“ပိုးကွန်သို”မူ၊ များနည်းတူပင်
ဂုဏ်ယူဝင့်ကြွား၊ ၀တ်ဆင်ထားသော
ကရင်တစ်မျိုးကား၊ စာ.စကားကို
ပြောဖတ်မတတ် ရေးမတတ်။
ကရင်တစ်မျိုးကာ၊ ပြောစကားသာ
ပြောကြားသူတတ်၊ စာမတတ်။
ကရင်တစ်မျိုးကား၊ စာ.စကားကို
ပြောကြားဖတ်တတ်၊ ရေးမတတ။
ကရင်တစ်မျိုးကား၊ စာ..စကားကို
ပြောကြားဖတ်တတ၊် ရေးလည်းတတ်။်
သြော်…လေးမျိုးအစဥ၊် ထိုကရင်ဝယ်
ငါလျှင်တွေးလတ်၊ ဘယ်နံပါတ်ဟု
သတ်မှတ်ကြည့်ကာ၊ ရှက်မိလာသည်
သေချာတွေးငြား၊ ဓလေ့များနှင့်
စကားနှင့်စာ၊ ရေဖတ်ရာ.ပါ
မှန်စွာသိမြင်၊ တတ်ကျွမ်းကျင်ကာ
ကရင်တိုင်းပေ၊ လက်ဆင့်ဝေမှ
အဖြေထွက်လာမှ ကရင်ဘ၀မှာ။
ရေထက်ကြာပမာ အသွင်လှစွာ။
ရှည်လျက်ကမ္ဘာမှာ မြင်ရမှာ။
ကျော်အောင်ထက်
Labels:
poem

Previous Article

Responses
0 Respones to "ရေထက်ကြာပမာ"
Post a Comment