ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) (၄) ကြိမ်မြောက်အလှူပွဲကျင်းပပြီးစီး



(၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကို (၂၄-၇-၂၀၁၁) တနင်္ဂနွေနေ့ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ နှစ်စဉ်ကျင်းပနေကျ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်)ရဲ့ အလှူပွဲကို ဒီနှစ်ဆိုရင် (၄)ကြိမ်မြောက်ကျင်းပလာခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး အစည်းအဝေးအလှူပွဲကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပလျှက်ရှိပြီး ဒါဟာ ၂၀၁၁-ခုနှစ် ပထမ ၆-လပတ်အလှူပွဲလည်းဖြစ်ပါတယ်။
အဲဒီဟတ်ယိုင်ဒေသမှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကရင်တိုင်းရင်းသားအများစုလာ ရောက်အလုပ် လုပ်ကိုင်နေကြခြင်းလည်းဖြစ်ပါတယ်။

၎င်းအလှူပွဲကို အောက်ပါအခမ်းအနားအစီစဉ်ဖြင့်ကျင်းပခဲ့ပါတယ်…
၁။ နမော တဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းက မာန်နဲာကျာ်သောဘိတ (လောင်းကိုင်)ထံမှ ငါးပါးသီလခံယူဆောက်တည်
ကြကာ ထိုနောက် သံဃာတော်များ ပရိတ်တရားရွတ်ဖတ်ခြင်း
၃။ မာန်နဲာမေဓာနန္ဒက ဇွဲကပင်ပညာဒါနအသင်းရဲ့ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ပြောကြားခြင်း
၎။ ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) မှ ဥက္ကဋ္ဌကိုယ်စား စောမန်းစိန်ဋ္ဌေးက အလှူပွဲဖြစ်မြောက်
ရေးအတွက် ကြိုးပမ်းအားထုတ်ကြသော ဟတ်ယိုင်မှအလှူရှင်၊စေတနာရှင်များအားလုံးဝမ်းမြောက်ဝမ်း
ရှိကြောင်းပြောကြားခြင်း
၅။ (၄)ကြိမ်မြောက်အလှူပွဲရဲ့ ၀င်ငွေ၊ ထွက်ငွေစာရင်းကို စောညွန့်သိန်းမှရှင်းပြခြင်း
၆။ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေခြင်း
၇။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၄)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) အလှူပွဲကိုအေင် မြင်စွာကျင်းပပြီးစီးခဲ့ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

အလှူပွဲအမှတ်တရဓာတ်ပုံများ














Responses

0 Respones to "ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟတ်ယိုင်) (၄) ကြိမ်မြောက်အလှူပွဲကျင်းပပြီးစီး"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors