ဇွဲကပင်ပညာဒါနအသင်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် သြ၀ါဒါစရိယဆရာတော်၏ သြ၀ါဒစကား




ဇွဲကပင်ပညာဒါနအသင်း၏ သြ၀ါဒါစရိယဆရာတော် က်ုဆာကျာ်ဘဒ္ဒန္တဇောတိက (ရန်ကုန်သာသနတက္က
သိုလ် -ဒုတိယပါမောက္ခချုပ်)


ဇွဲကပင်ပညာဒါနအသင်း၏ သြ၀ါဒါစရိယဆရာတော် က်ုဆာကျာ်ဘဒ္ဒန္တဇောတိက (ရန်ကုန်သာသနတက္က
သိုလ် -ဒုတိယပါမောက္ခချုပ်) အဖွင့်သြ၀ါဒစကားမြွက်ကြားတော်မူပါတယ်။ အဲဒီလိုသြ၀ါဒစကားမြွက်ကြားတော်မူရာမှာဆရာတော်က----
“အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်နိုင်ဖို့အတွက်မရှိမ(ဖြစ်တဲ့လိုအပ်တဲ့စွမ်းအား(၄)မျိုးရှိတဲ့အကြောင်း
အဲဒီ(၄)မျိုးကတော့ ...
(၁) mind power-စိတ်စွမ်းအား
(၂) knowledge power-ပညာစွမ်းအား
(၃) Money power-ငွေအင်အားနဲ့
(၄) unity power-ညီညွတ်မှုစွမ်းအားတို့ဖြစ်ကြောင်း

ထိုစွမ်းအား(၄)မျိုးပည့်စုံညီညွတ်မှသာလျှင် အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်သွားနိုင်မှာဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုမှာပါဝင်ဆောင်ရွက်တဲ့သူတွေကလဲ အဖွဲ့အစည်းအပေါ်မှာလေးစားမြတ်နိုးတန်းဖိုး
ထားတဲ့စိတ်ရှိရမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းအပေါ်မှာ ချစ်ခင်လေးစားတန်ဖိုးထားစိတ်မရှိရင် အဖွဲ့အ
စည်းရဲ့တိုးတက်ရာတိုးတက်ကြောင်းအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ကိုင်ဆောင်ရွက်နိုင်မှာ
မဟုတ်တဲ့အတွက် အဖွဲ့အစည်းအပေါ်မှာ ချစ်ခင်လေးစား တန်ဖိုးထားတတ်တဲ့စိတ်ရှိဖို့လိုကြောင်း၊

အသင်းအဖွဲ့ဆိုတာ လူရယ်+အချိန်ရယ်+ငွေအင်အားရယ် အဲဒီသုံးမျိုးနဲ့ရင်းတည်ဆောက်ထားရတာ
မို့လို့ အသင်းအဖွဲ့အပေါ်မှာ လေးစားတန်ဖိုးတာတဲ့စိတ်ရှိရမှာဖြစ်ကြောင်း၊ အသင်းအဖွဲ့ရဲ့လုပ်ငန်းတာ
ဝန်တွေကိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အသင်းအဖွဲ့တစ်ခုရေရှည်ရပ်နိုင်ဖို့အအတွက် အရှည်ကို
မျှော်ကြည့်ပြီးလုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ပြောတဲ့အတိုင်း
လုပ်ပြီး၊လုပ်တဲ့အတိုင်းလည်းပြောရမှာဖြစ်ကြောင်း လက်တွေ့လုပ်ကိုင်ဆောင်ရွက်တာမလုပ်ဖဲနဲ့ အပြောသက်သက်သမားပဲဖြစ်နေမယ်ဆိုရင် အဖွဲ့အစည်းတစ်ခုအောင်မြင်မှာ မဟုတ်ကြောင်း၊ အသင်းနဲ့ပတ်သက်ပြီးတော့လဲပဲခြောက်လပတ်၊ဆယ့်နှစ်လပတ်အစည်းအဝေးကြီးများမတိုင်
ခင်မှာလဲပဲ ကြိုတင်ညှနှိုင်းစည်းဝေးတိုင်ပင်ခြင်း၊ ခြောက်လပတ်၊၁၂-လပတ်အစည်းအဝေးတွေ
ပြီးတဲ့အခါမှာလည်းပဲ ရှင်းတမ်းတေထုတ်ပြန်ပေးဖို့လိုအပ်ကြောင်း” စသည်ဖြင့်မိန့်ကြားတော်မ
ူပါတယ်။
[Read More...]


(2011) ခုနှစ် ဇွဲကပင်ပညာဒါနအသင်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်မူများ



ထိုနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးရဲ့အစီအစဉ်အရ အသင်းရဲ့ရှေ့လုပ်
ငန်းစဉ်(၉)ချက်ကို ဖတ်ကြားတော်မူပြီး တက်ရောက်လာသောဆရာတော်သံဃာတော်များနဲ့ အမှုဆောင်ကော်မီတီဝင် ဒကာ၊ဒကာမများက ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတိုင်ပင်ပြီး အတည်ပြုဆုံး
ဆုံးဖြတ်တော်မူကြပါတယ်။

(ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးအကြံပြုပေးသော အရှင်ဣန္ဒာစာရ M.A Sri Lank, Ph.D Thesis India)

ယခုညှိနှိုင်းအစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆုံးဖြတ်ချက်ချခဲ့တဲ့လုပ်ငန်းစဉ်တွေကတော့-

(၁) လစ်လပ်သွားသောဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဒု-ဥက္ကဋ္ဌဆရာတော်အစားထိုးရွေးချယ်
ခြင်း။
(၂) လစ်လပ်သွားသော ဘဏ္ဍာငွေရှာဖွေရေးကော်မီတီရဲ့ ဒု-စည်းရုံးရေးမှုးနေရာရွေးချယ်အစားထိုး
ခြင်း။
(၃) ပြန်မရသေးသည့်ရန်ပုံအချို့ ပြန်လည်ရရှိရန် မည်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်ရမည်ကို ညှိနှိုင်းဆုံး
ခြင်း။
(၄) ခွဲကဘောင်ပညာဥယျာဉ်ကျောင်းသစ်အတွင်ဆောက်လုပ်လှူဒါန်းမည့် သိမ်နှင့်(၃)ထပ်ကျောင်း
ဆောင်သစ်ကြီးအတွက် ကျောင်းဖြစ်မြောက်ရေးသံဃာ့ကော်မီတီအဖွဲ့ဝင်သံဃာတော်များ ရွေး
ချယ်အတည်ပြုဆုံးဖြတ်ခြင်း။
(၅) ခွဲကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ရန်နှင့်အုတ်မြစ်ချမည့်အချိန်ကာလကို အတည်ပြု
ဆုံးဖြတ်ခြင်း။
(၆) ၂၀၁၁ပညာသင်နှစ်အတွက်ပြည်ပပညာတော်သင်ကျောင်းသားခေါင်းဆောင်(မော်နီတာ)ရဟန်း
တော်များ ရွေးချယ်ရန်ဆုံးဖြတ်ခြင်း။
(၇) ဇွဲကပင်ပညာဒါနအသင်း၏ အဝေးရောက်နာယကဆရာတော်များအား အသင်း၏နှစ်ပတ်လည်
(၁၂-လပတ်) အစည်းအဝေးများတွင် ၀တ္ထုငွေများဆက်ကပ်လှူဒါန်းနုင်ရန် အတည်ဆုံးဖြတ်ခြင်း။
(၈) ဆရာတော်ဦးပုညအား အသင်း၏သြ၀ါဒါစရိယနာယကဆရာတော်အဖြစ်ဆက်လက်အသိအ
မှတ်ပြုရန်အတည်ပြုဆုံးဖြတ်ခြင်း။
(၉) အသင်းရဲ့စည်းမျဉ်းစည်းကမ်းအချို့ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက်အတည်ပြုဆုံးဖြတ်ခြင်းတို့ပဲ
ဖြစ်ပါတယ်။

ယခုညှိနှိုင်းအစည်းအဝေးရဲ့ လုပ်ငန်းစဉ်အမှတ်(၉)အရ ပြင်ဆင်ဖြည့်စွက်ထားတဲ့ဇွဲကပင်ပညာ
ဒါနအသင်းရဲ့ စည်းမျဉ်းစည်းကမ်း(၂)ချက်ကတော့-
(က) သြ၀ါဒါစရိယနာယကဆရာတော်များ၊ ဗဟိုအလုပ်အမှုဆောင်ဆရာတော်များ၊ သတင်းနှင့်ပြန်
ကြားရေးအဖွဲ့ဝင်ရဟန်းတော်များ၊ ပြည်ပပညာတော်သင်ရဟန်းတော်များ၊ ဘဏ္ဍာငွေရှာဖွေရေး
နှင့်စည်းရုံးရေးကော်မီတီဝင်များ၊ အသင်းသူအသင်းသားများအားလုံးသည် ဇွဲကပင်ပညာဒါနအ
သင်း၏ အသင်းဝင်များအဖြစ် အလိုအလျောက်သတ်မှတ်ပြီးဖြစ်သည်။
(ခ) အသင်းဝင်မည်သူမဆို မိမိ၏ကိုယ်ကျိုးစီးပွားအတွက် အသင်း၏အမည်ကိုအလွဲသုံးစားပြုလျှင်
(အသင်း၏အမည်ကိုအသုံးပြု၍အလှူခံခြင်းစသည်)၊ သို့မဟုတ် အသင်းပျက်စီးရာပျက်စီးကြောင်း
နှင့် အသင်းဂုဏ်သိက္ခာကျဆင်းအောင်ပြုမူ၊ပြောလုပ်ဆောင်ပြုလျှင် အသင်းဝင်အဖြစ်မှ အလိုအ
လျောက်နုတ်ပယ်ပြီးသားဖြစ်သည်ဟု သတ်မှတ်သည်။
အထက်ပါ စည်းကမ်းချက်နှစ်ခုအထဲက အပိုဒ် (က) စည်းကမ်းကို အသင်း၏စည်းမျဉ်းအမှတ်
(၁) အဖြစ်သတ်မှတ်ပြီး၊ အပိုဒ်(ခ)စည်းကမ်းကို အသင်း၏စည်မျဉ်းစည်းကမ်းအမှတ် (၇)သတ်မှတ်
သည်။
အဲဒီနောက် သဘာပတိဆရာတော်က နိဂုံးချုပ်အမှာစကား မိန့်ကြားတော်မူပြီး ကြိုတင်ညှိနှိုင်း
အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း
သိရှိရပါတယ်။

ဇွဲကပင်ပညာဒါနအသင်း
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
[Read More...]


ဇွဲကပင်ပညာဒါနအသင်း၏ ဆောင်ရွက်ရမည့် ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး




(၂၇-၂-၂၀၁၁)၊ ဘန်ကောက်မြို့
၂၀၁၁ခုနှစ်အတွက် ဇွဲကပင်ပညာဒါအသင်းရဲ့ ပထမခြောက်လပတ်ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ
နဲ့အစည်းအဝေးပွဲမတိုင်ခင် အကြိုညှိနှိုင်းအစည်းအဝေးကို (၂၇-၂-၂၀၁၁)နေ့က ဘန်ကောက်မြို့၊၀ပ်
နတ်ခွန်အင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီကြိုတင်ညှိနှိုင်းအစည်းအဝေးပွဲမှာအသင်းရဲ့သြ
ဝါဒါစရိယနာယကဆရာတော် ခြောက်ပါးထဲက ဆရာတော်ဦးဇောတိကနဲ့ဦးပုညတို့တက်ရောက်ကြပြီး
အသင်းဝင်သံဃာတော်များထဲကဆိုရင် ဦးကုဝေရ၊ ဦးဣန္ဒာစာရ၊ ဦးမေဓာနန္ဒ၊ ဦးအရိယ၊ ဦးအာလော
ကတို့ တက်ရောက်ကြပြီး ဘဏ္ဍာငွေရှာဖွေရေးနဲ့စည်းရုံးရေးကော်မီတီထဲကဆိုရင် ဥက္ကဋ္ဌ၊ဒု-ဥက္ကဋ္ဌ၊အ
တွင်းရေးမှူးနဲ့ဘဏ္ဍာရေးမှူးတို့တက်ရောက်ခဲ့ကြပါတယ်။


အခမ်းအနား အစီအစဉ်ကို...
သဘာပတိဆရာတော် မာန်နဲာကျာ်ဇောတိက (သာသနတက္ကသိုလ် -ရန်ကုန်- ဒုတိယ
ပါမောက္ခချုပ်) အဖွင့်သြ၀ါဒစကားမြွက်ကြားပါသည်။

ထိုနောက် ဇွဲကပင်ပညာဒါနအသင်း၏ဆေင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး
ကြပြီး ၎င်းဆွေးနွေးချက်များအား အဖွဲ့ဝင်များကအတည်ပြုပေးခဲ့ကြပါသည်။

(အတည်ပြုထားသောဆွေးနွေးချက်များကို နောက်မှပြန်လည်တင်ပေးမှာဖြစ်ပါတယ်)

နိဂုံးချုပ်အားဖြင့် သဘာပတိဆရာတော် မာန်နာကျာ်ဇောတိက (သာသနတက္ကသိုလ်
-ရန်ကုန်- ဒုတိယပါမောက္ခချုပ်) အမှာစကားမြွက်ကြားတော်မူပြီး အခမ်းအနားကိုရုပ်
သိမ်းလိုက်ပါသည်။




[Read More...]


ဇွဲကပင်ပညာဥယဉ်ကျောင်း မုဒ်ဝအလှူရှင်



ဇွဲကပင်ပညာဒါနအသင်း၏ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇွဲကပင်ပညာဥယဉ်ကျောင်း
တည်ဆောက်လျှက်ရှိပါသည်။ ထိုကျောင်း၏မိန်းထွက်ပေါက်မုဒ်ဝတစ်ခုတည်ဆောက်
မှာဖြစ်ပါတယ်။ ဒါကြောင့် ထိုမုဒ်ဝကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာ
အင်းရွာနေ စောဟန်တိုး၊ နန်းရီရီနွဲ့ ၊ သမီးလေး နန်းအေးနုနုမေ၊ နန်းဆုသဒ္ဒါတိုးတို့က
တာဝန်ယူလှူဒါန်းမည်ဖြစ်ပါသည်။

ခန့်မှန်းခြေအားဖြင့် ကျပ်သိန်း (၆၀) ခြောက်ဆယ်ကုန်ကျမည်ဖြစ်ပါသည်။ ထိုအလှူငွေ
များကို အရစ်ကျလှူဒါန်းမှာဖြစ်ပြီး ဒီနေ့ထမနဲ (ရာဟု)အလှူပွဲမှာ တ၀က်ချိုးလှူဒါန်းသွား
ကြောင်း ရပ်နီး၊ ၇ပ်ဝေးအလှူရှင်၊ အလှူမများအားလုံး ၀မ်းမြောက်ဝမ်းသာဓုခေါ်ဆို
နိုင်၇န် သတင်းကောင်းပါးလိုက်ရပါည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာနေ
စောဟန်တိုး၊ နန်းရီရီနွဲ့
သမီးလေး နန်းအေးနုနုမေ
နန်းဆုသဒ္ဒါတိုး
[Read More...]


ထမနဲအလှူပွဲ (ထမနဲထိုးပွဲ)




နေ့စဉ်ကျင်းပမြဲဖြစ်သော ထမနဲ(ရာဟု)အလှူပွဲကို (၁၃-၆-၂၀၁၁) တနင်္ဂနွေနေ့
ဘန်ကောက်မြို့၊ နွန်ထူရီ၊၀တ်နခွန်အင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ်ခပ်
သိမ်းအပေါင်းတွေကို ကင်းဝေပါစေခြင်းအကျိုးငှါ ရည်သန်၍ ထမနဲထိုး(ရာဟု)
အလှူပွဲကို ရတနာသုံးပါးဦးထိပ်ပန်ဆင်ကာ ပူဇော်လှူဒါန်းခဲ့ကြပါသည်။

ထိုအလှူပွဲကို အလှူရှင်၊ အလှူမများက သံဃာတော်များအား ဆွမ်းဆက်ကပ်လှူ
ဒါန်းကြပြီး ရေစက်သွန်ချအမျှပေးဝေကြပါသည်။ ထိုနောက်ထမနဲ(ရာဟု)ကို
ေ၇ာက်လာတဲ့ ပ၇ိတ်သတ်များအားသုံးဆောင်ကြပြီး ထိုနောက်ပေးဝေလှူဒါန်း
ကြပါသည်။

ထမနဲထိုး (ရာဟု)အလှူပွဲဓာတ်ပုံ










[Read More...]


ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်-ထိုင်း) အစည်းအဝေးအလှူ





ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်-ထိုင်း) အစည်းအဝေးအလှူပွဲကို (၆-၂-၂၀၁၁)
တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့တွင် လာရောက်အလုပ် လုပ်ကိုင်နေကြသော ဇွဲက
ပင်ပညာဒါနအသင်း အလှူရှင်၊ အလှူမများက အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းအလှူပွဲတွင် အောက်ပါအခမ်းအနားအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၁။ နမော တဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဆရာတော် မာန်နဲာကုဝေရ (နွန်ထဘူရီ) ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
၃။ ဆရာတော် မာန်နဲာကုဝေရ (နွန်ထဘူရီ)က သြ၀ါဒကထာမိန့်ကြားခြင်း
၎။ မာန်နဲာမေဓာနန္ဒက အဖွဲ့အစည်းအတွက် စည်းလုံးညီညွတ်ရေးအကြောင်းမိန့်ကြားခြင်း
၅။ ကြွရောက်လာကြသောမာန်နဲာများအားလုံး ၀မ်းမြောက်ဝမ်းသာစကားပြောကြားခြင်း
၆။ ဇွဲကပင်ပညာဒါနအသင်း အဖွဲ့ခွဲ (ဟတ်ယိုင်) ဥက္ကဋ္ဌစကားပြောကြားခြင်းနှင့် စာရင်း
ရှင်းပြခြင်း ပြီးတော့ ကျဝ်သူရေ၀့်ဖါန်က ကရင်သမိုင်းကြောင်းအကျဉ်းပြောပြခြင်း
၇။ လှူဒါန်းဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်နှင့် ရေစက်သွန်းချအမျှပေးဝေခြင်း
၈။ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃) ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်း









[Read More...]


(၁၂) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အလှူပွဲအစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး




(၁၂) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အလှူပွဲအစည်းအဝေးကို (၁၆-၁-၂၀၁၁) တနင်္ဂနွေနေ့
ဘန်ကောက်၊ နွန်ထဘူရီမှာရှိသော ၀တ်နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

ထိုအလှူပွဲကိုထိုင်းမှာရောက်ရှိနေကျတဲ့ အလှူဒါယကာ၊ ဒါယိကာမများနဲ့ ဧည့်ပရိတ်သတ်ပေါင်း ငါးရာ
ကျော်တက်ရောက်ပါဝင်လှူဒါန်းခဲ့ပါသည်။ အလားတူ ကရင်ပြည်နယ်အဆိုကျော်ဆြာ့ကျော်လိက်သိင့်၊
ဏင်သိင်းလးဘင်၊ မူးဓံင့်အွာတို့လဲ အလှူပွဲပါဝင်တက်ရောက်ခဲ့ကြပါသည်။

၎င်းအလှူပွဲကိုအောက်ပါအခမ်းအနားအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်...
၁။ နမောတဿ (၃) ကြိမ်ရွတ်၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဇွဲကပင်ပညာဒါနအသင်း မိဂဒါယဖေါဟ်မူ.ယှာ့ကုံလွဲာမှ “ပုဂ်ထင်း“ကဗျာဖြင့် ရွတ်ဖတ်ခြင်း
၃။ ဧည့်ပရိတ်သတ်များက နာယကဆရာတော်ကုမာရ (ကန်ချနဘူရီ)ထံမှ ငါးပါးသီလခံယူဆောက်
တည်ပြီး သံဃာတော်များက ပရိတ်တရားရွတ်ဖတ်ခြင်း
၎။ နာယကဆရာတော်ဦးပုညထံမှ သြ၀ါဒနာယူခြင်း
၅။ ဇွဲကပင်ပညာဒါနအသင်း ဥက္ကဋ္ဌကိုယ်စား မာန်နဲာကျာ်ခေမိန္ဒ (အိန္ဒိယ)မှ အဖွဲ့ရဲ့လုပ်ဆောင်ချက်
များပြောကြားခြင်း
၆။ ဇွဲကပင်ပညာဒါနအသင်း ဒီထက်စည်းလုံးညီညွတ်ရေးကြဖို့ (ဆ်ုခုာင်ဆင်းဃှိုင့်)ကို မာန်နဲာကျာ်
အဲဆိုင့် (ဏံင်းက်ုမိုင့်တ်ုဝါန့်)ပြောကြားခြင်း
၇။ အသင်းရဲ့တစ်နှစ်တာ ၀င်ငွေ၊ ထွက်ငွေစာရင်း (လ၀်ဆိင့်ဖေုဝ့်ဆြင့်)ကို ဘဏ္ဍာရေးမှူးမာန်နဲာ
ကျာ်ကုဝေရ(နွန်ထဘူရီ)မှ ရှင်းပြခြင်း
၈။ ထိုနောက် ကရင်ပြည်နယ်၊ အဆိုကျော်ဆြာ့ကျော်လိက်သိင့်၊ ဏင်သိင်းလ၀င်၊ မူးဓံင့်အွာတို့က
ဝမ်းမြောက်ကြောင်းစကား (သုံးအဲုးသာထောဟ်၊ သုံးမုက်သာလိုင်ဆ်ုခုာင်)ပြောကြားခြင်း
၉။ လှူဒါန်းဖွယ်ရာများကိုဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်း
၁၀။ မိဂဒါယဖေါဟ်မူ.ယှာ့ကုံလွဲာမှ “အောင်ပြီ“ကဗျာဖြင့်ရွတ်ဖတ်ခြင်း
၁၁။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ် သံပြိုင်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း
အထက်ပါအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။


က်ုဆာကျာ်အ္စာကုမာရ သီလပေးစဉ်












နာယကက်ုဆာကျာ်အ္စာပုည သြ၀ါဒမြွက်ကြားစဉ်














ဥက္ကဋ္ဌကိုယ်စား မာန်နဲာကျာ်ခေမိန္ဒစကားပြောစဉ်











မာန်နဲာကျာ်အဲဆိုင့် (ဏံင်က်ုမုံင့်) လ၀်ဆင်းဃှံင့်ဆ်ုခုာင်












မာန်နဲာကျာ်ကုဝေရ (နွန်ထဘူရီ)၀င်ငွေ၊ ထွက်ငွေစာရင်းရှင်းပြ











ကရင်အဆိုကျော်ဆြာ့ကျဝ်လိက်သိင့် သာအဲုးသာထောဟ်၊ သုံးမုက်သာလိုင်ဆ်ုခုာင်











ဏင်သိင်းလးဝင် သာအဲုးသာထောဟ်၊ သုံးမုက်သာလိုင်ဆ်ုခုာင်










မူးဓံင့်အွာ သာအဲုးသာထောဟ်၊ သုံးမုက်သာလိုင်ဆ်ုခုာင်












ခွဲါကွင်တ်ုကာမူ့ယှာဒေါ်လှဝင်းကြည် (ကျုံပကိုတ်ုဝါန့်) သြကာသကန်တော့ကျိုးတိုင်ပေးစဉ်












အင်းဏင်ဆ်ုဝုံး ခိင့်လင်ထီ့ တ်ုကာမူးဏင်မူးခူး (လးတ်ုခုာင်တ်ုဝါန့်)










အစီအစဉ်အခမ်းနားမှူး မာန်နဲာကျာ်မေဓာနန္ဒ (ထီ့ဖေါဟ်စင်)











မိဂဒါယဖ၀့်မူ.ယှာ့ကုံလွဲာနဲ့ အဖွဲ့ဝင်များမှတ်တမ်းဓာတ်ပုံ
[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors