K.D.A ရဲ့ အကြိုအစည်းအဝေး



K.D.A (Kwe.kabaung Dana Association) ၂၀၀၈ခုနှစ် ၆လပတ်အကြိုအစည်းဝေး ကို ၈.၂.၂၀၀၈ နေ့ ဘန်ကောက် ၀တ်နတ်ခွန်အင်ကျောင်းမှာ ကျင်းပခဲ့ကြတယ်။ ဇွဲကပင်ပညာဒါနအသင်းရဲ့ လုပ်ဆောင်ချက်များ ပိုမိုကျစ်လစ် ထွန်းကား အောင်မြင်စေရန် နှင့် အသင်းဖွဲ့စည်းပုံ စနစ်တကျ ဖြစ်မြောက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြခြင်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ မာန်နဲာပုည၊ မာန်နဲာကုဝေရ တို့ အပါအ၀င် အဖွဲ့ဝင်(၉)ပါးကြွရောက်ကြပြီး အသင်းပြန်လည်ဖွဲ့စည်းမှု နှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများအကြောင်းကို အတူတကွ ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်။ အကြိုအစည်းအဝေးလို့ ဆိုပေမည့် အသင်းအတွက် ထိရောက် အကျိုးရှိစေမည့် အစည်းအဝေးလို့ ဆိုချင်ပါတယ်။ ဆုံးဖြတ်ချက်အနေနဲ့ မဟုတ်သေးဘဲ အကြမ်းအားဖြင့်သာ တိုင်ပင်ညှိနှိုင်းခဲ့ကြတဲ့အတွက် ထုတ်ပြန်ချက် ထွက်မလာနိုင်သေးတာကို နားလည်ပေးကြဘို့ တောင်းပန်အပ်ပါတယ်။

သုခိတာ ဟောထ

[Read More...]


K.D.A's pre meeting of 2008




K.D.A ဝေ့ ဆ်ုအှ်ကံင်းဆောတ်(၂၀၀၈) ဏှ် လ်ုဏီယိုဝ် 8.2.2008 မူဏီ အှ်ကံင်းလ၀်ထာင်ဝေ့ဍးဆ်ုလှ်၊
ဆ်ုသုဂ်ဆ်ုကလယ်ဖိုင်ဏှ် သင့်ဂမီ့ ခဲု.ပါ က်ုညာဟှယ်ယှံင်ဟှံင် K.D.A ဝေ့ မ်ုတာ်ထင်းထာင်လ်ုယာ့ ဗေ့ မ်ုဃှူ့ဃှင်ဍောဟ် မ်ုဟှိုင်ခိုင့်ဍောဟ် မ်ုစီကြာထင်းထ၀့်သိုဝ်ဏှ် လ၀်ထာင် အင်းဏင်ဗးဟှဝ်ဝေ့လိုတ်သာ လ်ုဟှာဍေလ်ုဟှာဆေ၀်လှ်။
ဆ်ုအှ်ကံင်းယိုဝ် မွဲာလာဏင့် ဆ်ုအှ်ကံင်းဆောတ်သီး လု K.D.A အ်ုဟှင်ဏှ် မ်ုဟှယ့်ကဲထင်းဆ်ုမာ ဍောဟ်မာလ၀့်၊ စင်ဗိုဝ် အေလ၀်ဍေ အ်ုဖိုလ်(အကျိုး)ဟှေဝ် ဆ်ုအှ်ကံင်းသီး လ၀်ဗးက်ုလိုဒ်ဍးသာလ၀့်၊ Decision လ်ုအှ်ထီ့ဆာ ဏင်မိင်ဍာ် လ၀်ဍုဂ်ဏဲလင် လ်ုသေှ်ဍ်ာဝးဏှ်သီး ဏးသေှ်ဖေှ်ကဲလာဆာ်။

အဲလာဏ်ုလိက် အဲလာဏ်ုဆိုဒ်

သုခိတာ ဟောထ

[Read More...]


အားမာန်



နေမင်းပျောက်ကွယ်
အားမငယ်ဘူး
လ၀ယ်လင်းရောင်ရှိသေးတယ်။
လမင်းကွယ်ပျောက်
စိတ်မနှောက်ဘူး
ကြယ်ဖြောက်လင်းများရှိသေးတယ်။
ကြယ်ဖြာမလင်း
မိုးတိမ်ရင့်လည်း
မီးတုတ်လင်းများရှိသေးတယ်။
နေမင်းကွယ်ပျောက်
လလင်းနှောက်၍
ကြယ်ဖြောက်မလင်း
မီးတုတ်ကင်းလည်း
သင့်မှာ ၀မ်းနည်း အားငယ်စရာ မလိုပါဘူး။
မိခင်ပေးထား
သွေးစွမ်းအားဖြင့်
အမိုက်၏ရန်
လောကဓံကို
တော်လှန်တိုက်ထုတ်
စွမ်းအားတုတ်ဖြင့်
ကြိုးကုတ်နိုးထကြကုန်လော့။ ။


စောနင်းဂျားလင်း
[Read More...]


အလင်း



လောကဇာတ်ကောင်
ဒီလူ့ဘောင်ဝယ်
ခုနောင်ကောင်းကျိုး
အစဉ်တိုးဖို့
သယ်ပိုးဦးဆောင်
ပညာရောင်ဖြင့်
ထွန်းပြောင်ထိန်လင်း
စေကြလော။

စောနင်းဂျားလင်း
[Read More...]


ဇွဲကပင်ကို ဗဟိုပြု၍



သူ့ရဲ့မွေးဖွားခြင်းအစ ဘယ်သူမှမသိ၊
ဒါပေသိ……..
သူ့သမိုင်း သူ့ရာဇ၀င်၊ အမှန်ပင် တကယ်ရှိခဲ့တယ်၊
သူ့မှာ ကဗျာနဲ့ စာပေနဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးစုနဲ့၊
အနုပညာနဲ့ ရိုးရာနဲ့ ၊ ဒီချစ်စရာ အမွေအနှစ်တွေ၊
သူ့မြေမှာ သူစိုက်ပျိုး၊ တကယ်ပင် သူမြတ်နိုးခဲ့တယ်။

ရာသီဒဏ် မုန်တိုင်းကြားက သက္ကရာဇ်တွေ သူ့ကိုဖြို၊
အကြိမ်ကြိမ် သူအိုခဲ့ပေမည့် ၀န်ထုပ်ဝန်ပိုး သူမမှု၊
အသက်ရူသံ နုပျိုဆဲ။

အို…. ချစ်သော ဇွဲကပင်
သင်ရင်ထဲက တေးသံ၊ လောက၏ ရင်သွေးကြား၊
သံစဉ်တွေ မှားချင်မှားမယ်၊
တွေဝေကာ စိတ်ပျက် သီဆိုသံ တိတ်လိုက်ပါနဲ့၊
ဒေါနတောင် ပြာပြာတန်းက ညင်သာသော ကျွဲချိုသံ၊
စဉ်လာမပျက် ကြွေးကြော်လျှက်ပါ၊

မြစ်သံလွင် နဒီကြောဆီက
စည်းလုံးခြင်း သင်္ကေတ ဒုံးအက၊
စဉ်လာမပျက် က ပြလျှက်ပါ၊
ကိုးဒီနွယ်ဝင် ဧရာဝတီထံလည်း
အားမာန်ပါတဲ့ ဖါးစည်သံ
ကောင်းကင်ယံ ညံညံလျှက်ပါ။

စောနေမျိုး(ဒုံးယိမ်းမြေ)
[Read More...]


မေတ္တာသည်သာ



ဒေါသမီးတို့ ဟီးဟီးထလောက်အောင်
မေတ္တာတရားတို့ မယိုင်လဲသေးပါဘူး
သစ္စာတရားတို့ ခိုင်မြဲသ၍
ကရုဏာတရား တို့ကိုလည်း
ကိုင်စွဲ စေချင်တယ်။

အာဃာတကို ဗျာပါရနဲ့
ပေါင်းစပ် လို့ကတော့
သုခဖလ နဲ့ဝေးရပါလိမ့်မယ်
ဒုက္ခမရဏ ဆိုတာ
ဗျာပါဒ ကြောင့်ဖြစ်ရတာပါ

ဒါ့ကြောင့်…
ပေမတဏှာ မရှိဘဲ
ကေ၀လ စေတနာနဲ့
ဆန္ဒပြု ပါရစေ
အချင်းချင်း မေတ္တာဝေကြပါလို့။
[Read More...]


KKB ဆ်ုဝုံး



KKBdana is started to post on 3.02.2008.

As for me, try to make this blog as much as i can but i pay attention to know for our National,
how to be our national efforts, what they give up with their diligences.Thus, I hope that will
be glad to see on our blog.
[Read More...]


Site Map




[Read More...]


 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors