(၈) နှစ်အတွင်း ဇွဲကပင်ပညာဒါနအသင်းရဲ့ ခြေလှမ်း



၂၀၀၅-ခုနှစ်မှစတင်ခဲ့သော ဇွဲကပင်ပညာဒါနအသင်းသည် ယခုဆိုလျှင် ၂၀၁၂-ခုနှစ်သို့ပင် ရောက်ရှိလာခဲ့ပြီးဖြစ် ပါတယ်။ သက်တမ်းအားဖြင့်ဆိုရလျှင် (၈)နှစ်ရှိလာပြီးဖြစ်ပါတယ်။ ကျနော်တို့ ဇွဲကပင်ပညာဒါနအသင်းရဲ့လုပ်ငန်း
စဉ် (activity), များနဲ့ပတ်သက်ပြီး တစ်ချို့ပုဂ္ဂိုလ်များ သိပြီးဖြစ်သလို မသိသေးသောပုဂ္ဂိုလ်များလည်း မြောက်
များစွာရှိပါလိမ့်မယ်။ ဒီဘလော့ပေါ်မှာ အသင်းရဲ့ ဖွဲ့စည်းပုံ (constitution), လုပ်ထုံးလုပ်နည်း (procedure)များ
လည်း လွင့်တင်ထားပြီးသားဖြစ်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အသင်းရဲ့ ရည်ရွယ်ချက်
(purpose, aim) တွေဟာ ဘယ်အထိပန်းတိုင် (target) ရှိနေသလဲဆိုတာ ဖွဲ့စည်းပုံထဲမှာ ပါရှိပြီးသားဖြစ်တယ်။
တစ်ချို့က ကျနော့်ကိုမကြာကြာမေးကြပါတယ်။

ဇွဲကပင်ပညာဒါနအသင်းရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်ပန်းတိုင်ဟာ-ဘာလဲပေါ့ ။ ။

ကျနော်ဖြေပေးလိုက်ပါတယ်။ အဓိကရည်ရွယ်ချက်က မိမိကရင်လူမျိုးများအတွက်ပါပဲလို့ဖြေပေးလိုက်တယ်။
အဲလိုဖြေပေးရုံနဲ့ တစ်ချို့က သဘောသိပ်မတွ့သလိုပါပဲ။ ကရင်လူမျိုးအတွက်ဆိုတော့ ဘာတွေလုပ်ပေးနိုင်မလဲ
ဒါတွေကို သူတို့သံသယရှိပုံရပါတယ်။ ဟုတ်ပါတယ်။ ဒီအသင်းက ကရင်လူမျိုးများအတွက်ဆိုတဲ့နေရာမှာ အခု
မျက်မောက်အချိန်မှာ မိမိလူမျိုးများအတွက် အရေးကြီးဆုံးလိုအပ်ချက်ကဘာလဲ။ ကျနော်တို့ပြေးမြင်မိတာက
education section, ပညာရေးအခန်းကဏ္ဍပဲ။ စစ်ဘေးစစ်ဒဏ်ခံခဲ့ရတဲ့ ကျနော်တို့လူမျိုးတွေဟာ ပညာရေးဖက်
မှာ များစွာနောက်ကျကျန်ရစ်နေပါတယ်။ ဒီအပိုင်းမှာလဲ အချို့ပုဂ္ဂိုလ်များက အမြင်မတူတာလေးရှိကောင်းရှိနိုင်ပါ
တယ်။ ဒါပေမယ့် practically, လက်တွေ့ကျကျသုံးသပ်ဖို့လိုပါလိမ့်မယ်။ ဒီအသင်းရဲ့အဓိက (main target) က
တော့ မိမိလူမျိုးများ တဒေါင့်တနေရာကနေ ဖြစ်နိုင်သမျှပညာရေးမြင့်တင်ဖို့ပါပဲ။

အသင်းကိုပြင်ဆင်ဖွဲ့စည်းခြင်း

၂၀၀၈-ခုတွင် ဇွဲကပင်ပညာဒါနအသင်းသည် အဖွဲ့အစည်းအတွက် ပိုပြီးကျစ်လစ်အောင်ဆိုပြီး ဖွဲ့စည်းပုံတစ်ချို့
ကိုပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ (ဖွဲ့စည်းပုံကို ဒီနေရာမှာသွားရောက်
လေ့လာနိုင်ပါတယ်)

နောက်ထပ် activity လုပ်ဆောင်ချက်တစ်ခုတိုးချက်ခြင်း

၂၀၁၀-ခုနှစ်တွင် အဖွဲ့အစည်းကော်မတီများညှိနှိုင်းတိုင်ပင်ပြီး ပြည်ပပညာတော် သင် ကရင်ရဟန်းတော်များအား ပညာစရိတ်ထောက်ပံ့လှူဒါန်းခြင်းတစ်မျိုးတည်းသာ လုပ်ဆောင်တာမျိုးမဟုတ်တော့ဘဲ အသင်းရဲ့ရေရှည် Run
နိုင်င်မယ့် အစီအစဉ်တစ်ချို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါနဲ့ ဘားအံမြို့မှာ မြေတနေရာရှာပြီး အဆောက်အဦး
(ကျောင်း)တစ်လုံးကိုဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကျောင်းကိုဆောက်မည့် ရည်ရွယ်ချက်က ပြည်ပပညာ
တော်သင်ရဟန်းတော်များ ပညာသင်ပြီးဆုံးလို့ အမိမြေပြန်လာတဲ့အခါကျရင် အတူ တကွ မိမိ generation, လူငယ်များအတွက် ပညာဖြန့်ဝေနိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအဆောက်အဦးကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပါ
တယ်။ ဒီနေရာမှာ နည်းနည်းပြောချင်ပါတယ်။ အမှန်က ဒီကျောင်းသည် ပြည်ပက ပြန်လာတဲ့ကရင်ရဟန်းတော်
များသာ ပညာရေးဖြန့်ဝေဖို့ ဆောက်ထားတာမဟုတ်ပါ။ ပြည်တွင်း၊ ပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင် ကရင်များအားလုံးနဲ့သက်ဆိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ မိမိရဲ့အသိပညာ၊ အတတ်ပညာတွေကို ဖြန့်ဝေချင်တယ်
ဆိုရင် ဒီ ´ခွယ်ကဘောင်ပညာဥယာဉ်ကျောင်း´မှာ အားလုံးကို ကြိုဆိုနေမှာဖြစ်ပါတယ်။
နောက်ပြီး ဒီကျောင်းဟာ တစ်ဦးတစ်ယောက်ပိုင်တဲ့ကျောင်းမျိုးမဟုတ်ပါ။ ဘားအံ၊ လိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာ
အင်းဆိပ်ကြီး၊ မြ၀တီစတဲ့ ဒေသနေ ကရင်လူမျိုးထုတစ်ရပ်လုံး ချွေးနည်းစာနဲ့ တည်ထောင်ထားတဲ့ကျောင်းနေ
ရာဖြစ်ပါတယ်။

သို့သော်အခုချိန်မှာ ကျောင်းဆောက်လုပ်ဆဲသက်တမ်းဟာ နှစ်နှစ်ကာလာမျှသာရှိပါသေးတယ်။ လက်ရှိကျောင်း
ဖြစ်မြောက်ရေးအတွက် တာဝန်ယူဦးစီးလုပ်ဆောင်ပေးတဲ့ပုဂ္ဂိုလ်က မာန်နဲာနာဂ၀ံသ (ကစို-လိုင်းဘွဲ) ဖြစ်ပါတယ်။
သူ့အနေနဲ့ နေရာသစ်တစ်ခုဖြစ်မြောက်ဖို့ ပြီးစီးဖို့လုပ်ဆောင်ပေးတဲ့နေရာမှာ ဘယ်လောက်အခက်အခဲရှိမလဲဆို
တာ နေရာသစ်တစ်ခုစတင်ပုဂ္ဂိုလ်တိုင်းသဘောပေါက် ကိုယ်ချင်းစာနားလည်ပါလိမ့်မယ်။ ဘာပဲပြောပြောကျနော်
အနေနဲ့ လုပ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေကို လေးစားပြီးသားဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အလုပ်တစ်ခုကို ဝေဖန်နေ
ရုံနဲ့ သိပ်ပြီးသဘာဝကျမယ်မထင်ပါ။

နောက်ပြီး ကျောင်းရဲ့ပြီးစီးမှုအခြေအနေပေါ်မူတည်ပြီး အသင်းရဲ့အမှုဆောင်ကော်မတီများ ပညာတော်သင်
ရဟန်းတော်များအစည်းအဝေးကိုခေါ်ပြီး အနာဂါတ်ပညာရေး အစီအမံတွေ education future
plan တွေကို တိုင်ပင်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။

အသင်းရဲ့ အဓိက main လုပ်ဆောင်ချက် activity
အသင်းရဲ့ အဓိက main လုပ်ဆောင်ချက် activity အနေနဲ့ အောက်ပါ အချက် (၂) ခုကို ဦးတည်လုပ်ဆောင် လျှက်ရှိပါတယ်။

၁။ ပြည်ပမှာ ပညာတော်သင်ကရင်ရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ခြင်း
၂။ ဘားအံမြို့၊ အမှတ် (၉)ရပ်ကွက်တွင် ´ခွယ်ကဘောင်ပညာဥယာဉ်ကျောင်း´ တည်ဆောက်ခြင်း


အစည်းအဝေး meeting ကျင်းပခြင်း

ဇွဲကပကပင်ပညာဒါနအသင်းသည် ခြောက်လတစ်ကြိမ် တစ်နှစ်လျှင်နှစ်ကြိမ်ဖြင့် အစည်းအဝေးကိုကျင်းပခဲ့ပါသည်။
ဇန်န၀ါရီ (၁)လပိုင်းမှာ ၀တ်နခွန်အင် (နွန်ထဘူရီ) မာန်နဲာကုဝေရကျောင်းမှာ အစည်းအဝေးကိုကျင်းပြပပြီး ဇူလိုင်
လမှာတော့ ၀တ်ကျာဒယ် (ဖရပဒယ်) မာန်နဲာပုညကျောင်းမှာ ကျင်းပခဲ့ကြပါသည်။ အသင်းရဲ့ဝင်ငွေ၊ ထွက်ငွေစာ
ရင်းကိုလဲ အစည်းအဝေးမှာ ပုံမှန်ရှင်းလင်းတင်ပြပေးပါတယ်။

ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းတည်ဆောက်ပြီးစီးမှုအခြေအနေ

တည်ဆောက်နေဆဲကျောင်းရဲ့ ပြီးစီးမှုအခြေအနေက နှစ်နှစ်အတွင်း နှစ်ဧကပတ်လည် အုဌ်တံတိုင်းများ ပတ်
လည်၊ အ၀ီစိရေတွင်းနှင့် ဇရပ်တစ်ဆောင် ပြီးသွားပါပြီး။ နောက်ပြီး အခုသုံးထပ်ဆောင်သိမ်ကိုလည်းကထိန် ရေစက်ချ အမှီ တည်ဆောက်လျှက်ရှိပါတယ်။ နောက်ထပ် အနောက်ဖက်က ပေ ၄၀ + ၂၀ သုံးထပ်ကျောင်း
ဆောင်တစ်လုံးကိုလည်း ကထိန်ပြီးတာနဲ့ဆက်လက်တည်ဆောက်ဖို့ လျှာထားလျှက်ရှိပါတယ်။ အဲဒါတွေပြီး
ပြီဆိုရင် ကျောင်းတွင်းမှာ ပညာရေးပိုင်းကိုစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အခုတော့ တပိုင်တနိုင်ပရိယ
တ္တိပညာရေးပိုင်းကိုသာလုပ်ဆောင်နေပါသေးတယ်။

ကျောင်းဝင်းပရ၀ုဏ်နှင့်အုဌ်တံတိုင်းပုံ...








ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းတိုင်းခြင်း


ပြီးစီးသွားတဲ့ဇရပ်ဆောင်...


သိမ်ဆောင်စတင်တည်ဆောက်ပုံ...


အခုလက်ရှိသိမ်ဆောင်ပြီးစီးမှုအခြေအနေ...


အသင်းအတွက် ရံပုံငွေ fun ရှာဖွေခြင်း

အသင်းအတွက် ရံပုံငွေရှာဖွေတဲ့နေရာမှာ
၁။ ငွေပဒေသာပင်ထားပြီး ရံပုံငွေရှာဖွေခြင်း
၂။ လစဉ်အသင်းဝင်များထံမှ ရံပုံငွေရှာခြင်း (အသင်းဝင်တစ်ယောက်ကို တစ်လလျှင် ဘတ်ငွေ ၁၀၀ ဖြင့်ကောက် ခံပြီး ခြောက်လလျှင် တစ်ကြိမ်ဖြင့် လှူဒါန်းခြင်း)။ အခုအချိန်တွင် လစဉ်အလှူရှင်များသုံးရာကျော်ရှိသော်လည်း အခြေအနေအမျိုးအမျိုးကြောင့် ပုံမှန် တစ်ရာကျော်သာထည့်ဝင်လှူဒါန်းနိုင်ပါသည်။ ဒါကလဲ စည်းကမ်းသတ်မှတ်
ထားတာမျိုးမရှိပါ။ မိမိအဆင်ပြေလျှင် လှူဒါန်းနိုင်ပြီး အဆင်မပြေလျှင် မလှူဒါန်းလည်းရပါသည်။
၃။ အင်္ကျီရောင်းပြီး ရံပုံငွေရှာဖွေခြင်း (နှစ်တိုင်း ဒီဇိုင်းတစ်မျိုးဖြင့် အင်္ကျီကိုထုတ်ပြီး အသင်းရဲ့ရံပုံငွေကိုရှာဖွေ သည်။ အင်္ကျီတစ်ထည်ရိုက်ခမှာ ဘတ်ငွေ ၇၅ ဖြစ်ပြီး ရောင်းဈေးမှာ ၁၀၀ ဘတ်ဖြစ်ပါတယ်။ တစ်နှစ်လျှင် အထည်ပေါင်း ၄ ထောင်ကျော်လောက်ရောင်းရပြီး အသင်းအတွက် အမျှငွေ တစ်နှစ်လျှင် ဘတ်တစ်သိန်းထိရနိုင်
ပါသည်)
၎။ စာအိတ်ဖြင့်ရံပုံငွေရှာဖွေခြင်း (အချိန်သင့်သလို စာအိတ်များဖြင့် အလှူရှင်များထံစာအိတ်များဝေငှပြီး ရံပုံငွေ ရှာဖွေတာမျိုးလဲရှိပါသည်။

အထက်ပါ ရံပုံငွေ fun ရရှိရေးအတွက် ပါဝင်လှူဒါန်းသောပုဂ္ဂိုလ်များ၊ အကျိုးဆောင်ပေးသောပုဂ္ဂိုလ်များအား လုံးကို ဇွဲကပင်ပညာဒါနအသင်းကနေ အထူးပဲကျေးဇူးတင်ရှိပါတယ်။ အသင်းအဖွဲ့ပုဂ္ဂိုလ်များအတွက်သဘော
မထားဘဲ မိမိလူမျိုးများအတွက် ပညာရေးတဒေါင့်တနေရာကနေ မိမိစွမ်းနိုင်သလောက်လုပ်ပေးတယ်လို့ သ
ဘောထားစေချင်ပါတယ်။

နိဂုံးချုပ်…

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ဇွဲကပင်ပညာဒါနအသင်းသည် ကရင်ပြည်နယ် ဒေသပေါင်းစုံမှ မိမိချွေးနည်းစာဖြင့် စုပေါင်းပြီး မိမိလူမျိုးများတစိတ်တဒေသအသိပညာ၊ အတတ်ပညာမြင့်လာရေးအတွက် ဦးတည်လုပ်ဆောင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အလုပ်တစ်ခုလုပ်တိုင်း အောင်မြင်မယ်။ မအောင်မြင်ဘူးဆိုတာ ချက်ချင်းလက်ငေးပြောလို့မရနိုင်ပါ။ အနာဂါတ်ရဲ့သဘောတရားသည် ကြိုတင်ပြီးမမြင်မသိနိုင်ပါ (invisible in the future), လက်ရှိအချိန်ကိုပဲ မှန်ကန်မှန်ကန်သဘာဝကျကျလုပ်ဖို့လိုပါလိမ့်မယ်။
ဖြည့်စွက်ပြောချင်တာက ကျနော်တို့ကရင်များဟာ တထီးတနန်းကိုယ်ထင်ရာကိုယ်ဆိုင်းတာလေးတွေ တော်တော်များ
ပါတယ်။ သဘာဝအခြေခံ ကျကျ မဆင်ခြင်မတွေးတောခြင်း၊ စံချိန်စံညွန်းကိုက်ညီမည့် အခြေခံဥပဒေများမလေ့လာဘဲ ကိုယ်လုပ်ချင်တာလုပ်ဆောင်နေခြင်းစသည်တို့သည် မိမိတို့ရဲ့အားနည်းချက်ဖြစ်ကြောင်းကို ကျနော်ရဲဝံ့စွာပြောချင်ပါသည်။
ဒီအချက်များ အချိန်မှီမပြုပြင်နိုင်ပါက တထီးတနန်း တစ်ဘုရင်စနစ်ဟာ ဒီထက်မက ပွားလာမှာသေချာလှပါသည်။
ငါမှငါ ဆိုတဲ့အတ္တ selfish ကိုစွန့်ခွါနိုင်ပါမှ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးများနိုင်ပါကြောင်းကို (၈)
နှစ်တာ ကာလအတွင်း ဇွဲကပင်ပညာဒါနအသင်းရဲ့ လုပ်ငန်းဆောင်တာများကိုတင်ပြရင်း မိမိမှာ ရှိတဲ့စွမ်းအား လေးနဲ့ သူတစ်ပါးအတွက် ကောင်းကျိုးများသယ်ပိုးနိုင်ကြပါစေ…

နဲာမေဓာ (ထီ့ဖေါဟ်စင်)

အင်္ကျီပူဇော်ဝယ်လိုသောပုဂ္ဂိုလ်များနှင့် လစဉ်အလှူရှင်ဖြစ်လိုသောပုဂ္ဂိုလ်များဆက်သွယ်ရန်ဖုန်း...

မာန်နဲာကုဝေရ (နွန်ထဘူရီ) အခုအမေရိကန်ရောက်နေသည်။ ဖုန်း = 0851377946
မာန်နဲာသောဘိတ (လောင်းကိုင်) ဖုန်း = 0851258935
မာန်နဲာမေဓာနန္ဒ (ထီ့ဖေါဟ်စင်)ဖုန်း = 0867827741
ဒေါ်လှဝင်းကြည် (ကျုံပကို) ဖုန်း = 0814566206

ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းလိပ်စာ...

ခွယ်ကဘောင်ပညာဥယာဉ်ကျောင်း
သိမ်တော်ကြီးလမ်း၊ ဘားအံတက္ကသိုလ်အနီး
အမှတ် (၉)ရပ်ကွက်၊ ဇွဲကပင်ကုန်း
ဘားအံမြို့


Responses

0 Respones to "(၈) နှစ်အတွင်း ဇွဲကပင်ပညာဒါနအသင်းရဲ့ ခြေလှမ်း"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors