(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)



(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို (၂၉-၁-၂၀၁၂) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ် နခွန်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဇွဲပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂)ကြိမ်ဖြင့် ကျင်းပလာခဲ့သည်မှာ အခုဆိုရင် (၁၄) ကြိမ်တိုင်တိုင်ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့် အားလုံးသော အနီးအဝေးမှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကိုထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ အလှူမများ ၀မ်းမြောက်သာဓုခေါ်နိုင်ရန် ဒီဇွဲကပင်ပညာဒါနအသင်းဆိုက်ကနေတဆင့်ဖေါ်ပြလိုက်ပါတယ်။


(၁၄ ) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို အောက်ပါအစီအစဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်…

၁။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ”နမော တဿ” (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း

၂။ မိဂဒါယဖေါ့မူယှာ့ကုံလွဲာမှ ”ပုဂ်ထင်း”လ်ုဝါ်ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၃။ နာယကဆရာတော် က်ုဆာကျာ်ကုမာရ (လိုင့်ပါးဘာ.)ထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတေ်၊ သံဃာတ်ေတို့က ပရိတ်တရားချီးမြင့်ခြင်း

၎။ နာယကဆရာတော် က်ုဆာကျာ်ပုည (၀တ်ကျာဒဲကျောင်း) မှ ဧည့်ပရိတ်သတ်တို့အား သြ၀ါဒကထာ (ဆုံးမစကား) မိန့်ကြားခြင်း

၅။ ဇွဲကပင်ပညာဒါနအသင်းရဲ့ ဥက္ကဋ္ဌဆရာတော်က်ုဆာကျာ်ဣန္ဒာစာရက ဇွဲကပင်ပညာဒါနအသင်းရဲ့ ရယ်ရွယ် ချက်၊ လုပ်ဆောင်ချက်တွေကို ဧည့်ပရိတ်သတ်တို့အားမိန့်ကြားခြင်း

၆။ အသင်းရဲ့ စည်းလုံးညီညွတ်မှုနဲ့တည်ဆောက်ရမည့်အကြောင်းကို မာန်နဲာမေဓာနန္ဒမှ မိန့်ကြားခြင်း

၇။ အသင်း၏ (၆) လပတ်အတွင်း ၀င်ငွေ၊ ထွက်ငွေစာရင်းကို ဘဏ္ဍာရေးမှူးက်ုဆာကျာ်ကုဝေရ (နွန်ထဘူရီ) မှ ရှင်းလင်း တင်ပြခြင်း

၈။ မာန်နဲာဉာဏောဒယ (ခ်ုလိုဝ်)မှ ဧည့်ပရိတ်သတ်တို့အား တရားရေအေးတိုက်ကြွေးခြင်း

၉။ ဧည့်ပရိတ်သတ်တို့က လှူဒါန်းဖွယ်ရာဒါန၀တ္ထုများကို ဆရာတော်၊ သံဃာတော်များအားဆက်ကပ်လှူဒါန်းပြီး
ရေစက်သွန်းချအမျှပေးဝေခြင်း

၁၀။ မိဂဒါယဖေါ့မူယှာံကုံလွဲာမှ ”အေင်ပြီ” ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း

၁၁။ (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအလှူပွဲပြီးဆုံး၍ ” ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” (၃) ကြိမ်ဖြင့် ရွတ်ဖတ်၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

အထက်ပါအစီအစဉ်များဖြင့် (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း၏ အလှူပွဲကို အောင်မြင်စွာကျင်းပခဲ့ ပါသည်။
ဒါကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဇွဲကပင်ပညာဒါအသင်းကို အားပေးထောက်ပံ့လှူဒါန်းကြတဲ့ သူတော်စင် ဒါယကာ၊ ဒါယိကာမအားလုံး သာဓုခေါ်ဆိုနိုင်ရန် ဒီဆိုက်ကနေ အသိပေးတင်ပြလိုက်ရပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....

















Responses

0 Respones to "(၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors