2009-ခုနှစ် သင်္ကြန်ပွဲတော် ဘန်ကောက်မြို့



၁၃၇၁-ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ဇွဲကပင်ပညာဒါနအသင်းရဲ့ အခြေစိုက်ရာ ဘန်ကောက်မြို့၊နော့ထပူရီကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။နှစ်ဟောင်းကို စွန့်၍ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ကုသိုလ်တရားများပွါးများနိုင်ရန် ထိုင်းနိုင်ငံရောက် ကရင်တိုင်းရင်းသာများနှင် အခြားတိုင်းရင်းသားများ စုစုပေါင်း လူပရိတ်သတ် ၂၀၀ကျော်လောက် ပါဝင်ဆင်နွဲခဲ့ပါတယ်။

နောက်ပြီးတော့ ဒီနှစ်မှာ ဇွဲကပင်ပညာဒါနအသင်းရဲ့ အမှတ်တရအဖြစ် ဇွဲကပင် အကျီ်နှင့် ပ၀ါတွေကို ထုတ်လုပ်ခဲ့ပါတယ်။ဇွဲကပင်ပညာဒါနအသင်းရဲ့ ရည်ရွယ်ချက်နှင့်အညီ အကျီနှင့်ပ၀ါတွေကို ရန်ပုံငွေအဖြစ် အကျီတစ်ထည်ကို ဘတ်၁၅၀ကျပ်နှင့် ပ၀ါတစ်ထည်ကို ဘတ်၁၀၀ကျပ်နှုန်းဖြင့် အားပေးနိုင်ကြောင်း သိရပါတယ်။ အမှတ်တရအနေနဲ့ ဇွဲကပင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။


ဒါကြောင့် ဇွဲကပင်ပညာဒါနအသင်းရဲ့ အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် အဘက်ဘက်မှ တာဝန်ရှိတဲ့သူတွေက ကြိုးစားခဲ့ပါတယ်။လာမယ့် ၂၀၀၉-ခုနှစ်မှာ ဇွဲကပင်ရဲ့ အထိမ်းအမှတ်စာစောင် ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။စာမူဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။



ဒါကြောင့် အဝေးရောက် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေနဲ့ စာမူများရေးသားပေးပို့နိုင်ပါကြောင်း ထပ်လောင်း သတင်းကောင်းပါးအပ်ပါတယ်။

[Read More...]


ဇွဲကပင်ပညာဒါနအသင်း၏ (၁၀)ကြိမ်မြောက်အစည်းအဝေးအတွက် အထိန်းအမှတ်မဂ္ဂဇင်းစာစောင် စာမူဖိတ်ခေါ်ခြင်း



လေးစာစွာ ဖိတ်ခေါ်အပ်ပါသည်….

ဇွဲကပင်ပညာဒါနအသင်း၏ (၁၀)ကြိမ်မြောက်အစည်းအဝေးအတွက် အထိန်းအမှတ်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေမည်ဖြစ်ပါ၍ စာပေ၀ါသနာရှင်များ၊ မိမိတို့ကြိုက်နှစ်သက်ရာအကြောင်းအရာများကို ရေးသားပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အသင်းတည်ထောင်သည့်နှစ်= (၂၃၊၁၊၂၀၀၅)ခုနှစ်တွင် စတင်တည်ထောင်သည်။
အသင်း၏တည်နေရာ=ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ။
အသင်း၏ဦးတည်ချက်=(၁)ပညာတတ်ကရင်အမျိုးသားရဟန်းတော်များနှင့်မျိုးဆက်သစ်လူငယ်များ
ပေါ်ထွန်းလာစေရန်၊
(၂)အမျိုးဘာသာ သာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွှေအနှစ်များ ချစ်မြတ်နိုးတတ်၍ ၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက် မြင့်တင်လိုသော စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန်၊
(၃)ကရင်အမျိုးသားတို့၏ ဘာသာရေး၊လူမှုရေး၊စီးပွါးရေးဆိုင်ရာ အသိဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်။

ပေးပို့နိုင်သည့် စာမူအမျိုးအစား…….
၁။ကဗျာ ၂။ဆောင်းပါး ၃။ဝတ္ထုတို ၄။ဆုံးမစကား။

စာမူများသည်
၁။ပညာရေး ၂။ဘာသာရေး ၃။အမျိုးသားရေးတို့နှင့်သက်ဆိုင်ရမည်။

ဘာသာ(စာပေ)ကို
၁။အရှေ့ပိုးကရင်စာ ၂။မြန်မာစာ ၃။အင်္ဂလိပ်(English)တစ်မျိုးမျိုးဖြင့် ရေးသားနိုင်သည်။
30.9.2009 နေ့ကို နောက်ဆုံးထား၍ ပေးပို့ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မှတ်ချက်။ စာရေးသူ၏ နာမည်နှင့်လိပ်စာကို တိတိကျကျ ဖေါ်ပြပေးစေလိုပါသည်။

စာမူပေးပို့ရန်နေရာ=Email…..(1)Sawkukasen@gmail.com
(2)Konaga2006@gmail.com
စာတိုက်မှတစ်ဆင့် ပေးပို့လိုလျှင်=PRA MAHAKASEN
WAT NATKORN-IN
T. SUNYAI
A. MOUNG
G. NOTHABURI
THAILAND 11000
[Read More...]


အင်းယာ့လၞံင်္ဘးလိက်ဖေါဟ်ဆာ.သယ် ကိုဝ်ဟှာဍေဆေ၀်လ၀့်ဆာ်…..



ခွဲါက႟င်ပညာ့ဆု္ဘုံးကုံလွဲာဝေ အု္ဘႜင်(၁၀)ထင်း္ဘါဆ်ုအှ်ကံင်းအ်ုဏါင်းအ်ုဟှင် မ်ုထုက်ထင်း္ဘးသာလိက်္ဘိင်း အ်ုခေါဟ်စံင် အဲဆိုဒ်ဆတႜာပညာ့ဆာ.၊လိက်ဖေါဟ်ဆာသယ်လ်ုဖး ကေ၀်သုင့်ဖှေ်လာ. လ်ုသာအှ်လိက်ဏှ် လၞံင်အင်းယာ့္ဘးဆေ၀်လ၀့်ဆာ်။

ကုံလွဲာပ္တံင်ထင်းဏိင်း= ၂၃.၁.၂၀၀၅ ဏှ် ပ္တံင်ထင်းဝယ်၊
ကုံလွဲာအှ်လင်ကႜယ်=္ဘင်ကုဂ်ဍုံ၊ သာင့်ခါန်.
ကုံလွဲာဆ်ုပုယောဟ်=
(၁)ပညာ့သှေ်.အှ် ပ်ုဖႜုံယှင်ဖေါဟ်သင့်ဂၞီ့ ဍေဆိုဒ်္ဘံင်သင့်ဖေါဟ်ဍီပႜီးသယ်္ဘေ့မ်ုဖႜဟ်ထင်းသိုဝ်၊
(၂)ဆိုဒ်၊ဘာ.သာ့သာသႝာ့ဍေထူရူ့မုင်.္ဘျာ ခံင်အယ်ဟှေဝ်သယ်လ်ုဖး အဲဍိုဝ်ပါပြေဟှံင် မ်ုယောဝ်ဟှေဝ်အှ်ကှေ်ထ႟ါဍေမ်ုဆိုတ်ထင်းထ၀့်္ဘးသာ သာ သယ်အှ်္ဘေ့မ်ုဖႜဟ်ထင်းသိုဝ်၊
(၃)ဖႜုံယှင်ဖေါဟ်သယ်္ဘးဆာင့်ဍေဘာ.သာ့ဟှာင်၊လိုဒ်ကာမႝီ.ဟှာင်၊ဆ်ုထင်းအဲုးထင်းဖးထင်းဟှာင်သယ်ဝေ့ ဆ်ုသှေ်ယာ့ဏးသှေ်လ်ုဖး္ဘေ့မ်ုသှေ်ယာ့လဲာထင်း မ်ုအးထင်းသိုဝ်၊

မေံထ်ာခါ့(မူၟဆာ့ခါ့)ကုံလွဲာဆ်ုမာ= လ်ုခါန်မ်ုညာ.အိုဝ် မာလောဟ်လိက်ဖႜုံယှင်ဖေါဟ်သင့်ဂၞီ့သယ်လ်ုဖး လ်ုဏိင်းလု္ဘႜင် ထ႟ါပ်ုခိင်ပညာ့ထႜာ်ဍေအ်ုမေရီကင်ဍ၀်လာ၊

သုင့်ဏေ၀်လိက်အးမိင်အးစိင်..
၁။လ်ုဝါ် ၂။လိက်သာထိင်. ၃။ဝတ္ထုအိင်း ၄။ဆ်ုခႜါင်အင်းသံင်း(လ်ုမိင်မိင်)

လိက်ဏှ်္ဘးထိုဝ်္ဘုဂ်္ဘး္ဘးဆာင့်သာဍေ..
၁။ပညာ့အ်ုဟှာင်. ၂။ဘာ.သာ့အ်ုဟှာင် ၃။ဆိုဒ်ဟှာင်.သယ် လ်ုမိင်မိင်ဆေ၀်လှ်။

အေဟှံင်….
၁။လိက်ဖႜုံ(လိက်ထူ့လီ) ၂။လိက်ပ်ုယင် ၃။လိက်ခေါဝ်လာအွာ(English) သိုင့်ဘာသာဏှ် လ်ုမိင်မိင်ဟှေဝ် ကေ၀်ဏေ၀်ဍးသာလ၀့်။(အဲလင်ဆိုဒ်လ်ုဖႜုံလ်ုခ၀့်ဏှ် အင်းဟှးလင်္ဘး ဍောဟ်မာလ၀့်။)
30.9.2009 မူ.ဏီဏှ် အ်ုလင်ခါင့်ထုက် သုင့်လာအေထံင်ဆာ်။
ဏါင်း။
ကေ၀်လိက်ဆာ.ဝေ့ မိင်ဍေလိက်ဒၞံင်(လိပ်စာ) ကေ၀်ဖႜဟ်လာအေထီ့ဆာ.ဏှ် အင်းယာ့္ဘးဆေ၀်လ၀့်ဆာ်။

္ဘးသုင့်လိက်လင်ကႜယ်=Email…..(1)Sawkukasen@gmail.com
(2)Konaga2006@gmail.com
သုင့်ဍေလိက်(စာတိုက်)ဏှ်=PRA MAHAKASEN
WAT NATKORN-IN
T.SUNYAI
A.MOUNG
G.NOTHABURI
THAILAND 11000
............................................................................................................................................................................

လေးစာစွာ ဖိတ်ခေါ်အပ်ပါသည်….
ဇွဲကပင်ပညာဒါနအသင်း၏ (၁၀)ကြိမ်မြောက်အစည်းအဝေးအတွက် အထိန်းအမှတ်မဂ္ဂဇင်းတစ်စောင် ထုတ်ဝေမည်ဖြစ်ပါ၍ စာပေ၀ါသနာရှင်များ၊ မိမိတို့ကြိုက်နှစ်သက်ရာအကြောင်းအရာများကို ရေးသားပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

အသင်းတည်ထောင်သည့်နှစ်= (၂၃၊၁၊၂၀၀၅)ခုနှစ်တွင် စတင်တည်ထောင်သည်။
အသင်း၏တည်နေရာ=ဘန်ကောက်မြို့၊ထိုင်းနိုင်ငံ။
အသင်း၏ဦးတည်ချက်=(၁)ပညာတတ်ကရင်အမျိုးသားရဟန်းတော်များနှင့်မျိုးဆက်သစ်လူငယ်များ
ပေါ်ထွန်းလာစေရန်၊
(၂)အမျိုးဘာသာ သာသနာနှင့်ရိုးရာယဉ်ကျေးမှု အမွှေအနှစ်များ ချစ်မြတ်နိုးတတ်၍ ၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက် မြင့်တင်လိုသော စိတ်ဓာတ်များ ပေါ်ထွန်းလာစေရန်၊
(၃)ကရင်အမျိုးသားတို့၏ ဘာသာရေး၊လူမှုရေး၊စီးပွါးရေးဆိုင်ရာ အသိဥာဏ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်။

ပေးပို့နိုင်သည့် စာမူအမျိုးအစား…….
၁။ကဗျာ ၂။ဆောင်းပါး ၃။ဝတ္ထုတို ၄။ဆုံးမစကား။

စာမူများသည်
၁။ပညာရေး ၂။ဘာသာရေး ၃။အမျိုးသားရေးတို့နှင့်သက်ဆိုင်ရမည်။

ဘာသာ(စာပေ)ကို
၁။အရှေ့ပိုးကရင်စာ ၂။မြန်မာစာ ၃။အင်္ဂလိပ်(English)တစ်မျိုးမျိုးဖြင့် ရေးသားနိုင်သည်။
30.9.2009 နေ့ကို နောက်ဆုံးထား၍ ပေးပို့ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မှတ်ချက်။ စာရေးသူ၏ နာမည်နှင့်လိပ်စာကို တိတိကျကျ ဖေါ်ပြပေးစေလိုပါသည်။

စာမူပေးပို့ရန်နေရာ=Email…..(1)Sawkukasen@gmail.com
(2)Konaga2006@gmail.com
စာတိုက်မှတစ်ဆင့် ပေးပို့လိုလျှင်=PRA MAHAKASEN
WAT NATKORN-IN
T. SUNYAI
A. MOUNG
G. NOTHABURI
THAILAND 11000
[Read More...]


လူမျိုးပျောက်ကွယ်သွားမှာ စိုးရွံ့လှပါသည်



ကရင်လူမျိုးများ၏ ဘိုးဘေးများသည် သရာစောအောင်လှရေးသော The Karen History ကရင့်ရာဇ၀င် သမိုင်းအရ ဘီစီ ၂၂၃၄-ခုနှစ်တွင် ဘာဘုလုန်( Babylon) မှ ထွက်လာကြပါသည်ဟု ဆိုပါသည်။
အများလက်ခံထားသည့် တူညီချက်တစ်ချက်မှာ ထီးဆဲ့မဲ့ယွား (ရေထိုးသဲစီး) ဒေသမှ လာကြသည်ပင် ဖြစ်ပါသည်။ဘိုးဘေးတွေက သား၊မြေး၊မြစ်တွေကို တစ်ဆင့်ပြောပြချက်အရ အတည်ပြုထားခြင်း ဖြစ်ပါသည်။
အများလက်ခံထားသည့် နောက်အချက်တစ်ချက်မှာ ကရင်လူမျိုးများ မြန်မာပြည်ထဲသို့ နောက်ဆုံး ၀င်ရောက်လာကြသော ခုနှစ်သက္ကရာဇ်မှာ ဘီစီ ၇၃၉ -ခုနှစ်ဟု သတ်မှတ်ထားကြပါသည်။ဒါကြောင့် စထွက်လာကြသောအချိန်မှ မြန်မာပြည်ထဲသို့ နောက်ဆုံးဝင်ရောက်လာကြသည့်အချိန်သည် နှစ်ပေါင်း ၁၄၉၅-နှစ်(၂၂၃၄-၇၃၉ =၁၄၉၅ -ခုနှစ်)ဖြစ်ပါသည်။တစ်ခါ ယခုအင်္ဂလိပ်ပြက္ခဒိန် ဂရီးဂေးရီယန်ကလင်ဒါ (Gregarian calendar)ပြက္ခဒိန်နှစ်သည် အေဒီ ၂၀၀၈-ဖြစ်၍ ခရစ်တော်မပေါ်မီ ၇၃၉-ခုနှစ်နှင့် ခရစ်တော်အသေခံပြီး ၂၀၀၈-နှစ်တို့ပေါင်းလျှင် မြန်မာပြည်ထဲ ၀င်ရောက်ပြီးနှစ်မှာ ၂၇၄၇-ခုနှစ် ကျော်လာပြီးဖြစ်သည်။
ဆိုလိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ကျော် (၅၀၀၀)က ထီးဆဲ့မဲ့ယွာမှ ထွက်လာသည့် အချိန်မဆိုထားနှင့် မြန်မာပြည်ထဲရောက်ချိန် နှစ်ပေါင်း(၂၀၀၀)ကျော် (၃၀၀၀)နီးပါးရှိလင့်ကစား ကရင်ဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ မပျောက်အပျက်ဘဲ ယခုအထိရှိနေခြင်းသည် အဘယ်ကြောင့်နည်း။
ဘိုးဘေးများသည် လူမျိုးကိုချစ်သောစိတ်ကြောင့် တစ်စုတစ်စည်းထဲ စည်းစည်းလုံးလုံး နေကြပြီး ၄င်းတို့ဘာသာစကား ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယဉ်ထုံးဖွဲ့မှု၊ ဓလေ့ထုံးစံများကို ချစ်မြတ်နိုးစွာဖြင့် တန်ဖိုးထား ထိန်းသိမ်းစောင့်လျှောက်၊ လက်ဆင့်ကမ်းပေးကြလို့ ယနေ့ထိတိုင် ကရင်ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ဆက်လက်တည်ရှိနေခြင်းပဲ ဖြစ်ပါသည်။ရှေးဘိုးဘေးများသည် ၄င်းတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားကြသူများ ဖြစ်ကြပါသည်။
ယခုခေတ်တွင် ကမ္ဘာတစ်ဝှမ်း ခေတ်များ စနစ်ပြောင်းလဲလာပြီး အသိပညာ၊ အတတ်ပညာများ တိုးတက်လာသည်နှင့်အမျှ ကရင်လူမျိုးများသည်လည်း ခေတ်ရေစီးကြောင်းနှင့်အတူနောက်ကျ မကျန်ရစ်ခဲ့ရလေအောင် ကြိုးစားရုန်းကန်လှုပ်ရှားရင်း တစ်နေ၀င်တစ်နေထွက် ၊ မိုးလင်းမိုးချုပ်အထိ မိမိဘာသာစကားပြောဆိုရန် အကြောင်းမရှိပဲ ဖြစ်နေကြပါသည်။ကလေးလူငယ်ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများအားလုံး မြန်မာစကားသာလျှင် သုံးနှုန်းပြောဆိုသည့်အတွက် မိမိနေအိမ်ရောက်သောအခါတွင်လည်း မိမိဘာသာစကားကို မပြောဆိုကြတော့ပါ။
ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း ကရင်စကားနားမလည်သူများကို ငဲ့ပြီး တစ်လတစ်ကြိမ် မြန်မာလို တရားဟောရာမှ တစ်လနှစ်ကြိမ် တစ်လသုံးကြိမ်ကနေ ကရင်လို တစ်လတစ်ကြိမ် ဟောပြောသောအနေအထားသို့ ရောက်ရှိနေပြီးအချို့ ကရင်ဘုရားကျောင်းများ မြန်မာလိုသာ ဟောပြောနေသည့် အနေအထားသို့ ရောက်ရှိသွားပြီုးဖြစ်ပါသည်။ စကော ကရင်ဘုရားကျောင်းတွင်သာမက ပိုးဘုရားကျောင်းများမှာလည်း မြန်မာလို ဟောပြောနေကြတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကရင်လိုတရားဟောလျှင် နားမလည်သူများသောကြောင့်ဖြစ်ပါသည်။
တစ်ခါက ကရင်ရွာကြီးတစ်ရွာတွင် ကျွန်တော်တရားဒေသနာတော် ဝေငှတိုက်တွန်းနှိုးဆော်မှု အချိန်ယူခွင့်ရခဲ့ပါသည်။ ကျွန်တော်စကောကရင်လို ဟောပြောနေချိန်တွင် တရားဟောဆရာမှ အချို့အသင်းသားများ ကရင်စကားနားမလည်ကြသဖြင့် မြန်မာလို အစအဆုံးဘာသာပြန်ပြောကြားရပါသည်။ တစ်ကြိမ်တွင်လည်း ကျွန်တော် ညောင်တုန်းဘက်တွင် အသက်(၃၀)ကျော်(၄၀) ခန့် လူလတ်ပိုင်းနှစ်ဦးနှင့် တွေ့ပါသည်။အသားအရောင်ဖြူသဖြင့် ကရင်အမျိုးသားတွေလားဟု မေးမိပါသည်။ ၄င်းတို့မှာ အဘိုးအဘွား၊ အမေ အဖေ ကရင်များဖြစ်ကြောင်း ၄င်းတို့လည်း ကရင်စကားမပြောတတ်၊ မပြောကြကြောင်း၊ မိမိတို့လည်း ကရင်စကားလုံးဝ မတတ်ပါကြောင်း၊ မိမိတို့ကိုယ် မိမိ ကရင်ဟုခံယူထားသော်လည်း ကရင်စကားမတတ်သဖြင့် လုပ်ကရင်များ ဖြစ်နေပါသည်ဟု ကျွန်တော်အား ပြန်လည်ပြောပြပါသည်။ ကျွန်တော့်မှာ ဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ သားသမီးများ ကရင်စကားတတ်မြောက်ရန်အတွက် နွေရာသီ ကရင်စာပေသင်တန်းများ ပြန်ဖွင့်ပေးသင့်ကြောင်း၊ အကူအညီလိုပါက ပြောပါရန် ပြန်လည်ပြောပြရုံသာ ပြောပြနိုင်ပြီး တခြားဘာမှ အကြံမပြုနိုင်တော့ပါ..။ဘာသာစကားနှင့် ယဉ်ကျေးမှု ပျောက်ပျက်လျှင် လူမျိုးပါ ပျောက်သွားပါသည်ဟု အဆိုရှိပါသည်။
၂၀၀၂-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်ထုတ် Newsweek စာစောင်တွင် ယခုအခါ ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း(၆၀၀၀) အနက် တစ်ဝက်ခန့် အနှစ်တစ်ရာအတွင်း တိမ်ကောပျောက်ကွယ်သွားမည်။ လက်ရှိတွင် နှစ်စဉ် ဘာသာစကားပေါင်း(၂၅)မျိုး တိမ်ကောပပျောက်နေသည်ဟု ဆိုပါသည်။ တစ်ဖန် ၂၀၀၂-ခုနှစ် ဇွန်လ(၂၄) ရက်ထုတ် Time Magazine တွင်လည်း ၂၀၅၀-ခုနှစ်တွင် ယခုရှိနေသည့် ဘာသာစကားအနက် တစ်ဝက်သာ ကျန်တော့မည်ဟု ဆိုပါသည်။
သို့ဖြစ်ပါ၍ နှစ်စဉ်တိမ်ကောပပျောက်နေသည့် ဘာသာစကား(၂၅) မျိုးတွင် မပါရလေအောင် ၂၀၅၀-ခု ရောက်ရှိချိန်တွင် ပပျောက်သွားမည့် ဘာသာစကား (၃၀၀၀)အထဲတွင် ကရင်ဘာသာစကား မပါသွားရလေအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမည်နည်း။ ကျွန်တော်တို့၏ Life of action လုပ်ဆောင်မှုလမ်းကြောင်း ဘယ်လို ရေးဆွဲလုပ်ကိုင်ကြမည်ကို သတ်မှတ်လုပ်ကိုင်ရန် အချိန်ကျရောက်နေပါပြီ။
ဆေးလိပ်သောက်ခြင်းသည် မကောင်းပါဟု ပြောရုံနှင့် မပြီးပါ၊ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းဖော်ထုတ် ရှာဖွေပေးဖို့ရန်လည်း အထူးလိုအပ်ပါသည်။ ယခုကရင်လူမျိုးအား ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လေးမျိုးလေးစား ရှိပါသည်။
၁။ တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ ရေးတတ်ဖတ်တတ်သည်။
၂။တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ မရေးတတ်မဖတ်တတ်ပါ။
၃။ တစ်မျိုးတစ်စားမှာ စကားနားလည် ၊ စကားမပြောတတ်၊ မရေးတတ်၊ မဖတ်တတ်ပါ။
၎။ နောက်ဆုံး တစ်မျိုးတစ်စားမှာ စကားလည်း နားမလည်၊ မပြောတတ်၊ မရေးတတ် မဖတ်တတ်ပါ။
မိမိဘယ်အမျိုးအစားထဲပါသလဲ ၊ ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါသည်။ အမှတ်စဉ်(၄) တွင် ပါဝင်ပါက ရှေ့တစ်ပိုဒ်က ဆိုသကဲ့သို့ လုပ်ကရင်များသာလျှင် ဖြစ်ပါလိမ့်မည်။ သို့ပေမယ့်လည်း ကိစ္စမရှိပါ..။ အမှတ်စဉ် ၁.၂.၃ .၄ကို ၄.၃.၂.၁ ဖြစ်ဖို့ရန် ကိုယ်တိုင် ကြိုးစားယူရပါမည်။ မည်ကဲ့သို့ လုပ်ဆောင်မည်နည်း၊ တစ်ဦးတစ်ဖွဲ့လုပ်လျှင် ထိရောက်မှု နည်းမည်ဖြစ်ပါသည်။ ကရင်လူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ပါမှ မြန်မြန်အကောင်အထည် ပေါ်လာမည်ဖြစ်ပါသည်။ ဒါကြောင့် ကရင်အမျိုးသားတိုင်း တစ်ဦးနှင့် တစ်ဦးတွေ့ဆုံလျှင် ကရင်လိုနှုတ်ခွန်းဆက်ပြီး ကရင်လိုပြောဆိုရာက စသင့်ပါသည်။ မိမိအိမ်တွင်လည်း ကရင်လိုပြောကြရပါမည်။ အခမ်းအနား ပွဲများတွင် ကရင်လိုပြောရပါမည်။ နားမလည်သူများပါလာလျှင် မြန်မာလို တွဲပြောလို့ ရပါသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင်လည်း နွေရာသီ ကရင်စာပေသင်တန်းများ ဖွင့်လှစ်ပေးရပါမည်။ ခရစ်ယာန်ဘုရားကျောင်းများတွင် တနင်္ဂနွေနေ့ ဥပုသ်စာဖြေကျောင်း၌ ကရင်ဘာသာစကားပြောပေးရပါမည်။ ကရင်လို မဟောမပြောသည့် အနေအထားမှ တစ်လတစ်ကြိမ် ကရင်လို ဟောပေးမှု ပြန်လည်ပြုလုပ်ပြီး နောက်တစ်လနှစ်ကြိမ်၊ တစ်လသုံးကြိမ်ကနေ အပတ်တိုင်း ကရင်လိုဟောပြောပြီး မြန်မာလို လိုအပ်လျှင် အတိုချုပ်ဟောပြောပေးရမည်ဖြစ်ပါသည်။ ကရင်လူမျိုးအားလုံး ကရင်စကားတတ်မြောက်ရေးသည် ကရင်လူထုတစ်ရပ်လုံးမှ နိုးကြားတက်ကြွစွာဖြင့် အသိစိတ်ဓာတ် အပြည့်အ၀ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲု့မှု ဓလေ့ထုံးစံများကို လေးစားချစ်ခင် ထိန်းသိမ်းနိုင်ပါမှ ကမ္ဘာတည်သရွေ့ လူမျိုးများတည်ရှိနေမည်ဖြစ်ပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ပျောက်ကွယ်သွားပါလျှင် နောင်တစ်ချိန်တွင် လူမျိုးပါ ပပျောက်သွားမှာကို စိုးရွံ့လှပါသည်။ ထို့ကြောင့်
သိမ်ဖောင်လောင်းလဂင်း၊ ၀ါဖောင့်လောင်းသဂင်း၊
အလဲမွဲပါ နန့်ဆိတ် ပဆခိဆလား၊
သေပိုးလူးတဂေး ၀ါဖိုလူးတဂေး ကညောကလူကဟားမား….။
သစ်ကိုင်းကျိုးသံကြားတိုင်း လိုက်မယောင်နှင့်၊ ၀ါးကွဲသံကြားတိုင်း လိုက်မယောင်လေနှင့်
မိမိတို့ရဲ့ မူရင်းယဉ်ကျေးမှု ဓလေ့နှင့် မျိုးနွယ်များ၊ ပျောက်ကွယ်သွားလိမ့်မည်။
ဟူသော ရှေးကရင်ဘိုးဘွားတို့၏ ဤသို့ ထား လင်္ကာဖြင့် ဆုံးမလမ်းညွန်မှုကို ဂရုပြုအလေးထားရပါမည်။
ကရင်လူမျိုးတိုင်း ကရင်စကားတတ်မြောက်စေရန်နှင့် ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်ရှိနေစေရန် ရည်ရွယ်လျက်….။
ဖူးဖူး ဆာတူဝေါ
(ဗဒိုစောထွန်းအောင်မြင့်)
၂၇၄၈-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်မဟာရန်ကုန် ကရင့်ကြေးမုံစာစောင်မှ ဖေါ်ပြလိုက်ပါသည်...။
[Read More...]


ကရင်တိုင်းရင်းသားများနေထိုင်ရာ ထိုင်းနိုင်နိုင်ငံ တောင်ပေါ်ကျေးရွာလေးတစ်ခုမှ နှစ်သစ်ကူးပွဲတော်




လှိုင့်ပါးရွာ ဆရာတော်ဘဒ္ဒန္တကုမာရ

ထိုင်းနိုင်ငံ၊ အနောက်ဘက်ခြမ်း ကန်ချနဘူရီမြို့နယ်တွင် တည်ရှိသော (ဘန်ကောက်မြို့တော်နှင့် ကီလိုမီတာ(၃၀၀)
ကျော်ဝေးကွာသော) ထားခနွန်အပိုင် လှိုင့်ပါးကျေးရွာတွင် (၂၇-၁၂-၂၀၀၈) ပြာသိုလ္ဆန်း (၁)ရက်နေ့ ကရင်နှစ်သစ်ကူးတော်ပွဲတော်ကို ပထမကြိမ်စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ထိုဒေသတွင် ကရင်တိုင်းရင်းသားများ အများစုနေထိုင်ရာဖြစ်ပြီး ထိုဒေသသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် တနင်္သာရီတိုင်းနှင့် နယ်နိမိတ်ထိစပ်သောနေရာလည်းဖြစ်သည်။

ကရင်သမိုင်းများ အဆိုအရ ကရင်တိုင်းရင်းသားများသည် ထိုင်းနယ်စပ်တစ်လျှောက်တွင် ရာစုပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြပြီးကရင်စကားများကိုလည်း ယခုထိတိုင် တွင်ကြယ်စွာ အသုံးပြုနေကြဆဲဖြစ်ပါသည်။

ထိုသမိုင်းအဆိုအရ မှန်ကန်သည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ စာရေးသူ အနေနဲ့ အလွန်ရောက်ဖို့ခက်ခဲသော ထိုဒေသတွင် ဒီနှစ်ကျင်းပခဲ့သောနှစ်သစ်ကူးပွဲတော်ကို သွားရောက်တွေ့ဆုံခွင့်ရသည်ကိုအထူးပင်အားရကျေနပ်မိကာ ကရင်တိုင်းရင်းသားများ နေရာအနှံ့အပြားနေထိုင်ပြီး မိခင်ဘာသာစကားထိန်းသိမ်းခဲ့ပုံကိုလည်း ကရင်အမျိုးသားတစ်ယောက်ဖြစ်တဲ့ ကျတော်အနေနဲ့ ၀မ်းသာကြီးဝမ်းသာခဲ့ရပါသည်။ သို့သော် ဖြွိ့ဖြိုးတိုးတက်လာသော ထိုင်းနိုင်ငံခေတ်ရေစီးကြောင်းအောက်တွင် ထိုတောင်ပေါ်ဒေသရှိ ကရင်တိုင်းသားများ သူတို့ဆက်လက်ဘ၀ရှင်သန်ရေးနှင့် မိခင်ဘာသာစကားမကွယ်ပျောက်ရေး
အတော်ပင်ကြိုးစားရုန်းကန်နေရပါသည်။

ထိုတောင်ပေါ်ဒေသရှိ လှိုင့်ပါးရွာတွင် ကရင်တိုင်းရင်းသားများအတွက် သာသနာပြု ဆရာတော် ဦးကုမာရသည် ကာယအား ညာဏအားစသည် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

ဆရာတော်ဦးကုမာရသည်ထိုင်းနိုင်ငံအစိုးရအသိအမှတ်ပြုခံရသည့်အတွက်ကြောင့်လည်း ထိုဒေသတွင် သာသနာပြုနိုင်ခဲ့ခြင်းဖြစ်ပါ
သည်။ ဆရာတော်ရဲ့ စွန့်လွတ်အနစ်အနာခံမှုများကိုလည်း ချီးကျူးစရာ၊ အတုစရာအလွန်ပင်ကောင်းပါသည်။ ဆရာတော်ရဲ့ ဦးစီးဦးဆောင်မှုဖြင့် ပထမကြိမ်ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်ကို ထိုဒေသရှိ ကရင်တိုင်းရင်းသားများအတွက်လည်း ပထမကြမ်တွေ့မြင်ရခြင်းလည်းဖြစ်ပါသည်။ နောင်နှစ်များဆက်လက်ကျင်းပနိုင်ဖို့ ထိုတောင်ပေါ်ဒေသရှိကျေးရွာလူကြီးများ သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။

ကရင်တိုင်းရင်းသားများနေထိုင်ရာ ထိုင်းနိုင်နိုင်ငံ တောင်ပတ်လည်ဝိုင်းရန်ထားသော လှိုင့်ပါးရွာ (တောင်ပေါ်ကျေးရွာလေးတစ်ခုမှ) နှစ်သစ်ကူးပွဲတော် ကျင်းပခဲ့ပုံများကို အောက်ပါဓာတ်ပုံများ
အတိုင်း မြင်တွေ့ခံစားနိုင်ပါသည်။

ဓာတ်ပုံများကြည့်ရှုဖို့ Read More ကိုနှိပ်ပါ











ကရင်တိုင်းရင်းသားများ အဓွန့်ရှည်စွာ တည်ရှိနိုင်ပါစေ…..
စောမေဓာ
[Read More...]


ကရင် နှစ်သစ်ကူးနေ့



က….. ကရင်ဌာနေ၊ တို့ရပ်မြေလျှင်-
စိုပြေသာမော၊ လယ်ယာတောနှင့်-
တောင်ကြောသေလာ၊ သယံဇာတ ပေါကြွယ်ဝတည့်။
ရင်….. ရင်မှာကြည်နူး၊ နှစ်သစ်ကူးပွဲ-
ဆင်ယင်နွဲကြ၊ ဒုံးအကနှင့်-
ဆိုကြတေးသံ၊ ဘ၀ဂ်ညံသည်-
မြန်ပြည်အနှံ့၊ စည်ကားပြန့်တည့်။
နှစ်….. နှစ်သစ်ကူးမှာ၊ ချစ်ကြည်စွာနှင့်-
ညီညာလက်တွဲ၊ သွေးမခွဲခြား-
တိုင်းရင်းသားချင်း၊ ညီနောင်ရင်းချာ-
ရိုင်းပင်းကာပင်၊ နွဲပျော်ရွှင်တည့်။

သစ်…..သစ်လွင်တောက်ပ၊ ခိုင်စိတ်ဓာတ်ဖြင့်-
ချစ်ကြမျိုးဆွေ၊ မြတ်စာပေနှင့်-
ရိုးမွှေထုံးတမ်း၊ လက်ဆင့်ကမ်းကြ-
ထိန်းသိမ်းတတ်စေ၊ ညီညွတ်လေလော့။
ကူး…..ကူးပြောင်းနှစ်သစ်၊ နှစ်ဟောင်းညစ်ကြေး-
စင်အောင်ဆေး၍၊ အတွေးသစ်လွင်-
ဥာဏ်မြော်မြင်ဖြင့်၊ တွယ်ခင်ရိုးရာ-
မျိုးဘာသာကို၊ စဉ်လာမပျက်၊ ထိန်းသိမ်းလျက်တည့်။
နေ့…..နေ့ဟောင်းမှသည်၊ နေ့သစ်ဆီသို့-
ဦးတည်မျှော်မှန်း၊ အောင်စခန်းဆီ-
တက်လှမ်းညီညာ၊ လန်းဆန်းဖြာဝေ-
ဆုမွန်ချွေကြ၊ နှစ်သစ်မြတ်ကို၊ တို့များကြိုဆို ဂုဏ်ပြုစို့….။
မန်းလုံထီ့(လှိုင်းဘွဲ)
[Read More...]


ကြီးမားဂုဏ်အင် ဇွဲကပင်



သွင်ပြင်ခံ့ညား၊ ရင်အုပ်ကားနှင့်၊
ဖွံ့ထွားစွမ်းသန်၊ လက်ရုံးမာန်ဝင်၊
ဇွဲကပင်သည်၊ ဖခင်ပုံလှ၊ ပီပေစွတည့်။
ချစ်သွေးပိုမို၊ ဖြူနို့ချိုသာ၊
တိုက်ကျွေးရှာသည့်၊ မာတာမိခင်၊
ပုံရိပ်သွင်လျှင်၊ ဇွဲကပင်အလှ၊
ဖေါ်ညွန်းပြထင့်။
မိဘရုပ်သွင်၊ ဇွဲကပင်သည်၊
ဖူးမြင်ကြည်ညို၊ သဒ္ဒါပိုကာ၊
သာသနာရောင်ဝင်း၊ ထိန်ဖြာလင်းစေ၊
ကရင်မြေခွင်၊ အလှဆင်၍၊
နွေမိုးဆောင်းတိုင်၊ ကြံ့ကြံ့ခံသည်၊
ရှင်သန်ဝင့်ထည်၊ ဂုဏ်ယူဖွယ်တည့်..။
မန်းလုံထီ(လှိုင်းဘွဲ)
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors