ကရင်အမျိုးသား နိုင်ငံကျော်ဆိုင်းဆရာကြီး( ဦး)စိန်စတင်း အကြောင်းတစေ့တစောင်း




ဆရာဘကြီးသည် ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့ပါသည်၊
စိန်စတင်း-ဟူသောဆရာ့နာမည်ဖြစ်လာပုံက စိတ်ဝင်စားစရာကောင်းပါသည်၊ လွန်ခဲ့သော အနှစ်(၆၀)ခန့်ကဖြစ်သည်၊ ဆရာတို့ရွာနှင့်ကပ်လျက်နေသော တောကြီးရွာတွင် ကရင်အမျိုး သားနှစ်သစ်ကူးပွဲတော်ကို ဒုံးအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေချိန်ဖြစ်သည်၊ ထိုအချိန်က

တိုင်းပြည်တွင် ငြိမ်းချမ်းမှုမရှိသောကာလလည်း ဖြစ်လေရာ ကရင်နှစ်သစ်ပွဲတော်ကို ဖျက်ဆီးလိုသည့် အဖွဲ့တစ်ဖွဲ့မှ စတင်းဂန်းသေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ပွဲကိုဖျက်သိမ်းခဲ့ကြပါတယ်၊ ထိုအချိန် စိန်စတင်း၏မိခင်မှာ သူ့ကိုကိုယ်ဝန် လွယ်ထားရသဖြင့် သေနတ်သံကြားရတော့ ကြောက်လန့်ပြီး ပုန်းခိုနေရင်း ဗုံးကျင်းထဲမှာပင် စိန်စတင်းကို မွေးဖွားခဲ့ရပါသည်၊
အဖွားဖြစ်သူ ၀မ်းဆွဲသည် ဒေါ်အမာက -စတင်းဂန်းပစ်ဖောက်တဲ့အချိန်မှာ ငါ့မြေးကိုမွေးတယ်၊ ဒါကြောင့် ငါ့မြေးလေးကို စတင်းလေး-လို့ နာမည်ပေးမယ်-ဆိုပြီး စတင်းလေးမှသည် ယခုအောင်မြင်ကျော်ကြားနေသော နိုင်ငံကျော်စိန်စတင်း ဖြစ်လာခဲ့ပါသည်။


ဆရာကြီးသည် မိမိကိုယ်တိုင်ထူချွန်သူမကပဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေသူဖြစ်ပါတယ်၊ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး ထိုသားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာထူးချွန်သူများဖြစ်ကြပါတယ်၊ ဒါကြောင့်ဆရာသည် ဖခင်ကောင်းတစ်ယောက်ဖြစ်သလို ဥယျာဉ်မှုးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်၊ ဆရာရဲ့ထူးချွန်သော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်--
၁။ စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွေခုနှစ်ဆု၊ ငွေနှစ်ဆု၊
၂။ မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊
၃။ ဒေါက်တာတင်တင်ယု
၎။ ရွေအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွေရှစ်ဆု၊ ငွေတစ်ဆု၊
၅။ ကျော်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု….တို့ဖြစ်ပါသည်။
ဆရာကြီး၏မျိုးဆက်ရင်သွေးလူငယ်များရဲ့အောင်မြင်မှု ဘ၀မှတ်တမ်းကား အနာဂတ်ကရင် အမျိုးသား အနုပညာဝါသနာရှင်လူငယ်များ အတုယုလေ့လာစရာစပြကောင်းတစ်ခုဖြစ်ပါသည်။


Responses

0 Respones to "ကရင်အမျိုးသား နိုင်ငံကျော်ဆိုင်းဆရာကြီး( ဦး)စိန်စတင်း အကြောင်းတစေ့တစောင်း"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors