မေတ္တာတရားတို့ မယိုင်လဲသေးပါဘူး
သစ္စာတရားတို့ ခိုင်မြဲသ၍
ကရုဏာတရား တို့ကိုလည်း
ကိုင်စွဲ စေချင်တယ်။
အာဃာတကို ဗျာပါရနဲ့
ပေါင်းစပ် လို့ကတော့
သုခဖလ နဲ့ဝေးရပါလိမ့်မယ်
ဒုက္ခမရဏ ဆိုတာ
ဗျာပါဒ ကြောင့်ဖြစ်ရတာပါ
ဒါ့ကြောင့်…
ပေမတဏှာ မရှိဘဲ
ကေ၀လ စေတနာနဲ့
ဆန္ဒပြု ပါရစေ
အချင်းချင်း မေတ္တာဝေကြပါလို့။

Responses
0 Respones to "မေတ္တာသည်သာ"
Post a Comment