ဒါပေသိ……..
သူ့သမိုင်း သူ့ရာဇ၀င်၊ အမှန်ပင် တကယ်ရှိခဲ့တယ်၊
သူ့မှာ ကဗျာနဲ့ စာပေနဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုနဲ့၊
အနုပညာနဲ့ ရိုးရာနဲ့ ၊ ဒီချစ်စရာ အမွေအနှစ်တွေ၊
သူ့မြေမှာ သူစိုက်ပျိုး၊ တကယ်ပင် သူမြတ်နိုးခဲ့တယ်။
ရာသီဒဏ် မုန်တိုင်းကြားက သက္ကရာဇ်တွေ သူ့ကိုဖြို၊
အကြိမ်ကြိမ် သူအိုခဲ့ပေမည့် ၀န်ထုပ်ဝန်ပိုး သူမမှု၊
အသက်ရူသံ နုပျိုဆဲ။
အို…. ချစ်သော ဇွဲကပင်
သင်ရင်ထဲက တေးသံ၊ လောက၏ ရင်သွေးကြား၊
သံစဉ်တွေ မှားချင်မှားမယ်၊
တွေဝေကာ စိတ်ပျက် သီဆိုသံ တိတ်လိုက်ပါနဲ့၊
ဒေါနတောင် ပြာပြာတန်းက ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ၊
မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ။
စောနေမျိုး(ဒုံးယိမ်းမြေ)
Labels:
poem
Previous Article

Responses
0 Respones to "ဇွဲကပင်ကို ဗဟိုပြု၍"
Post a Comment