ကရင် နှစ်သစ်ကူးနေ့



က….. ကရင်ဌာနေ၊ တို့ရပ်မြေလျှင်-
စိုပြေသာမော၊ လယ်ယာတောနှင့်-
တောင်ကြောသေလာ၊ သယံဇာတ ပေါကြွယ်ဝတည့်။
ရင်….. ရင်မှာကြည်နူး၊ နှစ်သစ်ကူးပွဲ-
ဆင်ယင်နွဲကြ၊ ဒုံးအကနှင့်-
ဆိုကြတေးသံ၊ ဘ၀ဂ်ညံသည်-
မြန်ပြည်အနှံ့၊ စည်ကားပြန့်တည့်။
နှစ်….. နှစ်သစ်ကူးမှာ၊ ချစ်ကြည်စွာနှင့်-
ညီညာလက်တွဲ၊ သွေးမခွဲခြား-
တိုင်းရင်းသားချင်း၊ ညီနောင်ရင်းချာ-
ရိုင်းပင်းကာပင်၊ နွဲပျော်ရွှင်တည့်။

သစ်…..သစ်လွင်တောက်ပ၊ ခိုင်စိတ်ဓာတ်ဖြင့်-
ချစ်ကြမျိုးဆွေ၊ မြတ်စာပေနှင့်-
ရိုးမွှေထုံးတမ်း၊ လက်ဆင့်ကမ်းကြ-
ထိန်းသိမ်းတတ်စေ၊ ညီညွတ်လေလော့။
ကူး…..ကူးပြောင်းနှစ်သစ်၊ နှစ်ဟောင်းညစ်ကြေး-
စင်အောင်ဆေး၍၊ အတွေးသစ်လွင်-
ဥာဏ်မြော်မြင်ဖြင့်၊ တွယ်ခင်ရိုးရာ-
မျိုးဘာသာကို၊ စဉ်လာမပျက်၊ ထိန်းသိမ်းလျက်တည့်။
နေ့…..နေ့ဟောင်းမှသည်၊ နေ့သစ်ဆီသို့-
ဦးတည်မျှော်မှန်း၊ အောင်စခန်းဆီ-
တက်လှမ်းညီညာ၊ လန်းဆန်းဖြာဝေ-
ဆုမွန်ချွေကြ၊ နှစ်သစ်မြတ်ကို၊ တို့များကြိုဆို ဂုဏ်ပြုစို့….။
မန်းလုံထီ့(လှိုင်းဘွဲ)


Responses

0 Respones to "ကရင် နှစ်သစ်ကူးနေ့"

Post a Comment

 
Return to top of page Copyright © 2010 | Karen Tasmania Converted into Blogger Template by HackTutors