ရှောင်ကြဉ်ရသော ကရင်ရိုးရာဓလေ့များ



ပိုးကရင်ဘာသာဖြင့်ရှောင်ကြဉ်ခြင်းကို“ဆဒူး”ဟုခေါ်၍ရောင်ကြဉ်ရမည့်ကိစ္စတစ် ရပ်ကိုကျူးလွန်မိက ကျေနပ်မှုပြန်လည်ရရှိရန် စတိရှောင်ကြေးပေးဆောင်ခြင်းကို “ဆဃွှီး” ဟုခေါ်ပါသည်။“ဆဃွှီး”ကိုကျူးလွန်မိကကျူးလွန်ခြင်းခံရသူအားချက်ခြင်းသွားရောက် တောင်းပန်းပြီး စတိရှောင်ကြေး “ဆဃွှီး” ပေးဆောင်ရန်ရရိုးထုံးစံရှိသည်။ ပိုက်ဆံတမတ်(ခဲဘွယ်) ကွမ်းတယာနှင့်ပြီးသည်။ အိမ်၏အရှောင်ကို တရော် ကင်းပွန်၊ နနွင်း၊အနည်းငယ်စီဝယ်ယူ၍အိမ်စောင့်နတ်ကိုပြန်လည်ပသတောင်းပန်းရခြင်းပင်ဖြစ်သည်။အိမ်ပေါ်တွင် ဖိနပ်စီးခြင်း၊ လေချွန်ခြင်း၊ တံပိုးမှုတ်ခြင်း၊ လက်ပန်းပေါက်ခတ်ခြင်းများကို ရှောင်ရသည်။ သူတပါးအိမ်ပေါ်သို့ လှေကါးမှ တက်ရသည်။ ကျော်သွား၍ မတက်ရ၊ တက်လာသောနေရာမှပင် ပြန်ဆင်းရသည်။ အိမ်ပေါ်သို့ ခုန်မချရ၊ လှေကားအတက်၌ လှေကား အထစ်ကျိုးပါက တက်သူကို အိမ်ရှင်က အရှောင်ပေးရပြီး အဆင်းတွင် ကျိုးပါက တက်သူက အိမ်ရှင်ကိုပြန်၍အရှောင်ပေးရရိုးထုံးစံရှိသည်။ အိမ်ပေါ်တွင်မငိုရ၊ ရန်မဖြစ်ရ၊ အိမ်ပေါ်သို့တစ်စုံတစ်ယောက်တက်လာပြီးဆဲဆိုခြင်းမပြုရ၊အိမ်တိုင်းများကိုရိုက်ပုတ်ထိုးကြိတ်ခြင်းမပြုရ၊ တိုသို့ပြုလုပ်သော် အိမ်စောင့်နတ်(မိဘဝိညာဉ်)ကိုမထီမဲမြင်ရာရောက်သည်။

အိမ်ပေါ်သို့ အပျို၊ လူပျိုကျူးကျူးလွန်လွန် မဖြစ်ရ၊ ကျူးကျူးလွန်လွန်ဖြစ်ခဲ့သော် အပျို၊လူပျိုများအိမ်ပေါ်သို့မတက်ရတက်လျှင်အိမ်ခိုက်တတ်သည်။လူပျိုကအပျိုအိမ်ခန်းအတွင်းသို့အကြောင်းမဲ့မဝင်ရ၊ရွာတွင်အပျိုလူပျိုကျူးလွန်မှူရှိလျှင်ရွာခိုက်သည်။ဘေးအန္တရာယ်ဆိုများ ကြုံရတတ်သည်။ ရွားသားများ ကျားဝင်ဆွဲတတ်သည်။ ရွာတွင်းသို့လူသေမဖြစ်ရ၊ အသုဘကစ္စအတွက် အရိုးကောက်သွားသူများအား စကားမပြောရ၊ပြောမိကအသုဘအိမ်နှင့်ရွာကိုခိုက်တ်သည်။ဘေးဥပါဒ်ကျရောက်တတ်သည်။ ထို့ကြောင့် အရှောင်ပေး၍ ကန်တော့ရသည်။ သူတပါး၏အိမ်ကို တုတ်၊ ခဲများဖြင့် မပေါက်ရ၊တံစက်မြိတ်အတွင်းကျင်ကြီးကျင်ငယ်မစွန့်ရ၊ပြုမိကအိမ်ရှင်ကုစတိအရှောင်ကြေးပေးရသည်။
ကောက်လှိုင်းများ မသိမ်းရသေးသော လယ်ကွင်းတွင် ကောက်လှိုင်းလှည်း မဖြတ်ရ၊ ဖြတ်ခဲ့လျှင် စပါးသီးနှံ အနည်းငယ်ကြဲခဲ့ရသည်။ နွားလှည်း၊ မြင်းလှည်းနှင့် မည်သည့်ယာဉ်မဆို အိမ်ကိုဖြစ်စေ ခြံစည်းရိုးကိုဖြစ်စေ မတိုက်ရ၊ တိုက်မိပါက အရှောင်ပေးရသည်။ ထမင်းစားနေစဉ် နှာချေခြင်း၊ ဖိတ်စင်ခြင်းများကို ရှောင်ကြဉ်ရသည်။ ထမင်းစားမပြီးမီ အတူစားနေသူများ ခရီးသွားခြင်းမပြုရ၊ ထွက်ခွါသွားမည်ဆိုလျှင် ထမင်းစားခုံကို စတိသဘောဖြင့် အနည်းငယ်ရွေ့ပေးရသည်။ရိုးရာပူဇော်ပွဲ (နတ်စား) ပြုလုပ်နေစဉ် အိမ်ပေါ်သို့ တက်လာပါက ရိုးရာပူဇော်ပွဲပြီးမှ ပြန်လည်ထွက်ခွါရသည်။ ထို့ကြောင့် အချို့ဒေသများတွင် ရိုးရာပူဇော်ပွဲပြုလုပ်နေစဉ် ဧည့်သည်များ သိသာရန် လှေကားထိပ်တွင် အမှတ်အသားများ ပြုလုပ်ထားသည်။ ရိုးရာပူဇော်ပွဲ ပြုလုပ်နေစဉ် ပတ်ဝန်းကျင်မှ ဆဲဆိုသံများ ရန်ဖြစ်ခြင်းများ ဧည့်သည်တဦးဦးက အိမ်ပေါ်ရှိ ရိုးရာပူဇော် နေသူများအား နှုတ်ဆက်စကားပြောခြင်း၊ မေးမြန်းခြင်းများပြုလုပ်မိက ရိုးရာပူဇော်ပွဲသည် အထမမြောက်တော့ ဟုယူဆပြီး အသစ်တစ်ဖန် စတင်ပြုလုပ်ရပြန်သည်။
ရွာလုံးကျွတ်ရိုးရာပူဇော်ပွဲပြုလုပ်နေစဉ်ရွာအဝင်ဝကိုလမ်းပိတ်ထားခြင်းဖြင့်လည်းကောင်း၊ အမှတ်အသားတခုခု ထားခြင်းဖြင့်လည်းကောင်း၊ ပြုလုပ်ထားလေ့ရှိသည်။ ရိုးရာပူဇော်ပွဲပြုလုပ်နေစဉ် အိမ်ထောင်ဦးစီးသည် ခေါင်းပေါင်းဖြူ ပေါင်းထားရသည်။ အိမ်တွင်ရှိသောပစ္စည်းများကိုရိုးရာပူဇော်ခြင်းပြုလုပ်နေစဉ်အတောအတွင်းအိမ်ပြင်သို့ယူဆောင်သွားခြင်းမပြုရ၊ဝါတွင်းအချိန်နှင့်တောကြက်မတွန်သောလများ၌လက်ထပ်ထိမ်းများခြင်း မပြုလုပ်ရပေ။ သြပွဲပြုလုပ်နေစဉ် မျက်နှာချင်းဆိုင် ထိုင်နေကြသော အပျို လူပျို တို့၏ရှေ့တွင် ဖြတ်မသွားရ၊ ဖြတ်မိက မိမိတို့အား စော်ကားရာရောက်သည်။ အပျို လူပျို မဟုတ်လျှင် သြပွဲတွင် ပါဝင်ကစားစစ်ထိုးခြင်း၊ သြသီဆိုခြင်း မပြုရ၊“ဒညင်းသီးခူးပြီးပါက “ဒညင်းပင်အနီးတွင် “ဒညင်းသီးဆယ်လုံးကို ပြန်လည်စိုက်ထားရသည်။
သစ်ပင်ကြီးတစ်ပင် ခုတ်လှဲပြီးနောက် ကျန်အငုတ်ပေါ်တွင် စတိသဘောဖြင့် အကိုင်းငယ်ကလေးအတိုင်း ပြန်ထိုးစိုက်ထားရသည်။ “ဟီကစားမူးအကူး” ခေါ် အိမ်ရှင်မ မဒေါက်ကို အိမ်ရှင်မမှ တစ်ပါး မည်သူမျှ ကိုင်တွယ်အသုံးပြုခင်း မပြုရ၊ ကိုင်တွယ် အသုံးပြုမိက နတ်ပွဲပေး၍ ပြန်လည်သန့်စင်ရသည်။
ဖားစည်များကို သက်ဆိုင်သည့် အခါမှ အပ အခြားအချိန်များတွင် အကြောင်းမဲ မတီးရ၊ အကယ်၍ အကြောင်းမဲ တီလျှင် ရွာကိုနေုထိုင်သူများ သေတတ်သည်ဟု အယူသည်။ အိမ်ပေါ်တက်သည့် လှေကားမှ အိမ်ဘက်သို့မျာက်နှာမူပြီး တက်ရသကဲသို့ အိမ်ပေါ်မှ ပြန်ဆင်းသောအခါတွင်လည်း အိမ်ဘက်သို့ မျက်နှာမူပြီး ပြန်ဆင်းရသည်။ အိမ်ကို ကျောခိုင်းဆင်းခြင်း အိမ်ကိုကြမ်းမြည်အောင် လျှောက်ခြင်း၊ အိမ်ပေါ်ကို ထိုင်ရာ၌ အိမ်ကိုကျောခိုင်း၍ထိုင်ခြင်းမပြုရ၊ပြုလုပ်မိကနေအိမ်ကိုယုတ်ညံ့အောင်ပြုလုပ်ရာရောက်သည်ဟုယူဆ၍အရှောင်တောင်းခြင်း၊ရိုးရာပူဇော်ခြင်း၊(နတ်စား)ပြုလုပ်၍နေအိမ်ကိုပြန်လည်သန့်စင်ခြင်းများ ပြုလုပ်ရသည်။
အိမ်တစ်အိမ်၌ လှေကားကို ရွေ့ထားခြင်း၊ အိမ်ပေါ်သို့ ဆွဲတင်ထားခြင်း၊ လှေကားထိပ်၌ အမှတ်အသား သစ်ကိုင်း သစ်များထိုးထားခြင်းများ တွေ့ရှိက အိမ်ပေါ်သို့ မတက်ရ၊ တက်မိလျှင် အရှောင်ပေးရသည်။ကယ်ဘားကရင်များ၌ကလေးမျက်နှာမြင်သော် အိမ်ပေါ်သို့ သူစိမ်းများ မလာရ၊ လာမိသော် အရှောင်ပေးရရိုး ထုံးစံရှိသည်။ အိမ်ပေါ်မှ ခုန်ချခြင်း၊ ခြေချော်ခြင်းများအတွက် အရက်၊ ခေါင်ရည်၊ ကြက်တို့ဖြင့် အရှောင်ပေးရသည်။
တောင်ယာခုတ်နေစဉ်ရွာအဝင်ဝတွင်ကြိုးတန်းထားပါလျှက်ဝင်လာခဲ့သော်အရှောင်းပေးရမည်သာဖြစ်သည်။ဒေသတခုနှင့်တခုတရွာနှင့်တရွာရှောင်ကြဉ်ရသောဓလေ့များအမျိုးမျိုးရှိပေရာကရင်လူမျိုးအချင်းချင်းခရီးသွားသည့်အခါသူ့အရပ်ဒေသနှင့်သူရှောင်ကြဉ်အပ်သည်များကို မပြုလုပ်မိရန် သတိကြီးစွာထားကြရသည်။

မန်းလင်းမြတ်ကျော် (ကရင်ရိုးရာသုတပဒေသာ) စာအုပ်မှ




Responses

0 Respones to "ရှောင်ကြဉ်ရသော ကရင်ရိုးရာဓလေ့များ"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors