ကရင်ဓလေ့ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာ (၀တ်နခွန်အင်ကျောင်း)



နှစ်စဉ်ကျင်းပလေ့ရှိသော ကရင်ဓလေ့ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာကို ဘန်ကောက်၊ နွန်ထဘူရီမြို့နယ်၊ ၀တ်နခွန်အင်
ကျောင်းတွင် (၁၄-၈-၂၀၁၁) တနင်္ဂနွေနေ့မှာစည်းကားစွာကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင်ဧည့်ပရိသတ်
ပေါင်း လေးရာဝန်းကျင်တက်ရောက်ခဲ့ကြပြီး အောက်ပါအခမ်းအနားအစီအစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ကြသည်။


ပထမအခမ်းအနားဖြင့် ဆယ်နာရီခွဲတွင် ၀တ်နခွန်အင်ကျောင်းတိုက်မှာသီတင်းသုံးနေကျတဲ့ ထိုင်းဆရာတော်
များထံမှာ ငါးပါးသီလခံယူဆောက်တည်ပြီး တစ်ပါတည်း ကြွရောက်လာကြသောထိုင်း၊ ပြင်ပရဟန်းတော်များ
အား ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။ ထိုနောက် ထိုင်းဘာသာဖြင့် ရေစက်သွန်းချအမျှပေးဝေကြပါသည်။

ဒုတိယအခမ်းအနားအစီအစဉ်ဖြင့် ဘန်ကောက်မှာ ပညာသင်ကြားနေသော ကရင်ရဟန်းတော်များထံမှ ပရိတ်
တရားနာကြားကာ ကရင်ဓလေ့ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို ရောက်လာသောပရိတ်သတ်များအား
ပြောကြားခဲ့ပါသည်။ ထိုနောက် အဓိကဖြစ်သော ကရင်ဓလေ့ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ရိုးရာ
ဓလေ့နှင့်အညီ တစ်ဦးကိုတစ်ဦးလက်မောင်းဝယ် ခြည့်ဖြူဖြင့်ရစ်ပတ်ချီနှောင်ဆုတောင်းခဲ့ကြပါသည်။

ထိုနောက် ကြွရောက်လာကြသောဧည့်ပရိတ်သတ်အပေါင်းတို့အား တာလပေါ့ဟင်း၊ ကဒက်ဟင်းစသည်ဖြင့်
ကြွေးမွေးဧည့်ခံကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။





















[Read More...]


ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း



အှ်ဆံင်းလာဆ်ာကိုဝ်ဟှာဍေ...

္ဘုဂ်ထင်းထါင် လာခုဂ်ခါင်ၟစူးယိုဝ် ဟှယ့်စါင်းက္ဘိုဲး ထိုင့်ဖူၟ၀ဲါသယ်လ်ုဖး ဏေ၀်ၟ္ဘးလာၟ ဆ်ုသာထံင်ဏါင်း ဏင်စယ်အ်ုဟှင်ၟ လု skykaren္ဘ်ုလ၀့်ဖိုင် မာဏေ၀်ၟထဟှံင် ဍောဟ်လင်ထါင် အ်ုသင့် ဍုဂ်လင်္ဘးယိုဝ်ဆေ၀်ၟလှ်။


ဖႜုံဆိုဒ်ဖေါဟ်လာခုဂ်ခါင်စူး ထူ့ရူ့ယိုဝ် ကာလာစါင်းထင်း တာကစ္စတန် မူၟထင်းလ်ုဖါခ၀့် (BC-1864)၊ ကာလာလ်ုထံင်ဍာ်္ဘး တ္ဘိက်ခါန်ၟဖိုင် (BC-1866) ဏိင်း၊ ထံင်ၟထီ့ခါန်ၟဏီ့္ဘိင်းအု္ဘိုင်ဆိုင်ဏှ် အှ်ပုထုက်ဝေ့(ဏီ့)ဏိင်းခါ့ ကိုဝ်ဝေ့ ကန္တာရ၀တ္ဘီကျံင်ကိက်ခေႜါဟ် ထီ့ဆေ၀်မေံယွာ ဆ်ုလင်ဍာဏှ် ကဲထင်းဝေ့လာခုဂ်ခါင်စူး ဆ်ုဖါ်ဆ်ုမာ (BC-1865) ဏိင်းခါ့ဏှ်ဆေ၀်လှ်။

ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာၟၟၟအင်းသံင်းဆ၀့်ပ၀်ပျုက်ဝေ့ဏှ်ဟှး….
.ပြႜူးလာဟှယ့်ထါင် ဟှယ့်ထါင် ဟှယ့်ထါင်အှ်လုဟှိင်း၊ ဟှယ့်ထါင်အှ်လုဃှင့်၊ ဟှယ့်ထါင်အှ်ဍေမောဝ်ၟဖါၟ၊ ဟှယ့်ထါင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထါင်အှ်ဍေထီသိုဝ်၊ ဟှယ့်ထါင်အှ် လ်ုဍုံတ်ုဝါန့်၊ အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လးကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်ဖင့်ကျာလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဟှယ့်ထါင်အှ်ကုံ၊ ဟှယ့်ထါင်အှ်ရုံ့ လ်ုဟှိင်းလ်ုဃှင့်၊ ဟှယ့်ထါင်အှ်ဍေမောဝ်ၟဖါၟဖူၟ၀ဲါ ကိုဝ်စိုဝ်ဍေပႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင်ဋ္ဋ။

မ်ုခါင်စူးဏှ်ဍ၀် ခွါဖိုင်တာင်လင်ဝေ့ဍး မေ၀်ထုံဍူး နဦု့ဍူး၊ မေ၀်အါင်ထံင် နဦု့္ဘိင်း၊ သာကဲုသး နဦု့ဖႜုံး၊ ဆီ့ဖေါဟ် နဦု့ကုဂ်၊ ဖ၀့်ဝီၟလး နဦု့ထါင်၊ လူးအွာယါင် နဦု့ယါင်၊ ထီ့လ်ုထဦု့ခုံ နဦု့မိင်ဏှ်လှ်။ ခါင်ၟစူးဟှင်ၟ္ဘးဆူ့လင် နဦု့မိင်ဍုဂ်ပါင်ဏှ် မွ္ဘဲားဏှ်လယ့်စာ်္ဘိုဝ် ကောဝ်ကြင်ဟ်ုမႝီၟမူးခွါ့လုက်ဆိင့်လ်ုဖး အှ်ဝေ့ဍး မူၟနဦု့မူၟအ်ုခေါဟ်ကျံင် ပါလၜလင်ဝေ့ ဟ်ုနဦု့မူး၊ ဟ်ုနဦု့ခွါ့ နဦု့ဟှာဏှ်ဆေ၀်လှ်။

မေ၀်ထုံဍူး နဦု့ဍူး၊ မေ၀်ထံင်နဦု့ထံင်သယ်ဏှ်ဍ၀် မွဲာဝေ့ဍးဝီးလာနဦု့ဟှာဟ်ုစါ် မေံသးဆ်ုသှေ်ယာ၊့ ဏါၟဆ်ုသှေ်ယာ့၊ နိုဝ်ဖေႜ၀်ဆ်ုသှေ်ယာ့၊ ဏင့်ဆာဆ်ုသှေ်ယာ့၊ သုင်းသာအှ်လင်ၟဍာ နဦု့မိင်ဏှ်လှ်။

(၁)္ဘေ့မေ၀်ထုံဍူးအှ်ကုံ ဆိက်ပႝိက်သိုဝ် ဖေါဟ်လီလ်ုဖး အှ်ကုံအှ်ရုံ့ သၞ၀့်ဃှူ့ဃှင်အှ် တ်ုတွယ်စူးဆိက်ပႝိက်လာၟကိုဝ်္ဘႜင်ဍေ…။

(၂)္ဘေ့မေ၀်ထံင်ဏီ့္ဘံင်းကာထိက်သာသိုဝ် မောဝ်ၟထာ် ဖါၟထာ် ဖေါဟ်လီဏီ့ခ၀့်လ်ုဖး လင်ဖါဆိင်းပြာလ်ုဃှေဝ်၊ အှ်ကာထိက်သာကိုဝ်ဆိုဝ်ဍေ…။

(၃)္ဘေ့သာကဲုသးသိုဝ် ထိုင့်ဖူ.၀ဲါ မောဝ်ၟထာ် ဖါၟထ်ာလုဖး အဲကဲုလောဟ်သာ၊ သာကဲုလောဟ်သာ၊ သာထိင်ၟလောဟ်သာ၊ သုင်းသာဆါင်းက်ါလုအှ် သုင်းသာဆိုင့်လာၟ ကိုဝ်္ဘႜင်ဍေ….။

(၄)္ဘေ့ဆီ့ဖေါဟ်သိုဝ် မဲထင်းလ်ုမေ့ထာ် လင်ထေံလ်ုအှိဝ် အ်ုဝီ.လင်လ်ုအိုဝ် အ်ုလးထင်း အ်ုဖေါဟ်ထင်းဆေ၀်ၟ၊ အ်ုဖေါဟ်ဍောဟ်ထင်းယှာၟထင်း ဟူၟထင်းဝေ့ဍးကိုဝ်္ဘႜင်ဍေ…။

(၅)္ဘေ့ဖ၀့်ဝီၟသိုဝ် ဍိင်ယိက်ထင်း ဍိင်နိုင်ၟမိုင့်စွးထင်းသိုဝ် ဖေါဟ်လီမောဝ်ၟထာ် ဖါၟထ်ာလုဖး ဍိင်ယိက်ထင်း လင်ဖေါဟ်လင်လီ ထ်ုယ၀်.ပြာထာ့ အ်ုရၜနိုင်ၟမိုင့်ဍးဝေ့ ကိုဝ်္ဘႜင်ဍေ…။

(၆)္ဘေ့ထီ့ခႜိင်းသိုဝ် ဖေါဟ်လီမောဝ်ၟထာ် ဖါၟထ်ာသယ်လ်ုဖး အှ်ဆံင်းအှ်ခႜါင့်၊ ယှူးခႜိင်း္ဘှ်ယ၀့်လာ.ကိုဝ်ဆိုဝ်ဍေ…။

(၇)္ဘေ့လူးအွာသိုဝ် မောဝ်ၟထာ် ဖါၟထ်ာဖေါဟ်လီသယ်လ်ုဖး သုင်းသာဟှေဝ်အွာလာၟကိုဝ်ဟှာဍေ၊ ဆ်ုဖါ်ဆ်ုမာလ်ုအုဟှေဝ်အွာဏှ် မာပ္တံင်ကဲလာၟဆာ် ကိုဝ်ဆိုဝ်ဍေ….။

ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာဟှံင် သုင်းကေသာယှာၟ မောဝ်ၟဍောဟ်မာန်ထ၀့်သယ်ဏှ် ကိက်လင်ဝေ့ လူးယါင် ခဦု့ (ခွ)ထင်းစးခေါဟ် ဆောတ်ဖးရာဓနာၟ ခါင်.ဖှေ်စူးဏှ်ဆေ၀်ၟလှ်။

ပြႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင်၊ အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လးကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လ်ုဃှေဝ်၊ အှ်္ဘးလံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်လ်ုဃှေဝ်၊ အှ်္ဘးဖင့်ကျာလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဏယ်္ဘးဏင်ၟလ၀့်လ်ုဃှေဝ်၊ ဏယ်္ဘးဏင်ၟခႜယ်လ်ုဃှေဝ်၊ ဏယ်္ဘးခႜုံးဆါင်းလ်ုဃှေဝ်၊ ဏယ်္ဘးကျာမာန်လ်ုဃှေဝ်၊ ဟှယ့်ထါင်လ်ုဍုံ၊ ဟှယ့်ထါင်လ်ုတုဝါန့်၊ ဟှယ့်ထါင်လ်ုဟှိင်း၊ ဟှယ့်ထါင်လ်ုဃှင့်၊ ဟှယ့်ထါင်အှ် ဍေမောဝ်ၟဖါၟ၊ ဟှယ့်ထါင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထါင်အှ် ဍ္ဘေုဂ်ထိင်ၟဆါင့်ဆာ၊ ဟှယ့်ထါင်အှ်ဍေထီသိုဝ်၊ ဟှယ့်ထါင်သုင်းဃှဲု့သာယွာ၊ ဏင့်ဆာၟဆံင်းခႜါင့်၊ အါင်းလုံၟထေံဖါ၊ အါင်းထာထေံ၊ ဆံင်း္ဘေ့ခႜီ့ ဖႜိဳ၀္ေ႓့ဖႜါၟ၊ ဟှယ့်ထါင်ဆောတ်ဆေ၀်၊ ဟှယ့်ထါင်ဆောတ်ဓံင့်၊ ဟှယ့်ထါင်ဆောတ်မႝိက်သိင်ၟလာ့၊ ဟှယ့်ထါင်ဆောတ်ဆ်ုသှေ်ဆု္ဘး၊ ဟှယ့်ထါင်ဟှယ်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထါင်ကုက်က်ုလုံ့ကါင်ကာ၊ ဟှယ့်ထါင်ပ္တံင်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထါင်တာင်ဍောဟ် မောဝ်ၟဖါၟ၊ ဟှယ့်ထါင်တာင်ဍောဟ်ဟှိင်းဃှင့်၊ ဟှယ့်ထါင်တာင်ဍောဟ်ဍုံတ်ုဝါန့်၊ ဟှယ့်ထါင်တာင်ဍောဟ်အ်ုဆိုဒ်အ်ုဆ၊ ကဲလာၟဝေ့ကိုဝ်္ဘႜင်ဍေ...ဋ္ဋ။

ပျုင်းထေံခွိက်လူးထိုဝ်ဟှံင် အင်းမာဏေ၀်ၟမေ၀်လ်ုစယ် မေ၀်အါင် သာကဲုသး ဆီ့ဖေါဟ်သယ်ဍေလူးထိုဝ်ဏှ် ဆောတ်ဖးပျုက်ဝေ့….ပြႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင် ဟှယ့်ထါင်အှ် လ်ုခေါဟ်ထီးခေါဟ်ဍံင်ယိုဝ်၊ ခေါဟ်အွာယင်လူးထိုဝ်…ဋ္ဋ ဍီးထင်းဝေ့မေ၀်သယ် ခေါဟ်ဍံင်လံင်ဏှ်ဟှံင် ခါင်ၟစူးဟှံင်ဝေ့ဍးဆေ၀်ၟလှ်။

ဖႜုံဆိုဒ်ဖေါဟ်သီး လ်ုဏိင်းလု္ဘႜင် လာခုဂ်ဖိုင် ကိုဝ်ဍုံကိုဝ်တ်ုဝါန့်ဍေ ခါင်ၟကုံစူးဆောတ်ဝီးလာ ဆ်ုပုယောတ်ဏှ် လ်ုဏိင်းလု္ဘႜင် ဍးကုံလောဟ်သာဖေါဟ်လီသယ် ဟှယ့်ထါင်အှ်ကုံ အှ်လာၟအေဃှူ့ဃှင်၊ အှ်လာၟသုင်းအေဟှေဝ်၊ သာအေဖါန်၊ ဆ်ုဟှယ့်လ၀်ဏှ် ဏယ်ယ၀့်္ဘးလ်ုဃှေဝ်၊ ပ်ဳက္လာၟေမာ၀္ၟဖါၟ ထူ့ရူ့မုင်ၟ္ဘျာ ကေႜစိုဒ်ကုက်လာၟ က်ုလုံ့ကါင်ကာ၊ ဍောဟ်ယှာၟထင်းထ၀့်၊ ယုက္ထ၀့္လာၟ ထံင္ၟသာယွာၟေခါဟ္အြာ၊ အင်းသံင်းဆ၀့်ပ၀် လ၀်ဟှိုင့်ဖေါဟ်လီ ရာဓနာၟဖှေ်ဝေ့ မွ္ဘဲာိုဝ်လှ်။

မောဝ်ၟဖါၟ သုင်းကေသာယှာၟလ်ုဖး အင်းသံင်းဆ၀့်ပ၀် လ၀်ဟှိုင့်မာလောဟ်ဝယ် ဖေါဟ်လီစူးခေါဟ်လံင် ခါင်ၟဖှေ်ဍေလူးအွာ လ်ုဏိင်းလု္ဘႜင် လာခုဂ်ဖိုင် ကိုဝ်ဏိင်းဍေဏှ် ကဲထင်းဝေ့ လာခုဂ်ခါင်ၟစူး လင်ဖေါဟ်လင်လီ အ်ုထ၀်ထ၀် အှ်လင်ထေံဏေ၀်ၟမိင်ဝေ့ ထူ့ရူ့လ်ုမိင်ဏှ်ဆေ၀်ၟလှ်။

မူ.ယံင့်ဖါန်

ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း

ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့များအနက် ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော် အလွန်မွန်မြတ်သော ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည် ဘာသာရေးပွဲတော်တစ်ခုမဟုတ်ပါ။ ရှေးဘိုးဘေးဘီဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ၏ မြူးတူးပျော်ပါးသည့် လရာသီဖြစ်သည်။ ထိုမကောင်းဆိုးဝါး ၀ိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ် (လိပ်ပြာ)များထံ ခိုဝင် ပူးကပ်မှုပြုတတ်သည့်အပေါ် လူသားများ၏ ၀ိဉာဉ် (လိပ်ပြာ)နှင့် ပူးကပ်ကျွမ်းဝင်မည်ကို အလွန်စိုးရွံသဖြင့် မိဘဘိုးဘွားများမှာ သားသမီးမြေးမြစ်များ၏ ၀ိဉာဉ် (လိပ်ပြာ)ကို ခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့် တုတ်ချည် ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။

ကရင်လူမျိုးများသည် မြန်မာပြည်ဟု ယခုခေါ်ဆိုသောဒေသသို့  မရောက်ရှိလာမှီအချိန်ကာလကတည်းကပင် မွန်ဂိုးလီးယားနိုင်ငံရှိ ကုန်းပြင်မြင့်မှနေ၍ ကရင့်ရိုးရာချည်ဖြူဖွဲ့ အင်္ဂလာပွဲတော်ကို နှစ်စဉ် ဆင်နွှဲလာခဲ့ကြပါသည်။ ဟိုးရှေးခေတ် ဘိုးဘေးဘီဘင်များသည် ယခုခေတ် ကျွန်ုပ်တို့ ခေတ်ကာလ လူများနှင့် အလွန်ကွဲပြားခြားနားစွာဖြင့် အသက်ရှည်ကြာကြပါသည်။ ခေတ်မှီဆေးဝါးများကို ရယူသုံးစွဲပြီး အသက်ရှည်ကြာကြခြင်းမဟုတ်ချေ။ ထိုသို့  အသက်ရှည်ကြာကြသည့်အတွက် (ဖေါဟ်လ်ုဆီ့ – လီလ်ုယာ) (သားသမီးတကျိတ် မြေးတရာ) ဟူ၍ ဘိုးဘွားများ ပြောစမှတ်ရှိသည်ကို တွေ့  ရှိမှတ်သားမိပါသည်။ အဆိုပါအဆက်ဆက် အများအပြားသော သားသမီးများသည် နိယာမအရ အချိန်တန်အရွယ်ရောက် အိမ်ထောင်သားမွေးပြုကြပြီး ရောကြည်ရာ၊ မျက်နုရာ မိမိတို့  ကျွမ်းကျင်ခုံမင်သည့် လုပ်ငန်းအစုစုဖြင့် အရပ်ဒေသအသီးသီးသို့ ထွက်ခွါလှုပ်ရှား အသက်မွေးဝမ်းပြုကြသည့်အခါ မိဘဘိုးဘွားများနှင့် အလှမ်းဝေးကွာကြပြီး မွန်ဂိုးလီးယားသားအနွယ်ဝင် များနှင့် ထိုင်း၊ တရုတ်အနွယ်ဝင်လူမျိုးများတို့ နှင့်အတူ ရောနှောနေထိုင်လာကြသည့်အတွက် မိဘဘိုးဘွားများက မိမိ၏ သားသမီးမြေးမြစ်များ ကွဲပြား ပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်ကြ၍ ၀ါခေါင်လပြည့်ရောက်သည့်အခါ တနယ်တကျေးသို့ နေထိုင်ကြသည့် သားသမီးမြေးမြစ်များ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်အားဖြင့် မည်ကဲ့သို့  ဖြစ်ရှိနေသည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်သိရှိနိုင်ရန်နှင့် စီမံဆောင်ရွက်ပေးနိုင်ရန်အတွက် စုစည်းကာ တချိန်တနေရာတည်း၌ပင် လိုအပ်သလို စီမံဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ သားသမီးမြေးမြစ်များအတွင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးပြီး စိတ်ဝမ်းကွဲပြားမှုမရှိစေရန် တစုတစည်းတည်း ဆုံးမဩ၀ါဒပေးနိုင်ရန်လည်း ဖြစ်ပါသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွါလာကြသည့်အခါ အုပ်စုခွဲ၍ “မောဝ်ထါ်”(အမိဘက်) “ဖါထါ်” (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထိုသို့ အုပ်မကွဲမှီကတည်းက တဦးနှင့်တဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း အသိအမှတ်ပြုစောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး မိဘဘိုးဘွားများဖြစ်သည့် ကရင့်ခေါင်းဆောင်များက မိမိ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်သညာအဖြစ် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။ ကရင်လူမျိုးများသည် ကိုဘီသန္တာရအား ဖြတ်သန်းရာတွင် မိုးအများဆုံးရွာသောလဖြစ်သည့် ၀ါခေါင်လတွင် ဖြတ်သန်းလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သဲကန္တရအား ဖြတ်သန်းရာတွင် မိုးများရွာသည့်အတွက် အပူဒဏ်ခံနိုင်ခြင်း၊ သောက်သုံးရေများ အလွယ်တကူ ရရှိခြင်းတို့ ကြောင့် ဖြစ်သည်။ ထိုသို့  သဲကန္တရာမဖြတ်သန်းမှီ တဦးနှင့်တဦး ပြန်လည်မှတ်မိကြစေရန် ရည်ရွယ်၍ လက်ကောက်ဝတ်တွင် အမှတ်အသားအဖြစ် ချည်ဖြူဖွဲ့ နှောင်ပေးခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထို့ အပြင် ၀ါခေါင်လတွင် ကရင်လူမျိုးတို့ သည် လယ်ယာလုပ်ငန်းခွင်အတွင်းသို့ ဝင် ရောက်လုပ်ကိုင်ကြသည့် အချိန်အခါဖြစ်သည့်အလျှောက် အလွန်ပင်ပန်းသဖြင့် မကောင်းဆိုး ၀ါးများ ပူးကပ်သည့်အခါ လူ၏ခန္ဓာကိုယ်၌ရှိသော ၀ိဉာဉ် (လိပ်ပြာ)များ လွှင့်ပါးမသွားစေဘဲ အစားအသောက်များများ ပိုမိုစားသုံးနိုင်ရန်ရည်ရွယ်၍ ချည်ဖြူဖွဲ့ ခြင်း ပြုလုပ်ကြသည်ဟု ယုံကြည်ကြသည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် စင်စစ်အားဖြင့် အလွန်ကောင်းမြတ်သည့် အနှစ်သာရနှင့် ရည်ရွယ်ချက်များ ပါရှိပါသည်။ ကရင်လူမျိုးသည် စိတ်ထားဖြူစင်သန့် ရှင်းပြီး၊ ကံတရားအပေါ် သက်ဝင်ယုံကြည်အားကိုးသော လူမျိုးတမျိုးဖြစ်သည်နှင့်အညီ အစဉ်သဖြင့် ကံကောင်းအကြောင်းလှစေရန်နှင့် မကောင်းသည့်အကြောင်းတရားများ ကြုံတွေ့  ခံစားရခြင်းမျိုး မရှိစေရန်အတွက် မိဘဘိုးဘွားများမှ မေတ္တာပို့ သ ဆုတောင်းပထနာ ပြုပေးခြင်းလည်းဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရပါလျှင် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်လှုပ်ရှားခြင်း၊ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့်ပြည့်စုံရန် အားထုတ်ကြိုးပမ်းစေခြင်း၊ မိမိ၏အမျိုးသားရေးစိတ်ဓါတ်များ ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပွားများ ရှင်သန်နိုးကြားစေခြင်းများကို ပြည်လည်လှစ်ဟနိုးဆွပေးသည့် ကရင့်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလုပ်ဆောင်ခြင်းဖြစ်ပါသည်။
ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် တောင်ပေါ်၊ မြေပြန့်  ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာရှိသောနေ့ ကြီးတနေ့  ဖြစ်ပါသည်။ ဤကဲ့သို့  ကရင်မိဘဘိုးဘွာားများ၏ တစ်ခုတည်းသော ရိုးရာအမွေအနှစ်ကြီးဖြစ်ပြီး ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးခဲ့သော နေ့ ကြီးတနေ့  လည်းဖြစ်ပါသည်။
ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် ၀ါခေါင်လဆန်း ၁ ရက်မှ ၁၅ ရက် လပြည့်နေ့ အထိ နှစ်စဉ် ကျင်းပလုပ်ဆောင်ခဲ့ကြပြီး လမည့် ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၅ ရက် လပြည့်နေ့ တွင် ပြည်တွင်း၊ ပြည်ပမှ ကရင်အမျိုးသားများ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပလုပ်ဆောင်မည်ဖြစ်ပါသည်။
ဖားစည်သံမှ ကူးယူတင်ပြထားသည်။

ဖါးစည်သံ
[Read More...]


ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) (၄) ကြိမ်မြောက်အလှူပွဲကျင်းပပြီးစီး



(၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကို (၂၄-၇-၂၀၁၁) တနင်္ဂနွေနေ့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ နှစ်စဉ်ကျင်းပနေကျ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်)ရဲ့ အလှူပွဲကို ဒီနှစ်ဆိုရင် (၄)ကြိမ်မြောက်ကျင်းပလာခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး အစည်းအဝေးအလှူပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလျှက်ရှိပြီး ဒါဟာ ၂၀၁၁-ခုနှစ် ပထမ ၆-လပတ်အလှူပွဲလည်းဖြစ်ပါတယ်။
အဲဒီဟတ်ယိုင်ဒေသမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားအများစုလာ ရောက်အလုပ် လုပ်ကိုင်နေကြခြင်းလည်းဖြစ်ပါတယ်။

၎င်းအလှူပွဲကို အောက်ပါအခမ်းအနားအစီစဉ်ဖြင့်ကျင်းပခဲ့ပါတယ်…
၁။ နမော တဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းက မာန်နဲာကျာ်သောဘိတ (လောင်းကိုင်)ထံမှ ငါးပါးသီလခံယူဆောက်တည်
ကြကာ ထိုနောက် သံဃာတော်များ ပရိတ်တရားရွတ်ဖတ်ခြင်း
၃။ မာန်နဲာမေဓာနန္ဒက ဇွဲကပင်ပညာဒါနအသင်းရဲ့ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ပြောကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) မှ ဥက္ကဋ္ဌကိုယ်စား စောမန်းစိန်ဋ္ဌေးက အလှူပွဲဖြစ်မြောက်
ရေးအတွက် ကြိုးပမ်းအားထုတ်ကြသော ဟတ်ယိုင်မှအလှူရှင်၊စေတနာရှင်များအားလုံးဝမ်းမြောက်ဝမ်း
ရှိကြောင်းပြောကြားခြင်း
၅။ (၄)ကြိမ်မြောက်အလှူပွဲရဲ့ ၀င်ငွေ၊ ထွက်ငွေစာရင်းကို စောညွန့်သိန်းမှရှင်းပြခြင်း
၆။ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်း
၇။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကိုအေင် မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

အလှူပွဲအမှတ်တရဓာတ်ပုံများ












[Read More...]


(၂၀၁၁) ဒုတိယ -၆-လပတ် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးပွဲအတွက် စာမူဖိတ်ခေါ်ခြင်း



ဇွဲကပင်ပညာဒါနအသင်း၏ ဒုတိယ (၆)လပတ်အစည်းအဝေးကို လာမည့် January (ပီမိုင်)တွင်ကျင်းပ
မည်ဖြစ်ပါသည်။ ကျင်းပမည့် (၁၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအထိမ်းအမှတ်စာအုပ်ထုတ်
ဝေမည်ဖြစ်သည့်အတွက် မိမိဇွဲကပင်ပညာဒါနအသင်းနဲ့ဆက်စပ်သောနောက်အကြောင်းများသော်၎င်း
မိမိကရင်လူများအတွက် အကျိုးဖြစ်စေမည့်အကြောင်းအရာများသော်၎င်း ဆောင်းပါး၊ ကဗျာ စသည်
ရေးသားနိုင်ပါကြောင်း စာမူရှင်များ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။

ရေးသားနိုင်သောအကြောင်းအရာများ...

(၁) ဆောင်းပါး (ကရင်၊ မြန်မာ၊ အင်္ဂလိပ်)
(၂) ကဗျာ (ကရင်၊ မြန်မာ၊ အင်္ဂလိပ်)

ပေးပို့ရမည့်နောက်ဆုံးနေ့စွဲ...

၃၀-၉-၂၀၁၁

ပေးပို့ရန်အီးမေးလ်လိပ်စာ

kkbdana2005@gmail.com
sawlinux@gmail.com
[Read More...]


(၁၃) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲကျင်းပပြီးစီး



(၁၃) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲကို (၃-၇-၂၀၁၁)တနင်္ဂနွေနေ့ ၀တ်ကျာဒယ်
ကျောင်း၊ ဖရပဒဲမြို့နယ်၊ ဘန်ကောက်၊ ထိုင်းနိုင်ငံတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးပွဲကို
သံဃာတော်များအား နေ့လည်ဆွမ်းဆက်ကပ်လှူဒါန်းပြီး (၁၂)နာရီအချိန်တွင် အောက်ပါအစီအစဉ်ဖြင့် ကျင်းပ
ခဲ့ပါသည်။

(၁) ကြွရောက်လာကြသောသံဃာတော်၊ ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍အခမ်း
အနားကိုဖွင့်လှစ်ခြင်း
(၂) ဧည့်ပရိတ်သတ်အပေါင်းတို့က နာယကဆရာတော်က်ုဆာကျာ်ကုမာရ (လာင့်ပါးဘာ.) ငါးပါးသီလခံယူပြီး
သံဃာတော်များက ပရိတ်တရားတော်များချီးမြင့်ခြင်း
(၃) နာယကဆရာတော်မာန်နဲာကျာ်ပုညက သြ၀ါဒကထာမြွက်ကြားခြင်း
(၄) မာန်နဲာကျာ်ပညာဓိက (ဓမ္မမာမကကျောင်း-ရန်ကုန်) ဇွဲကပင်ပညာဒါနအသင်းသူ၊အသင်းသား
များ ရှေ့ဆက်ညီညီညွတ်ညွတ်ရှေ့ဆက်အလုပ် လုပ်ကြဖို့ “ညီညွတ်ရေးအကြောင်း“ ပြောကြားခြင်း
(၅) ဇွဲကပင်ပညာဒါနအသင်း၏ ဥက္ကဋ္ဌကိုယ်စား မာန်နာကျာ်မေဓာနန္ဒ အသင်း၏ဖွဲ့စည်းပုံအကျဉ်းကို ဧည့်ပရိတ်
များအားပြောကြားခြင်း
(၆) ၁၃ ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲအတွက် ၀င်ငွေ၊ ထွက်ငွေများကို မာန်နဲာကျာ်
ကုဝေရ (နွန်ထဘူရီ)မှ ရှင်းလင်းတင်ပြခြင်း
(၇) ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော်များအား လှူဘွယ်ပစ္စည်းဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်ချအမျှပေးဝေခြင်း
(၈) ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု-၃-ကြိမ် ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်တို့ဖြင့် (၁၃)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောင်မြင်စွာကျင်း
ပခဲ့ပါသည်။

အခမ်းအနားကျင်းပသည့်ဓာတ်ပုံများ








[Read More...]


ဇွဲကပင်ပညာဥယာဉ်ကျောင်း (သိမ်နေရာ)တည်ဆောက်ရန်တိုင်ပင်ညှိနှိုင်း




ကရင်ပြည်နယ်၊ ဘားအံမြိ့၊ ဇွဲကပင်ကုန်းသိမ်တော်ကြီးလမ်းဇွဲကပင်ပညာဒါနအသင်း၏လက်ရှိတည်ဆောက်
နေသော ခွဲကဘောင်ပညာဥယာဉ်ကျောင်း (ခွဲါကွင်ပညာ့ဖေါဟ်ကေုာဝ်ဘာ.)၌ လာမည့်နှစ်တွင် ကျောင်းအဆောင်
အဦးများဝယ်ဗုဒ္ဓဘာသာဝင်များတန်းဖိုးအထားဆုံးဖြစ်သော သိမ်ကျောင်းဆောင်တည်ဆောက်မည်ဖြစ်ပါသည်။

၎င်းသိမ်ကျောင်းဆောင်တည်ဆောက်မှုနဲ့ပတ်သက်ပြီး (၁၀-၅၀-၂၀၁၁)နေ့တွင် ဘားအံမြို့ပေါ်ရှိ ဇွဲကပင်နာယက
ဆရာတော်များနဲ့ ဘန်ကောက်မှာသီတင်းသုံးဇွဲကပင်အဖွဲ့ဝင်ဆရာတော်များ သိမ်ကျောင်းဆောင်တည့်ဆောက်မည့်
နေရာ၊ ပုံစံတို့ကို တိုင်ပင်ဆွေးနွေးညှိနှိုင်းကြပါသည်။နောက်ပြီး ခွဲကဘောင်ပညာဥယာဉ်ကျောင်းတွင် သိမ်ကျောင်း
ဆောင်နှင့် အခြားအဆောက်အဦးများတည်ဆောက်ရာတွင် ကြီးကြပ်ကွက်ကဲမည့်ဆရာတော်များကိုလည်း ဖွဲ့စည်း
ခဲ့ကြပါသည်။

ထိုနောက် (၂၀၀၉-ခုနှစ်မှ ၂၀၁၁-ခုနှစ်ထိ) တည်ဆောက်ခဲ့သော ခွဲကဘောက်ပညာဥယာဉ်ကျောင်း၏ပြီးစီးမှုအခြေ
အနေကို သုံးသပ်တင်ပြဆွေးနွေးကြပြီး သိမ်ကျောင်းဆောင်နဲ့ပတ်သက်၍တည်ဆောက်မည့်နေရာ၊ ပုံစံကိုသဘောတူ
ဆုံးဖြတ်ခဲ့ကြပါသည်။

ခွဲကဘောက်ပညာဥယာဉ်ကျောင်း၏ပြီးစီးမှုအခြေအနေကို သုံးသပ်တင်ပြဆွေးနွေးကြပုံနှင့်
သိမ်ကျောင်းဆောင်တည်ဆောက်မည့်နေရာဆွေးနွေးကြပုံ




































[Read More...]


(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ



(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ ကော့
ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာတွင် (၉-၅-၂၀၁၁)နေ့မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ကျနော်လည်း ကရင်စာပေယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲနဲ့ ဆုံဆည်းမှုလေးတွေမရှိခဲ့တာအမှန်။
ဒီနှစ်တော့ ကျနော့်နေထိုင်တဲ့ ဒေါနတောင်ရင်ဝယ်မှာလာရောက်ကျင်းပသည့်အတွက်ရယ်၊ နောက်ပြီး
ကျနော်မိခင်ရွာကို ပြန်ရောက်တဲ့အချိန်နဲ့တိုက်ဆိုင်တာရယ်ကြောင့် ဆုံဆည်းဖြစ်ခဲ့ခြင်းပါလို့ဆိုရမှာပါ။

ဒါပေမယ့် တကယ့်အခမ်းအနားကျင်းပတဲ့ရက်တွေမှာ ကျနော်ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်း
သင်တန်းဆင်းပွဲကို အတူရှိမနေခဲ့ပါဘူး။ သို့သော် ပွဲမတိုင်ခင် တစ်ပါတ်လောက်အလို ပွဲကျင်းပမယ့်
ပြင်ဆင်မှုနေရာတော်များများကို ရန်ကုတ်ရွာက လူထုအင်အား၊ ကော့ကရိတ်မြို့နယ်က လူထု၊
ဘားအံ၊ နောင်ကမြိုင်ရွာကျောင်းမာန်နဲာအဲဆိုင့်တို့နဲ့ အင်တိုက်အားတိုက်ပြင်ဆင်ခဲ့ရပါတယ်။ စုပေါင်း
သင်တန်းဆင်းပွဲ (၇-၅-၂၀၁၁)မနက်ပိုင်း ဖွင့်ပွဲကို ကျနော်မှတ်တမ်းတွေရိုက်ကူးပြီး ကိစ္စကြောင့်
ကျနော် ဘားအံကိုဆင်းလာခဲ့ပါတယ်။

ဒါကြောင့် ကျင်းပပုံအခမ်းအနာားအစီအစဉ်တွေကို အခုမရေးပြနိုင်သေးတာဖြစ်တယ်။ ကျင်းပပုံအ
ခမ်းအနားအသေးစိတ်ကို ကျနော် စောမူလျှားဝေါ် (ကရင်တေးရေးဆရာ) ကိုပြောထားပါတယ်။ ကျင်းပပုံအခမ်းအနားအသေးစိတ်ကို ရောလာအတဲ့အချိန်ကျရင် တစ်ဖန်ပို့စ်တင်ပေးသွားမှာဖြစ်တယ်။

အခုလောဆယ် ကျနော်ရိုက်ထားတဲ့ဓာတ်ပုံတစ်ချို့နဲ့ ကော်မတီက edit လုပ်ထားတာမဟုတ်တဲ့
ကျနော်ကိုယ်တိုင်တည်းဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်လေးကို အနယ်နယ်အရပ်ရပ်မှနေထိုင်ကြတဲ့ ကရင့်
ညီ၊ကို၊ မောင်၊နှမများခံစားကြည့်ရှုနိုင် ကျနော်ဆိုက်နဲ့ ဇွဲကပင်(ကေဒီအေ)ဆိုက်တို့မှာတင်ပေးထား
မှာဖြစ်ပါတယ်ခင်ဗျာ...

(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ Video Clip


(၄၁) ကြိမ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ ဓာတ်ပုံ












[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors