တစ်ချိန်က တောရွာကလေးသည် အခုလူစည်ကားနေတဲ့မြို့ပြ ဖြစ်လာသည်၊ ဒါပေမယ့်
သူက တစ်ချိန်တုန်းက ရွာကလေးပေါ့၊ လူဆိုတာလဲ တစ်ယောက်ကနေ များပြားလာပြီး မိသားစု၊ အဖွဲ့အစည်းဆိုတာ အလိုလိုပေါ်လာခဲ့ရသည်၊
ဘူဘ၀ဆိုတာ ပန်းမွေ့ရာမဟုတ်ပါ အခက်ခဲများစွာကို ရင်ဆိုင်တိုက်ခိုက်
ထိုးဖောက်ပြီး အောင်မြင်တဲ့လမ်း အောင်မြင်တဲ့ဘ၀သို့ အရောက်လှမ်းခဲ့ရခြင်းသည်
ဓမ္မတာပင် မဟုတ်ပါလား၊
ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးကို ကျော်လွှားအောင်နိုင်သူများကို လူစွမ်းကောင်းဟု သမုတ်ခေါ်ဝေါ်ကြသည်။ ဘယ်လိုအခက်ခဲမျိုးမဆို နောက်မဆုတ်၊ ဒူးမတုံ့ ရဲရဲရင်ဆိုင်ကျော်လွှားနိုင်ရမယ်လို့ သန္ဓိဋ္ဌာန်ချထားပြီး ရှေ့ခရီးဆုံးပန်းတိုင်သို့ ခြေလှမ်းပြင်းထန်စွာ လှမ်းခဲ့သူများကား ဘယ်သူတွေပါလဲ--မေးရင်- ဤနေရာ၌ ကျွန်တော်ဆိုလိုတဲ့ ပြိုင်ဖက်ကင်းသော အလှူ့ရှင်များသာ ဖြစ်ပါတယ်။
ဘယ်အချိန်က ဒီအသင်းကြီး ဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဘူးတာ အမှန်ပါ၊ ဘာကြောင့်လည်းဆိုတော့ ကြမ်းတမ်းတဲ့အခက်ခဲများစွာ ကျော်ဖြတ်ရမှာကို ကြိုပြီး စိုးရိမ်နေလို့ပါ၊ အခက်ခဲများစွာ ရှိခဲ့ငြားသော်လည်း ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက ကြမ်းတမ်းတဲ့ အခက်ခဲများစွာကို ပဓာနမထားပဲ အောင်မြင်မှုလမ်းကြောင်းမှန်၊ ရည်ရွယ်ချက်မှန်ကန်စွာဖြင့် ဦးတည်နေပါတယ်။
လေမုန်တိုင်းပြီးတဲ့နောက်မှာ လေညင်းကလေးက အလိုအလျောက်ပါလာသလို အခက်ခဲတွေ ပြီးဆုံးပြီးနောက် အောင်မြင်မှုကလည်း ပါလာစမြဲပါပဲ၊
-အနာခံမှ အသာစံရ-ဆိုသလို ဒုက္ခဆင်းရဲပြီးရင် ချမ်းသာသုခ ရောက်လာရခြင်းသည် သဘာဝပင်ဖြစ်သည်။ အသင်းအဖွဲ့အစည်းအတွက် ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက ဘယ်လောက်အောင်မြင်တယ်ဆိုတာ မှန်းဆရင်သိနိုင်ပါတယ်၊ အောင်မြင်ချင်တဲ့စိတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်က သူတို့ရဲ့ရင်ထဲမှာ ကိန်းဝပ်နေပြီးသားဖြစ်ပါတယ်၊
အနာထပိဏ်သူဋ္ဌေးသည် မြတ်စွာဘုရားသာသနာတော်ကို မွန်မြတ်သော စေတနာသုံးတန်ဖြင့် ငါးဆယ်လေးကုဋေသော အသပြာငွေများကို အကုန်ကျခံကာ ဇေတ၀န်ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်၊ အနာထပိဏ်သူဋ္ဌေးကြီးသည် မြတ်စွာဘုရားကျောင်းတော်သို့
တစ်နေ့သုံးကြိမ် လှူစရာဝတ္ထုပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
နံနက်ဆွမ်းမစားမှီ စောစောတစ်ကြိမ် ကျောင်းတော်သို့ သွားတဲ့အခါ ယာဂု၊ခဲဘွယ်၊ ဘောဇဉ်၊ ချိုချည်များလှူဒါန်းတယ်၊ ဆွမ်းဘုဉ်းပေးပြီးနောက် နေ့လည်တစ်ကြိမ် ထောပတ်ဆီဦး၊ ပျား၊သကာ၊ အဖျော်ယမကာ စသည်များကို လှူဒါန်းပြီး၊ ညနေချမ်းတစ်ကြိမ် သွားတဲ့အခါမှာတော့ နံ့သာ၊
ပန်းမာလာများကို ဆက်ကပ်လှူဒါန်းပါတယ်။
အခန့်မသင့်လို့ အိမ်မှာ လှူဒါန်းဖွယ်ရာများ မရှိတာတောင်မှ သဲတွေကျုံးယူပြီး
မြတ်စွာဘုရားကျောင်းတော်ရဲ့ ပရိဝုဏ်ကို သဲခင်းပြီး ကုသိုလ်ပြုခဲ့ပါတယ်၊ ထို့ပြင် နံနက်တိုင်း သံဃာအပါးငါးရာကိုလည်း အမြဲမပြတ်ဆွမ်းလှူဒါန်းခဲ့ပါတယ်။
အနာထပိဏ်သူဋ္ဌေးသည် သဒ္ဓါတရားကောင်းသည်၊ လှူဒါန်းစရာပစ္စည်းလည်း ပေါသည်၊ အချိန်မရွေး မြတ်စွာဘုရားကျောင်းတော်သို့ အခက်အခဲမရှိပဲ လွယ်ကူစွာလည်း သွားရောက်လှူဒါန်းနိုင်သည်။
အခုပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များကလည်း သဒ္ဓါတရားပြည့်ဝတယ်၊ အချိန်မရွေး အနာထပိဏ်သူဋ္ဌေးကြီးကဲ့သို့ ကျောင်းတော်သို့ သွားရန်မလွယ်ကူသော်လည်း ရတဲ့အခွင့်ရေးလေး၊ ရတဲ့အချိန်ရဲ့တန်ဖိုးလေးကို ကျောင်းတော်သို့ သွားရောက်ပြီး မိမိတို့ တတ်နိုင်ရာလှူဒါန်းဘွယ်ရာများကို သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်း နေကြပါတယ်။
အနာထပိဏ်သူဋ္ဌေးကြီးရဲ့ သဒ္ဓါတရားနဲ့ ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များ သဒ္ဓါတရား ဘယ်သူ့သဒ္ဓါတရားက ပိုထက်သန်သလဲဆိုတာကို နှိုင်းယှဉ်ရန် မ၀ံ့သော်လည်း ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များ တည်ရှိသရွေ့ ဤ ဇွဲကပင်ဒါနအသင်း ကြီးသည်လည်း ဆက်လက်ရှင်သန်တည်တံ့နေပြီး မိမိအကျိုး သူတစ်ပါးအကျိုးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ဘာကြောင့်လည်းဆိုတော့ ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက သူတို့ရဲ့ဘ၀ကို ဇွဲကပင်ဒါနအသင်း အတွက် ပေးဆပ်နေများလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားလို့ပဲဖြစ်ပါတယ်။
မှတ်ချက်- ပြိုက်ဖက်ကင်းတဲ့ ဇွဲကပင်ဒါနအသင်း ရဲ့ အလှူ့ရှင်များကို ဂုဏ်ပြုရေးသားပါသည်။
ကျာ်သြီ့ထင်းထ၀့် ဍုဂ်ပါင်လာ.ဝေံ ကိုဝ်ဟှာဍေဆာ်။
အှ်ဆံင်းလာ.ဆာ်။
ဖိုးခွားလေး(လွမ်းမပြေ)

Responses
0 Respones to "ပြိုင်ဖက်ကင်းသောအလှူ့ရှင်များ"
Post a Comment