လုပ်ကိုင်ရာဒေသတစ်ခုလည်းဖြစ်ပါသည်။ ထိုနေ့အလှူပွဲကို ကရင်၊ မွန်၊ ထားဝယ်တိုင်းရင်းသားပေါင်း
များစွာဖြင့် ပူပေါင်းပါဝင်ဆင်နွဲခဲ့ကြပါသည်။

(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို အောက်ပါအစီအစဉ်များဖြင့် ကျင်းပခဲ့ပါသည်…
၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ´နမော တဿ´
သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်ဦးကုဝေရ(နွန်ထဘူရီ)ထံမှ ငါးပါးသီလခံယူပြီး ဆရာ
တော်များထံမှ ပရိတ်တရားနားကြားခြင်း
၃။ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်ဦးကုဝေရ(နွန်ထဘူရီ)ထံမှ အဆုံးအမသြ၀ါဒနာယူခြင်း
၎။ (၆) ကြိမ်မြောက် ကြွရောက်လာကြသော သံဃာတော်များက ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်
အပေါင်းတို့အား အတွေ့အကြုံများနှီးနှောဖလှယ်ခြင်း
၅။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်) ဥက္ကဋ္ဌက ဧည့်ပရိတ်သတ်များအား ကျေးဇူးတင်စကား
ပြောကြားခြင်း
၆။ (၆) ကြိမ်မြောက်အလှူပွဲအတွက် ရငွေ၊ ထွက်ငွေစာရင်းကို တင်ပြရှင်းလင်းခြင်း
၇။ မာန်နဲာထေရိန္ဒ (သီရိလင်္ကာ)မှ ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားဓမ္မဟောပြောခြင်း
၈။ ကြွရောက်လာကြသော ဆရာတော်များအား လှူဖွယ်ဝတ္ထုဆက်ကပ်ခြင်းနှင့် ရေဆက်သွန်းချအမျှ
ပေးဝေခြင်း
၉။ ထိုနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း
အထက်ပါ အစီအစဉ် (၉) ချက်ဖြင့် (၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)၏ အလှူပွဲကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။


အခမ်းအနားအစီအစဉ်မှူး ဏင်သွာ့အွာ (ကြာအင်းဆိပ်ကြီး)
Labels:
news
Previous Article

Responses
0 Respones to "(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲပြီးစီး"
Post a Comment