(၉) ကြိမ်မြောက် ကေဒီအေ အစည်းအဝေးကို ဘန်ကောက်မြို့၊ ဖတ်ဖဒဲကျောင်းတွင် (၂၁-၆-၂၀၀၉)နေ့ တွင်အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်ကို အောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်...
၁။ နမော တဿ (၃)ကြိမ် ၊ မိဂဒါယ ဖ၀့်မူးယှာ့-အဖွဲ့က လေးလုံးဖွဲ့ကဗျာဖြင့် အခမ်းအနားအစီအစဉ်ဖွင့်လှစ်ခြင်း
၂။ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း
၃။ ကေဒီအေ နာယကဆရာတော် ဘဒ္ဒန္တပုည အနုသာသနကထာမြွက်ကြားခြင်း
၎။ ဥက္ကဋ္ဌကိုယ်စား အရှင်ခေမိန္ဒက ကေဒီအေ အဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်မှုရှိစေရန် မြွက်ကြားခြင်း
၅။ လက်ရှိအိန္ဒိယနိုင်ငံတွင် သီတင်းသုံးပြီး (သီရိလင်္ကာနိုင်ငံမှ B.A ၊ M.A တို့ကို ဂုဏ်ထူးဖြင့်အောင်မြင်တော်မူသော) အရှင်သုဇနအား အမေရိကန်ဒေါ်လာ တစ်ထောင့်ငါးရာ (၁၅၀၀)ဖြင့် ပညာထူးချွန်စုချီးမြင့် လှူဒါန်းခြင်း
၆။အလှူရှင်နာမည်များဖတ်ကြားခြင်း
၇။ကျောင်းနာမည်မှည့်ခြင်း
၈။ ကေဒီအေ ဘဏ္ဍာရေးမှူးဘဒ္ဒန္တကုဝေရက ရငွေ/သုံးငွေစာရင်းကို ရှင်းလင်းတင်ပြခြင်း
၉။ အစည်းအဝေးကို ရောက်ရှိလာသောပရိတ်သတ်များက မရှင်းလင်းသောအချက်အလက်များကိုအဖွဲ့ဝင်များထံ မေးမြန်းပြီး တာဝန်ရှိသူများပြန်လည်းဖြေကြားခြ
၁၀။ ရေစက်သွန်းချ အမျှပေးဝေခြင်း
၁၁။ မိဂဒါယ ဖစ်မူးယှာ့-အဖွဲ့က ``အောင်ပြီး``ကဗျာဖြင့် ရွတ်ဆိုခြင်းနဲ့ မေတ္တာပို့သခြင်း
၁၂။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များအားလုံး ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု-(၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Responses
0 Respones to "(၉) ကြိမ်မြောက် ကေဒီအေ (KDA) အစည်းအဝေး အောင်မြင်စွာပြီးစီး"
Post a Comment