် ဂုဏ်ယူဝမ်းမြောက်စရာပင် ဖြစ်ပါသည်။ ``ဇွဲကပင်ပညာဒါနအသင်း´´ ၏အားပေးထောက်ပံ့မှုများသည် ပညာတော်သင်ရဟန်းတော်များ ပညာရေး စရိတ်အတွက် အပြည့်အ၀ မရှိသော်လည်း ဖြူစင်မြင့်မြတ်သည့် စေတနာ၊ သဒ္ဓါတရား အရင်းခံများ ဖြစ်သည့် အတွက်ကြောင့် ပညာဆည်းပူးနေကြသော ရဟန်းတော်များအတွက် အမှန်တကယ် မဟာအားဆေး တစ်ခွက်ပင် ဖြစ်ပါသည်။
အသင်းသူ/သားများ၏ စေတနာ မေတ္တာထားခြင်းကြောင့် ပညာဆည်းပူးနေကြသည့် ရဟန်းတော်များ သည်လည်း အားထုတ်မှုကိုယ်စီဖြင့် ဘွဲ့ဒီဂရီအမျိုးမျိုးကို ရရှိပိုင်ဆိုင်ဖို့ လက်လှမ်းနေကြလျက် ရှိပေသည်။ အချို့သော ရဟန်းတော်များသည်လည်း (BA.MA) ဘွဲ့ဒီဂရီအောင်ပန်းကို ဆွတ်ခူးပြီး (PH.D) ဘွဲ့ကို ပိုင်ဆိုင်ရဖို့ ရှေ့ဆက်ပြီး ချီတက်နေကြဆဲပင် ဖြစ်သည်။ ယခုလို ရဟန်းတော်များ အောင်ပန်းကို ဆွတ်ခူးနိုင်ခြင်းသည် ``ဇွဲကပင်ပညာဒါနအသင်း´´၏ အားပေးထောက်ပံ့မှုများ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်လျက်ရှိပါသည်။ ဤအောင်ပန်းများသည်လည်း သက်တမ်းနုဥယျာဉ်အတွင်းမှ ပွင့်လန်းလာသည့် အကျိုးရလဒ်များပင်ဖြစ်ပါသည်။ အကြောင်းတရားအမျိုးမျိုးကြောင့် ပွင့်လန်းပြီး နွမ်းလျသွားသည့် ပျိုးပင်များလည်း မလွဲမသွေရှိမှာ အမှန်ပင် ဖြစ်သည်။ နွမ်းလျမှုများကို အမှုမထားဘဲ ပွင်းလန်းနေသည့် ပျိုးပင်လေးတွေကို ကြည့်ပြီး ပီတိဝေဖြာ သာယာကြည်နူးနေရခြင်းသည် မြင့်မြတ်သော ဥယျာဉ်မှူးတို့၏ ဖြူစင်သောလုပ်ရပ်ပါပေတည်း။
နောက်လာမည့် ၁၀-စုနှစ်တစ်ခုအတွင်းမှာ ယခုလက်ရှိပညာဆည်းပူးနေကြသည့် ရဟန်းတော် များသည် ဘွဲ့ဒီဂရီကိုယ်စီနှင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် မိမိတို့စွမ်းနိုင်ရာဘက်ကို လိုက်ပြီး အားကျိုးမာန်တက် ဆောင်ရွက်ကြမည်မှာ ကြိုတင်တွေးရင်း ၀မ်းမြောက်ပီတိ ဖြစ်မိပါသည်။ အသင်းသူ/သားများလည်း ပီတိကိုယ်စီနှင့် ၀မ်းမြောက်လိမ့်မည်ဟု စာရေးသူ မျှော်လင့်မိပါသည်…။
``ဇွဲကပင်ပညာဒါနအသင်း´´၏ မျှော်လင့်ချက်မှာ အနာဂတ်လူငယ်များ ပညာနို့ရည် သောက်စို့ရခြင်း အချက်တစ်ချက် ပါဝင်နေသည်ကို အသင်းသူ/သားအားလုံး သိနှင့်ပြီးသား ဖြစ်ပါသည်။ ဤမျှော်လင့်ချက်သည် လည်း မကြာတော့သည့် အနာဂတ်တစ်ချိန်ချိန်မှာ ပြည့်ဝလာလိမ့်မည်ဟု စာရေးသူ ယုံကြည်မိပါသည်။ အကြောင်းမှာ- လက်ရှိပညာဆည်းပူးနေကြသည့် ရဟန်းတော်များသည် ဘွဲ့ဒီဂရီများကို ကိုယ်စီပိုက်ပြီး သက်မဲ့ အသွင်မျိုးဖြင့် ရပ်တည်နေကြလိမ့်မည် မဟုတ်ချေ။ မိမိတို့စွမ်းနိုင်ရာ အခန်းကဏ္ဍကနေပြီး မိမိတို့ တတ်မြောက်ထားသည့် ပညာများကို အနာဂတ်လူငယ်များအတွက် လက်ဆင့်ကမ်း ဖြန့်ဝေကြလိမ့်မည်ဟု အပြည့်အ၀ ယုံကြည်မိပါသည်။
ဤမျှသော အကျိုးရလဒ်နှင့်ပင် ``၂၁-ရာစု၏ သမိုင်းစာမျက်နှာသစ်တစ်ခု´´ဟု ဆိုနိုင်ပါသည်။ ယခုတင်ပြရေးသားထားသည့် အနည်းငယ်သောအကျိုးရလဒ်များသည် ဘယ်ခေတ်ကာလတုန်းကမှ ကရင် လူမျိုးတို့ မရေးဖြစ်လိုက်သည့် သမိုင်းစာမျက်ဟုဆိုလျင် မှားနိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင်မူ ``ဇွဲကပင်ပညာ ဒါနအသင်း´´ဟူသော ကလောင်ရှင်က ၂၁-ရာစု၏ စာမျက်နှာသစ်ကို ရေးသားလိုက်ခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ ``ဇွဲကပင်ပညာဒါနအသင်း´´ကို ``၂၁-ရာစု၏ သမိုင်းစာမျက်နှာသစ် တစ်ခု´´ဟု တင်စားပြီး ရေးသားလိုက်ရခြင်း ဖြစ်ပေသည်။
ဤအသင်းကို တစ်ဦးတစ်ယောက်စွမ်းအားနှင့် တည်ဆောက်ထားခြင်း မဟုတ်ကြောင်းကို အသင်းသူ၊ အသင်းသားများ အားလုံးအသိပင် ဖြစ်ပါသည်။ အနည်းငယ်သောအားမာန်များကို စုစည်းပေါင်းစပ်ပြီးမှ ``ဇွဲကပင်ပညာဒါနအသင်း´´ဟူသည်မှာ ပေါက်ဖွားလာရခြင်း ဖြစ်ပေသည်။ သို့အတွက်ကြောင့် ကိုယ်စီ ကိုယ်စီ စွမ်းနိုင်သမျှ ၀ိုင်းဝန်းထိန်းသိမ်းနိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲမည် ဖြစ်သည်။ ရှေရှည်တည်တံ့ ခိုင်မြဲမှသာ အနာဂတ်တစ်ချိန်ချိန်မှာ သမိုင်းကောင်းဂုဏ်ဒြပ်တွေ ပိုမိုပေါ်လွင်နေမည် ဖြစ်သည်။ အသင်းသူ၊ အသင်းသားများ၏ စုပေါင်းစွမ်းအားဖြင့် တည်ထောင်ဖွဲ့စည်းထားသည့် အသင်းကို တစ်စုံတစ်ယောက်သော အဖျက်သမားပယောဂကြောင့် အပျက်ခံ၍ မသင့်မြတ်ပေ။ ပျက်စီးမှုကို ကိုယ်စီကိုယ်ငှ ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်ပေသည်။
``သင်္ခါရနိယာမအောက်မှာ တည်မြဲခြင်းမရှိ´´ဟူသော သီအိုရီကို အသင်းသူ၊ အသင်းသားများ လက်ခံရမည့် အချက်တစ်ချက်ပင် ဖြစ်ပေသည်။ သို့ပေမယ့် လူသားတို့၏ ကံ၊ ညာဏ်၊ ၀ီရိယအားမာန်နှင့် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြလျှင် ခိုင်မြဲသင့်သည့် အခိုက်အတန့်တစ်ခုအနေဖြင့် ခိုင်မြဲနေမည်ကိုတော့ မေ့မထားသင့်ချေ။ ကံ၊ ညာဏ်၊ ၀ီရိယ တို့၏ တန်ပြန်မှုအကျိုးရလဒ်များကို မုချခံစားရမည်ဟူသောအချက်ကို ယုံကြည်ရမည် ဖြစ်ပေသည်။ ယခုမိမိတို့ စိုက်ထုတ်လိုက်သည့် ကံ၊ ညာဏ်၊ ၀ီရိယအားမာန်သည် နောင် တစ်ချိန်တွင် ရှိကြသည့် အနာဂတ်လူငယ်များ မလွဲမသွေ ရရှိခံစားကြမည် ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်ကာလတုန်းက မဇ္ဈိမဒေသတစ်ခွင်လုံး နေအသွင်လအသွင်ပမာ ဘုန်းတော်တန်းခိုးတော် တောက်ပခဲ့သည့် ရှင်တော်ဗုဒ္ဓသည်ပင် မတည်မြဲခြင်းသဘောတရားကို မလွန်ဆန်နိုင် ခဲ့သည် မဟုတ်ပါလော။ သို့သော်လည်း ရှင်တော်ဗုဒ္ဓ၏ ၄၅-၀ါကာလပတ်လုံး စိုက်ထုတ်ခဲ့သည့် လုံ့လ၀ီရီယ များသည် အချည်းနှီးမဖြစ်ခဲ့ချေ။ ရှင်တော်ဗုဒ္ဓ စိုက်ထုတ်ခဲ့သည့် ၀ီရိယအကျိုးဆက်အနေဖြင့် ယနေ့ထက်တိုင် ကမ္ဘာ့လူသားများအလယ်မှာ ကြီးကျယ်မြင့်မြတ်သည့် ``ဗုဒ္ဓဘာသာ´´ဟူ၍ သမိုင်းကောင်းတစ်ခု ရှင်သန်နေ လျက်ပင် ရှိပါသည်။
ရှင်တော်ဗုဒ္ဓ၏ သာသနာ့သမိုင်းမှာ နာမည်ကျော်ကြားလူသိများသည့် အသောကရှင်ဘုရင်သည်လည်း သင်္ခါရနိယာမအောက်မှာ ဆိတ်သုဉ်းခဲ့ရသည် မဟုတ်ပါလော။ သို့ပေမယ့် ရှင်ဘုရင်၏ စိုက်ထုတ်ထားခဲ့သည့် ဘာသာ၊ သာသနာအတွက် ၀ီရိယများသည် အကျိုးမဲ့မဖြစ်စေဘဲ ယနေ့ထက်တိုင် ခန်းနားသည့် သမိုင်းတစ်ခု အနေဖြင့် ရှင်သန်နေလျက်ပင် ရှိပါသည်။
သို့အတွက်ကြောင့် ``ဇွဲကပင်ပညာဒါနအသင်း´´သည်လည်း သင်္ခါရနိယာမအောက်မှာ ရပ်တည်နေရ သည့် အသင်းတစ်ခုဖြစ်သဖြင့် ဆိတ်သုဉ်းခြင်းသဘောတရားနှင့် တစ်ချိန်ချိန်မှာ ရင်ဆိုင်ရမည် ဖြစ်ပေသည်။
ပျက်သုဉ်းခြင်းသဘောတရားနှင့် ရင်ဆိုင်ရစေကာမူ ပျောက်ဆုံးခြင်းအဖြစ်သို့ လွယ်လွယ်ကူကူ မရောက်နိုင် ကြောင်းကို ရဲဝံ့စွာ ဆိုချင်ပါသည်။ အကြောင်းမှာ- ``ဇွဲကပင်ပညာဒါနအသင်း´´၏ အားထုတ်မှုများသည် နောင်အနာဂတ်တစ်ချိန်ချိန်တွင် သမိုင်းကောင်းတစ်ခုအသွင်ဖြင့် ဂုဏ်ဒြပ်တွေ ဆက်လက်ထင်ဟပ်နေဦးမည် ဖြစ်ခြင်းကြောင့်ပေတည်း။
နိဂုံးချုပ်အနေဖြင့် ``ဇွဲကပင်ပညာဒါနအသင်း´´သည် ၂၁-ရာစု၏ သမိုင်းစာမျက်နှာသစ်တစ်ခုကို ရေးသားနေပြီး ဖြစ်သည်။ သမိုင်းစာမျက်နှာ ရေရှည်တည်တံ့နိုင်ဖို့အရေးတွင် အသင်းသူ၊ အသင်းသားအားလုံး တာဝန်ကိုယ်စီရှိကြပါသည်။ မိမိတို့စွမ်းနိုင်ရာအခန်းကဏ္ဍကနေ စေတနာ၊ မေတ္တာထားပြီး ၀ိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
(အမှားထဲတွင် ရှိနေသည့် လူသားတစ်ယောက်မို့ အမှားများကို ခွင့်လွတ်စေချင်ပါသည်။)
အဖြူရောင်စေတနာဖြင့်……..
(အဲတ်ုယှာ)
(အဖြူရောင်အလင်းတန်း၏ ရောင်ပြန်ဟပ်မှုသည် အမှောင်ထု မဖြစ်နိုင်ပေ။)
အသင်းသူ၊ အသင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ မေတ္တာနှလုံး ကိုယ်စီသုံးပြီး ဇွဲကပင်ပညာဒါနအသင်း၏ ရေရှည်တည့်တံ့မှုကို အားကျိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေလို့ မေတ္တာပို့သ ဆန္ဒပြုရင်း………………………….။
[Read More...]
နော်ဝေနိုင်ငံမှ ဏင်ဃှီ့ဆိင့်ပြင် ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာသို့ အလှူငွေလှူဒါန်း
နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော ကရင်အမျိုးသမီးဏင်ဃှီ့ဆိင့်ပြင်သည် ပြည်ပတွင်ပညာသင်ကြားနေသော
ကရင်ရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ပေးနေသော ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာအဖွဲ့ကို တလလျှင်
ဘတ်ငွေ (၁၀၀)နှုံးဖြင့် ဆယ်နှစ်အတွက်(အဖွဲ့ဝင်အဖြစ်)ဘတ်ငွေ (၁၂၀၀၀) တစ်သောင်းနှစ်ထောင်
US ဒေါ်လာ (၅၀၀) ကျော်ဖြင့် ပါဝင်လှူဒါန်းခဲ့ပါသည်။
လက်ရှိနော်ဝေနိုင်ငံမှာ နေထိုင်လျှက်ရှိသော ဏင်ဃှီ့ဆိင့်ပြင်အား အသက်ရာကျော်ရှည်ပါစေ၊ စိတ်ချမ်းသာ
ကိုယ်ကျမ္မာနဲ့ အလုပ်အကိုင်မှန်သမျှအဆင်ပြေပါစေလို့ ဇွဲကပင်ပညာဒါနအသင်းမိသားစုမှဆုမွန်ကောင်းတောင်း
လိုက်ပါသည်။
[Read More...]
ခွဲါကွင်ပညာဥယာဉ်ကျောင်း (ဘားအံ) မဟာဘုံကထိန်ကျင်းပပြီးစီး
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွဲါကွင်ပညာဥယာဉ်ကျောင်းတွင် ၂၇-၁၀-၂၀၁၀ တနင်္ဂနွေနေ့ မထမကြိမ်မဟာဘုံကထိန်ပွဲတော်ပူဇော်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဆ ရာတော်၊ သံဃာတော်များ
အား ဘားအံမြို့ပေါ်ရှိအလှူရှင်၊ အလှူမများနှင့် ကျေးနယ်အသီးသီးမှအလှူရှင်၊ အလှူမများတက်ရောက်
ပူဇော်လှူဒါန်းခဲ့ကြပါသည်။
ထိုနောက် အောက်ပါအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်…
၁. ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)
ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ) ထံ မှ ငါးပါးသီလ
ခံယူဆောက်တည်ပြီး သံဃာတော်များက ပရိတ်တရားပြန်လည်ချီးမြင့်ခြင်း
၃။ အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ)က ရောက်ရှိလာသောပရိတ်သတ်အ ပေါင်းတို့အား တရားရေအေးတိုက်ကြွေးချီးမြင့်ခြင်း
၎။ ဆရာတော်၊ သံဃတော်အပေါင်းတို့အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၅။ ပြုလုပ်ထားသောအလှူဒါနများကို ရေဆက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
အလားတူ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်သောအလှူရှင်များနှင့် ပြည်ပ
မှာရှိကြတဲ့အလှူရှင်များအားလုံး ထပ်တူထပ်မျှကုသိုလ်များရရှိခံစားနိုင်ကြပါစေလို့...ဇွဲကပင်ပညာဒါနအ
သင်းမှ ဆုမွန်ကောင်းပေးလိုက်ရပါသည်။
ခွဲါကွင်ပညာဥယာဉ်ကျောင်း ပထမကြိမ်မဟာဘုံကထိန်ကျင်းပပူဇော်ပွဲဓာတ်ပုံများ
ကထိန်အလှူပွဲတွင် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာမှ အချိုပွဲအလှူရှင်များ
တစ်နှစ်ခရီးတွင် ခွဲါကွင်ပညာဥယာဉ်ကျောင်းတည်ဆောက်ပြီးစီးမှုအခြေအနေ
ခွဲါကွင်ပညာဥယာဉ်ကျောင်း၏ ပရ၀ုဏ်အနေအထား
ကျောင်းအတွက် လုပ်ငန်းတည်ဆောက်မှု
[Read More...]
နွန်ထဘူရီကျောင်း မဟာဘုံကထိန်ကျင်းပပြီးစီ
၂၄-၁၀-၂၀၁၀-ခု၊ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် မဟာဘုံကထိန်
ပွဲတော် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ မဟာဘုံကထိန်ပွဲတွင် ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်း ငါးရာကျော်တက်ရောက်ပူဇော်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပရိတ်သတ်များက နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် သီတင်းသုံးနေသောမာန်နဲာကျာ်ကုဝေ
ရထံမှ ငါးပါးသီလ၊ တရားတော်များနှင့် ရေစက်သွန်းချအမျှပေးခဲ့ကြသည်။ မာန်နဲာကျာ်ကုဝေရက ကထိန်ကြောင်း
သိကောင်းစရာနှင့် ဇွဲကပင်ပညာဒါနအသင်းရဲ့လုပ်ဆောင်ချက်များကို ရောက်ရှိလာသော ဧည့်သည်ပရိတ်သတ်
များအားရှင်းလင်းဟောပြောခဲ့ပါသည်။ ထိုနောက် ဧည့်ပရိသတ်များအား မုန့်ဟင်းခါးနှင့် ထိုင်းအစားအစာများဖြင့်
တည်းခင်းဧည့်ခံကြပါသည်။
နွန်ထဘူရီကျောင်း မဟာဘုံကထိန်ကျင်းပပုံဓာတ်ပုံများ
[Read More...]
ဇွဲကပင်ပညာဥယာဉ်ကျောင်း မထမကြိမ် မဟာဘုံကထိန်
ကျနော်တို့ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ တစ်နှစ်လျှင် (၁)ကြိမ် ကထိနကံဆောင်ပွဲခေါ် မဟာဘုံကထိန်ကိုကျင်းပ
ပူဇော်လေ့ရှိပါတယ်။ ထိုကထိန်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တဆောင်မုန်းလပြည့်နေ့အထိ
(၁)လတိုင်တိုင်ကျင်းပလေ့ရှိပါတယ်။
”ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာ” ”ဇွဲကပင်ပညာဒါနအသင်း” အဖွဲ့အစည်းသည် ပြည်ပမှပညာသင်ကြားနေသောကရင်
ရဟန်းတော်များအား ပညာသင်တော်သင်ပြီးဆုံး၍ မိမိနေရာသို့ပြန်ရောက်လာလျှင် တစ်စုတဝေးတည်းပညာဖြန့်
ဝေနိုင်ရန်နှင့် အကြောင်းအားလျှော်စွာ အချင်းချင်းဆွေးနွေးဖလှယ်နိုင်ရန်ရည်ရွယ်၍ ဘားအံမြို့၊ ဇွဲကပင်ကုန်းတွင်၊
ကျောင်းတိုက်တွင် ပထမကြိမ်မဟာဘုံကထိန်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အနယ်နယ်အရပ်ရပ်မှာရှိနေ
ကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကို ကူညီလှူဒါန်းအားပေးကြတဲ့ အသင်းသူအသင်းသားများအားလုံး အသိပေး
အပ်ပါသည်။
ကျင်းပမည့်ရက် = ၂၄-၁၀-၂၀၁၀
ကျင်းပမည့်နေရာ = ဇွဲကပင်ပညာဥယာဉ်ကျောင်း၊ ဇွဲကပင်ကုန်း၊ ဘာအံမြို့၊ ကရင်ပြည်နယ်
[Read More...]
အနန္တစက္က၀ါအိုဝ် VCD
အှ်ဆံင်းလာ.ဆာ်...ကိုဝ်ဟှာဍေ...
ကဲ...ကြော်ငြာဝင်လိုက်အုန်းမယ်။ ဒီတလောပို့စ်တွေသိပ်မတင်ဖြစ်ပါနဲ့ အားလုံးသိသွားအောင် ”အနန္တစက္က၀ါအိုဝ်”
ဆိုတဲ့ vcd ကရင်ဓမ္မတေးသီချင်းခွေလေးကို မိတ်ဆက်ပေးချင်ပါတယ်။
ကရင်ဓမ္မတေး အနန္တစက္က၀ါအိုဝ် vcd
”အနန္တစက္က၀ါအိုဝ်”ဆိုတဲ့ vcd ကရင်ဓမ္မတေးသီချင်းခွေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖွဲ့စည်းထားသော
”ဖုံသင့်ဂ်ုမီ့”အဖွဲ့က တာဝန်ယူထုတ်လုပ်ဖြန့်ချည်ထားခြင်းဖြစ်ပါတယ်။ ဒီခွေကို ထုတ်လုပ်ဖြန့်ချည်ရည်ရွယ်ချက်
က ကရင်အမျိုးသား၊ အမျိုးသမီးတို့ ကရင်လိုမေတ္တာပို့ဓမ္မတေးများနားဆင်နိုင်ရန်ဖြစ်ပါတယ်။ ပါဝင်သီဆိုသောအ
ဆိုတော်များကတော့ ခွေကာဗာကြော်ငြာမှာကြည့်လိုက်ရင် သိနိုင်ပါတယ်။
နောက်ပြီး ထိုခွေရောင်းလို့ရသောငွေသားများကို ”ဖုံသင့်ဂ်ုမီ့”အဖွဲ့အတွက်လိုအပ်သော activities များတွင်
အသုံးပြုမှာဖြစ်ပြီး အလားတူ ”ဇွဲကပင်ပညာဒါနအသင်း”အတွက် ခွဲဝေလှူဒါန်းသွားဖြစ်ပါတယ်။ ဒီ ကရင်ဓမ္မ
တေးဗွီစီဒီခွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ မာန်နဲာ
ကျာ်ကုဝေရဆီကိုပို့ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီကရင်ဓမ္မတေးဗွီစီဒီခွေကို ၀ယ်ယူလှူဒါန်းပူဇော်လိုသောပုဂ္ဂိုလ်
များ အောက်ပါလိပ်စာအတိုင်း ၀ယ်ယူပူဇော်လှူဒါန်းနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
ဝတ်နခွန်အင်ကျောင်း
နွန်ထဘူရီ
ဘန်ကောက်
ထိုင်းနိုင်ငံ
ဖုန်း = ၀၈၅၁၃၇၇၉၆၄
[Read More...]
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors