
ကရင်လူမျိုးများသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့်ရပ်တည်ခဲ့ကြသောလူ
မျိုးများဖြစ်ကြသည်။ ထိုဖေါ်ပြပါ စကား၊ စာပေ၊ယဉ်ကျေးမှုများကို
ရှေးကရင် လူကြီးသူမများလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်
လာခဲ့ကြ၍သာ ယခုအခါကရင်လူမျိုးဟု ၀င့်ဝင့်ထည်ထည် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ကြခြင်းဖြစ်သည်။ထိုကရင်လူကြီးသူမများထမ်းဆောင်လာခဲ့ သောတာဝန်များသည်ယခုအခါ
မျိုးဆက်သစ်ကရင်လူငယ်များအပေါ်သို့ ကျရောက်နေပြီဖြစ်သည်။
ရှေးလူကြီးသူမများ တာဝန်ကျေခဲ့ကြသလို မျိုးဆက်သစ်ကရင်လူမယ်များအနေနှင့်လည်း မိမိတို့ထံသို့ ကရောက်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်လည်း အင်မတန်အရေးကြီးလှ ပါပေ၏။ ဤ ”တာဝန်”
နှင့် ”၀တ္တရား” ဟူသော စကားနှစ်မျိုးကိုကွဲကွဲပြားပြားသိရှိနားည်ရန်လိုအပ် ပေ၏။ ”တာဝန်” ဟူသည် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။လုပ်ချင်သည်ဖြစ်စေ မလုပ်ခြင်သည်ဖြစ်စေ လုပ်ဆောင်ရမည်သာဖြစ်ပေသည်။ ရှောင်လွဲ၍မရ။ ”တာဝန်” ကျရောက်လာပါလျှက် မထမ်းဆောင်၊ မလုပ်ဆောင်လျှင် အပြစ်ရှိသည်သာဖြစ်သည်။
”၀တ္တရား” ဟူသည်ကား မဖြစ်မနေလုပ်ရမည့် ကိစ္စမဟုတ်ချေ။ မလုပ်နိုင်လျှင်၊ မလုပ်ချင်လျှင်ရှောင်လွဲသွား၍ရသည်။ မလုပ်သော်လည်း အပြစ်မရှိ။
ရှေးကရင်လူကြီးသူမများသည် မိမိတို့၏ ကရင်လူမျိုး မတိမ်ကော၊ မပပျောက်ရေးအတွက်ကရင်စ ကား၊ ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုတည်းဟူသော မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်များကို ကျေ ပွန်စွာထမ်းဆောင်ခဲ့ကြပါပေပြီး။ ထိုကဲ့သို့ တာဝန်ကျေပွန်မှုကြောင့်သာမိမိတို့သည် ကရင်လူမျိုးဖြစ် တင့်တင့်တယ်တယ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ကြခြင်းဖြစ်
သည်။ မိမိတို့သည် မွေးဖွားလာကတည်း က ကရင်လူမျိုးအဖြစ် မွေးဖွားလာခဲ့ကြခြင်းဖြစ်ရကား မိမိတို့ ကရင်လူမျိုး အဓွန့်ရှည်တည့်တံ့ပြန့်ပွား ရန် တာဝန်များကိုပါ တစ်ပါတည်းပါလာပြီးဖြစ်သည်။ သဘာဝတရားကြီးမှအပနှင်းလိုက်သော
တာဝန် များကို ဖြေစ်မနေ ထမ်းဆောင်ကြရပေတော့မည်။ ရှောင်လွဲ၍ မဖြစ်နိုင်တော့ပါ။ထိုတာဝန်မှေ၇ှာင် လွဲ၍သွားမည်
ဆိုပါက အပြစ်ရှိတော့မည်။ အပြစ်တင်ခံရပေတော့မည်။မည်သူများက အပြစ်တင်ကြ မည်နည်း၊ ရှေးကရင်လူကြီးသူမများနှင့် နောင်လာနောင်သားကရင်မျိုးဆင်သစ်များမှ အပြစ်တင် ကြပေလိမ့်မည်။
ရှေးကရင်လူကြီးသူမများမှ ”ငါတို့ အဆက်ဆက်လက်ဆင့်ကမ်းသယ်ဆောင် ထိန်းသိမ်းလာခဲ့ကြသော ကရင်စကား၊
ကရင်စာပေ၊ ကရင်ယဉ်ကျေးမှုများသည် သင်တို့လက်ထက်ရောက်မှာသာလျှင် သင်တို့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေမှု၊ မိမိထံကျရောက်လာသော ကရင်မျိုးနွယ်မတိမ်ကောမပပျောက် ရေးတာဝန်များကို ထမ်းဆောင်ခြင်းမပြုဘဲ ရှောင်လွဲခဲ့မှုကြောင့်
ငါ့တို့ကရင်လူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုများသည် မှေးမှိန်ခဲ့ကြရပေပြီ” ဟုအပြစ်တင်ကြပေလိမ့်မည်။
ထို့ပြင် နောင်လာနောက်သားများမှလည်း ”ငါတို့၏အရင်မျိုးဆက်များသည် ကရင်လူမျိုးများ၏ကိုယ် ပိုင်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းပြေုခဲ့ကြ၍ ငါတို့သည် ကရင်စကားပြောလျှင်နားမ လည်၊ စာပေဆိုလျှင်လည်း မတတ်၊ ယဉ်ကျေးမှုဟူသည်လည်း မသိဖြစ်နေကြရပေပြီ။ ငါတို့အရင်မျိုး ဆက်များ ညံ့ဖျင်းမှုကြောင့်၊ တာဝန်မဲ့မှုကြောင့် ငါတို့သည် မိမိကိုယ်ကိုယ်ကရင်လူမျိုးဟုထုတ်ဖေါ် ပြောဆိုရန် မ၀ံ့မရဲဖြစ်နေကြရပေပြီ။ ကရင်မျိုးနွယ်စုများအတွင်းသို့
မသွားရဲလောက်အောင် ဖြစ်နေကြ ရပေပြီ။ ငါ့တို့ ထိုကဲ့သို့ဖြစ်ရခြင်းသည်ကား ငါတို့အရင်မျိုးဆက်များ၏တာဝန်မကျေပွန်မှု၊ တာဝန်ပျက် ကွက်မှုတို့ကြောင့်သာဖြစ်သည်” ဟု အပြစ်တင်ကြပေလိမ့်မည်။
ထိုကြောင့် ယခုခေတ်မျိုးဆက်သစ်ကရင်လူငယ်များသည် မိမိတို့ကရင်လူမျိုးတို့၏ စကား၊စာပေ၊ ယဉ်ကျေးမှု မတိမ်ကော၊ မပပျောက်ရေးတာဝန်များ မိမိတို့၏ထံမှောက်သို့ ကျရောက်လာခဲ့ကြရပေ တော့မည်။ အပြစ်တင်ခံကြရပေတော့မည်။ ထိုသို့ အပြစ်ရှိသူများ အပြစ်တင်ခံရသူများ မဖြစ်ကြရလေ အောင် ကျရောက်လာသောတာဝန်များကို ထမ်းဆောင်ကြရပေမည်။
ကမ္ဘာတည်သရွေ့ ကရင်လူမျိုး များသည် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ရင်ကော့ခေါင်းမော့၍ ၀င့်ဝင့် ကြွားကြွား ရပ်တည်နိုင်ရန် ကြိုးပမ်းထမ်းဆောင်ကြပါဟုအလေးအနက် တိုက်တွန်းလိုက်ရပေသည်။
Labels:
article

Previous Article

Responses
0 Respones to "အပြစ်လွတ်အောင် နေကြစို့ (သဘာဝက ပေးသောတာဝန်)"
Post a Comment