သိသိကြီးနဲ့ပြုလုပ်ရတာမျိုးရှိသလို မသိလို့အမှတ်တမဲ့ပြုလုပ်မိတာမျိုးလည်း ရှိသည်၊မည်သို့ပင်ဖြစ်စေကာမူ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ မိမိပြုလုပ်နေဆဲခဏမှာဖြစ်ပေါ်လာသော စိတ်အားထက်သန်မှုအပေါ်မှာ မူတည်ပြီး အကျိုးပေးနေတာဖြစ်ပါတယ်၊ကံညာဏ်မကောင်းလို့ တစ်စုံတစ်ခုကို အပြစ်တင်နေမယ့်အစား လက်ရှိမိမိအလုပ်အပေါ်မှာ
ကောင်း မကောင်းဆိုတာညာဏ်ကလေးနဲ့ဆင်ခြင်ကာ ၀ီရိယအားစိုက်ထုတ်ပြီးတော့ ပြုလုပ်ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်၊
ကံကောင်းခြင်းလက်ဆောင်ဆိုတာ
အဲဒီမိမိကိုယ်တိုင် အသိညာဏ်ဝီရိယတွေနဲ့ ပြုလုပ်တဲ့ ဘ၀ရဲ့လုပ်အားခပဲဖြစ်ပါတယ်၊
ငယ်ငယ်က ဆရာသမားတွေပြောပြတဲ့ ငါးသုံးကောင်ရဲ့ဝတ္ထုတစ်ပုဒ် အကြောင်းကို စားဖတ်သူများအား ပြောပြလိုပါတယ်၊
ပထမငါးတစ်ကောင်က ကံကိုပဲယုံတယ်၊ ဒုတိယတစ်ကောင်ကတော့ ၀ီရိယကိုပဲယုံတယ်၊ နောက်ဆုံးတတိယငါးတစ်ကောင်ကျတော့
ကံ၊ညာဏ်၊ ၀ီရိယသုံးမျိုးလုးံကိုယုံသတဲ့၊ တစ်နေ့သောအခါ အဲဒီငါးသုံးကောင်လုံးဟာ တံငါသည်တစ်ယောက်ရဲ့ ပိုက်ကွန်နဲ့မိသွားပါတယ်၊
တံငါသည်က ငါးသုံးကောင်ကို လှေနဲ့တင်ပြီး အိမ်ကိုပြန်လာပါတယ်၊ အဲဒီအချိန်မှာ ငါးသုံးကောင်က အချင်းချင်းပြောကြတယ်၊
တံငါသည်က အိမ်ရောက်ရင် ငါတို့ကို သတ်ပြီးချက်စားတော့မယ် အခုချိန်မှာ ငါတို့သုံးကောင် ဒီလှေပေါ်ကနေ ရေထဲခုန်ချရင်
ငါတို့အသက်ချမ်းသာရာရမယ်ပေါ့၊ ကံကိုယုံတဲ့ငါးတစ်ကောင်ကပြောလိုက်တယ်- ငါတော့ ငါ့ကံနဲ့ငါပဲ ငါ့ကိုသနားလို့
ရေထဲပြန်လွတ်ရင် ငါ့အသက်ရှင်နိုင်မယ် လို့ပြောတယ်၊ ဒုတိယ ၀ီရိယကိုယုံကြည်တဲ့ငါးတစ်ကောင်ကတော့ ပိုက်ကွန်တွင်းကနေပြီး တတုန်းတုန်းနဲ့ ၀ီရိယကိုပဲအားကိုးပြီး ခုန်နေပါတယ်၊ တံငါသည်က သူ့ကို အမြင်ကပ်တာနဲ့ လှေထဲမှာပဲ ထုသတ်လိုက်ပါတယ်၊
ကံ၊ညာဏ်၊၀ီရိယ သုံးမျိုးစလုံးကို ယုံကြည်တဲ့ငါးကတော့ အခြေနေနဲ့အချိန်ခါကို ကြည့်ပြီးတော့သုံးသပ်ပါတယ်၊ ငါ့ထိုက်နဲ့ငါ့ကံပဲဆိုရင်တော့
တံငါသည်ငါ့ကို သတ်စားမှာ၊ တတုန်းတုန်းခုန်နေရင်လည်း အထုသတ်ခံနေရမယ်ဆိုပြီး တံငါသည်ရဲ့ အလစ်ကိုစောင့်နေပါတယ်၊
တိုတိုပြောရရင် တံငါသည်က ပိုက်ကွန်ကို အမမှာ ရေထဲကိုခုန်ချပြီး နောက်ဆုံး ကံ၊ ညာဏ်၊၀ီရိယသုံးမျိုးလုံးကို ယုံတဲ့ငါးက လွတ်မြောက်သွားပါသတဲ့။-
ပုံပြင်ထဲကငါးသုံးကောင်လိုပါပဲ လူတွေဟာ လောဘ၊ဒေါသ၊ မာန်မာနပိုက်ကွန်ထဲမှာ ပိတ်လှောင်ခံနေရတဲ့ သံသရာခရီးသွားတွေဖြစ်ပါတယ်၊
ကံ၊ညာဏ်၊၀ီရိယ သုံးပါးလုံးကို လက်ကိုင်ထားပြီး ဘ၀ခရီးရှည်ကြီးကိုလျှောက်လှမ်းရမှာဖြစ်ပါတယ်။ ဘာပဲလုပ်လုပ်၊ ညာဏ်ကတုတ်ဖြင့်၊
ပဲ့ကိုင်လုပ်၍၊ သမုဒ်အဏ္ဏ၀ါ၊ သံသရာခရီး၊ ပင်လယ်ကြီးကို၊ စိတ်ကြီးမ၀င်၊ ဘ၀င်မမောက်ပဲ၊ ကိုယ့်လိုရာခရီးကို ရောက်အောင်
လျှောက်လှမ်းနိုင်ပါစေ-လို့ ဆန္ဒပြုရင်း--။
စောနေမျိုး

Responses
0 Respones to "ကံညာဏ်ဝီရိယကိုဗဟိုပြု၍"
Post a Comment