
အမေရိကန်မှ အ၀ီစိတွင်းအလှူရှင် စောနိုင်ဝင်း (ခ)ကျဝ်ဖါန်ဃှီ့
ဇွဲကပင်ပညာဒါနအသင်းသည် လွန်ခဲ့သောနှစ်ကစပြီး ပြည်ပပညာတော်သင်ကရင်ရဟန်းများ အမိကရင်
ပြည်နယ်သို့ ပြန်ရောက်သောအခါ အများအကျိုးပြုတဲ့ပညာရပ်များ အတူတကွပြန်လည်ဖြန့်ဝေနိုင်အောင်၊
လက်တွဲနိုင်အောင်ဆိုပြီး ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ”ခွဲါကွင်ပညာ့ဖေါဟ်ကႜိုဝ်ဘာ.” ”ဇွဲကပင်
ပညာဥယာဉ်ကျောင်း”အမည်ဖြင့် ကျောင်းတစ်ကျောင်းတည်ဆောက်လျှက်ရှိနေပါသည်။
ယင်းကျောင်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်းတွင် စတင်တည်ဆောက်လျှက်ရှိရာ လိုအပ်
ချက်တွေလည်း မြောက်များစွာရှိပါသည်။ ထိုတွင် ရေရရှိရေးမှာလည်း အင်မတန်အရေးကြီးတဲ့အတွက်
အခု အ၀ီစိတွင်းတူးဖေါ်လျှက်ရှိသည်။ ထိုအ၀ီစိတွင်းအတွက်ခန့်မှန်းခြေ ကျပ်ငွေ (၃၀၀၀၀၀၀) သိန်းသုံး
ဆယ်၊ အမေရိကန်ဒေါ်လာ နှစ်ထောင်နီးပါးကုန်ကျမည်။ ကံကောင်းထောက်မစွာဖြင့် အ၀ီစိရေတွင်းအတွက် အလှူဒါယကာတစ်ဦးဖြစ်ပေါ်လာ
သည့်အတွက် ကေဒီအေအတွက်ဝမ်းသာစရာပင်ဖြစ်သည်။
ထိုအလှူ့ဒါယကာမှာ မာန်နဲာကုဝေရ (နွန်ထဘူရီ)၏တူတော်မောင်ဖြစ်သော လက်ရှိအမေရိကန်မှာနေ
ထိုင်တဲ့ စောနိုင်ဝင်းဖြစ်ပါသည်။ (စောနိုင်ဝင်း၏ လက်ရှိနေထိုင်ရာအမေရိကန်လိပ်စာအတိအကျမသိ
ရသေးအတွက် ဒီနေရာမဖေါ်ပြနိုင်သေးပါ)။ ဒါကြောင့် သူ့ရဲ့အလှူဒါနအတွက် အားလုံးဝမ်းမြောက်သာ
ဓုအနုမောဒနာဖြစ်ကြပြီး စောဝင်းနိုင်တစ်ယောက်လိုရာဆန္ဒပြည့်ဝပါစေလို့....အဖွဲ့သူအဖွဲ့သားများ
အားလုံးဆုတောင်းပေးပါသည်။
Labels:
news
Previous Article

Responses
0 Respones to "”ခွဲါကွင်ပညာ့ဖေါဟ်ကႜိုဝ်ဘာ.”အတွက် အ၀ီစိတွင်းအလှူရှင် (စောနိုင်ဝင်း(ခ)ကျဝ်ဖါန်ဃှီ့-အမေရိကန်)"
Post a Comment